TED Talks with Burmese transcript

ကျွန်မက ရှင်တို့ အတွက် ဉာဏ်ကွန့်မြူးစရာ မဟုတ်ပါဘူး။၊ ကျေးဇူးအများကြီးတင်ပါတယ်

TEDxSydney

ကျွန်မက ရှင်တို့ အတွက် ဉာဏ်ကွန့်မြူးစရာ မဟုတ်ပါဘူး။၊ ကျေးဇူးအများကြီးတင်ပါတယ်
3,196,222 views

စတဲလာ ယန်းဟာ လူရွှင်တော် နှင့် သတင်းစာဆရာ တစ်ဦးဖြစ်ပါတယ်၊ ဒါပေမဲ့ သူမဟာ တွန်းလှည်းနဲ့ သွားလာနေရသူပါ။ အဲဒီလို အဖြစ်ကြောင့် သူမဟာ ကျန် လူသားအားလုံးတို့ အတွက် အားပေးသူ တစ်ဦး ဖြစ်မသွားစေရပါလို့ သူမက ယူဆပါတယ်။ ဟာသဆန်တဲ့ ဒီဆွေးနွေးပွဲထဲမှာ ယန်းက မသန်စွမ်းကြသူတို့ကို အလိုလိုနေရင်း “သူများတွေ အတွက် အားပေးကြသူများ” အဖြစ် ပြောင်းလဲပစ်လိုက်တဲ့ လူ့အဖွဲ့အစည်းရဲ့ အလေ့အထကို ရိုက်ချိုးပစ်ရန် ကြိုးစားထားပါတယ်။

Ray Kurzweil: ပေါင်းစပ် တွေးခေါ်မှုအတွက် အသင့်ရှိနေပါ

TED2014

Ray Kurzweil: ပေါင်းစပ် တွေးခေါ်မှုအတွက် အသင့်ရှိနေပါ
3,548,296 views

လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းနှစ်ရာတုန်းက ကျွန်တော်တို့ရဲ့ နို့တိုက်သတ္တဝါ ဘီဘင်ဟာ ဦးနှောက်ဆိုင်ရာ လုပ်နိုင်စွမ်း အသစ်ဖြစ်တဲ့ neocortex ကို ဖန်တီးနိုင်ခဲ့ပါတယ်။ တံဆိပ်ခေါင်း အရွယ်ရှိခဲ့ကာ (သစ်ကြားစေ့ အရွယ် ဦးနှောက်ကို ရစ်ပတ်နေခဲ့တဲ့) အဲဒီအသားမျှင်ဟာ လူသားတို့ ပေါ်ပေါက် လာမှုရဲ့ သော့ချက်ပဲ ဖြစ်ခဲ့ပါတယ်။ အခုတော့ အနာဂတ်ပညာရှင် Ray Kurzweil က ဦးနှောက် စွမ်းပကားဆိုင်ရာ နောက်တစ်ခု ခုန်ပျံမှုအတွက်၊ မိုးတိမ်ရဲ့ တွက်ချက်နိုင်စွမ်းကို ရယူနိုင်ဖို့အတွက် အသင့်ရှိကြဖို့ တိုက်တွန်းထားပါတယ်။

Stephen Burt: ဘာကြောင့် လူတွေ ကဗျာစာပေကို လိုအပ်သလဲ။

TEDGlobal 2013

Stephen Burt: ဘာကြောင့် လူတွေ ကဗျာစာပေကို လိုအပ်သလဲ။
1,326,640 views

"ကျုပ်တို့အားလုံး သေကြမှာပဲလေ၊ ကဗျာတွေက အဲဒါကို လက်ခံရှင်သန်ဖို့ ကူညီနိုင်ပါတယ်။" နှစ်လို့ဖွယ်၊ ရယ်စရာကောင်းတဲ့ ဟောပြောချက်တစ်ခုထဲမှာ စာပေဆိုင်ရာ ဝေဖန်ရေးသမား Stephen Burt ကနေပြီး သူအနှစ်သက်ဆုံး ကဗျာတစ်ချို့နဲ့အတူ ကျွန်တော်တို့ကို ခံစားချက်အပြည့်ပါတဲ့ ခရီးတစ်ခုဆီကို ခေါ်ဆောင်သွားပါတယ်။ တစ်ကြောင်းချင်း စီစိတ်ဖြာတာကနေ စိတ်ကူးစိတ်သန်းထုတ်ဖို့ လူသားရဲ့ဇောဆန္ဒအထိ တောက်လျှောက်ပါ။

ဒန် ​ဂီလ်ဘတ် (Dan Gilbert): သင့်ရဲ့  အနာဂတ် အတ္တကိုယ်ထည်ရဲ့ စိတ်ပညာ

TED2014

ဒန် ​ဂီလ်ဘတ် (Dan Gilbert): သင့်ရဲ့ အနာဂတ် အတ္တကိုယ်ထည်ရဲ့ စိတ်ပညာ
5,798,493 views

"လူသားတွေဟာ ပြီးဆုံးပြီလို့ သူတို့တွေ အမှားမှားအယွင်းယွင်းနဲ့ထင်မြင်ယူဆနေကြတဲ့ လုပ်လက်စအလုပ်တွေနဲ့ ဖြစ်နေကြပါတယ်။" ဒန် ဂီလ်ဘတ်က သူခေါ်ဝေါ်တဲ့ သမိုင်းအမြင်လွဲမှားမှုရဲ့ နိဂုံး ဆိုတဲ့ သဘာဝဖြစ်စဉ်တစ်ခုရဲ့ပေါ် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုသေသနပြုချက် တစ်ခုကို မျှဝေထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ပစ္စက္ခဖြစ်တည်နေတဲ့ ပုဂ္ဂိုလ်ဟာ နောင်ကျန်ရှိနေတဲ့ အချိန်တွေမှာ ဖြစ်တည်နေဦးမယ့် ပုဂ္ဂိုလ်ဆိုတာကို ကျွန်တော်တို့တွေ တနည်းနည်းနဲ့ စိတ်ကူးမြင်ယောင်ကြည့်ပါတယ်။

ကီထရာ ကာဟာနာ (Kitra Cahana)

ကီထရာ ကာဟာနာ၊. အိုးအိမ်မဲ့ခြင်းနဲ့ မမြင်ကွယ်ရာက ဇာတ်လမ်းများ
ကီထရာ ကာဟာနာ၊.: အိုးအိမ်မဲ့ခြင်းနဲ့ မမြင်ကွယ်ရာက ဇာတ်လမ်းများ

