TED Talks with Burmese transcript

Thomas Suarez: ၁၂ နှစ်သား app ဖန်တီးသူ။

TEDxManhattanBeach

Thomas Suarez: ၁၂ နှစ်သား app ဖန်တီးသူ။
10,688,744 views

၁၂ နှစ်သားကလေးတွေဟာ ဗီဒီယိုဂိမ်းတွေ ကစားရတာ နှစ်ခြိုက်ကြပါတယ်။ Thomas Suarez ကတော့ ဒါတွေကိုဖန်တီးဖို့ သူ့ဘာသာ သင်ယူခဲ့ပါတယ်။ "Bustin Jeiber," a Whac-A-Mole game လိုမျိုး iPhone app တွေကို ဖန်တီးပြီးတဲ့နောက်မှာတော့ အခုအခါမှာ အခြားကလေးတွေကို ဂိမ်းဖန်တီးသူတွေဖြစ်လာအောင်ကူညီဖို့ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးပြုနေပါတယ်။ ( TEDxManhattanBeach တွင်ရိုက်ခဲ့ပါတယ်။)

Marco Tempest: ဆပွားထားတဲ့ အရှိတရား၊ နည်းပညာသုံး မျက်လှည့်။

TEDGlobal 2011

Marco Tempest: ဆပွားထားတဲ့ အရှိတရား၊ နည်းပညာသုံး မျက်လှည့်။
1,168,431 views

လက်လှည့် နည်းပညာတွေနဲ့ စွဲမက်ဖွယ်ရာ ပုံပြောခြင်းကို အသုံးပြုပြီး စိတ်လှည့်စားမှုပညာရှင် Marco Tempest ကနေပြီး TEDGlobal စင်မြင့်ထက်မှာ ကြွရွတဲ့ တုတ်ချောင်းပုံကို အသက်သွင်းထားပါတယ်။

Nathalie Miebath: မုန်တိုင်းတွေနဲ့ဖန်တီးတဲ့ အနုပညာ။

TEDGlobal 2011

Nathalie Miebath: မုန်တိုင်းတွေနဲ့ဖန်တီးတဲ့ အနုပညာ။
805,744 views

ပန်းချီ၊ပန်းပုပညာရှင် Nathalie Miebath ဟာ ကြီးမားတဲ့ မုန်တိုင်းတွေကနေ မိုးလေဝသဆိုင်ရာ အချက်အလက်တွေကို ထုတ်ယူပြီး သဘာဝနဲ့ အချိန်ကာလရဲ့ အင်အားစုတွေ ဝန်းရံထားတဲ့ အဆက်အစပ်တွေအများကြီးပါတဲ့ ပန်းပုရုပ်တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ နောက်တော့ ဒီရုပ်တုတွေဟာ လေးဦးကြိုးတပ်တူရိယာအဖွဲ့ တီးခတ်ဖို့ ဂီတတေးသွားတွေဖြစ်လာပါတယ်။

Jae Rhim Lee: ကျွန်မရဲ့ သင်္ဂြိုဟ်ရေး မှိုဝတ်စုံ။

TEDGlobal 2011

Jae Rhim Lee: ကျွန်မရဲ့ သင်္ဂြိုဟ်ရေး မှိုဝတ်စုံ။
1,706,700 views

ဟောဒီမှာတော့ အနုပညာရှင် Jae Rhim Lee ဆီက အားကောင်းလှတဲ့ နှိုးဆွချက်တစ်ခုပါ။ " သေပြီးသွားတဲ့ အခါမှာတောင် ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာတွေကကမ္ဘာကြီးပိုပြီး သန့်ရှင်းရေး၊ ပိုစိမ်းလန်းရေး နည်းလမ်းဖြင့် လုပ်ကျွေးပေးနိုင်ပါသလား။ သဘာဝကျတဲ့ နည်းလမ်းရှိပါတယ် ...ညစ်ညမ်းမှုတွေကို စုပ်မျိုနိုင်တဲ့ မှိုတွေကို ပျိုးထားတဲ့ သင်္ဂြိုဟ်ရေး အထူးဝတ်စုံကို သုံးဖို့ပါပဲ။ ဒါဟာ သင်တွေ့မြင်ဖူးတဲ့ TEDTalk ဟောပြောချက်တွေထဲက အဆန်းပြားဆုံး ဖြစ်လောက်ပါတယ်။

Graham Hill: ပိုင်ဆိုင်မှုတွေနည်းလေလေ၊ ပိုပြီး စိတ်ချမ်းသာလေလေ

TED2011

Graham Hill: ပိုင်ဆိုင်မှုတွေနည်းလေလေ၊ ပိုပြီး စိတ်ချမ်းသာလေလေ
4,988,747 views

စာရေးဆရာ နှင့် ဒီဇိုင်းနာ Graham Hill မေးခွန်းမေးထားတာက - ပိုသေးတဲ့ အခန်းထဲမှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ပိုနည်းမှုက စိတ်ချမ်းသာမှုကို တိုးလာစေနိုင်သလား? သူဟာ နေရာကို လျော့ယူရန် နှင့် သင်တို့ရဲ့ဘဝကို ဆုံးဖြတ်ပေးမယ့် စည်းကမ်းချက် သုံးရပ်ကို ချမှတ်ပေးထား ပါတယ်။

