TED Talks with Burmese transcript

စတန်လီ မက်ခရစ်စတယ်လ် နားစိုက်ပါ၊ သင်ယူပါ၊ ပြီးရင် ဦးဆောင်ပါ။

TED2011

စတန်လီ မက်ခရစ်စတယ်လ် နားစိုက်ပါ၊ သင်ယူပါ၊ ပြီးရင် ဦးဆောင်ပါ။
3,015,268 views

ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး စတန်လီ မက်ခရစ်စတယ်လ် က သူစစ်တပ်ထဲအမှုထမ်းခဲ့စဉ် ဆယ်စုနှစ်များအတွင်း နားလည်သိရှိလာခဲ့သော ခေါင်းဆောင်မှု အကြောင်းများကို မျှဝေထားခြင်းဖြစ်ပါသည်။ အရွယ်ပေါင်းစုံနှင့် တတ်ကျွမ်းမှုမျိုးစုံရှိကြသော လူအများကြားတွင် တူညီသောရည်ရွယ်ချက်အသိ ထားရှိလာအောင် မည်သို့ တည်ဆောက်ပေးရပါမည်နည်း? နားစိုက်ထောင်ခြင်း၊ နားလည်အောင် သင်ယူလေ့လာခြင်း နှင့် ကျရှံူးနိုင်ခြေကို ထောက်ပြပြောဆိုခြင်းတို့မှတပါး အခြားမရှိနိုင်ပေ။

Patricia Ryan: အင်္ဂလိပ်စာပဲ မရမက တောင်းဆိုမနေပါနဲ့။

TEDxDubai

Patricia Ryan: အင်္ဂလိပ်စာပဲ မရမက တောင်းဆိုမနေပါနဲ့။
2,138,668 views

TEDxDubai မှာ ရေရှည် ပို့ချခဲ့တဲ့ အင်္ဂလိပ်စာ ဆရာမဖြစ်သူ Patricia Ryan ကနေပြီး တမင်တကာ ဆွထားတဲ့ မေးခွန်းကို မေးပါတယ်။ "ကမ္ဘာကြီးရဲ့ အာရုံက အင်္ဂလိပ်စာကို စိုက်နေမှုဟာ ကြီးကျယ်တဲ့ အတွေးအခေါ်တွေ အခြားဘာသာစကားတွေနဲ့ ပျံ့ပွားမရအောင် တာဆီးပိတ်ပင်နေတာများလား"တဲ့။ (ဥပမာအားဖြင့် Einstein ဟာ TOEFL အောင်ဖို့လိုမယ်ဆိုရင် ဘာဖြစ်လိမ့်မလဲပေါ့။) ဒါဟာ အတွေးအခေါ်တွေကို ဘာသာပြန်ခြင်းနဲ့ မျှဝေခြင်းရဲ့ ထက်သန်လှတဲ့ ခုခံကာကွယ်မှုတစ်ခုပါ။

ဟန်း ရိုးစလင်း: မျက်လှည့်ပြတတ်သော အဝတ်လျှော်စက်

TEDWomen 2010

ဟန်း ရိုးစလင်း: မျက်လှည့်ပြတတ်သော အဝတ်လျှော်စက်
2,973,428 views

စက်မှုတော်လှန်ရေးမှာ အကြီးကျယ်ဆုံးတီထွင်မှုတစ်ခုကဘာလဲ။ ဟန်း ရိုးစလင်းက အဝတ်လျှော်စက်ဖြစ်ပါတယ်လို့ ဆိုတယ်။ စီးပွားရေးတိုးတက်လာမှုနဲ့ လျှပ်စစ်စွမ်းအင်ရရှိလာတဲ့အခါ ပျင်းစရာကောင်းတဲ့ လျှော်ရ၊ဖွတ်ရတဲ့ နေ့တစ်နေ့ကို စာဖတ်ပြီးအသိဉာဏ်တိုးစေတဲ့ နေ့အဖြစ် မည်သို့မည်ပုံ မျက်လှည့်ပြလိုက်သလို့ ပြောင်းလဲသွားစေခဲ့သလဲဆိုတာကို ရိုးစလင်းက Gapminder မှ ရှင်းလင်းမြင်သာတဲ့ ဒီဇိုင်းပုံစံအသစ်တွေနဲ့ ကျွန်တော်တို့ကို ပြောပြမှာပါ။

Mark Bezos: စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦးထံမှ ဘဝသင်ခန်းစာ တစ်ခု။

TED2011

Mark Bezos: စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦးထံမှ ဘဝသင်ခန်းစာ တစ်ခု။
3,120,225 views