TED2014

ကီထရာ ကာဟာနာ (Kitra Cahana) ကီထရာ ကာဟာနာ၊. အိုးအိမ်မဲ့ခြင်းနဲ့ မမြင်ကွယ်ရာက ဇာတ်လမ်းများ ကီထရာ ကာဟာနာ၊.: အိုးအိမ်မဲ့ခြင်းနဲ့ မမြင်ကွယ်ရာက ဇာတ်လမ်းများ
1,573,445 views

ငယ်ရွယ်သူမိန်းမပျိုလေးတစ်ယောက်အဖြစ်နဲ့ ဓာတ်ပုံသတင်းစာဆရာ နဲ့ TED ဝိုင်းတော်သား ကီထရာ ကာဟာနာဟာ အိမ်ကနေထွက်ပြေးပြီး လမ်းမပေါ်တွင် လွတ်လပ်စွာ နေထိုင်ဖို့အတွက် စိတ်ကူးယဉ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရွယ်ရောက်ပြီး ကိုယ့်ကိုကိုယ် ခြေသလုံးအိမ်တိုင်သမား အဖြစ် ကြေညာထားလိုက်ပြီး ခေတ်သစ် လှည့်လည်သွားလာ လေလွင့်နေသူတွေနောက်လိုက်ကာ သူတို့ရဲ့အိမ်တွေဖြစ်တဲ့ ကုန်တွဲတွေ၊ ဘတ်(စ်)ကားမှတ်တိုင်တွေ၊ ကားရပ်နားတဲ့နေရာတွေ၊ ရပ်နားစရာ သန့်စင်ခန်းတွေမှာ နေပါတယ်။ အနားသတ်နယ်နိမိတ်တွေပေါ်က ယဉ်ကျေးမှုတစ်ခုကို ရိပ်ကနဲလှစ်ဟပြလိုက်ခြင်းပေပဲပေါ့။

ဆိုင်မွန် ဆင်းနက်(ခ်) (Simon Sinek): ဘာကြောင့် ခေါင်းဆောင်ကောင်းတွေက သင်တို့ကို လုံခြုံစိတ်ချမှုကို ဖြစ်စေတာလဲ။

TED2014

ဆိုင်မွန် ဆင်းနက်(ခ်) (Simon Sinek): ဘာကြောင့် ခေါင်းဆောင်ကောင်းတွေက သင်တို့ကို လုံခြုံစိတ်ချမှုကို ဖြစ်စေတာလဲ။
12,536,564 views

ဘာကြောင့် ခေါင်းဆောင်ကောင်းတွေက သင်တို့ကို လုံခြုံစိတ်ချမှုကို ဖြစ်စေတာလဲ။ စီမံအုပ်ချုပ်မှု သဘောတရား ပညာရှင် ဆိုင်မွန် ဆင်းနက်(ခ်)က အကြံပေးထားတာကတော့ သူဟာဆိုရင် သူတို့ရဲ့ ဝန်ထမ်းတွေကို စိတ်အေးလက်အေးခံစားမှုကို ဖြစ်စေသူ၊ ဝန်ထမ်းအဖွဲ့ဝင်တွေကို ယုံကြည်မှု အဝန်းအဝိုင်းတစ်ခုထဲကို ဆွဲခေါ်တတ်သူ တစ်ယောက်ပါပဲတဲ့။ ဒါပေမဲ့ အထူးသဖြင့် မညီမညာဖြစ်နေတဲ့ စီးပွားရေးတစ်ရပ်မှာ ယုံကြည်မှုနဲ့ လုံခြုံမှုကို ဖန်တီးပေးခြင်းဟာ ကြီးမားတဲ့ တာဝန်ယူခြင်းကို ဆိုလိုပါတယ်။

Deborah Gordon: ပုရွက်ဆိတ်တွေသင်ပေးတဲ့ ဦးနှောက်၊ ကင်ဆာနဲ့ အင်တာနက် အကြောင်း

TED2014

Deborah Gordon: ပုရွက်ဆိတ်တွေသင်ပေးတဲ့ ဦးနှောက်၊ ကင်ဆာနဲ့ အင်တာနက် အကြောင်း
1,481,089 views

ဂေဟဗေဒပညာရှင် Deborah Gordon ဟာ ပုရွက်ဆိတ်တွေကို ဘယ်မှာတွေ့တွေ့ လေ့လာပါတယ်။ ကန္တာရတွေထဲမှာ၊ အပူပိုင်းဒေသတွေမှာ၊ သူမရဲ့မီးဖိုချောင်ထဲမှာပေါ့။ ဒီစိတ်ဝင်စားစရာကောင်းတဲ့ ဟောပြောချက်ထဲမှာ ကျွန်တော်တို့အများစုအနေနဲ့ နည်းနည်းလေးမှ စဉ်းစားမနေဘဲ နှစ်ခါပြန်ပြီး မတွေးရလောက်အောင် အားရပါးရကို လှမ်းရိုက်ပစ်လိုက်ကြမယ့် အင်းဆက်တွေအပေါ် သူမရဲ့စွဲလမ်းမှုကို ရှင်းပြထားပါတယ်။ ပုရွက်ဆိတ်ရဲ့ ဘဝဖြစ်စဥ်ဟာ အနာရောဂါဖြစ်ခြင်း၊ နည်းပညာနဲ့ လူသားရဲ့ ဦးနှောက် စတာတွေ အပါအဝင် သင်ကြားမှုဆိုင်ရာ အကြောင်းအရာ တော်တော်များများအတွက် အသုံးဝင်တဲ့ပုံစံတစ်ခုကို အထောက်အပံ့ပြုပါတယ်လို့ သူမက ဆွေးနွေးတင်ပြထားပါတယ်။

Stanley McChrystal: အချက်အလက်များကို မျှဝေပေးသင့်တဲ့ စစ်တပ်ထဲက ဖြစ်ရပ်

TED2014

Stanley McChrystal: အချက်အလက်များကို မျှဝေပေးသင့်တဲ့ စစ်တပ်ထဲက ဖြစ်ရပ်
1,059,925 views

ဗိုလ်ချုပ် Stanley McChrystal က ၂၀၀၃ ခုနှစ်တွင် al Qaeda ကို စပြီး တိုက်ပွဲဝင်ခဲ့စဉ် သူ့စစ်ဆင်မှုများ အတွက် အချက်အလက်များ နဲ့ လျှို့ဝှက်ချက်တွေဟာ အသက်ပမာ အရေးပါခဲ့ကြပါတယ်။ သမရိုးကျ မဟုတ်ခဲ့တဲ့ တိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်မှာ၊ အရေးကြီးတဲ့ အချက်အလက်တွေကို လျှို့ဝှက်ချက်များ အဖြစ် သတ်မှတ် ထိန်းချုပ်ရေး ယဉ်ကျေးမှုဟာ လွဲမှားနေကာ လက်တွေ့မှာ တန်ပြန် အကျိုးဆုတ်ယုတ်မှုတောင် ရှိတယ်လို့ မြင်လာပါတယ်။ တိုတောင်းပေမဲ့၊ အားကောင်းလှတဲ့ ဒီဟောပြောခန်းမှာ McChrystal ဟာ အချက်အလက်တွေကို တက်ကြွစွာ မျှဝေပေးသင့်ကြောင်း တိုက်တွန်း ဆော်ဪထားပါတယ်။