Danielle de Niese: ညုတုတု တစ်ကိုယ်တော် အဆိုတေးတစ်ပုဒ်

TEDGlobal 2011

Danielle de Niese: ညုတုတု တစ်ကိုယ်တော် အဆိုတေးတစ်ပုဒ်
882,890 views

အော်ပရာဟာ အလွန်တရာမှကို နည်းနည်းလေး ရမ္မက်ကြွစေနိုင်ပါသလား။ ဂုဏ်ဝင့်ဖွယ်ရာ အမြင့်သံ အဆိုရှင် Danielle de Niese ကနေပြီး " Meine Lippen, sie küssen so heiss" မှန်းလို့ရနိုင်လောက်တဲ့ ဘာသာပြန်လိုက်ရင် " ပြင်းရှရှ ကိုယ် နမ်းလိုက်တယ်။" ဆိုဆဲ့ ကလက်တဲ့ သီဆိုခြင်းကို Frans Lehàr ရဲ့ Giuditta ကနေ ၊ Ingrid Surgenor ရဲ့ တွဲဖက် စန္ဒရားသံနဲ့အတူ ဆိုပြလိုက်ပါတယ်။

Sunni Brown: တောင်ခြစ်မြောက်ခြစ်သမားတွေ၊ ညီညွတ်ကြပါ။

TED2011

Sunni Brown: တောင်ခြစ်မြောက်ခြစ်သမားတွေ၊ ညီညွတ်ကြပါ။
1,509,775 views

ပုံကြမ်းရေးခြင်းနဲ့ တောင်ခြစ်မြောက်ခြစ်လုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ နားလည်နိုင်စွမ်းနဲ့ ကျွန်တော်တို့ရဲ့ ဖန်တီး တွေးတောခြင်းကို တိုးတက်စေတယ်လို့ လေ့လာမှုတွေက ပြဆိုပါတယ်။ ဒီတော့ အစည်းအဝေးတစ်ခုအတွင်းမှာ တောင်ခြစ်မြောက်ခြစ်လုပ်နေတာကို မိသွားတဲ့အခါ ဘာကြောင့် ကျွန်တော်တို့တွေ ရှက်ကိုးရှက်ကန်း ဖြစ်နေရေသေးတာလဲ။ Sunni Brown ပြောတာကတော့ တောင်ခြစ်မြောက်ခြစ်သမားတွေ၊ ညီညွတ်ကြပါတဲ့။ သူကနေပြီး စာရေးစက္ကူနဲ့ ကလောင်တံကနေ သင့်ဦးနှောက်ကို သော့ဖွင့်ပေးဖို့အတွက် ထောက်ခံချက်ပေးထားပါတယ်။

Joan Halifax: ကရုဏာတရားနှင့် မျှဝေခံစားခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်

TEDWomen 2010

Joan Halifax: ကရုဏာတရားနှင့် မျှဝေခံစားခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်
1,810,433 views

ဗုဒ္ဓဘာသာဝင် ရိုရှီ (စိတ်ပိုင်းဆိုင်ရာ ဦးဆောင်သူ) Joan Halifax ဟာ ဘဝရဲ့ နောက်ဆုံးအဆင့်မှာရှိနေတဲ့လူတွေ ( နာတာရှည်ဆေးရုံမှာနဲ့ ကြေးတိုက်မှာ) နဲ့ တွဲပြီးအလုပ်လုပ်ပါတယ်။ သူမဟာ ကရုဏာတရားကို မရဏတရားနဲ့ ရင်ဆိုင်တဲ့ အခါနဲ့ သေအံ့မူးမူး ရှိနေမှု ထဲမှာ လေ့လာသိရှိရသမျှနဲ့ မျှဝေခံစားမှု သဘာဝရဲ့ နက်ရှိုင်းတဲ့ အတွင်းသဘောကို မျှဝေထားပါတယ်။