စေတနာ့ဝန်ထမ်း မီးသတ်သမား Mark Bezos ကနေပ​ြီး အရမ်းကို မျှော်လင့်မထားမိတဲ့ သူရဲကောင်းဆန်တဲ့ လုပ်ဆောင်ချက်တစ်ခုရဲ့ ဇာတိလမ်းကို ပြောပြထားပါတယ်။ ဒါပေမဲ့ ဒါကနေပြီး သူ့ကို သင်ခန်းစာကြီးတစ်ခု သင်ကြားပေးခဲ့တယ်။ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ စောင့်မနေပါနဲ့။

Ahn Trio: ခေတ်ပေါ် အသွင်ယူထားတဲ့ စန္ဒရား၊ တယော တယောကြီး ဖျော်ဖြေပွဲ။

TEDWomen 2010

Ahn Trio: ခေတ်ပေါ် အသွင်ယူထားတဲ့ စန္ဒရား၊ တယော တယောကြီး ဖျော်ဖြေပွဲ။
847,233 views

Ahn ညီမသုံးဖော်ဖြစ်တဲ့ တယောကြီးတီးသူ Maria စန္ဒရားတီးသူ Lucia နဲ့ တယောတီးသူ Angella တို့ဟာ သူတို့ရဲ့ ထက်သန်တဲ့ ဂီတဖန်တီးခြင်းနဲ့အတူ စန္ဒရား သုံးပွင့်ဆိုင် တီးခတ်ပုံကို အားမာန်အသစ် ပေးထားပါတယ်။ TEDWomen မှာ တောက်ပပြီး ခေတ်ပေါ်ဖြစ်တဲ့ David Balakrishnan ရဲ့ Skylife နဲ့ စတင်ပြီး ခမ်းနားပြီး ညက်ညောလှတဲ့ မူဖြစ်တဲ့ Astor Piazzolla ရဲ့ Oblivion ကို တီးခတ်ထားပါတယ်။

Madeleine Albright: သံတမန်မိန်းမသားလည်းဖြစ် သံတမန်လည်းဖြစ်ခဲ့သူရဲ့ဘဝ

TEDWomen 2010

Madeleine Albright: သံတမန်မိန်းမသားလည်းဖြစ် သံတမန်လည်းဖြစ်ခဲ့သူရဲ့ဘဝ
828,183 views

အမေရိကန်နိုင်ငံလုံးဆိုင်ရာ အတွင်းရေးမှူးချုပ်ဟောင်း မဒ်ဒယ်လိုင်း အောလ်ဘရိုက် က အမျိုးသမီးတို့အရေးသည် နိုင်ငံခြားရေးမူဝါဒဗဟိုတွင် နေရာတစ်ခုပေးရန် ထိုက်တန်ကြောင်းကို အခြေပြု၍ နိုင်ငံရေးနှင့် သံတမန်ရေးကိစ္စများကို ဘွင်းဘွင်းပြတ်ပြတ် ပြောသွားခဲ့ပါသည်။ အမျိုးသမီးတို့အရေးသည် ရံဖန်ရံခါတွင် "ညင်သာသိမ်မွေ့"သော ကိစ္စဟု ဆိုရန် အလွန်ဝေးလှကြောင်း၊ သေရးရှင်ရေးနှင့်တိုက်ရိုက်ဆက်နွယ်နေသော အခက်ခဲဆုံးကိစ္စများဖြစ်နေတတ်ကြောင်း ပါလေ စင်တာ မှ ပတ်မစ်ချယ် နှင့် ပွင့်လင်းပျော်ရွှင်ဖွယ် အမေးအဖြေ ကဏ္ဍတွင် သူမက ပြောခဲ့ပါသည်။

Nigel Marsh: အလုပ်၊ ဘဝ ဟန်ချက်ညီ လုပ်ကိုင်နည်း။

TEDxSydney

Nigel Marsh: အလုပ်၊ ဘဝ ဟန်ချက်ညီ လုပ်ကိုင်နည်း။
4,669,865 views

အလုပ်၊ ဘဝ ဟန်ချက်ညီမှုဟာ အရေးကြီးလွန်းလို့ သင့်အလုပ်ရှင်ရဲ့ လက်ထဲမှာ ချန်ထား မရနိုင်ဘူးလို့ Nigel Marsh ကပြောပါတယ်။ Marsh ကနေပြီး မိသားစုအချိန်၊ ကိုယ်ရေးကိုယ်တာအချိန်နဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို အကောင်းဆုံး ချိန်ညှိထားတဲ့ နေ့တစ်နေ့ကို တင်ပြထားပြီး အဲဒီလို ဖြစ်လာနိုင်ဖို့အတွက် လွန်စွာစိတ်လှုပ်ရှားစရာကောင်းတဲ့ အားပေးတိုက်တွန်းမှု တစ်ချို့ကို ပေးထားပါတယ်။