Mellody Hobson: အသားအရောင်ခွဲခြားမှုကို လျစ်လျှူ  ရှုကြမလား၊ အသားအရောင်ကွဲပြားမှုအတွက် သတ္တိရှိမှာလား။

TED2014

Mellody Hobson: အသားအရောင်ခွဲခြားမှုကို လျစ်လျှူ ရှုကြမလား၊ အသားအရောင်ကွဲပြားမှုအတွက် သတ္တိရှိမှာလား။
3,917,414 views

လူမျိုးရေးနဲ့ပတ်သက်တဲ့ အကြောင်းရပ်ဟာဆိုရင် တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စပါ။ ဘဏ္ဍာရေးဆိုင်ရာ အလုပ်အမှုဆောင် မယ်လော့ဒီ ဟော့(ဘ်)ဆန် ပြောတာက ဒါဟာဆိုရင်" နှုတ်မှုရေးရာ ကျားမြီးဆွဲလိုက်သလိုမျိုး"ပါတဲ့။ ဒါပေမဲ့ "ဒါကြောင့်မိုလို့ကျွန်မတို့ဒီအကြောင်းအရာကို စတင်ပြောဆိုဖို့လိုတယ်ဆိုတာ အသေအချာပဲလေ" လို့သူမကပြောပါတယ်။ ဒီဆွဲဆောင်မှုရှိပြီး လက်ခံချင်စဖွယ် ဟောပြောချက်ထဲမှာ ဟော့(ဘ်)ဆန်က လူမျိုးရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းကို ဆွေးနွေးတင်ပြထားပါတယ်။ နောက်ပြီး အထူးသဖြင့် အလုပ်ခန့်ထားခြင်းမှာ မတူကွဲပြားခြင်းဟာ ပိုမိုကောင်းမွန်တဲ့ စီပွားရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်စေတယ်ဆိုတာပါ။

Andrew Bastawrous: သင့်ရဲ့ နောက်တစ်ခါ မျက်စိစမ်းသပ်မှုကို စမတ်ဖုန်း ပေါ်မှာပြုလုပ်လိုက်ပါ။

TED2014

Andrew Bastawrous: သင့်ရဲ့ နောက်တစ်ခါ မျက်စိစမ်းသပ်မှုကို စမတ်ဖုန်း ပေါ်မှာပြုလုပ်လိုက်ပါ။
1,184,953 views

သင့်ရဲ့ နောက်တစ်ခါ မျက်စိစမ်းသပ်မှုကို စမတ်ဖုန်း ပေါ်မှာပြုလုပ်လိုက်ပါ။ ကမ္ဘာပေါ်တွင် မျက်မမြင် (၃၉)သန်းမျှရှိပြီး အများစုမှာ ကုသနိုင်သော ကာကွယ်တားဆီး၍ရသော ရောဂါများကြောင့် မျက်စိကွယ်ခဲ့ရပါတယ်။ ဒါပေမယ့် ဝေးလံခေါင်ပါးပြီး၊ဈေးကြီးကာ အရွယ်အစားကြီးမားသော မျက်စိကိရိယာများ ရရှိရန်ခက်ခဲသောဒေသများတွင် နေထိုင်ကြသောလူများကို ဘယ်လိုလုပ်ပြီး စမ်းသပ်ကုသကြမှာလဲ။ TED ဝိုင်းတော်သား Andrew Bastawrous မှနေ၍ အထောက်အကူပြုနိူင်လောက်တဲ့ စမတ်ဖုန်းလုပ်ဆောင်ချက် ( Application ) တစ်ခုနဲ့ ဈေးပေါတဲ့ စက်ပစ္စည်းကို လက်တွေ့သရုပ်ပြထားပါတယ်။

James Patten: ကွန်ပျူတာအတွက် အကောင်းဆုံး အင်တာဖေ့စ်က သင်ရဲ့လက်များ ဖြစ်နိုင်တယ်

TED Fellows Retreat 2013

James Patten: ကွန်ပျူတာအတွက် အကောင်းဆုံး အင်တာဖေ့စ်က သင်ရဲ့လက်များ ဖြစ်နိုင်တယ်
1,092,626 views

"ကွန်ပျူတာဟာ တစ်ခုခုကို ထုတ်ဖေါ်ပြသေရးအတွက် အံ့အားသင့်စရာ အကောင်းဆုံး နည်းလမ်းပါပဲ" လို့ ဒီဇိုင်းနား James Patten က ဆိုပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ စာလုံးရိုက်ထည့်ခြင်း နဲ့ နှိပ်လျက် ကွန်ပျူတာနဲ့ ဆက်သွယ်နေကြပါတယ်။ လက်ရှိ ဟောပြော ပြသခန်းထဲမှာ၊ ၎င်းက ကျွန်ပ်တို့ရဲ့ အယူအဆများ နဲ့ အတွေးအခေါ်များကို ဒီဂျီတယ်ကမ္ဘာကြီးထဲကို ယူဆောင်ပေးကြမယ့် အံ့ဖွယ် နည်းလမ်းများ အကြောင်းကို တင်ပြထားကာ၊ စခရင်ရဲ့ ကွန်ပျူတာ အင်တာဖေ့စက် ကျွန်ုပ်တို့ရဲ့လက်ထဲထဲကို ထည့်ပေးချင်ပါတယ်။

Elizabeth Gilbert: အောင်မြင်မှု၊ ကျဆုံးမှုနဲ့ ဆက်လက်ဖန်တီးဖို့ စိတ်ဓာတ်ခွန်အား

TED2014

Elizabeth Gilbert: အောင်မြင်မှု၊ ကျဆုံးမှုနဲ့ ဆက်လက်ဖန်တီးဖို့ စိတ်ဓာတ်ခွန်အား
5,069,463 views