Philip Zimbardo: ကောင်လေးတွေရဲ့ ကျဆုံးခြင်းများလား။

TED2011

Philip Zimbardo: ကောင်လေးတွေရဲ့ ကျဆုံးခြင်းများလား။
2,470,575 views

စိတ်ပညာရှင် Philip ZimBardo မေးတာက "ဘာကြောင့် ကောင်လေးတွေဟာ ရုန်းကန်နေရတာလဲ" တဲ့။ သူဟာ ကိန်းဂဏန်းတွေ( ဘွဲ့ရနှုန်း နိမ့်ကျနေခြင်း၊ ရင်းနှီးကျွမ်းဝင်မှုနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကြီးမားတဲ့ ပူပန်မှုတွေ) ကို မျှဝေထားပြီး အကြောင်းပြချက် အနည်းငယ်ကို အကြုံပြုထားပါတယ်။ ပြီးတော့ အားလုံးဆီက အကြံဉာဏ်တောင်းထားပါတယ်။ ဒီဟောပြောချက်ကို ကြည့်လိုက်ပါ၊ ပြီးရင် http://on.ted..com/PZSurvey က သူ့ရဲ့ ဆန်းစစ်မေးခွန်းလွာ ၁၀ခုကို ဖြေကြည့်ပေးလိုက်ပါဦး။

Harald Haas: လျှပ်စစ် မီးသီးများဖြင့် ကြိုးမဲ့သတင်း အချက်အလက် ပို့ဆောင်ခြင်း

TEDGlobal 2011

Harald Haas: လျှပ်စစ် မီးသီးများဖြင့် ကြိုးမဲ့သတင်း အချက်အလက် ပို့ဆောင်ခြင်း
2,722,597 views

ကမ္ဘာကြီးမှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးသီး များကို သတင်းအချက်အလက်တွေ ပို့လွှတ်တဲ့နေရာမှာ အသုံးပြုနိုင်ခဲ့ရင် ဘာဖြစ်နိုင်ပါသလဲ... Harald Haas က ပထမဆုံးအနေနဲ့ဒီလို လုပ်ဆောင်နိုင်တဲ့ ပစ္စည်းတစ်ခုကို သရုပ်ပြရှင်းလင်းထားပါတယ်။ LED မီးလုံးလေးတလုံးကို လူ့မျက်လုံး ကအာရုံ မခံနိုင်လောက်တဲ့ မြန်နှုန်းဖြင့် ကစားပေး ခြင်းဖြင့် ဟာရဲလ် ဟတ်စ်က သတင်းအချက်အလက်တွေကို ဆဲလ်လူလာ တာဝါတိုင်ထက် ပိုမိုပြီး ပို့လွှတ်နိုင်ပါတယ်၊ ဒီလိုသာ လုပ်မယ်ဆိုရင် ပိုမို ထိရောက်လုံခြုံပြီး ပိုမို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်မှာပါ။

Adam Ostrow: သင့်ရဲ့ နောက်ဆုံး အခြေအနေကို တင်ပြပြီးနောက်ဝယ်။

TEDGlobal 2011

Adam Ostrow: သင့်ရဲ့ နောက်ဆုံး အခြေအနေကို တင်ပြပြီးနောက်ဝယ်။
1,280,208 views

ကျွန်ုပ်တို့အများစုမှာ လူမှုရေး မီဒီယာ ကိုယ်ထင်ပြခြင်း တစ်ခုခုတော့ ရှိကြပါတယ် ---အစစ်နီးပါးရှိတဲ့ ပုဂ္ဂိုလ်ခွဲဟာ နောက်ဆုံးအခြေအနေကို ရှင်းပြတာတွ​ေ၊ Tweet လုပ်တာတွေ၊ အဆက်အသွယ်လုပ်တာတွေ၊ cloud မှာ သိမ်းဆည်းတာတွေ လုပ်ပါတယ်။ Adam Ostrow က ကြီးကြီးမားမား မေးခွန်းတစ်ခုထုတ်ထားပါတယ်။ "ခင်ဗျားသေပြီးတဲ့အခါ အဲဒီ ပုဂ္ဂိုလ်ခွဲဟာ ဘာဖြစ်မလဲ။ ဆက်ပြီး ရှင်သန်နေနိုင်ဦးမှာလားတဲ့။"

Markus Fischer: ငှက်စက်ရုပ်

TEDGlobal 2011

Markus Fischer: ငှက်စက်ရုပ်
8,646,669 views

စက်ရုပ်တော်တော်များများက ပျံသန်းနိုင်ကြပါတယ်။ ဒါပေမဲ့ တကယ့် ငှက်တစ်ကောင်လိုတော့ မပျံသန်းနိုင်ကြပါဘူး။ ဒါကတော့ Markus Fischerနဲ့ သူ့အသင်းက ကြီးမားပေါ့ပါးပြီး အတောင်ပျံရိုက်ခတ်ပျံသန်းနိုင်တဲ့ ပင်လယ်ဇင်ယော်ငှက်စက်ရုပ် Smart Bird ကိုမဆောက်လုပ်သေးခင်ကဖြစ်ပါတယ်။ မကြာသေးခင် ၂၀၁၁ခုနစ် TEDGlobal မှာ မြင့်မြင့်ပျံသန်းတာကို သရုပ်ပြထားပါတယ်။