Suheir Hammad: စစ်၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးများ၊ သြဇာအာဏာအကြာင်း ကဗျာများ။

TEDWomen 2010

Suheir Hammad: စစ်၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးများ၊ သြဇာအာဏာအကြာင်း ကဗျာများ။
774,896 views

ကဗျာစာဆို Hammad ကျောရိုးမှာ တစစ်စစ်ခံစားရတဲ့ "What I Will" (ကိုယ်လုပ်မှာက) နဲ့ "break (clustered)" ဆိုတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးတွေနဲ့ သြဇာအာဏာတွေအကြောင်း အလေးအနက် ဆင်ခြင်ထားတဲ့ စကားလုံးတွေနဲ့ ပြောပြတဲ့ လက်ရာနှစ်ခုကို တင်ဆက်ထားပါတယ်။ အံ့အားသင့်ဖွယ်ကောင်းတဲ့ စာကြောင်းလေးကို စောင့်ကြည့်ပါဦး။ "ပေါက်ကွဲသွားတာကို မကြောက်နဲ့၊ မပေါက်ကွဲသေးတာကို ကြောက်" တဲ့။

Liza Donnelly: အပြောင်းအလဲအတွက် ရယ်စရာ ရုပ်ပုံများ

TEDWomen 2010

Liza Donnelly: အပြောင်းအလဲအတွက် ရယ်စရာ ရုပ်ပုံများ
1,435,431 views

နယူးယော့(ခ်)မြို့သူ ကာတွန်းပညာရှင် Liza Donnell ဟာ သူမရဲ့ အသိတရားပါပြီး ရယ်စရာကောင်းတဲ့ ခေတ်သစ်ဘဝအကြောင်း ကာတွန်း ရုပ်ပုံအတွဲတစ်တွဲကို မျှဝေထားပါတယ်။ နောက်ပြီး ဟာသဉာဏ်ဟာ အမျိုးသမီးတွေအတွက် စည်းမျဉ်းတွေကို ပြောင်းလဲရာမှာ ဘယ်လို အခွင့်အာဏာ ပေးကြောင်းကို ပြောဆိုဆွေးနွေးထားပါတယ်။

Jody Willans: ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ အမြင်တစ်ခု။

TEDWomen 2010

Jody Willans: ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ အမြင်တစ်ခု။
821,241 views

​နိုဘဲလ်ဆုရှင် Jody Willans ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးရဲ့ အိပ်မက်ဆီ ခိုင်ကျည်တဲ့ မေတ္တာတရားကို ယူဆောင်လာခဲ့ပါတယ်။ သူမရဲ့ တကယ့် ငြိမ်းချမ်းရေးဆိုတာနဲ့ ပတ်သက်ပြီး သူမခံယူထားတဲ့ သူမရဲ့ ထက်မြင်မှုနဲ့အတူ ဒီအတွက် လုပ်ဆောင်သူတွေရဲ့ ထိုးထွင်းမှုရှိတဲ့ ရုန်းကန်လှုပ်ရှားမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ချိန်ရွယ်စူးစိုက်ထားတဲ့ နက်ရှိုင်းလှတဲ့ ဇာတ်လမ်း အခင်းအကျင်းတစ်ခုပါ။

အာရီယာနာ ဟပ်ဖင်တန် (Arianna Huffington ): အောင်မြင်အောင်လုပ်တဲ့နည်းလမ်းလား၊ အိပ်ရေးဝအောင် အိပ်လိုက်ပါ။

TEDWomen 2010

အာရီယာနာ ဟပ်ဖင်တန် (Arianna Huffington ): အောင်မြင်အောင်လုပ်တဲ့နည်းလမ်းလား၊ အိပ်ရေးဝအောင် အိပ်လိုက်ပါ။
5,209,500 views

ဤတိုတောင်းတဲ့ ပြောဆိုဆွေးနွေးမှုထဲမှာ အာရီယာနာ ဟပ်ဖင်တန်ကနေပြီး သေးငယ်တဲ့ စိတ်ကူးလေးတစ်ခုဟာ သူ့ထက်ပိုပြီးကြီးမားတဲ့ စိတ်ကူးတွေကို နှိုးဆွပေးနိူင်တယ်ဆိုတာကို မျှဝေထားပါတယ်။ တစ်ညတာ တဝကြီး အိပ်စက်လိုက်ခြင်းရဲ့ စွမ်းပကားလေ၊ ကျွန်တော်တို့ရဲ့ အိပ်ရေးမဝတာတွေကို လေလုံးထုတ်နေမယ့်အစားပေါ့လေ။ သူမက ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး၊ ကြီးမားတဲ့ ရုပ်ပုံကားချပ်ကို ကြည့်နိုင်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းလိုက်တာပါတယ်။ ကျွန်တော်တို့တွေဟာ ထုတ်လုပ်မှုနဲ့ ပျော်ရွှင်မှုကို တိုးမြှင့်လာစေဖို့ အိပ်နေနိုင်ပါတယ်။ ပိုပြီး ပါးနပ်ချက်ချာတဲ့ ဆုံးဖြတ်ချက်ချခြင်းပဲပေါ့။