Elizabeth Gilbert ဟာ တစ်ခါတုန်းကတော့ "ပုံနှိပ်ထုတ်ဝေခြင်း မခံရတဲ့ စားသောက်ဆိုင်ငယ် ကလေးရဲ့ စာပွဲထိုးမလေး" ပယ်ချလိုက်တဲ့စာတွေကြောင့် စိတ်ဓာတ်ချုံးချုံးကျခဲ့ရသူလေးပါ။ ဒါပေမယ့် "Eat, Pray, Love"ရဲ့အောင်မြင်မှု နိူးအထမှာတော့ သူမရဲ့ အရင်က ပင်ကိုယ်စရိုက်ကို သူမ ကိုယ်တိုင်ခိုင်ခိုင်မာမာ ဖေါ်ထုတ်နိူင်ခဲ့ပါတယ်။ ဒီလှပတဲ့ ထိုးထွင်းအသိအမြင်နဲ့အတူ Gilbert က ဘာဖြစ်လို့ အောင်မြင်မှုဟာ ကျဆုံးမှုနည်းတူ မျက်စိလည်လမ်းပျောက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို အလေးအနက်ဆင်ခြင်ထားပြီး၊ ခက်ခဲပေမည့် ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကို ရလဒ်တွေကိုပဓာနမထားပဲ ဆက်လက်ဆောင်ရွက်ဖို့ တင်ပြထားပါတယ်။

David Brooks: David Brooks- သင်ဟာ ကိုယ်ရေးမှတ်တမ်း အတွက် ရှင်သန်နေမှာလား၊ ဒါမှမဟုတ် ချီကျူးဂုဏ်ပြုခြင်းအတွက်လား။

TED2014

David Brooks: David Brooks- သင်ဟာ ကိုယ်ရေးမှတ်တမ်း အတွက် ရှင်သန်နေမှာလား၊ ဒါမှမဟုတ် ချီကျူးဂုဏ်ပြုခြင်းအတွက်လား။
2,720,594 views

ကျွန်ုပ်တို့ တစ်ဦးချင်းစီရဲ့ ကိုယ်တွင်းမှာ ပင်ကိုစရိုက် (၂)မျိုးရှိပါတယ်လို့ David Brooks က သူရဲ့ အလေးအနက်တွေးတော ဆင်ခြင်ထားတဲ့ ဆွေးနွေးချက်ထဲမှာ ဆိုပါတယ်။ အောင်မြင်မှုကို မက်မောတောင့်တသူ၊ ကိုယ်ရေးမှတ်တမ်းတစ်ခုကို ပြုစုသူ ပင်ကိုစရိုက်သမားနဲ့ ဆက်နွယ်မှု၊ လူ့အဖွဲ့အစည်းနဲ့ ချစ်ခြင်းမေတ္တာကိုရှာဖွေသူ ပင်ကိုစရိုက်သမားပါ။ ဒီတန်ဖိုးထားမှုတွေက ကြီးကျယ်တဲ့ ထောပနာပြုမှု တစ်ခုအတွက်ပြုကြတာပါ။ Joseph Soloveitchik ကတော့ ဒါတွေကို အာဒံ (၁) နဲ့ အာဒံ (၂)ဆိုပြီး ခေါ်ဝေါ်ထားပါတယ်။ ဘရွတ်(ခ်)စ် က မေးတာက " ကျွန်တော်တို့ ဒီပင်ကိုယ်စရိုက် (၂)ခုကို ဟန်ချက်ညီအောင် လုပ်နိူင်ပါသလား"တဲ့။

David Sengeh: ခြေ၊ လက်အင်္ဂါအတုများရဲ့ နာကျင်ရသော  ပြဿနာ

TED2014

David Sengeh: ခြေ၊ လက်အင်္ဂါအတုများရဲ့ နာကျင်ရသော ပြဿနာ
826,892 views

ဘယ်အရာက David Sengeh ကို ပိုမို သက်တောင့်သက်သာဖြစ်စေတဲ့ ခြေ၊လက်အင်္ဂါအတုကို ဖန်တီးဖို့တွန်းအားပေးခဲ့ပါလိမ့်။ သူဟာ ဆီရဲရာ လီယွန်းမှာကြီးပြင်းခဲ့ပြီးတော့ သူချစ်ခင်မြတ်နိူးတဲ့ များလှစွာသောသူတွေဟာ အဲဒီက လူမဆန်တဲ့ ပြည်တွင်းစစ် အပြီးမှာ ခြေလက်အင်္ဂါတွေ ဆုံးရှုံးနေကြရပါတယ်။ လူတွေဟာ သူတို့မှာရှိတဲ့ ခြေတုတွေကို တပ်ဆင်မထားကြတာကို သူသတိထားမိတဲ့ အခါမှာတော့ ဘာကြောင့်လဲဆိုတာကို စတင် ရှာဖွေတော့တာပေါ့။ ပြီးတော့ MIT Media Lab က သူ့အဖွဲ့နဲ့အတူ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို ဖော်ထုတ်ဖို့ပါ။

Louie Schwartzberg: သဘာဝကမ္ဘာရဲ့ ဆန်းကျင်တဲ့ လျှို့ဝှက်ချက်များ

TED2014

Louie Schwartzberg: သဘာဝကမ္ဘာရဲ့ ဆန်းကျင်တဲ့ လျှို့ဝှက်ချက်များ
8,739,873 views

ကျွန်တော်တို့ဟာ မြင်မရတဲ့ အလှတရား ကမ္ဘာထဲမှာ နေနေကြရပါတယ်၊ အဲဒါတွေဟာ သေးနုပ်လှကြကာ နူးညံ့ကြလွန်းလို့ လူ့မျက်စိက မမြင်နိုင်ပါ။ အဲဒီလို မြင်မရနိုင်တဲ့ ကမ္ဘာကို ပြပေးရန် ရုပ်ရှင် ရိုက်ကူးသူ Louie Schwartzberg က အချိန်ကာလ နဲ့ ဟင်းလင်းပြင်တို့ကို နှုန်းမြင့် ကင်မရာ၊ အချိန်အကြာကြီး စောင့်ရိုက်ကူးမှု နှင့် အဏုကြည့် ကိရိယာများကို သုံးပြီး တင်ဆက်ထားပါတယ်။ TED2014 မှာ သူဟာ 3D ရုပ်ရှင် "Mysteries of the Unseen World" ထဲမှာ နှေးပြလိုက် အရှိန်မြှင့်ပြလိုက် ချဲ့ပြလိုက် စသဖြင့် သဘာဝရဲ့ မယုံနိုင်ဖွယ်ရာ အလှကို ပြပေးထားပါတယ်။

Chris Emdin: ဆရာတွေကို ပဥ္စလက်အတတ် ဖန်တီးတတ်အောင် သင်ကြားပေးလိုက်ပါ။

TED@NYC

Chris Emdin: ဆရာတွေကို ပဥ္စလက်အတတ် ဖန်တီးတတ်အောင် သင်ကြားပေးလိုက်ပါ။
2,394,287 views