မက်(တ်) ကတ်(စ်) (Matt Cutts): အသစ်တစ်ခုခုကို ရက် (၃၀) စမ်းလုပ်ကြည့်ပါ။

TED2011

မက်(တ်) ကတ်(စ်) (Matt Cutts): အသစ်တစ်ခုခုကို ရက် (၃၀) စမ်းလုပ်ကြည့်ပါ။
12,215,040 views

တစ်ခုခုကို လုပ်ဖို့အတွက် အမြဲတမ်း ရည်ရွယ်ထားတယ်၊၊လုပ်ချင်စိတ်ရှိနေပေမဲ့ မလုပ်ဖြစ်သေးတာများ သင့်ဆီမှာရှိနေပါသလား။ မက်(တ်) ကတ်(စ်) အကြံပေးထားတာက "ဒါကို ရက်(၃၀) စမ်းလုပ်ကြည့်လိုက်ပါ"တဲ့။ ဒီ တိုတောင်းပြီး ပေါ့ပေါ့ပါးပါး ဟောပြောချက်ကလေးမှာ ရည်မှန်းချက်တွေ ချမှတ်ပြီး၊ဖြစ်မြောက်အောင်မြင်ဖို့ အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ တွေးခေါ်နည်းတစ်ရပ်ကို ပေးထားပါတယ်။

အမ်မီလီယာနို စာလီးနာ့စ် : လူမှုအဖွဲ ့အစည်းများ၏ အကြမ်းဖက်မှု အပေါ် တုံ ့ပြန်ခြင်း

TEDxSanMigueldeAllende

အမ်မီလီယာနို စာလီးနာ့စ် : လူမှုအဖွဲ ့အစည်းများ၏ အကြမ်းဖက်မှု အပေါ် တုံ ့ပြန်ခြင်း
545,472 views

စန်မင်ဂူမြို့ TED ဆွေးနွေးပွဲမှ ဤ စေတနာအပြည့်ပါသော ဟောပြောချက်သည် မက္ကဆီကိုတွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ ့ပါတယ်။ ယခင် သမ္မတဟောင်းကြီး ကာလို စာလီးနာ့စ် ဒီ ဂိုတာရီ ၏သား အမ်မီလီယာနို စာလီးနာ့စ် ဟာ မျက်မှောက် မက္ကဆီကို၏ အကြမ်းဖက်မှု အခြေအနေကို မက္ကဆီကို လူ့အဖွဲ ့အစည်းအနေနဲ ့ မည်သို့ တုံ့ပြန်သင့်သည်ကို ပြောပြရင်း သူကိုယ်တိုင် ဤကိစ္စကို ထိပ်တိုင်ရင်ဆိုင်လိုက်ပါတယ်။ သူဟာ မက္ကဆီကို လူ့အသိုင်းအဝိုင်းကို ငြင်းကွယ်မှုနှင့်အကြောက်တရားတို့မှ ငြိမ်းချမ်းသော၊ အဖွဲ ့အစည်းကိုအခြေခံသော လှုပ်ရှားမှုသို့ရောက်အောင် လမ်းကြောင်းချပေးခဲ့ပြီး နိုင်ငံ၏အနာဂါတ်ကို လက်ဆုပ်ပိုင်ပိုင် ရယူနိုင်ရန် သာမန်ပြည်သူများအား ရှေ့ထွက်ရပ်ကြရန် နှိုးဆော်လိုက်ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခြင်းမဟုတ်တဲ့ ပထမဆုံး TED ဟောပြောမှုတစ်ခုဖြစ်ပါတယ်။

Jok Church: စောင့်ရှောက်ပြုစုခြင်း စက်ဝန်း

TED2007

Jok Church: စောင့်ရှောက်ပြုစုခြင်း စက်ဝန်း
809,620 views

ဒီ ၃ မိနစ်စာ ဟောပြောချက်ထဲမှာ ကာတွန်းရေးဆရာ၊ ကျောင်းဆရာ Jok Church ကနေပြီး သူ့ကိုတခြားဘယ်သူကမှ ဂရုစိုက်ခြင်းမရှိတဲ့အချိန်မှာ စောင့်ရှောက်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။ ပြီးတော့ သူကနေ ဘယ်လိုတုံ့ပြန်ကူညီပေးခဲ့တယ် ဆိုတာကိုရောပေါ့။

Maya Beiser: အသံများစွာနဲ့ တယောတစ်လက်။

TED2011

Maya Beiser: အသံများစွာနဲ့ တယောတစ်လက်။
991,353 views

တယောပညာရှင် Maya Beiser က ခမ်းနားပြီး ခေတ်ဆန်တဲ့ အပိုင်း ၈ ပိုင်းပါ တေးသွားကို သူမကိုယ်ပိုင် မူပွား ၇ ခုနဲ့ပေါင်းစပ် ပြီး အလေးအနက် ဆင်ခြင်ဖွယ်ရာ ဂီတ ဗီဒီယို အစပ်အပေါင်း တစ်ခု အဖြစ် မရပ်မနား တီးခတ်ထားပါတယ်။ အသံရဲ့ အပြောင်းအလဲများအတွက် အဆုံးမဲ့ ဖြစ်နိုင်ခြေတွေကို ဖန်တီးဖို့ နည်းပညာကိုသုံးရင်းပေါ့။ ဂီတကတော့ Steve Reich ရဲ့ Cello Counterpart ကို Bill Morrison ရဲ့ ဗီဒီယို နောက်ပြီးတော့ David Lang ရဲ့ World to Come နဲ့အတူ Irrit Bastry ရဲ့ ဗီဒီယိုနဲ့ပါ။