ရှရယ်ဆန်ဘာ့ဂ်: အဘယ်ကြောင့် အမျိုးသမီးခေါင်းဆောင်တွေ မရှိသလောက်နည်းရသလဲ

TEDWomen 2010

ရှရယ်ဆန်ဘာ့ဂ်: အဘယ်ကြောင့် အမျိုးသမီးခေါင်းဆောင်တွေ မရှိသလောက်နည်းရသလဲ
10,007,379 views

ဖေ့ဘွတ်ခ် လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO ) ဖြစ်သူ ရှရယ်ဆန်ဘာ့ဂ် က အမျိုးသမီးများသည် အမျိုးသားထက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၏ထိပ်ပိုင်းကို ရောက်သည့်ရာခိုင်နှုန်း ပိုနည်းရသည့်အကြောင်းရင်းကို လေ့လာ၍ အမျိုးသမီးထုတို့ အုပ်ချုပ်ရေးရာထူး ကိုရည်မှန်းနိုင်ရေးအတွက် အင်အားရှိလှသော အကြံ သုံးခုကိုပြောပြလေသည်။

Birke Baehr: ကျွန်တော်တို့ရဲ့ စားစရာစနစ်ထဲ ဘာမှားနေလဲ။

TEDxNextGenerationAsheville

Birke Baehr: ကျွန်တော်တို့ရဲ့ စားစရာစနစ်ထဲ ဘာမှားနေလဲ။
2,364,826 views

အသက် ၁၁ နှစ်သား Birke Baehr ကနေပြီး သူစားသုံးတဲ့ ကျွန်ုပ်တို့ရဲ့ စားစရာရဲ့ အဓိက အရင်းအမြစ်တစ်ခုကို တင်ပြထားပါတယ်။ အဝေးမှာရှိပြီး ပန်းချီကားလောက် မလှတဲ့ စက်မှု စိုက်ခင်းတွေပါ။ စိမ်းလန်းပြီး ဒေသတွင်း စားစရာ ထုတ်လုပ်မှု ကိစ္စရပ်ကို အကြမ်းဖျင်းဖော်ပြရင်း စိုက်ခင်းတွေကို မြင်မရအောင် လုပ်လိုက်ခြင်းဟာ စိုက်ပျိုးရေး လုပ်ငန်းကြီးရဲ့ စိတ်ကူးယဉ်၊ လက်တွေ့မကျတဲ့ ရုပ်ပုံကို တိုးမြှင့်ပေးတယ်လို့ သူက ဆွေးနွေးငြင်းခုံထားပါတယ်။

Eric Berlow: ရှုပ်ထွေးမှုကို ရိုးရှင်းပစ်ခြင်း။

TEDGlobal 2010

Eric Berlow: ရှုပ်ထွေးမှုကို ရိုးရှင်းပစ်ခြင်း။
1,361,116 views

ဂေဟဗေဒပညာရှင် Eric Berlow ဟာ ရှုပ်ထွေးတဲ့ စနစ်တွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ဖိစီးခံရတယ်လို့ မခံစားမိပါဘူး။ သူသိတာက ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေဟာ ပိုမိုကောင်းမွန်ပြီး၊ ပိုမိုရိုးရှင်းတဲ့ ဖြေရှင်းချက်တစ်ခုဆီ ရောက်လာစေမယ်ဆိုတာပါ။ ကြီးမားတဲ့ ကိစ္စရပ်ကြီးတွေကို စိတ်ဖြာပစ်လိုက်ဖို့ နည်းနာနိဿယတွေကို ရှင်းလင်းပြပြီး အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ နည်းဗျူဟာတွေအကြာင်း မျာပြားလွန်းလှတဲ့ ကားချပ်တစ်ခုကို အနည်းငယ်မျှသော အချက်အလက်တွေအဖြစ် အနှစ်ချုပ်ပြထားပါတယ်။

Miwa Matreyek: အနီမေးရှင်းနဲ့ ဖျော်ဖြေမှုထဲက ကြည်နူးဖွယ်ရာ ရုပ်လွှာများ။

TEDGlobal 2010

Miwa Matreyek: အနီမေးရှင်းနဲ့ ဖျော်ဖြေမှုထဲက ကြည်နူးဖွယ်ရာ ရုပ်လွှာများ။
942,572 views