ရက်(ပ်)ဂီတ ဖျော်ဖြေပွဲတွေ၊ ဆံသဆိုင်က အာလာပသလ္လာပ နဲ့ တနင်္ဂနွေ ဝတ်ပြု ဆုတောင်းမှု တွေမှာ တူညီနေတာက ဘာများပါလိမ့်။ Chris Emdin ပြောတဲ့အတိုင်း ဆိုရင်တော့ သူတို့တွေအားလုံးဟာ နှစ်သက်ကြည်နူးစေဖို့နဲ့ သင်ကြားပေးဖို့ကို တစ်ချိန်တည်းမှာ ပြုလုပ်ဖို့ အတွက် လျှို့ ဝှက်တဲ့ မှော်အတတ်ကို ပိုင်ဆိုင်ထားပါတယ်တဲ့။ ဒါဟာဆိုရင် မကြာခဏ ဆိုသလို ကျောင်းဆရာတွေကို မသင်ပေးမိတဲ့ အတတ်ပညာတစ်ခုပါ။ သိပ္ပံဆိုင်ရာ တရားရုံးရှေ့နေက(GZA of the Wu-Tang Clan နှင့်အတူ Science Genius B.A.T.T.L.E.S. ကိုပူးတွဲ တည်ထောင်သူ) စာသင်ခန်းကို သင်ဝင် လှုပ်ရှားလာအောင် လုပ်ဖို့စိတ်ကူးစိတ်သန်း တစ်ခုကို ပေးထားပါတယ်။

Allan Adams: ရူပဗေဒ​ဘာသာ​ရပ်​ကို အသစ်​ပြန်​ရေး​နိုင်မယ့် ရှာဖွေ​တွေ့​ရှိ​ချက်။

TED2014

Allan Adams: ရူပဗေဒ​ဘာသာ​ရပ်​ကို အသစ်​ပြန်​ရေး​နိုင်မယ့် ရှာဖွေ​တွေ့​ရှိ​ချက်။
1,865,923 views

၂​၀​၁​၄ ခု​နှစ်၊ မတ်​လ(၁​၄)ရက်​နေ့​က ရူပဗေဒ​ပညာ​ရှင်​တစ်​စု​က​နေ​ပြီး စိတ်​လှုပ်ရှား​စရာ​ကောင်း​တဲ့ ရှာဖွေ​မှု​တစ်​ရပ်​ကို ကြေညာ​လိုက်​ပါ​တယ်။ Big Bang (မဟာ​ပေါက်ကွဲ​မှု​ဖြစ်​စဉ်) အတွက် သဲ​လွန်​စ​တစ်​ခု အနေ​နဲ့ စကြာ​ဝ​ဠာ ပြန့်​ကား​လာ​မှု​ဆိုင်​ရာ ယူဆ​ချက် တစ်​ခု အတွက် သက်သေခံ အချက်အလက်​တွေ​ပါ။ ရူပဗေဒ​ပညာ​ရှင် မဟုတ်​သူ​တွေ​အတွက် ဘာ​အဓိပ္ပါယ် ရှိ​နိုင်​သလဲ။ TED က​နေ​ပြီး Allan Adams ​ကို ရ​လာဒ်​တွေ​နဲ့​ပတ်သက်​ပြီး အကျဉ်း​ချုပ် ရှင်းလင်း​ပြ​ဖို့ အတွက်​မေးမြန်း​ခဲ့ပြီး၊ ဒီ လက်​တန်း​ဆွေးနွေး​မှု​မှာ xkcdက ရမ်​ဒယ် မွန်​ရိုး​က​နေ​ပြီး သရုပ်​ပြ ရှင်းလင်း​ထား​ပါ​တယ်။

TED ဝန်ထမ်းများ: ဒါဟာ TED ဂီတပေဒသာပါ။

TED in the Field

TED ဝန်ထမ်းများ: ဒါဟာ TED ဂီတပေဒသာပါ။
800,223 views

သင့်ရင်ထဲမှာ မှာ မနေနိူင်လောက်အောင်ကို ထုတ်ဖေါ်ပြောပြဖို့ TED ဟောပြောချက် တစ်ခု ရှိနေပါသလား။ ဒီ "Give Your Talk" (သင့်ရဲ့ ဟောပြောချက်ကို တင်ဆက်ပါ။) ခပ်ငေါ့တော့တော့ နားဝင်ပီယံခရီးလေး ထွက်ကြည့်လိုက်ပါဦး။ ကျွန်တော်တို့ ရဲ့ဟောပြောသူတွေအတွက် သာယာ နာပျော်ဖွယ် ချစ်သဝဏ်လွာ တစ်စောင်ပေါ့။ TED ဝန်ထမ်းတွေ ကိုယ်တိုင်ပဲ ရေးသား၊ ရိုက်ကူး၊ သရုပ်ဆောင်ထားပါတယ်။

Ed Yong: ဇွန်ဘီးပိုးဟပ်နှင့် အခြားသော ကပ်ပါးကောင်ပုံပြင်များ

TED2014

Ed Yong: ဇွန်ဘီးပိုးဟပ်နှင့် အခြားသော ကပ်ပါးကောင်ပုံပြင်များ
1,829,488 views

ကျနော်တို့ လူသားတွေက ကျနော်တို့ရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနဲ့ အမှီအခိုကင်းမဲ့မှုအပေါ် တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျနော်တို့ မစဉ်းစားထားတဲ့ အရိပ်အယောင်လွှမ်းမိုးမှုရှိပါတယ်။ သိပ္ပံစာရေးဆရာ Ed Yong က ဒီ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ရယ်ဖို့ကောင်းတဲ့၊ ချောက်ချားဖို့ကောင်းတဲ့ ဟောပြောချက်မှာ ပြောပြာထားတဲ့အတိုင်း ကပ်ပါးကောင်တွေက ကြိုးကိုင်ခြင်းအနုပညာကို သာလွန်တဲ့အဆင့်တစ်ခုအထိ မွမ်းမံထားပါတယ်။ ဒါဆို သူတို့များ ကျနော်တို့ကို လွှမ်းမိုးနေသလား။ ဒါက ဖြစ်နိုင်တာထက် ပိုပါတယ်။