Camille Seaman: ဝင်ရိုးစွန်းဒေသက ရေခဲပြင်ရဲ့ ညှို့ယူဖမ်းစားနိုင်သော ဓာတ်ပုံများ။

TED2011

Camille Seaman: ဝင်ရိုးစွန်းဒေသက ရေခဲပြင်ရဲ့ ညှို့ယူဖမ်းစားနိုင်သော ဓာတ်ပုံများ။
1,161,964 views

ဓာတ်ပုံပညာရှင် Camille Seaman ဟာ ရေခဲစိုင်တွေကို ဓာတ်ပုံရိုက်ပြီး ကြီးမားတဲ့ ရှေးပဝေသဏီက ရေခဲတုံးကြီးတွေရဲ့ အစိတ်အပိုင်းများစွာ ဆက်စပ်ပါဝင်နေတဲ့ အလှတရားကို ကမ္ဘာကို ပြသနေပါတယ်။ သူမရဲ့ ဓာတ်ပုံ ဆလိုက်ပြပွဲဖြစ်တဲ့ " The last Iceberg" (နောက်ဆုံး ရေခဲစိုင်) ထဲကို ငုတ်လျှိုးဝင်ကြည့်လိုက်ပါဦး။

JD Schramm: မိမိကိုယ်မိမိ သေကြောင်းကြံရာမှ မသေဘဲ လွတ်မြောက်လာသူများအတွက် ဖွင့်ဟခြင်း

TEDActive 2011

JD Schramm: မိမိကိုယ်မိမိ သေကြောင်းကြံရာမှ မသေဘဲ လွတ်မြောက်လာသူများအတွက် ဖွင့်ဟခြင်း
1,900,451 views

ကျွနု်ပ်တို့ရဲ့ ဘဝတွေဟာ အပြင်ပန်းက အဆင်ပြေနေသယောင်ရှိနေတာတောင်မှ အတွင်းမှာတော့ ထုတ်ဖော်မပြနိုင်တဲ့ခံစားမှုတွေနဲ့ ပြည့်နေနိုင်ပါတယ်။ အဲဒီကနေ မိမိရဲ့ ဘဝကိုနိဂုံးချုပ်လိုတဲ့ ဆန္ဒကို ဖြစ်ပေါ်လာစေပါတယ်။ TEDYou မှာ JD Schramm က ကျွန်ုပ်တို့ရဲ့ ပါတ်ဝန်းကျင်မှာ မိမိကိုယ်မိမိ သေကြောင်းကြံဖို့ ကြိုးစားမှုတွေနဲ့ ပါတ်သက်ပြီး တိတ်ဆိတ်မနေကြတော့ဖို့ နဲ့ သေကြောင်းကြံပြီး မသေဘဲ သေဘေးကလွတ်ခဲ့တဲ့လူတွေအတွက် လိုအပ်တဲ့အကူအညီတွေ ဖန်တီးပေးကြဖို့ တိုက်တွန်းထားပါတယ်။ Resources: http://t.co/wsNrY9C

Jessi Arrington: ဘာအသစ်မှ ဆင်မြန်းမထားပါဘူးရှင်။

TEDActive 2011

Jessi Arrington: ဘာအသစ်မှ ဆင်မြန်းမထားပါဘူးရှင်။
1,446,874 views

TEDActive ပွဲအတွက် Jessi Arrington ဟာ အတွင်းခံ (၇) ထည်ကလွဲပြီး ဘာမှ ထုတ်ပိုးမလာခဲ့တာပါ။ သူမရဲ့ကျန်တဲ့ အဝတ်အစားတွေကိုတော့ တစ်ဝိုက်က ပေါချောင်ကောင်း စတိုးတွေကနေ ဝယ်ဝယ်နေတာပါတဲ့။ ဒါဟာဆိုရင် သတိတရားဖြင့် သုံးစွဲခြင်းကို အားထုတ်လေ့ကျင့်မှု တစ်ခုပါ။ သက်တံ့ရောင်စဉ်နဲ့ ဖန်တီးမှုတစ်ခုလဲမှာ ထုတ်ပိုးထားတာပေါ့။

Robert Gupta + Joshua Roman: တယောနဲ့ တယောကြီးပေါ်က "Passacaglia"