အနီမေးရှင်း၊ ဆလိုက်ထိုးပြခြင်းတွေနဲ့ သူမကိုယ်တိုင် ရွေ့လျားလှုပ်ရှားနေတဲ့ အရိပ်ကိုသုံးပြီး Miwa Matreyek ဟာ အစ္ဇျတ္တနဲ့ ဗဟိဒ္ဓ ရှာဖွေတွေ့ရှိမှုအကြောင်းကို ခမ်းနားပြီး အလေးအနက် ဆင်ခြင်ဖွယ်ရာ လက်ရာတစ်ခုအဖြစ် တင်ဆက်ထားပါတယ်။ ဆိတ်ငြိမ်တဲ့ ၁၀ မိနစ်အချိန်ကိုပေးပြီး၊ နစ်ဝင်လိုက်ပါတော့။ Anna Oxygen ၊ Mirah Caroline Lufkin နဲ့ Mileece တို့ရဲ့ ဂီတ လက်သံနဲ့ပေါ့။

David Byne, Ethel + Thomus Dolby: " ပန်းတွေကလွဲပြီး ဘာမှမရှိ" (လေးဦးဂီတအဖွဲ့နဲ့ တွဲဖက်၍)

TED2010

David Byne, Ethel + Thomus Dolby: " ပန်းတွေကလွဲပြီး ဘာမှမရှိ" (လေးဦးဂီတအဖွဲ့နဲ့ တွဲဖက်၍)
753,721 views

David Byen ကနေ ၁၉၉၈ က ကျော်ကြားတဲ့ "Talking Head" (စကားပြောတဲ့ ဦးခေါင်းများ)က "Nothing but flowers" (ပန်းတွေကလွဲပြီး ဘာမှမရှိ) ဆိုတာကို သီဆိုခဲ့ပါတယ်။ သူနဲ့အတူ Thomas Dolby က တွဲဖက်သီဆိုပေးပြီး၊ TED2010 မှာ အိမ်ဝိုင်းဖြစ်ခဲ့တဲ့ Ethel လေးဦးတူရိယာအဖွဲ့ တီးမှုတ်ပေးပါတယ်။

Dianna Cohen: ပလပ်စတစ် ညစ်ညမ်းမှုအကြောင်း ခက်ထရော်တဲ့ အမှန်တရားများ။

Mission Blue Voyage

Dianna Cohen: ပလပ်စတစ် ညစ်ညမ်းမှုအကြောင်း ခက်ထရော်တဲ့ အမှန်တရားများ။
896,666 views

အနုပညာရှင် Dianna Cohen ကနေပြီး သမုဒ္ဒရာအတွင်းနဲ့ ကျွန်ုပ်တို့ဘဝတွေထဲက ပလပ်စတစ် ညစ်ညမ်းမှုအကြောင်း ခက်ထရော်တဲ့ အမှန်တရားတစ်ချို့နဲ့ ကို မျှဝေထားပြီး ပလပ်စတစ် ဝဲကတော့ကနေ ကျွန်ုပ်တို့ လွတ်မြောက်နည်းအကြောင်း စိတ်ကူးတွေကို မျှဝေထားပါတယ်။

Stacey Kramer: ထာဝရ ရှင်ကျန်နေတဲ့ အကောင်းဆုံးလက်ဆောင်

TED2010

Stacey Kramer: ထာဝရ ရှင်ကျန်နေတဲ့ အကောင်းဆုံးလက်ဆောင်
4,110,731 views

စတေဆီ ခရေမာကနေပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သုံးမိနစ်စာ ကိုယ်တွေ့ ပုံဆောင်ဝတ္ထုလေးတစ်ပုဒ်ကို တင်ပြထားပါတယ်။ ဒီပုံဆောင်ဝတ္ထုကလေးမှာ တုန်လှုပ်ဖွယ်ရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ၊တန်ဖိုးကြီးမားတဲ့ လိုချင်စရာမကောင်းတဲ့ အတွေ့အကြုံတစ်ခုဟာ ဘယ်လိုဘယ်ပုံ တန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားနိူင်ပုံကိုပြသထားပါတယ်။

Gary Wolf: အရည်အချင်းပြည့်မှီသော အတ္တကိုယ်ထည်။

TED@Cannes

Gary Wolf: အရည်အချင်းပြည့်မှီသော အတ္တကိုယ်ထည်။
1,066,653 views

TED@Cannes မှာ Gary Wolf ကနေ စိတ်ဝင်စားစရာ ဝါသနာ အသစ်တစ်ခုအကြောင်းကို ၅ မိနစ်စာ မိတ်ဆက်ဟောပြောခဲ့ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်၊ စိတ်နေစိတ်ထား၊ အစားအစာ၊သုံးစွဲခြင်းတို့ကို ခြေရာခံဖို့နဲ့ သရုပ်ခွဲဖို့ ဂါဂျက်တွေနဲ့ အမြဲဖွင့်ထားတဲ့ ကိရိယာတွေကို သုံးပြီးတော့ပေါ့။ ကြည်နူးဖွယ်ရာ ပညာရှင်ဆန်တဲ့ အနုစိတ်နိုင်တဲ့ သင် စဉ်းစားလို့ရနိုင်တဲ့ နေ့စဉ်ဘဝရဲ့ ရှိရှိသမျှအားလုံးအကြောင်းပါပဲ။

