TED Talks with Burmese transcript

David Grady: ကမ္ဘာကြီးကို (ဒါမှမဟုတ် အနည်းဆုံး သင့်ကိုသင်) ဆိုးဝါးတဲ့ တွေ့ဆုံပွဲများမှ ကယ်တင်နည်း။

TED@State Street Boston

David Grady: ကမ္ဘာကြီးကို (ဒါမှမဟုတ် အနည်းဆုံး သင့်ကိုသင်) ဆိုးဝါးတဲ့ တွေ့ဆုံပွဲများမှ ကယ်တင်နည်း။
2,459,605 views

ဆိုးဝါးလှတဲ့၊ ခရီးမရောက်တဲ့၊ ကျပ်ညပ်နေတဲ့ တွေ့ဆုံမှုတွေရဲ့ ပြန့်ပွားမှုဟာ ကမ္ဘာ့စီးပွားရေး လုပ်ငန်းတွေကို ဒုက္ခပေးနေပါတယ်။ ပြီးတော့လုပ်သားတွေကိုလည်း စိတ်ဓါတ် ကျလာစေနေ ပါတယ်။ ဒါကို ဘယ်လို ဟန့်တားရမယ်ဆိုတာနဲ့ ပတ်သက်ပြီး David Grady ဆီမှာ စိတ်ကူး တစ်ချို့ရှိပါတယ်။

Kare Anderson: အခွင့်အရေးဖန်တီးသူဖြစ်ပါစေ။

TED@IBM

Kare Anderson: အခွင့်အရေးဖန်တီးသူဖြစ်ပါစေ။
2,494,768 views

ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ကျွန်တော်တို့ရဲ့ ဘဝတွေ အတွက် အဓိပ္ပါယ်ရှိတာ တစ်ခုခုဖန်တီးဖို့အတွက် အသုံးချချင်ကြတယ်။ ဒါပေမဲ့ ဘယ်လို အစပြုကြမလဲ။ (ပြီးတော့ ခင်ဗျားတို့က ရှက်နေရင်ကောဗျာ။) စာရေးဆရာမ Kare Anderson က သူမရဲ့ ကိုယ်ပိုင် တာရှည်ကြာစွဲနေတဲ့ ရှက်ရွံ့မှု ဇာတ်ကြောင်းကို မျှဝေထားပါတယ်။ နောက်ပြီးတစ်ခြားသူတွေကို သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ထက်သန်ပြင်းပြမှုတွေကို သုံးတတ်အောင်ကူညီခြင်းနဲ့ ဘယ်လိုနည်းနဲ့ သူမရဲ့ကမ္ဘာကို လမ်းဖွင့်ခဲ့တယ်ဆိုတာပါ။

Sergei Lupashin: ကြိုးတန်းလန်းနဲ့.....မိုးပျံကင်မရာတစ်လုံး။

TEDSalon Berlin 2014

Sergei Lupashin: ကြိုးတန်းလန်းနဲ့.....မိုးပျံကင်မရာတစ်လုံး။
1,269,684 views

ဒါကိုဝန်ခံကြပါစို့၊ ကောင်းကင်ဓာတ်ပုံရိုက်ကိရိယာတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေဟာ နည်းနည်းတော့ ကျောချမ်းစရာပါ။ သူတို့တွေဟာ ကြီးမားတဲ့ ထိန်းသိမ်းဖို့ အာဏာအပ်နှင်း ထားခြင်းနဲ့ လုံခြုံရေးပြဿနာတွေနဲ့အတူ ရောက်လာပါတယ်။ ဒါပေမဲ့ ကောင်းကင် ဓာတ်ပုံတွေဟာ ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ အမှန်တရားကို ပြောပြဖို့ အစွမ်းထက်တဲ့ နည်းလမ်း တစ်ခုပါ။ကန့်ကွက်ဆန္ဒပြမှုတစ်ခုရဲ့အရွယ်အစား၊ဆီယိုဖိတ်မှုတစ်ခုရဲ့ အတိုင်းအတာ၊ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုထဲက ဖုံးကွယ်နေတဲ့ သဘာဝ တောရိုင်းတိရစ္ဆာန်တွေပေါ့။ Sergei Lupashin က Fotokite ကိုသရုပ်ပြထားပါတယ်။ ဘေးမသီရန်မခနဲ့ ထိန်းချုပ်မှုအောက်က ကမ္ဘာကြီးကို အမြင့်ကနေကြည့်ဖို့ အသုံးတည့်လှတဲ့ နည်းလမ်းတစ်ခုပါ။

Kimberly Motley: တရားဥပဒေကို ကျွန်မ ဘယ်လို ကာကွယ်သလဲ

TEDGlobal 2014

Kimberly Motley: တရားဥပဒေကို ကျွန်မ ဘယ်လို ကာကွယ်သလဲ
1,114,349 views

လူတိုင်းက သူတို့နိုင်ငံရဲ့ ဥပဒေအောက်မှာ အကာအကွယ်ကို ရထိုက်ပါတယ် - အဲ့ဒီဥပဒေကို မေ့ထား၊ လျစ်လျုရှုထားရင်တောင်ပေါ့။ Kimberly Motley က အာဖဂန်နစ္စတန် နဲ့ တစ်ခြားနေရာမှာ လုပ်ကိုင်နေတဲ့ အမေရိကန် ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ နိုင်ငံရပ်ခြား ဥပဒေအလုပ်အကိုင်မှ အမှု သုံးခုကို ဝေမျှရင်း နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ဥပဒေဟာ တရားမျှတမှုကို ယူဆောင်နိုင်ကြောင်းကို ပြသပါတယ်။ ဥပဒေကို သူတို့ရည်ရွယ်ချက်အတိုင်း - ကာကွယ်ဖို့အတွက် - အသုံးပြုရင်းပေါ့။