TED2011

Robert Gupta + Joshua Roman: တယောနဲ့ တယောကြီးပေါ်က "Passacaglia"
896,041 views

ဒါဟာ တယောပညာရှင် Robert Gupta နဲ့ တယောကြီးပညာရှင် Joshua Roman တို့ Halvorsen ရဲ့ တယောနဲ့ တယောလတ်အတွက် "Passacaglia" ကို ပူးပေါင်းဖျော်ဖြေတဲ့ အဆင့်မြင့် ဂီတသင်ခန်းစာ တစ်ခုပါ ။ Roman က သူ့ရဲ့ Stradivarius cello အပိုင်းကိုယူပါတယ်။ (အလယ်က ဖျော်ဖြေမှု ကြန့်ကြာတာကို ပြန်ရအောင် လုပ်တဲ့) ကာလတစ်ခုနဲ့ တစ်ခုကို ဂီတပညာရှင်နှစ်ဦး ဆက်စပ်တာကို ကြည့်ရတာဟာ အားကောင်းလှပါတယ်။ နှစ်ဦးစလုံးဟာ TED ဝိုင်းတော်သားတွေဖြစ်ကြပြီး သူတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်သွယ်မှုဟာ ဒီ ရွှင်မြူးတဲ့ နှစ်ယောက်တွဲ ဖျော်ဖြေမှုကို နှစ်ယောက် အစွမ်းပေးထားပါတယ်။

Terry Moore: ဘိနပ်ကြိုး ချည်နည်း။

TED2005

Terry Moore: ဘိနပ်ကြိုး ချည်နည်း။
7,612,252 views

Terry Moore ဟာ သူဘဝ တစ်လျှောက်လုံး ဖိနပ်ကြိုးတွေချည်တာ မှားနေတယ်ဆိုတာကို သိရှိသွားပါတယ်။ TED ရဲ့ ဆိုလိုရင်းအတိုင်း သူဟာ စင်ပေါ်တက်ပြီး ပိုကောင်းတဲ့နည်းကို မျှဝေသွားပါတယ်။ (သမိုင်းဆိုင်ရာ မှတ်သားချက်။ ဒါဟာ ၂၀၀၅ခုနှစ် TED စင်မြင့်မှာ ပရိတ်သတ်ကို ပထမဆုံး ပြောဖူးတဲ့ အရမ်းကိုတိုတောင်းတဲ့ ၃မိနစ်စာ ဟောပြောချက်ပါ။)

Ron Gutman: ပြုံးခြင်းရဲ့ ပုန်းကွယ်နေတဲ့စွမ်းအား။

TED2011

Ron Gutman: ပြုံးခြင်းရဲ့ ပုန်းကွယ်နေတဲ့စွမ်းအား။
5,652,656 views

Ron Gutman ဟာ ပြုံးပြခြင်းနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်လှေကြီးကို သုံးသပ်ပြီး အံ့ဩ၈ရာ ကောင်းတဲ့ ရလာဒ်တစ်ချို့ကို လှစ်ဟပြထားပါတယ်။ သင့်ရဲ့အပြုံးဟာ သင်ဘယ်လောက် အသက်ရှည်မယ်ဆိုတာအတွက် နိမိတ်လက္ခဏာဆိုတာရယ်၊ ဒီရိုးရှင်းတဲ့ အပြုံးလေးတစ်ခုဟာ သင့်ရဲ့ အလုံးစုံသော ကျန်းမာသုခအတွက် တိုင်းတာလို့ရနိုင်တဲ့ သက်ရောက်မှု တစ်ခုဖြစ်တယ် ဆိုတာကိုကော သိပါရဲ့လား။ ဒီဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာတဲ့ အပြုအမူအကြောင်းကို ပိုမိုလေ့လာရင်း သင့်မျက်နှာပြင်ပေါ်က ကြွက်သားအနည်းငယ်ကို ကွေးဖို့၊ ဆန့်ဖို့ ပြင်ဆင်လိုက်ပါဦး။

လူဝီ ရှဝါးတ်ဇ်ဘာ့ဂ်: ဝတ်မှုန်ကူးမှုရဲ့ ဝှက်ထားတဲ့ အလှတရား

TED2011

လူဝီ ရှဝါးတ်ဇ်ဘာ့ဂ်: ဝတ်မှုန်ကူးမှုရဲ့ ဝှက်ထားတဲ့ အလှတရား
2,302,018 views

ဝတ်မှုန်ကူးမှု: အဲဒါဟာ ကမ္ဘာပေါ်ရှိ သက်ရှိဘဝအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပေမဲ့၊ ကျွန်တော်တို့ လူသားတွေရဲ့ မျက်စိကတော့ မြင်ဖို့ မလွယ်ပါ။ ရုပ်ရှင်ရိုက်ကူးသူ လူဝီ ရှဝါးတ်ဇ်ဘာ့ဂ်က သဘာဝထဲက အဓိကရ ဝတ်မှုန်ကူးပေးသူ တစ်ခုဖြစ်တဲ့ ပျားတွေ မျိုးတုံးပျောက်ကွယ်မှာကို သိလာရလို့ ရိုက်ကူးခဲ့တဲ့ သူရဲ့ "Wings of Life" ဆိုတဲ့ ရုပ်ရှင်ကားထဲက နှုန်းမြင့် ပုံများဖြင့် ဝတ်မှုန် နဲ့ ဝတ်မှုန်ကူးပေးကြသူတို့ရဲ့ ရှုပ်ထွေးလှတဲ့ ကမ္ဘာကို ပြသဖို့ ကြိုးစားထားပါတယ်။