Jessa Gamble: ကျွန်မတို့ရဲ သဘာဝ အိပ်စက်ခြင်း စက်ဝန်း

TEDGlobal 2010

Jessa Gamble: ကျွန်မတို့ရဲ သဘာဝ အိပ်စက်ခြင်း စက်ဝန်း
3,071,823 views

ယနေ့ကမ္ဘာမှာ ကျောင်း၊ အလုပ်၊ ကလေးတွေနဲ့ ဒိထက်ပိုတဲ့ဟာတွေကို ဟန်ချက်ညီအောင်လုပ်ရင်း ကျွန်တော်တို့အများစုဟာ ထေက်ခံချက်ပေးထားတဲ့ အိပ်စက်ချိန် ၈ နာရီဆိုတာပဲ မျှော်လင့်နိူင်တာပါ။ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းနာရီနောက်ကွယ်က သိပ္ပံပညာကို ဆန်းစစ်ရင်း Jessa Gamble က ကျွန်တော်တို့ အနေနဲ့ လိုက်နာသင့်တဲ့ အနားယူခြင်းဆိုင်ရာ အံ့ဩစရာကောင်းပြီး ခိုင်မာပြည့်စုံတဲ့ ပရိုဂရမ်အကြောင်းကို တင်ပြထားပါတယ်။

စူဂါးတ မစ်ထရာ၏ မိမိကိုယ်ကို သင်ကြားခြင်း စမ်းသပ်မှု အသစ်များ။

TEDGlobal 2010

စူဂါးတ မစ်ထရာ၏ မိမိကိုယ်ကို သင်ကြားခြင်း စမ်းသပ်မှု အသစ်များ။
3,097,850 views

ပညာရေး သိပ္ပံပညာရှင် စူဂါးတ မစ်ထရာက အလိုအပ်ဆုံးနေရာတွင် အကောင်းဆုံးဆရာများနှင့် ကျောင်းများ မရှိသည့် အကြီးကျယ်ဆုံးသော ပညာရေးပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းလိုက်ပါသည်။ နယူးဒေလီ မှ တောင်အာဖရိက၊ တောင်အာဖရိက မှ အီတလီ အထိ လက်တွေ့ဘဝ အတွဲလိုက် စမ်းသပ်မှုများတွင် သူက ကလေးများအား အင်တာနက်ကို ကိုယ်တိုင်ကြီးကြပ်သုံးစွဲခွင့်ပေးလိုက်သောအခါ သင်ကြားခြင်းအကြောင်း ကျွန်ုပ်တို့တွေးခေါ်ပုံကို တော်လှန်နိုင်သည့် ရလဒ်များကို သူ တွေ့မြင်ခဲ့ရပါသည်။

Derek Sivers (ဒီရက် ဆီဗား(စ်)): ရည်မှန်းချက်တွေကို စိတ်ထဲမှာပဲထားပါ

TEDGlobal 2010

Derek Sivers (ဒီရက် ဆီဗား(စ်)): ရည်မှန်းချက်တွေကို စိတ်ထဲမှာပဲထားပါ
6,371,544 views

အရမ်းကောင်းတဲ့ ဘဝစီမံကိန်းအသစ်တစ်ခုကို အမှတ်မထင် အကြံရပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ဗီဇအလျောက်တုံ့ပြန်မှုကတော့ ဒီစီမံကိန်းကို တစ်စုံတစ်ယောက်အား ပြောပြဖို့ပါ။ ဒါပေမဲ့ ဒီရက် ဆီဗား(စ်) ပြောတာက ရည်မှန်းချက်တွေကို လျှို့ဝှက်ထားတာက ပိုကောင်းပါတယ်တဲ့။ သူက ရည်ရွယ်ချက်တွေအကြောင်းကို ပြောပြကြတဲ့ သူတွေဟာ ဒါတွေကို အောင်မြင်ပြီးမြောက်ဖို့ ဘာကြောင့်ဖြစ်နိူင်ခြေ အလားအလာနည်းတယ်ဆိုတာကို ပြသဖို့အတွက် ၁၉၂၀ နှစ်တွေအထိကို ကျယ်ပြန့်တဲ့ သုသေသနပြုချက်ကို တင်ပြထားပါတယ်။