Frans Lanting: သတ္တဝါလောကကို လှုံဆော်မှုပေးတဲ့ ဓာတ်ပုံများ။

TED2014

Frans Lanting: သတ္တဝါလောကကို လှုံဆော်မှုပေးတဲ့ ဓာတ်ပုံများ။
1,556,078 views

သဘာဝဓာတ်ပုံဆရာ Frans Lanting က စိုလွင်တက်ကြွတဲ့ပုံရိပ်တွေကိုသုံးပြီး ကျွန်တော်တို့ကို တိရစ္ဆာန်တွေရဲ့ကမ္ဘာထဲကိုခေါ်ဆောင်သွားပါတယ်။ စက္ခုအာရုံပိုင်းဆိုင်ရာ ဒီတိုတောင်းတဲ့ ဟောပြာချက်ထဲမှာ ကျွန်တော်တို့ကို အလှမ်းဝေးတဲ့အခြား သတ္တဝါတွေနဲ့ ပြန်လည်ဆက်သွယ်ဖို့၊ ကျွန်တော်တို့ တစ်ဦးချင်းစီအကြား ကွဲပြားစေတဲ့ အပေါ်ယံဗန်းပြ အရေခွံတွေကို ဖယ်ခွာကြဖို့ သူက လှုံ့ဆော်ထားပါတယ်။

Joy Sun: တစ်မူထူးပြီးလှူကြမလား။

TED@NYC

Joy Sun: တစ်မူထူးပြီးလှူကြမလား။
1,304,324 views

နည်းပညာက ကျွန်တော်တို့ကို ကမ္ဘာပေါ်မှာရှိတဲ့ အချို့တဲ့ဆုံးသူတွေကို ငွေသားတွေ တိုက်ရိုက် ပေးလှူဖို့ အခွင့်အလမ်းကို ပေးပါတယ်။ ဒါကို ကျွန်တော်တို့လုပ်သင့်လား။ ဒီစဉ်းစားဖွယ်ရာ ဟောပြောချက်ထဲမှာ ဝါရင့် ထောက်ပံ့ရေးလုပ်သား Joy Sun က ဆင်းရဲသားတွေကိုကူညီဖို့ နည်းလမ်း ၂ခုကို လေ့လာဖော်ထုတ်ထားပါတယ်။

Jeff Iliff: ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု

TEDMED 2014

Jeff Iliff: ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု
5,135,628 views

ခန္ဓာကိုယ်ရဲ့ ထုတယ် နှစ်ရာခိုင်နှုန်းမျှသာ ရှိတဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင် လေးပုံတစ်ပုံကို သုံးစွဲပါတယ်။ သူမတူထူးခြားတဲ့ ဦးနှောက်ဟာ လိုအပ်လှတဲ့ အာဟာရ ဓာတ်တွေကို ဘယ်လို ရယူတာလဲ၊ ပြီးတော့ ပိုလို့ကို အရေးကြီးနိုင်တာက အညစ်အကြေးတွေကို ဘယ်လိုစွန့်ပစ်တာလဲ? သုတေသန အသစ်တွေအရ အဲဒါဟာ အိပ်စက်ခြင်းနှင့် ဆက်စပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။

Daria van den Bercken: စန္ဒရားကို လမ်းပေါ် ပြီးတော့ လေထုထဲကို ယူဆောင်ရခြင်းအကြောင်း

TEDSalon Berlin 2014

Daria van den Bercken: စန္ဒရားကို လမ်းပေါ် ပြီးတော့ လေထုထဲကို ယူဆောင်ရခြင်းအကြောင်း
984,049 views

စန္ဒရားပညာရှင် Daria van den Bercken ဟာ George Frideric Handel ရဲ့ (၁၇)ရာစု(၁၈)စုက အဆန်းတကျယ် ကီးဘုတ်ဂီတကိုနှစ်သက်ပါတယ်။အခု ဒီစိတ်ထက်သန်ပြင်းပြမှုကို တစ်ခြားသူတွေဆီကိုကူးစက်စေဖို့ရည်ရွယ်ပါတယ်။ဒီဟောပြောချက်မှာ သူ့ဂီတရဲ့ စိတ်လှုပ်ရှားသည်ဖိုဖွယ်ရာကတဆင့် ကျွန်တော်တို့ကို ဖျော်ဖြေတင်ဆက်ထားပါတယ်။ သူမရဲ့ စန္ဒရားလက်သံဟာ လေထုထဲမှာရွက်လွှင့်ရင်း၊လမ်းတွေပေါ်မှာမောင်းနှင်ရင်း၊တကယ်တော့ စင်မြင့်ထက်မှာ တီးခတ်ရင်းနဲ့ပေါ့။