Susanne Lee: ကိုယ်ပိုင် အဝတ်တွေကို ပျိုးပါ။

TED2011

Susanne Lee: ကိုယ်ပိုင် အဝတ်တွေကို ပျိုးပါ။
1,519,065 views

ဒီဇိုင်နာ Suzanne Lee ကနေပြီး အဝတ်အထည် ပြုလုပ်ရာမှာ အထည်စ (သို့) ဟင်းသီးဟင်းရွက် သားရေအဖြစ် သုံးနိုင်တဲ့ kombucha အခြေခံတဲ့ ပစ္စည်းကို ပျိုးတာရဲ့ စမ်းသပ်မှုတွေကို မျှဝေထားပါတယ်။ ဒီဖြစ်စဉ်က စိတ်ဝင်စားစရာကောင်းပြီး ရလဒ်တွေက (အသေးစားချွတ်ယွင်းချက် တစ်ခုရှိပေမဲ့) လှပပြီး ဖြစ်နိုင်တဲ့ အလားအလာက ရင်သပ်ရှုမောစရာပါ။

Arvind Gupta: သင်ကြားရေးအတွက် အမှိုက်များကို ကစားစရာများအဖြစ် ပြောင်းလဲခြင်း။

INK Conference

Arvind Gupta: သင်ကြားရေးအတွက် အမှိုက်များကို ကစားစရာများအဖြစ် ပြောင်းလဲခြင်း။
1,714,028 views

INK Conference ကွန်ဖရင့်တွင်၊ Arvind Gupta က ရိုးရိုးလေးလို့ ထင်ရပေမဲ့ တကယ့်ကို အံ့အားသင့်စရာ အမှိုက်များကို စိတ်ဝင်စားဖွယ်ရာ၊ ဒီဇိုင်းလှတဲ့ ကစားစရာများ အဖြစ် ကလေးများ ကိုယ်တိုင် တည်ဆာက်ရင်း သိပ္ပံပညာနှင့် ဒီဇိုင်းဆိုင်ရာ အခြေခံမူတွေကို သင်ယူနိုင်ကြပုံကို ရှင်းပြထားပါတယ်။

Mike Matas: မျိုးဆက်သစ် ဒစ်ဂျစ်တယ်စာအုပ်

TED2011

Mike Matas: မျိုးဆက်သစ် ဒစ်ဂျစ်တယ်စာအုပ်
1,728,557 views

ဆော့ဝဲ တီထွင်ြပုစုသူ Mike Matas ကနေပ​ြီး iPad. အတွက် ပြီးပြည့်စုံတဲ့ တုံ့ပြန်ဆက်သွယ်နိုင်တဲ့ ပထမဆုံး စာအုပ်ကို သရုပ်ပြထားပါတယ်။ က​ောင်းမွန်ပ​ြီး လက်နဲ့တွန်းထုတ်လို့ရတဲ့ ဗီဒီယိုနဲ့ ရုပ်ထွက်တွေနဲ့အတူ ဖွင့်ကြည့်ဖို့ အရမ်း သားနားတဲ့ အချက်အလက်ဆိုင်ရာ မြင်ကွင်းတွေနဲ့ပါ။ ဒီစာအုပ်က " Our Choice"ပါ။ Al Gore ရဲ့ " An inconvenient Truth" ရဲ့ နောက်ဆက်တွဲပေါ့။

Marcin Jakubowski: လူမှုတိုးတက်မှုအတွက် အခမဲ့ အရင်းအမြစ် စီမံချက်။

TED2011

Marcin Jakubowski: လူမှုတိုးတက်မှုအတွက် အခမဲ့ အရင်းအမြစ် စီမံချက်။
1,838,100 views