Mitchell Joachim: အိမ်ကို မဆောက်နဲ့၊ စိုက်ယူလိုက်ပါ။

TED2010

Mitchell Joachim: အိမ်ကို မဆောက်နဲ့၊ စိုက်ယူလိုက်ပါ။
1,626,721 views

TED ဝိုင်းတော်သား နဲ့ မြို့ပြ ဒီဇိုင်နာ Mitchell Joachim ကနေပြီး ရေရှည်ခံပြီး ဇီဝအခြေခံ ဗိသုကာအတွက် သူ့ရဲ့ အမြင်ကို တင်ပြထားပါတယ်။ သဘာဝဝန်းကျင်နဲ့ သဟာဇာတဖြစ်ပြီး အပင်တွေကနေ စိုက်ပျိုးယူတဲ့ အိမ်တွေပါ၊ နေဦး အသားကနေရောပါ။

ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။

TEDxEdmonton

ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။
1,828,843 views

ကျောင်းတက်ရသည်ကို ငြီးငွေ့သော၊ အတန်းပျက်သော၊ အရွယ်တူများနှင့် မတည့်သော ကလေးသည် စွမ်းဆောင်ရှင်တစ်ဦး ဖြစ်နိုင်သည်ဟု အဒ်မန်တန်မြို့ TED ဟောပြောပွဲတွင် ကင်မရွန်းဟီးရိုးလ်ဒ် က ပြောလိုက်ပါတယ်။ စွမ်းဆောင်ရှင်အလောင်းအလျာများကို ကလေးအဖြစ်နှင့်ရော လူကြီးအဖြစ်နှင့်ပါ အောင်မြင်လာအောင် မိဘအုပ်ထိန်းမှုနှင့် ပညာသင်ကြားပေးခြင်းတို့က အကူအညီပေးကြောင်း ထောက်ခံပြောဆိုထားပါတယ်။

Margaret Gould Stewart: YouTube က မူပိုင်ခွင့်ကို ဂရုစိုက် လုပ်ကိုင်ပုံ။

TED2010

Margaret Gould Stewart: YouTube က မူပိုင်ခွင့်ကို ဂရုစိုက် လုပ်ကိုင်ပုံ။
941,966 views

YouTube ရဲ့ အသုံးပြုသူ အတွေ့အကြုံဆိုင်ရာ ဦးစီးဖြစ်သူ Margaret Gould Stewart ကနေပြီး လူတိုင်း အနိုင်ရတဲ့ တီထွင်ဆန်းသစ်တဲ့ ဂေဟစနစ်တစ်ခု (အကောင်းဆုံး အချိန်တွေမှာ) ပျိုးထောင်ပေးဖို့ နေရာတိုင်းမှာရှိတဲ့ အဲဒီဗီဒီယို ဆိုဒ်က မူပိုင်ခွင့် ကိုင်ဆောင်ထားသူတွေနဲ့ ဖန်တီးသူတွေနဲ့ တွဲလုပ်ကိုင်နေပုံအကြောင်း ဟောပြောထားပါတယ်။

ဂရေဟမ် ဟေး(လ်) (Graham Hill): သီတင်းပတ်ရဲ့ ကြားရက်တွေမှာ သက်သတ်လွတ်သမားဖြစ်ရခြင်းအကြာင်း

TED2010

ဂရေဟမ် ဟေး(လ်) (Graham Hill): သီတင်းပတ်ရဲ့ ကြားရက်တွေမှာ သက်သတ်လွတ်သမားဖြစ်ရခြင်းအကြာင်း
2,651,431 views

သက်သတ်လွတ်သမားဖြစ်ရခြင်းဟာ ပတ်ဝန်းကျင်အတွက်၊ တိရစ္ဆာန်တွေအတွက် ပိုပြီးကောင်းမွန်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေကို ကျွန်တော်တို့သိရှိကြပါတယ်။ ဒါပေမဲ့ အသားစားသုံးတဲ့ ယဉ်ကျေးမှုတစ်ခုမှာ အပြောင်းအလဲလုပ်ဖို့ဆိုတာဟာ အခက်အခဲဖြစ်နိူင်ပါတယ်။ ဂရေဟမ် ဟေး(လ်)မှာတော့ အစွမ်းထက်ပြီး လက်တွေ့ဆန်တဲ့ အကြံပြုချက်တစ်ခုရှိပါတယ်။ ကြားရက်တွေမှာ သက်သတ်လွတ်သမားဖြစ်လိုက်ခြင်းပါပဲ။