Matthew O'Reilly:: "ငါသေတော့မှာလား" ဖြောင့်မတ်တဲ့ ဖြေကြားချက်

TED@NYC

Matthew O'Reilly:: "ငါသေတော့မှာလား" ဖြောင့်မတ်တဲ့ ဖြေကြားချက်
2,106,137 views

Matthew O’Reilly ဟာ New York မှာရှိတဲ့ Long Island က အရေးပေါ်ဆေးဖက်ဆိုင်ရာဝါရင့်နည်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီဟောပြောချက်မှာ O'Reilly က အသည်းအသန် နာကျင်နေတဲ့လူနာတစ်ယောက်က "ကျွန်တော်သေတော့မှာလား"လို့မေးတော့ နောက်ဘာဖြစ်မယ်ဆိုတာကိုပြန်လည်ပြောပြထားပါတယ်။

ယူလ်ဒပ်(စ်) ဘက္ခတီယိုဇီနာ: ဘာကြောင့် ဓာတ်ပုံတွေက သမရိုးကျပုံစံတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေရတာပါလဲ။

TED2014

ယူလ်ဒပ်(စ်) ဘက္ခတီယိုဇီနာ: ဘာကြောင့် ဓာတ်ပုံတွေက သမရိုးကျပုံစံတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေရတာပါလဲ။
1,570,416 views

ပန်းချီပညာရှင် ယူလ်ဒပ်(စ်) ဘက္ခတီယိုဇီနာက ဓာတ်ပုံတွေကို သုံးပြီး သူမရဲ့ဇာတိ ရုရားမှာရှိတဲ့ လူမှုရေးဆိုင်ရာ စံတွေကို လှောင်ပြောင်လိုက်ပါတယ်။ ရုရှားလူငယ်ယဉ်ကျေးမှုထဲကို ဖျတ်ခနဲ ဝင်ကြည့်လိုက်ပြီး၊တိုတောင်းပြီး ပျော်စရာကောင်းတဲ့ နှိုးဆော်ချက်ကလေးတစ်ခုက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတော့ အလေးနက်ကြီးမထားမိကြဖို့ကို ပြောထားပါတယ်။

ဒန် ဘာရာ့(စ်)ချ်: ပျားပန်းခပ်လှုပ်ရှားနေတဲ့ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်က ပန်းခြံတစ်ခု

TED@NYC

ဒန် ဘာရာ့(စ်)ချ်: ပျားပန်းခပ်လှုပ်ရှားနေတဲ့ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်က ပန်းခြံတစ်ခု
934,267 views

ဒန် ဘာရာ့(စ်)ချ် နဲ့ ဂျိန်းမ်(စ်) ရမ်ဆေးတို့ဆီမှာ ခပ်ကြောင်ကြောင် အစီအစဉ်တစ်ခုရှိပါတယ်။ နယူးယော့(ခ်) စီးတီးရဲ့ အောက်ဘက်မှာ စိမ်းလန်းတဲ့ အပင်တွေနဲ့ ပြည့်နှက်နေတဲ့ ပန်းခြံတစ်ခု ဖန်တီးဖို့ပါ။ သူတို့နှစ်ယောက်ဟာ ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်ရှိတဲ့ မြေအောက် အစိမ်းရောင်ကွက်လပ်တစ်ခုဖြစ်တဲ့ Lowline ကို တည်ဆောက်နေကြပါတယ်။ သူတို့တွေဟာ ၁၉၄၈ မှာ စွန့်ပစ်ထားခဲ့တဲ့ ထရော်လီဂိတ်တစ်ခုထဲမှာ ဒါကိုတည်ဆောက်နေတာဖြစ်ပြီး မြေပြင်ပေါ်မှာရှိတဲ့ နေ​ရောင်ခြည်ကို စုယူပြီး၊ ဒါကို အောက်ဘက်ကိုံ ချိန်ထိုးပေးတဲ့ နည်းပညာကို အသုံးပြုပြီးတော့ပေါ့။ ဒါဟာဆိုရင် ဆောင်းရာသီမှာတောင် ရှင်သန်ဖြစ်ထွန်းနိူင်တဲ့ ပန်းခြံတစ်ခုပါ။

Shubhendu Sharma: သစ်တောလေးများ နေရာတိုင်းမှာ ပျိုးထောင်နည်း။

TED2014

Shubhendu Sharma: သစ်တောလေးများ နေရာတိုင်းမှာ ပျိုးထောင်နည်း။
1,294,318 views

လူတွေပြုစုပျိုးထောင်ပြီး၊ သဘာဝရဲ့ကိုယ်ပိုင် လက်နက်တွေအဖြစ်နဲ့ ထားပစ်ခံရတဲ့ သစ်တောတစ်တော သက်တမ်းစေ့လာဖို့ အနည်းဆုံးနှစ်(၁၀၀)ကြာပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို (၁၀) ဆ ပိုမြန်လိုက်မယ်ဆိုရင်ရော။ ဒီဟောပြောချက် အတိုလေးထဲမှာ ဂေဟ စွန့်ဦးထွင်သူ (TED ဝိုင်းတော်သား) Shubhendu Sharma ဘယ်နေရာမှာမဆို အသေးစား ဂေဟစနစ်တစ်ခု ဘယ်လိုဖန်တီးမလဲ ဆိုတာကို ရှင်းပြထားပါတယ်။