အက်ဒ်ဝပ် စနိုးဒန်: အင်တာနက်ကိုဘယ်လိုပြန်လည်သိမ်းပိုက်မလဲ

TED2014

အက်ဒ်ဝပ် စနိုးဒန်: အင်တာနက်ကိုဘယ်လိုပြန်လည်သိမ်းပိုက်မလဲ
4,806,355 views

အဝေးရောက်စက်ရုပ်အသွင်ဖြင့် အက်ဒ်ဝပ် စနိုးဒန် ဟာ ထောက်လှမ်းရေးနဲ့အင်တာနက်လွတ်လပ်ခွင့်အကြောင်း ၂၀၁၄ TED မှာပြောခဲ့ပါတယ်။ ပုဂ္ဂိလအချက်အလက်အခွင့်အရေး ဆိုတာပါတီနိုင်ငံရေးကိစ္စမဟုတ်ဘဲ ကျွန်တော်တို့ဘဝမှာအင်တာနက်ရဲ့ အခန်းကဏ္ဍနဲ့ ဒါကိုကာကွယ်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ "ခင်ဗျားရဲ့အခွင့်အရေးတွေဟာအရေးပါပါတယ် ဘာလို့လဲဆိုတော့ ဒါတွေကိုဘယ်တော့လိုမလဲဆိုတာမသိလို့ပါ" လို့ ဆိုပါတယ်။ ခရစ်အန်ဒါဆင်ကအင်တာဗျူးပြီး အထူးဧည့်သည်ကတော့ တင်ဘန်နားစ်လီပါ။

Charmian Gooch: Charmian Gooch : ကျွန်မရဲ့ဆန္ဒ : ပွင့်လင်းမြင်သာသောစီးပွားရေးခေတ်သစ်တစ်ခုကို စတင်ရန်

TED2014

Charmian Gooch: Charmian Gooch : ကျွန်မရဲ့ဆန္ဒ : ပွင့်လင်းမြင်သာသောစီးပွားရေးခေတ်သစ်တစ်ခုကို စတင်ရန်
914,154 views

အမည်မဲ့ကုမ္ပဏီများသည် နာမည်ဆိုးနှင့်ကျော်ကြားသော မူးယစ်ဂိုဏ်းချုပ်များမှသည် မကောင်းဆိုးဝါး လက်နက်ကုန်သည်များ အထိ အကျင့်ပျက်ခြစားပုဂ္ဂိုလ်များကို ကာကွယ်ပေးထားပါသည်။ လျှိ့ဝှက်ရှုပ်ထွေးမှုများကြောင့် ၎င်းတို့ကို ရှာဖွေကာ တာဝန်ခံခိုင်း၍ မဖြစ်နိုင်သလောက်ဖြစ်နေရသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ Charmian Gooch က ဤပြဿနာ တစ်ခုလုံးကို စိန်ခေါ်ရင်ဆိုင်နိုင်ဖို့ မျှော်လင့်နေသည်။ TED ၂၀၁၄ တွင် သူ၏ TED ဆုရ “ကုမ္ပဏီများအား မည်သူကပိုင်ဆိုင်ထိန်းချုပ်နေသည်ဆိုသောအချက် ကို သိရှိွနိုင်ရန်၊ ဥပဒေကို ပြင်ဆင်ပြောင်းလဲရန် နှင့် ပွင့်လင်းမြင်သာသည့်စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန်” ဟူသော ရဲဝင့်လှသော စိတ်ဆန္ဒကို မျှဝေခဲ့သည်။

Steven Pinker နဲ့ Rebecca Newberger Goldstein: ဆင်ခြင်တုံတရားရဲ့ လက်လှမ်းမီရာ

TED2012

Steven Pinker နဲ့ Rebecca Newberger Goldstein: ဆင်ခြင်တုံတရားရဲ့ လက်လှမ်းမီရာ
1,110,252 views

ဒါကတော့ TED မှာ သက်ဝင်လှုပ်ရှား အရုပ်တွေနဲ့ ဆိုကရေးတီး အတွေးအခေါ်ဆန်တဲ့ အပြန် အလှန်ဆွေးနွေးခန်းမျိုး ပထမဦးဆုံး တစ်ခု ဆိုပါတော့။ ဆင်ခြင်တုံတရားမဲ့မှုက နိူင်ငံရေးနဲ့ ယဉ်ကျေးမှု နှစ်ခုစလုံးကို မင်းမူနေတဲ့ ကာလတစ်ခုမှာ ဆင်ခြင်လျက် စဉ်းစားတွေးခေါ်ခြင်းဟာ ၎င်းရဲ့ အာနိသင်ကို လုံး၀ ပျာက်ဆုံးသွားပြီလား။ စိတ်ပညာရှင် စတီဗင် ပင်ကာ (Steven Pinker) ကို ဒဿနပညာရှင် ရေဗက္ကာ နယူးဘယ်ဂျာ ဂိုးလ်(ဒ်)စတိန်း (Rebecca Newberger Goldstein) ကနေပြီး တဖြည်းဖြည်းနဲ့ ၊ ထူးခြားပြောင်မြေက်စွာ ဆွဲဆောင် အယုံသွင်းလိုက်တာ ကတော့ ၎င်းရဲ့ သက်ရောက်မှုတွေ ထုတ်ဖော်လှစ်ဟဖို့ကို မျိုးဆက်တွေနဲ့ ချီပြီး ကြာတာတောင်မှပဲ၊ တကယ်တော့ ဆင်ခြင်တုံတရား ဆိုတာဟာ လူသားဆိုင်ရာ ကိုယ်ကျင့်တရားတိုးတက်မှုမှာ အဓိက မောင်းနှင်သူဖြစ်တယ် ဆိုတာကိုပါ။ ဒီဆွေးနွေးခန်းကို TED မှာ တိုက်ရိုက် ရိုက်ကူးထားတာဖြစ်ပြီး၊ မယုံနိူင်အောင်ထူးခြားပြီး မကြာခဏ ရွှင်မြူးစရာကောင်းတဲ့ အနုစိတ်ရုပ်ပုံများကို အသက်ဝင် လှုပ်ရှားစေတာကတော့ Cognitive ကပဲဖြစ်ပါတယ်။

Carin Bondar: ငှက်တွေ၊ ပျားတွေဆိုတာ အစပဲရှိပါသေးတယ်။

TEDGlobal 2013

Carin Bondar: ငှက်တွေ၊ ပျားတွေဆိုတာ အစပဲရှိပါသေးတယ်။
2,572,088 views

လိင်အကြောင်းနဲ့ပတ်သတ်ပြီး သင်သိတာ တစ်ခု၊ နှစ်ခုရှိတယ်လို့ ထင်သလား။ ပြန်စဉ်းစားကြည့်ပါ။ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ ဟောပြောချက်မှာ ဇီဝဗေဒပညာရှင် Carin Bondar ဟာ တိရိစ္ဆာန်တွေ လိင်ဆက်ဆံပုံနောက်ကွယ်က အံဖွယ်သိပ္ပံအကြောင်းကို တင်ပြထားပါတယ်။ (ဟောပြောချက်မှာ ကြမ်းတမ်းတဲ့ လိင်မှုအကြောင်းတွေပါတယ်။)