Julia Sweeney: ပြောဆိုဆွေးနွေးဖို့ အချိန်တန်ပြီ

TED2010

Julia Sweeney: ပြောဆိုဆွေးနွေးဖို့ အချိန်တန်ပြီ
3,719,405 views

သူမအနေနဲ့ အကောင်းဆုံးအားထုတ်ခဲ့ပေမဲ့လည်း သူရဲ့ ၈ နှစ်သမီးလေးက ဖားတွေရဲ့ မျိုးဆက်ပြန့်ပွားခြင်းအကြောင်းကို စတင်သင်ယူတဲ့အခါမှာတော့၊ အရမ်းကိုပါးနပ်တဲ့ မေးခွန်းတွေကို စမေးလာရာ ဟာသမင်းသမီး Julia Sweeney အား မုသားဖြူကလေးတစ်ခုကို ပြောဖို့ အကြပ်ကိုင်လိုက်သလိုပါပဲ။

Thomas Dolby: အချစ်ဟာ ကျည်ဆံဖြည့်ထားတဲ့ ပစ္စတိုတစ်လက်။

TED2010

Thomas Dolby: အချစ်ဟာ ကျည်ဆံဖြည့်ထားတဲ့ ပစ္စတိုတစ်လက်။
618,579 views

ဆယ်စုနှစ်တွေအတွင်းမှာ ပထဆုံး ထုတ်ခဲ့တဲ့ စတူဒီယို တေးစုအတွက် ဂီတဆိုင်ရာ ဆန်သစ်ဖန်းတီးသူ Thomas Dolby ဟာဆိုရင် ပြန်လည်မွမ်းမံထားတဲ့ အသက်ကယ်လှေတစ်စီးရဲ့ ထူးခြားစွာ စေ့ဆော်မှုပေးတဲ့ အခင်းအကျင်းထဲမှာ တေးဂီတကို သီဖွဲ့နေခဲ့တာပါ။ ဒီမှာတော့ သူကနေပြီး အဲဒီ တေးစုကနေ ခမ်းနားထည်ဝါပြီး စိတ်အာရုံကို နှိုးဆွပေးတဲ့ သီချင်းတစ်ပုဒ်ကို ပွဲဦးထွက် တင်ဆက်ထားပါတယ်၊ အထင်ကရတစ်ယောက်နဲ့ တစ်ညတာအကြာင်းပါ။ သူ့ကို ခေတ်ပေါ် လေးဦးဂီတအဖွဲ့ Ethel ကနေပြီး နောက်ခံ တီးခတ်ပေးထားပါတယ်။

Tom Wujac: မျှော်စင်တစ်ခု တည်ဆောက်ပါ၊ အသင်းတစ်သင်း တည်ဆောက်ပါ။

TED2010

Tom Wujac: မျှော်စင်တစ်ခု တည်ဆောက်ပါ၊ အသင်းတစ်သင်း တည်ဆောက်ပါ။
6,113,394 views

Tom Wujec ကနေပြီး "မုန့်ချို ပြဿနာ"ဆိုတာကို အံ့သြစရာကောင်းလောက်အောင် နက်ရှိုင်းတဲ့ သုတေသနတစ်ခုကို တင်ပြထားပါတယ်။ အီတလီခေါက်ဆွဲခြောက်၊ တိပ်တစ်ကိုက်နဲ့ မုန့်ချိုပါဝင်တဲ့တယ်--ရိုးစင်းတဲ့ အသင်းတည်ဆောက်ခြင်း လေ့ကျင့်ခန်းတစ်ခုပါ။ ဒီပါဝင်တဲ့ အရာတွေနဲ့ အမြင့်ဆုံး မျှော်စင်တည်ဆောက်နိုင်လို့ ရနိုင်လား။ ပြီးတော့ ဘာကြောင့် အံ့အားသင့်စရာကောင်းတဲ့ အုပ်စုက သာမန်အုပ်စုကို အမြဲနိုင်တာလဲ။

Jonathan Klein: ကမ္ဘာကို ပြောင်းပစ်ခဲ့သော ဓာတ်ပုံများ။

TED2010

Jonathan Klein: ကမ္ဘာကို ပြောင်းပစ်ခဲ့သော ဓာတ်ပုံများ။
1,357,336 views

ဓာတ်ပုံတွေဟာ သူတို့ဖန်တီးတဲ့ မှတ်တမ်းတင် သမိုင်းဆိုတာထက်ကို ပိုပါတယ်။ TED University မှာ Getty Images က Jonathan Klein ကနေပြီး အထင်ကရအဖြစ်ဆုံးတွေထဲက တစ်ချို့ကို ပြသကာ မျိုးဆက်တစ်ခုကနေ အကြည့်မလွှဲနိုင်ရလောက်အောင် (သို့) ပြန်ကြည့်ရလောက်အောင်း အစွမ်းရှိတဲ့ ပုံရိပ်တစ်ခုကို မြင်တဲ့အခါ ဖြစ်ပျက်တာအကြောင်းကို ဟောပြောထားပါတယ်။