Sally Kohn: ကလစ်ကြောင့် ြပဿနာပေါ်မှာကိုမကြိုက်ရင် မကလစ်ကြပါနဲ့

TED@NYC

Sally Kohn: ကလစ်ကြောင့် ြပဿနာပေါ်မှာကိုမကြိုက်ရင် မကလစ်ကြပါနဲ့
1,482,015 views

အွန်လိုင်း သတင်းဆိုက် တော်တော်များများက သတင်းတွေကို ပေးရမယ့်အစား ခင်ဗျားတို့ကို (ခင်ဗျားတို့ရဲ့ စာမျက်နှာတွေရဲ့ ပုံပမ်းကို) ဒေါသထွက်အောင် ဆွပေးသလိုမျိုး ဖြစ်မနေပေဘူးလား? သတင်းသုနေသီ Sally Kohn ကတော့ - ခင်ဗျားတို့ကို ရူူသွားအောင် လုပ်ချင်တဲ့ သတင်းတွေကို ဂရုမစိုက်ဖို့ အကြံပေးပါမယ်။ အဲဒါအစား တန်ဖိုးရှိလှတဲ့ ခင်ဗျားတို့ရဲ့ ကလစ်တွေကို ခင်ဗျားတို့ တကယ့်ကို ယုံတဲ့ ဆိုက်များကိုပါ ပေးသင့်ပါတယ်။

Jill Shargaa: ကျေးဇူးပြုပြီး 'မိုက်လိုက်တာ' ဆိုတဲ့ စကားလုံးကို သူ့နေရာသူ ပြန်ပြီး သုံးကြပါစို့

TED@NYC

Jill Shargaa: ကျေးဇူးပြုပြီး 'မိုက်လိုက်တာ' ဆိုတဲ့ စကားလုံးကို သူ့နေရာသူ ပြန်ပြီး သုံးကြပါစို့
1,597,688 views

ခင်ဗျားတို့အတွက် မိုက်စရာ ကောင်းနိုင်တာက နေ့လယ်စာလား၊ ဒါမှမဟုတ် မဟာ ပီရမစ်ကြီးတွေလား? ဟာသပညာရှင် Jill Shargaa က ’မိုက်လိုက်တာ’ ဆိုတဲ့ စကားလုံးကို တကယ့်ကို မိုက်လှတဲ့ အရာများအတွက်သာ သုံးဖို့ကို ဆော်ဪထားပါတယ်။

Isabel Allende: အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း

TED2014

Isabel Allende: အသက် ဘယ်လောက်ပဲ ဖြစ်ဖြစ် ထက်သန်ပြင်းပြစွာ နေထိုင်နည်း
3,621,698 views

စာရေးဆရာမ Isabel Allende ဟာ အသက်(ရ၁)နှစ်ရှိပါပြီ။ အရေးအကြောင်း အနည်းငယ် ရှိပေမည့်လည်း သူမမှာ မယုံနိုင်လောက်တဲ့ အနာဂတ်အမြင်လည်းရှိပါသေးတယ်။အရွယ်မျိုးစုံကို ရည်ရွယ်တဲ့ ဒီပွင့်လင်းတဲ့ ဟောပြောချက်ထဲမှာ အသက်အရွယ်ရလာတာနဲ့အမျှ သူမရဲ့ ကြောက်ရွံ့မှုတွေ အကြောင်းကို ပြောပြထားပြီး၊ စိတ်ဓာတ် ထက်ထက်သန်သန်နဲ့ ဆက်လက် နေထိုင်ဖို့ သူမရဲ့ အစီအစဉ်တွေကို မျှဝေထားပါတယ်။

Rose Goslinga: သီးနှံ အာမခံ၊ မျိုးစေ့ချပေးသင့်တဲ့ အတွေးအခေါ်

TEDSalon Berlin 2014

Rose Goslinga: သီးနှံ အာမခံ၊ မျိုးစေ့ချပေးသင့်တဲ့ အတွေးအခေါ်
712,277 views

အာဖရိကတိုက်ထဲက ဆာဟာရ သဲကန္တာရ ဒေသတဝှမ်းမှာ အသေးစား လယ်သမားတွေဟာ ဒေသဆိုင်ရာ နဲ့ အမျိုးသား စီးပွားရေးရဲ့ ကျော်ထောက်နောက်ခံတွေ ဖြစ်ကြပါတယ်။ ရာသီဥတုသာ မဖောက်ပြန်ခဲ့လို့ သီးနှံဖြစ်ထွန်းခဲ့မယ် ဆိုရင်ပေါ့လေ။ အဲဒီပြဿနာအတွက် အဖြေမှာ တိုက်ကြီး အတိုင်းအတာဖြင့် အာမခံ စနစ်ကို ပြုစုလျက် အကုန်အကျသက်သာစွာဖြင့် စီမံပေးရန်ပါပဲ။ ကင်ညာ နိုင်ငံသူ Rose Goslinga ဟာ သူ့အဖွဲ့နဲ့အတူ ရာသီအစပိုင်းတွင် မျိုးပင်စိုက်မရခဲ့တဲ့ လယ်သမားတွေအတွက် သမရိုးကျ မဟုတ်တဲ့ နည်းလမ်းကို တီထွင်ရှာနိုင်ခဲ့ပါတယ်။