wikis ဆိုတဲ့ လူတိုင်းအသုံးပြုတည်းဖြတ်နိုင်တဲ့ အင်တာနက်စာမျက်နှာများနှင့် ဒစ်ဂျစ်တယ် ထုတ်လုပ်ရေး ကိရိယာများကို အသုံးပြုပြီး TED ဝိုင်းတော်သား Marcin Jakubowski ဟာ လယ်ယာသုံးစက်ကိရိယာ ၅၀ အတွက် အသေးစိတ် စီမံချက်တွေကို အခမဲ့ ဝေမျှနေပါတယ်။ လူတိုင်းကို အနည်းငယ်မျှသော ကုန်ကျစရိတ်ကလေးနဲ့ သူတို့ကိုယ်ပိုင် လယ်ထွန်စက်တွေ၊ ရိတ်သိမ်းစက်တွေ တည်ဆောက်ဖို့ လမ်ခင်းပေးထားတာပါ။ ဒါဟာဆိုရင် ကိုယ့်ဒူးကိုယ်ချွန် ကျေးရွာတစ်ခုလုံးအတွက် ညွှန်ကြားချက်အတွဲရေးသားဖို့ စီမံချက်ရဲ့ ပထမဆုံး အဆင့်ပဲရှိပါသေးတယ်။ (ကနဦး ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀၀၀ ပါ။)

Dave Meslin: စိတ်မပါခြင်းအတွက် ဖြေဆေး

TEDxToronto 2010

Dave Meslin: စိတ်မပါခြင်းအတွက် ဖြေဆေး
1,853,644 views

ဒေသတွင်းနိုင်ငံရေး -ကျောင်းတွေ၊ နယ်မြေသတ်မှတ်မှုတွေ၊ ဒေသန္တရရွေးကောက်ပွဲတွေ- ဒါတွေဟာ ကျွန်တော်တို့နေရာမှာ ရိုက်ခတ်နေပါတယ်။ ဒီတော့ ဘာကြောင့်များ ကျွန်တော်တို့တွေ ပိုပြီးတကယ်ကိုပဲ မပတ်သက်ပဲနေနေရတာလဲ။ ဒါဟာ စိတ်မပါမှုလား။ Dave Meslin ပြောတာကတော့ "မဟုတ်ပါဘူး"တဲ့။ သူက ကျွန်တော်တို့တွေရဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ကျွန်တော်တို့က ရိုးရိုးသား ဂရိုစိုက်ပါဝင်ချင်တာတောင်၊ ကျွန်တော်တို့တွေ ပါဝင်ဆောင်ရွက်တာကို ဟန့်တားတဲ့ အတားအဆီး (၇) ခု ကို ဖော်ပြထားပါတယ်။ (TEDxToronto တွင်ရိုက်ကူးသည်။)

David Christian: ၁၈ မိနစ်စာ ကမ္ဘာ့မြေရဲ့ သမိုင်း။

TED2011

David Christian: ၁၈ မိနစ်စာ ကမ္ဘာ့မြေရဲ့ သမိုင်း။
10,836,002 views

David Christian က ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သရုပ်ဖော်ပုံတွေနဲ့ ပံ့ပိုးထားပြီး Big Bang (မဟာပေါက်ကွဲမှုကြီး) ကနေ အင်တာနက်အထိ စကြာဝဠာရဲ့ ပြီးပြည့်စုံတဲ့သမိုင်းကို အာရုံမလွတ်တမ်းဖမ်းစားနိုင်တဲ့ ၁၈ မိနစ်အတွင်းမှာ ကုန်စင်အောင်ပြောပြထားပါတယ်။ ဒါဟာ မဟာ သမိုင်းကြီးပါ၊ ရှုပ်ထွေးမှု၊ သက်ရှိနဲ့ လူသားကို မြင်ကွင်းကျယ်ကြည့်တဲ့ အသိအမြင်ကြွယ်စေခြင်းတစ်ရပ်ကို စကြာဝဠာဆိုင်ရာ ကျွန်တော်တို့ရဲ့ တိုတောင်းလှတဲ့ အချိန်နဲ့ နှိုင်းယှဉ်လိုက်တာပါ။

Jackson Browne: သမုဒ္ဒရာကြီးက လှုံ့ဆော်ပေးလိုက်တဲ့ သီချင်းတစ်ပုဒ်

TEDxGreatPacificGarbagePatch

Jackson Browne: သမုဒ္ဒရာကြီးက လှုံ့ဆော်ပေးလိုက်တဲ့ သီချင်းတစ်ပုဒ်
704,297 views

TEDxGPGP မှာ Jackson Browne က သီချင်းတစ်ပုဒ် တီးခတ်ပါတယ်၊ ဧပြီလမှာ Mission Blue Voyage ပေါ်တွင် သူစတင်ရေးသားခဲ့တာပါ။ သမုဒ္ဒရာကြီးကို ကယ်တင်ဖို့ ခေါင်းခြင်းရိုက်ကာ အဖြေရှာဖို့နည်းလမ်းတွေအတွက် Sylvia-Earle က လှုံဆော်တဲ့ခရီးပါ။ သူသီဆိုထားတာက "အခုနေအခါမှာ တစ်နေရာမှာ ရှိရမယ်ဆိုရင်၊ ဒီနေရာပဲ ဖြစ်လိမ့်မယ်" တဲ့။