Gabriel Barcia-Colombo: ကျွန်တော်ရဲ့ DNA အရောင်းစက်

TED Fellows Retreat 2013

Gabriel Barcia-Colombo: ကျွန်တော်ရဲ့ DNA အရောင်းစက်
828,455 views

အများအားဖြင့်တော့ အရောင်းစက်တွေဟာ ဆိုဒါတွေ၊ ချောကလက်တောင့်တွေနဲ့ အာလူးကြော်တွေကိုပဲ ရောင်းပေးကြတာပါ။ ဒါပေမယ့် TED ရဲ့ဝိုင်းတော်သားဖြစ်တဲ့ အများအားဖြင့်တော့ အရောင်းစက်တွေဟာ ဆိုဒါတွေ၊ချောကလက်တောင့်တွေနဲ့ အာလူးကြော်တွေကိုပဲ ရောင်းပေးကြတာပါ။ ဒါပေမယ့် TED ရဲ့ဝိုင်းတော်သားဖြစ်တဲ့ Gabriel Barcia-Colombo တီထွင်ထားတဲ့ အရောင်းစက်ကတော့ အဲဒါတွေအတွက် မဟုတ်ပါဘူး။ ဒီအနုပညာရှင်က လူသားရဲ့ DNA ကိုထုတ်ယူပြီး အဲဒါကိုပေးခဲ့တဲ့ သူတွေရဲ့ စုဆောင်းဖွယ်ရာ ဓါတ်ပုံနဲ့တစ်ပုံနဲ့အတူ ဖန်ပုလင်းလေး တစ်ခုထဲမှာ အစုံလိုက်တွဲပြီး ထုတ်ပေးမယ့် DNA အရောင်းစက်ကို တီထွင်ဖို့ အိပ်မက်မက်ခဲ့တာပါ။ ဒါကလေးက ချစ်စရာကောင်းပြီး၊တစ်မူထူးခြားပါတယ်။ဒါပေမယ့်လည်း ဇီဝနည်းပညာကိုချဉ်းကပ်ဖို့ တိုးမြှင်လာမှုကိုအရင်ခံပြီးပေါ်ပေါက်လာမယ့် လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေကို ၎င်းက ထောက်ပြ ဆွေးနွေးထားပါတယ်။

Manu Prakash: အိုရီဂါမီလို ခေါက်လို့ ရနိုင်တဲ့ ၅၀ ဆင့် တန် မိုက်ခရိုစကုပ်

TEDGlobal 2012

Manu Prakash: အိုရီဂါမီလို ခေါက်လို့ ရနိုင်တဲ့ ၅၀ ဆင့် တန် မိုက်ခရိုစကုပ်
2,182,867 views

မိတ်ဆွေဟာ စက္ကူ အရုပ်ကို လုပ်ခဲ့ဘူးသူ သို့မဟုတ် အိုရီဂါမီကို ခေါက်ကြည့်ခဲ့ဘူးသူ ဖြစ်နိုင်ပါတယ်။ TED မှာလာပြီး ဟောပြောသူ Manu Prakash နဲ့ သူ့အဖွဲ့ဟာ လွယ်ကူစွာ ခေါက်လျက် အသုံးပြုနိုင်တဲ့ မိုက်ခရိုစကုပ်ကို တီထွင်ခဲ့ကြပါတယ်။ အဲဒီ တီထွင်မှု အကြောင်း အံ့အားသင့်စရာ ဒီမိုပြသမှုကို ကြည့်လိုက်တဲ့ အခါမှာ ဒီတီထွင်မှုဟာဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှာ ကျန်းမာရေးကို စောင့်ရှောက် ပေးရေးကို ဘယ်လို တော်လှန် ပြောင်းလဲပစ်နိုင်ကြောင်းကို ပြသထားသလို…အရာတိုင်းလိုလိုကို ပျော်စရာ ဖြစ်အောင် လက်နဲ့ လုပ်လို့ရတဲ့ သိပ္ပံ စမ်းသပ်မှု ဖြစ်လာအောင် လုပ်လို့ရနိုင်တာကိုလည်း ပြသပေးထားပါတယ်။

Annette Heuser: စီးပွားရေးကိုဖြစ်အောင်၊ ပျက်အောင် လုပ်စွမ်းနိုင်သော အေဂျင်စီ (၃) ခု

TEDGlobal 2013

Annette Heuser: စီးပွားရေးကိုဖြစ်အောင်၊ ပျက်အောင် လုပ်စွမ်းနိုင်သော အေဂျင်စီ (၃) ခု
1,237,713 views

"ကျွန်မတို့တွေ အမျိုးသားစီးပွားရေးအပေါ်ကို တန်ဖိုးသတ်မှတ်မှုပုံက အားလုံးမှားပါတယ်" လို့ ဆိုလာသူကတော့ အဆင့်သတ်မှတ်တဲ့ အေဂျင်စီက ပြုပြင်ပြောင်းလဲရေးသမား Annette Heuser ပါ။ လျှို့ဝှက်ဆန်းကြယ်ပြီး၊နားလည်ရခက်တဲ့ နည်းလမ်းတွေနဲ့ အမေရိကန်အခြေစိုက် အသိအမှတ်ပြု အဆင့်သတ်မှတ်တဲ့တသီးပုဂ္ဂလ အေဂျင်စီ(၃)ခုဟာ ကမ္ဘာအနှံ့ အမျိုးသား စီးပွားရေးတွေအပေါ်မှာ ကြီးမားတဲ့ အာဏာကို စွဲကိုင်ကျင့် သုံးနေပြီး ရလဒ်တွေကတော့ ဘေးဒုက္ခအတော်ကြီးကို ကြီးမားနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ်နည်းလမ်း ရှိမယ် ဆိုရင်ရော ။ ဒီရဲဝံ့တဲ့ ပြောဆိုဆွေးနွေးချက်ထဲမှာ Heuser က သူမရဲ့ အဆိုဖြစ်တဲ့ ဒီအရှုပ်အထွေးထဲကို ပိုပြီးတော့ ညီမျှမှု၊တရားမျှတမှုတွေကို ယူဆောင်လာပေးမယ့် ကိုယ်ကျိုးမဖက် အေဂျင်စီ အကြောင်းကို မျှဝေထားပါတယ်။

Ajit Narayanan: ကျွန်တော့် ဘာသာစကားနဲ့ ဆက်သွယ်ဖို့အတွက် စကားလုံး ဂိမ်း တစ်ခု

TED2013

Ajit Narayanan: ကျွန်တော့် ဘာသာစကားနဲ့ ဆက်သွယ်ဖို့အတွက် စကားလုံး ဂိမ်း တစ်ခု
1,391,245 views