Aziza Chaouni: မြစ်တစ်စင်းနဲ့ ကျွန်မရဲ့ မြို့ကို ပြန်လည်အသက်သွင်းခဲ့ပုံ။

TED2014

Aziza Chaouni: မြစ်တစ်စင်းနဲ့ ကျွန်မရဲ့ မြို့ကို ပြန်လည်အသက်သွင်းခဲ့ပုံ။
732,804 views

Fez မြစ် ဟာ Morocco မှာရှိတဲ့ ကမ္ဘာ့ အမွေအနှစ်တည်ရာ တစ်ခုဖြစ်တဲ့ ဝင်္ကပါလိုဖြစ်နေတဲ့ အလယ်ခေတ်မြို့ Fez မြို့ကို ဖြတ်သန်းပြီး ရစ်ခွေစီးဆင်းနေပါတယ်။ တစ်ခါကတော့ ဒီကျော်ကြားလှတဲ့ မြို့ရဲ့ ဝိဉာဉ်လို့ မှတ်ယူခဲ့ဖူးတဲ့ မြစ်ဟာ မိလ္လာနဲ့ ညစ်ညမ်းမှုကို မလွန်ဆန်နိုင်ပဲ ၁၉၅၀ လွန်နှစ်တွေမှာတော့ ဘာမှမကျန်တော့တဲ့အထိ တစ်တိ၊တစ်တိနဲ့ ဖုံလွှမ်းခံလိုက်ရပါတယ်။ TED ဝိုင်းတော်သား Aziza Chaouni ဟာ ဒီမြစ်ကို ၎င်းရဲ့ အရင်ခေတ် ဂုဏ်ကျက်သရေကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ သူမရဲ့မြို့ကို အစဉ်တကျ ပြောင်းလဲဖို့အတွက် အနှစ် ၂၀ ကြာ သူမရဲ့ အားထုတ်ခဲ့ပုံကို ပြန်လည်ပြောပြထားပါတယ်။

Ziyah Gafic: နေ့စဉ်သုံး အရာဝတ္ထုများ၊ ဝမ်းနည်းဖွယ် သမိုင်းများ။

TED2014

Ziyah Gafic: နေ့စဉ်သုံး အရာဝတ္ထုများ၊ ဝမ်းနည်းဖွယ် သမိုင်းများ။
1,040,925 views

Ziyah Gafic ဟာ နေ့စဉ်သုံး အရာဝတ္ထုတွေဖြစ်တဲ့ နာရီတွေ၊ ရှူးဖိနပ်တွေ၊ မျက်မှန်တွေကို နေ့စဉ် ဓာတ်ပုံရိုက်ပါတယ်။ ဒါပေမဲ့ ဒီပုံရိပ်တွေဟာ အမြင်အားဖြင့်တော့ ရိုးစင်းပါတယ်။ ၎င်းတို့အတွင်းမှာရှိတဲ့ ပစ္စည်းတွေကတော့ ဘော့စနီးယန်း စစ်ပွဲရဲ့ အုတ်ဂူ အစုအပုံကနေ တူးဖော်ထားခဲ့တာတွေပါ။ TED ဝိုင်းတော်သားနဲ့ ဆာရာဂျေဗို ဒေသခံ Gafić ဟာ ဆုံးရှုံးသွားသူတွေရဲ့ ကိုယ်ပိုင် လက္ခဏာတွေရဲ့ ရှင်သန်နေတဲ့ မော်ကွန်းတိုက်တစ်ခု ဖန်တီးဖို့ ဒီအုတ်ဂူတွေဆီက ပစ္စည်းတိုင်းကို ဓာတ်ပုံရိုက်ထားပါတယ်။

ဂျာရက် ဂျေ ခရိုဆော့ကာ (Jarrett Krosoczka): နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတွေ လူစွမ်းကောင်းတွေဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း။

TED@NYC

ဂျာရက် ဂျေ ခရိုဆော့ကာ (Jarrett Krosoczka): နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတွေ လူစွမ်းကောင်းတွေဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း။
1,432,846 views

ကလေးစာအုပ်တွေကို ရေးသားသူ ဂျာရက် ဂျေ ခရိုဆော့ကာ Lunch Lady ပုံပြဝတ္ထုတွဲတွေရဲ့ မူလအစအကြောင်းကို မျှဝေထားပါတယ်။ ဒီအထဲမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကျောင်းက လူစွမ်းကောင်းတွေက နေ့လည်စာ တည်ခင်းကြပါတယ်။......ပြီးတော့ တရားမျှတမှုပေါ့။ သူ့ရဲ့ ပရောဂျက်အသစ် School Lunch Hero Day ဟာ ကျောင်းမုန့်စာတန်းက နေ့လည်စာဝန်ထမ်းတွေဟာ အစားအသောက် စီစဉ်ပေးတာထက်ကို ပိုပါတယ်ဆိုတဲ့အကြောင်းကို လှစ်ဟပြထားပါတယ်။ ပြီးတော့ ကျေးဇူးပြုမှုတစ်ခုဟာ သင့်ကို ဘယ်လို စွမ်းအားကောင်းစေတယ် ဆိုတာကို သာဓကဆောင်ထားပါတယ်။

ကလင့် စမစ် (Clint Smith): နှုတ်ဆိတ်ခြင်းရဲ့ အန္တရာယ်

TED@NYC

ကလင့် စမစ် (Clint Smith): နှုတ်ဆိတ်ခြင်းရဲ့ အန္တရာယ်
5,033,082 views

"ကျွန်တော်တို့တွေဟာ သူတို့တွေလုံးဝကို ဂရုမထားတာကို ကျွန်တော်တို့တွေဟာ သတိမူမိခဲလှတဲ့ လူတွေရဲ့ ပြောဆိုနေတာတွေကို နားထောင်နေရင်း အချိန်တွေအများကြီး ကုန်ဆုံးနေကြပါတယ်။ "လို့ဆိုလာသူကတော့ ရွတ်ဆိုမှု ကဗျာဆရာ နဲ့ ကျောင်းဆရာ ကလင့် စမစ် ပါပဲ။ နှလုံးသယးကလာတဲ့ တိုတောင်းပြီး၊ အစွမ်းထက်တဲ့ မသိကျိုးကျွန်ပြုခြင်းနဲ့ မတရားမှုတွေကို ဆန့်ကျင်ပြီး ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောဆိုဖို့ သတ္တိမွေးမြူဖို့ အကြောင်းပါ။

Megan Washington: လူထု ဟောပြောပွဲအား ကြောက်ရွံ့မှုနောက်ကွယ် ကျွန်မနေနေရတဲ့ အကြောင်းရင်း

TEDxSydney

Megan Washington: လူထု ဟောပြောပွဲအား ကြောက်ရွံ့မှုနောက်ကွယ် ကျွန်မနေနေရတဲ့ အကြောင်းရင်း
1,926,966 views

Megan Washington ဟာ သြစတ​ေးလျမှ အကောင်းဆုံး အဆိုတော်နှင့် သီချင်းစာသားရေးဆရာများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ ကလေးဘဝကတည်းက သူမဟာ စကားထစ်ခဲ့တာပါ။ ဒီရဲရင့်ပြီး ကိုယ်ရေးဆန်တဲ့ ဟ​ောပြောပွဲမှာ သူမက- ခက်ခဲတဲ့ “st” တွဲဖတ်ရမှာကို ရှောင်ရှားခြင်းမှအစ သူမ ဦးနှောက်ကိုလှည့်စားခဲ့တာနဲ့ စကားလုံးကိုပြောဆိုရမယ်အစား သီချင်းလိုဆိုတာတွေအထိ- ဒီစကားထစ်တဲ့ ပြဿနာကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြောထားပါတယ်။

Shai Reshef: သိပ်ကို အကုန်အကျနည်းလှတဲ့ တက္ကသိုလ်ဘွဲ့

TED2014

Shai Reshef: သိပ်ကို အကုန်အကျနည်းလှတဲ့ တက္ကသိုလ်ဘွဲ့
6,307,713 views

University of the People မှာ အထက်တန်းကျောင်းဆင်း လက်မှတ်ရှိသူ မည်သူမဆိုဟာ စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်ရေး သို့မဟုတ် ကွန်ပျူတာ သိပ္ပံပညာဆိုင်ရာ ဒီဂရီကို ကျူရှင်ခ ပေးရန်မလိုဘဲ (စာမေးပွဲခကိုတော့ ပေးရပါမယ်) ဆည်းပူးရယူနိုင်ပါတယ်။ တက္ကသိုလ်ကို ထူထောင်ခဲ့သူ Shai Reshef က အဆင့်မြင့် ပညာရေးဟာ လူနည်းစုအတွက် အခွင့်ထူး အဖြစ်မှနေပြီး လူအားလုံး ခံစားရယူနိုင်မယ့် ရပိုင်ခွင့် အဖြစ် ပြောင်းလဲလာနေတဲ့ ခေတ် စတင်နေပြီလို့ မျှော်လင့်ပါတယ်။

ဇီ ဖရန့်(ခ်) (Ze Frank): ခင်ဗျားက လူသားလား ။

TED2014

ဇီ ဖရန့်(ခ်) (Ze Frank): ခင်ဗျားက လူသားလား ။
4,872,033 views

"ငါဟာ လူသားတစ်ယောက်လား"လို့ ခင်ဗျားတို့ စဉ်းစားမိဖူးလား။ ဇီ ဖရန့်(ခ်)က ဒါကိုအဆုံးအဖြတ်ပေးဖို့အတွက် ရိုးရှင်းတဲ့မေးခွန်း တသီတတန်းကြီးကို အကြုံပြုဆွေးနွေးထားပါတယ်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီးတော့ တိုက်တွန်းချက်ကလေးတွေနောက်ကို လိုက်သွားလိုက်ပါတော့။ စလိုက်ရအောင်။