စကားပြောဆိုရာတွင် အခက်အခဲ ရှိကြတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်နေစဉ် Ajit Narayanan ဟာ ဘာသာစကားကို ပုံများဖြင့် ရေးဆွဲဖေါ်ပြရေး နည်းလမ်း တစ်ခုကို ကြံဆတီထွင်ခဲ့ကာ စကားလုံးများ နှင့် အတွေးအခေါ်များကို မြေပုံများသဖွယ် ပုံဖေါ်လာနိုင်ခဲ့ပါတယ်။ အဲဒီ ယူဆချက်ကို အခြေခံပြီး ပရိုဂရမ် တစ်ခုကို တီထွင်နိုင်ခဲ့ရာ နှုတ်ဖြင့် စကားမပြောနိုင်ကြသူတို့အား ဆက်သွယ်လာအောင် ကူပေးနေလျက် အဲဒီမှာ အသုံးပြုတဲ့ FreeSpeech ဆိုတဲ့ တီထွင်မှုဆိုရင် အံ့အားသင့်ဖွယ်ရာ အလားအလာကြီးတွေ ရှိနေပါသေးတယ်။.

Roselinde Torres: ထူးချွန်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်း

TED@BCG San Francisco

Roselinde Torres: ထူးချွန်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်း
5,182,265 views

ယနေ့ခေတ်မှာ ခေါင်းဆောင်မှုဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေက အများကြီးပါ။တစ်ရက်တာ အလုပ်ရုံ ဆွေးနွေးပွဲကစပြီး၊ အသင်းအဖွဲ့နှင့်ဆိုင်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေအထိပေါ့။ ဒါပေမယ့် ဖြစ်နိုင်တာကတော့ ဒါတွေက အမှန်တကယ် အထောက်အကူပေးနိူင်မှာတော့ မဟုတ်ပါဘူး။ ဒီပြတ်သား၊ ပွင့်လင်းတဲ့ ဆွေးနွေးပြောဆိုချက်ထဲမှာ Roselinde Torres က (၂၅)နှစ်ကြာ လေ့လာ သတိပြုထားမိတဲ့ လုပ်ငန်းခွင်မှာရှိတဲ့ တကယ် ကြီးမြတ်သော ခေါင်းဆောင်တွေအကြောင်းကို ပြန်လည်ပြောပြထားပြီး၊ ကုမ္ပဏီအကြီးအကဲ ဖြစ်မယ့်သူတွေ အတွက် အနာဂတ်မှာ ထမြောက်အောင်မြင်ရန် မေးဖို့လိုအပ်တဲ့ ရိုးရှင်းပေမယ့် အရေးပါလှတဲ့ မေးခွန်း (၃) ခုကို မျှဝေထားပါတယ်။

Rupal Patel: လက်ဗွေလိုပဲ တစ်မူထူးတဲ့ ဖန်တီးမှု အသံများ။

TEDWomen 2013

Rupal Patel: လက်ဗွေလိုပဲ တစ်မူထူးတဲ့ ဖန်တီးမှု အသံများ။
944,754 views

စကားပြောရာတွင် ဆိုးဆိုးဝါးဝါး ပြဿနာရှိသူ အများအပြားဟာ ဆက်သွယ်ဖို့အတွက် ကွန်ပြူတာသုံး ကိရိယာတွေကို သုံးကြရပါတယ်။ ဒါတောင် အသံပိုင်းဆိုင်ရာ ရွေးချယ်စရာဟာ နည်းတတ်ပါတယ်။ ဒါကြောင့် Stephen Hawking ဟာ အမေရိကန်သံ ဝဲနေပြီး၊ ဘာကြောင့် လူများစွာဟာ အသံ အတူတူဖြစ်သွားလဲဆိုတာဟာ မကြာခဏတော့ အပ်စပ်မှုမရှိတဲ့ သက်ရောက်မှုပါ။ စကားပြောမှုဆိုင်ရာ သိပ္ပံပညာရှင် Rupal Patel ကနေပြီး ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ချင်ခဲ့တာပါ။ ဒီသူမရဲ့ အံ့သြဖွယ် ဟေပြောချက်မှာ အသံမဲ့တွေအတွက် ထူးခြားတဲ့ အသံတွေကို စီမံတည်ဆောက်တဲ့ သူမရဲ့ လုပ်ရပ်ကို မျှဝေထားပါတယ်။

Leyla Acaroglu: စက္ကူက ပလပ်စတစ်ကို နိုင်ပါ့မလား၊  ပတ်ဝန်းကျင်ဆိုင်ရာ အစဉ်အလာတစ်ခုကို ပြန်လည်သုံးသပ်ခြင်း

TED2013

Leyla Acaroglu: စက္ကူက ပလပ်စတစ်ကို နိုင်ပါ့မလား၊ ပတ်ဝန်းကျင်ဆိုင်ရာ အစဉ်အလာတစ်ခုကို ပြန်လည်သုံးသပ်ခြင်း
1,375,105 views

"ပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် ကျွန်မတို့ အများစုဟာ ကောင်းမွန်ကန်တာကိုလုပ်ချင်ကြပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စတွေဟာ စက္ကူအိတ်ကိုရွေးချယ်တာမျိုးလို ရိုရှင်းလွယ်ကူနေတာတော့ မဟုတ်ပါဘူး။"လို့ ရေရှည်တည်တံမှုကို နည်းဗျူဟာမြောက် တွေးခေါ်တတ်သူ လေးလာ Leyla Acaroglu က ပြောပါတယ်။စိမ်းလန်းစိုပြေရေးဆိုင်ရာ အယူမှားတွေကို တရားသေ စွဲကိုင်ထားကြတာတွေကို စွန့်လွတ်ကြဖို့၊ကမ္ဘာမြေပေါ်မှာ ဝန်ပိခြင်းတွေကို လျော့ပါးသက်သာစေမယ့် နည်းစနစ်တွေနဲ့ ထုတကုန်တွေကို ဖန်တီးနိူင်ဖို့ ပိုပြီးကြီးကြီးမားမားတွေးခေါ်ဖို့ဆိုတာဟာ ကျွန်ုပ်တို့ အတွက်တော့ ရဲဝံ့တဲ့ တောင်းဆိုချက်တစ်ရပ်ဖြစ်ပါတယ်။ လေးလာ အကလိုဂလူးဟာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲ ဖန်တီးဖို့အတွက် ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ နည်းစနစ်တွေကို အသုံးပြုပါတယ်။