ShihChieh Huang: ပင်လယ်ရေနက်ထဲမှာ ထားရမယ့် ပန်းပုရုပ်ထုများ။

TED2014

ShihChieh Huang: ပင်လယ်ရေနက်ထဲမှာ ထားရမယ့် ပန်းပုရုပ်ထုများ။
858,849 views

သူငယ်စဉ်အခါတုန်ုးက ShihChieh Huang ဟာ အရုပ်တွေကို တစ်စစီဖြုတ်တာနဲ့ ထင်မှတ်မထားတဲ့ အရာဝတ္တွေအတွက် ထိုင်ဝမ်က ညစျေးတန်ဒ လမ်းတွေမှာ ရှာကြည့်ရတာကို နှစ်သက်တယ်။ ဒီနေ့ ဒီ TED ဝိုင်းတော်သားဟာ မျက်တောင်ခတ်နေတဲ့ မျက်လုံးတွေ၊ ဖြန့်ထားတဲ့ လက်တွေ၊ သက်ရှိတစ်ခု၊ ဖြစ်ဖို့၊ ဇီဝအလင်းထုတ်လွတ်ပေးတဲ့ ပင်လယ်သတ္တဝါတွေလို လင်းလက်တဲ့ အစိတ်အပိုင်းတွေပါရှိပုံရတဲ့ ဒီရူးကြောင်ကြောင် ပန်းပုရုပ်တွေကို ဖန်တီးထားပါတယ်။

ဂျူလီယန် ထရေးရှား (Julian Treasure): လူတွေနားထောင်ချင်လာအောင် စကားပြောဆိုနည်း

TEDGlobal 2013

ဂျူလီယန် ထရေးရှား (Julian Treasure): လူတွေနားထောင်ချင်လာအောင် စကားပြောဆိုနည်း
40,379,785 views

သင်ကတော့ ပြောဆိုနေပြီး ဘယ်သူကမှနားမထောင်နေတာမျိုး သင်ခံစားဖူးပါသလား။ ဒီမှာ ဂျူလီယန် ထရေရှာက ကူညီပါလိမ့်မယ်။ ဒီ အသုံးဝင်လှတဲ့ ဟောပြောချက်ထဲမှာ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူက အင်တိုက်အားတိုက်နဲ့ ပြောဆိုရမယ့်နည်းလမ်းတွေကို ညွှန်းပြထားပါတယ်။ အသုံးပြုရတာ အဆင်ပြေတဲ့ အသံပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ချို့ကနေပြီးတော့ စာနာစိတ်ထားပြီး ဘယ်လိုပြောဆိုရမယ်ဆိုတဲ့ အကြံပြုနည်းလမ်းတွေကိုပါ လမ်းညွန်ပေးထားပါတယ်။ ကမ္ဘာကြီးကို ပိုပြီး နားဝင်ချိုစေဖို့ အကူအညီပေးကောင်းပေးနိူင်မယ့် ဟောပြောချက်တစ်ခုပါ။

Billy Collins: ခွေးတွေ တွေးမိကောင်းတွေးမိမယ့် (ဖြစ်နိုင်ဖွယ်ရာ) အကြောင်း ကဗျာ ၂ပုဒ်။

TED2014

Billy Collins: ခွေးတွေ တွေးမိကောင်းတွေးမိမယ့် (ဖြစ်နိုင်ဖွယ်ရာ) အကြောင်း ကဗျာ ၂ပုဒ်။
1,748,151 views

ကျွန်တော်တို့ကို ကြည့်ကြတဲ့အခါမှာ ခွေးတွေဟာ ဘာတွေများ တွေးမိနေကြမှာပါလိမ့်။ Billy Collins ကနေပြီး အတော်ကို မတူညီတဲ့ အဖော် ၂ ယောက်ရဲ့ အဇ္ဈတ္တဘဝတွေကို စိတ်ကူးပုံဖော်ထားပါတယ်။ ဒါဟာ ချစ်စရာကောင်းတဲ့ ဟောပြောချက်အတိုလေးပါ။ အနားယူခြင်းနဲ့ စိတ်ကူးယဉ်ကြည့်ခြင်း အတွက်တော့ အံကိုက်ပါပဲလို့ ....

ဂျမီလာ လစ်ကော့(တ်)  (Jamila Lyiscott): အင်္ဂလိပ်စကားပြောနည်း (၃)သွယ်

TEDSalon NY2014

ဂျမီလာ လစ်ကော့(တ်) (Jamila Lyiscott): အင်္ဂလိပ်စကားပြောနည်း (၃)သွယ်
4,547,574 views

ဂျမီလာ လစ်ကော့(တ်)ဟာ ဘာသာစကားသုံးမျိုးတတ်ကျွမ်းတဲ့ စာဟောသူတစ်ယောက်ပါ။ သူမရဲ့ "မတောက်တခေါက် အင်္ဂလိက်စာ"ဆိုတဲ့ ဩဇာညောင်းလှတဲ့ အပြောစကားလုံး စာတန်းတိုမှာ သူမရဲ့ မိတ်ဆွေတွေနဲ့ပြောဆိုတဲ့ ၊စာသင်ခန်းထဲမှာ ပြောဆိုတဲ့၊ လူကြီးမိဘတွေနဲ့ပြောဆိုတဲ့ အင်္ဂလိပ်စာရဲ့ ထူးခြားတဲ့ ရသဂုဏ် (၃)မျိုးကို အတိအလင်းကြေညာပြီး စိန်ခေါ်ထားပါတယ်။ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းနဲ့ ယနေ့ခေတ် ဘာသာစကားတိုင်းရဲ့ ရပ်တည်မှုကို လေ့လာဖော်ထုတ်ရင်း ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုခြင်းဆိုတာရဲ့ အနက်သဘောကို ဖြည်ပြထားပါတယ်။

Avi Reichental: 3D ပုံနှိပ်မှုက ဘယ်ဆီကို ဆက်သွားမလဲ

TED2014

Avi Reichental: 3D ပုံနှိပ်မှုက ဘယ်ဆီကို ဆက်သွားမလဲ
2,661,126 views

သူ့ချစ်မြတ်နိုးတဲ့ အဖိုးလိုပဲ၊ Avi Reichental ဟာ ပစ္စည်းတွေကို ပြုလုပ်သူပါ။ ကွာခြားချက်က အခုတော့ သူဟာ အရာတိုင်းအတွက် 3D ပရင်တာတွေကို သုံးနိုင်ပါတယ်။ Reichental ဟာ ကိတ်မုန့်ကအစ စိတ်ကြိုက် စားဖွယ်ရာများအဆုံး အရာတိုင်း ပုံနှိပ်ထုတ်လုပ်နိုင်တာကို ရှင်းပြထားပါတယ်။

Pico Iyer: ငြိမ်သက်ခြင်းရဲ့ အနုပညာ။

TEDSalon NY2014

Pico Iyer: ငြိမ်သက်ခြင်းရဲ့ အနုပညာ။
3,176,968 views

ခရီးသွား စာရေးဆရာ Pico Iyer အသွားချင်ဆုံးနေရာက ဘယ်နေရာဖြစ်လိမ့်မလဲ။ ဘယ်နေရာမှ မဟုတ်ပါဘူး။ ဖြစ်မြဲ သဘာဝကိုဆန့်ကျင်ပြီး ခံစားချက်အပြည့်ပါတဲ့ အလေးအနက်ဆင်ခြင်မှုတစ်ခုမှာ Iyer က ငြိမ်သက်ခြင်းအတွက် ယူလိုက်ရတဲ့ အချိန်ကနေလာတဲ့ မယုံနိုင်စရုကောင်းတဲ့ ထိုးထွင်ဉာဏ်ကို တစ်ချက်ကြည့်လိုက်မိပါတယ်။ တချိန်လုံး လှုပ်ရှားနေရကာ အာရုံအတွက် နှောင့်ယှက်မှုတွေနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့ ကမ္ဘာထဲမှာ နေ့စဉ်အချိန်ထဲက မိနစ်အနည်းငယ် ဒါမှမဟုတ် ရာသီတိုင်းကနေ ရက်အနည်းငယ်ယူပြီး ကျွန်တော်တို့ အသုံးပြုလို့ရတဲ့ နည်းဗျူဟာတွေကို သူက ဆွဲထုတ်ပြထားပါတယ်။ အကယ်၍များ တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ ကမ္ဘာကြီးအတွက် တောင်းဆိုချက်တွေနဲ့ ဖိစီးနေတယ်ဆိုရင် ဒီဟောပြောချက်ဟာ သူ့အတွက်ပါ။

ဝေ(လ်) ပေါ့တာ (Will Potter)။: အကြမ်းမဖက် ဆန့်ကျင်ရေးကို ဥပဒေအဖြစ်ပြဌာန်းဖို့အတွက် ထိတ်လန့်စရာ လှုပ်ရှားမှု

TED2014

ဝေ(လ်) ပေါ့တာ (Will Potter)။: အကြမ်းမဖက် ဆန့်ကျင်ရေးကို ဥပဒေအဖြစ်ပြဌာန်းဖို့အတွက် ထိတ်လန့်စရာ လှုပ်ရှားမှု
1,127,722 views

၂၀၀၂ ခုနှစ်မှာ စူးစမ်းလေ့လာတတ်တဲ့ သတင်းစယဆရာ၊ TED ရဲ့ဝိုင်းတော်သား ဝေ(လ်) ပေါ့တာဟာ Chicago Tribuneသတင်းစာအတွက် သူရဲ့ပင်တိုင် သတင်းဆောင်းပါးတွေဖြစ်တဲ့ အပစ်အခတ်တွေ၊ လူသတ်မှုတွေအကြောင်းရေးသားခြင်းကို ခေတ္တရပ်နားလိုက်ဖို့ ဆုံဖြတ်ချက်ချခဲ့ပါတယ်။ တိရိစ္ဆာန်တွေကို စမ်းသပ်ခြင်းကိုဆန့်ကျင်တဲ့ အနီးအပါးက စည်းရုံးလှုံဆော်တဲ့ အဖွဲ့တစ်ခုကို သွားရောက်ကူညီခဲ့ပါတယ်။ သူပြောတာက "အပြုသဘောဆောင်တဲ့ တစ်စုံတစ်ရာကို ဆောင်ရွက်ဖို့အတွက် စိတ်ချရတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်တော်ထင်မိပါတယ်။" အဲဒါအစား သူဟာ အဖမ်းခံရပါတယ်။ ဒီလိုနဲ့ပဲ ငြိမ်းချမ်းရေး ဆန္ဒပြမှုကို အကြမ်းဖက်ဝါဒအဖြစ် တံဆိပ်တပ်တဲ့ ကမ္ဘာတစ်ခုကို သူ့ရဲ့ နောက်ရှေ့ဆက်နေတဲ့ ခရီး တစ်ခုဟာ စတင်ခဲ့ပါတယ်။