TED Talks with Burmese transcript

Alanna Shaikh: အယ်လ်ဇိုင်းမားရောဂါ ရရှိဖို့အတွက် ပြင်ဆင်နေပုံ

TEDGlobal 2012

Alanna Shaikh: အယ်လ်ဇိုင်းမားရောဂါ ရရှိဖို့အတွက် ပြင်ဆင်နေပုံ
1,629,194 views

မိဘတစ်ဦး အယ်လ်ဇိုင်းမား ရောဂါခံစားရတာနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ကျွန်တော်တို့ အများစုဟာ "ငါတော့ ဖြစ်လာမှာမဟုတ်ပါဘူး" ဆိုတဲ့ ငြင်းဆိုချက် ဒါမှမဟုတ်လည်း ကာကွယ်ရာမှာ အလွန်အမင်း အားထုတ်မှုတွေနဲ့ တုံ့ပြန်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပညာရှင် နဲ့ TED ဝိုင်းတော်သား Alanna Shaikh ဒီအခိုက်အတန့်အတွက် ကာကွယ်တားဆီးဖို့ကို တိကျတဲ့ အဆင့်၃ဆင့်နဲ့ ဆောင်ရွက်နေပါတယ်။ သူမကိုယ်တိုင် အယ်လ်ဇိုင်းမား ရလာချိန်မယ့် အချိန်အတွက်ပါ။

ပီတာ နော်ဗစ် (Peter Norvig): ကျောင်းသား (၁၀၀၀၀၀)ရှိတဲ့ စာသင်ခန်း

TED2012

ပီတာ နော်ဗစ် (Peter Norvig): ကျောင်းသား (၁၀၀၀၀၀)ရှိတဲ့ စာသင်ခန်း
1,166,568 views

(၂၀၁၁)ခုရဲ့ ဆောင်းဦးမှာ ပီတာ နော်ဗင်းဟာ ဆက်ဘာစတီယန် သရွန်းနဲ့တွဲဖက်ပြီး စတန်းဖို့(ဒ်)မှာ ဉာဏ်ရည်တုအကြောင်းကို သင်ကြားပေဟခဲ့ပါတယ်။ သင်တန်းမှာ တက်ရောက်သူ ကျောင်းသား (၁ရ၅)​ယောက်ရှိပြီး၊ အပြန်အလှန်ဆက်သွယ်လို့ရတဲ့ အင်တာနက်ရုပ်သံထုတ်လုပ်မှုက တစ်ဆင့် သင်ကြားယူသူ အယောက် (၁၀၀,၀၀၀)ခရှိပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာ စာသင်ခန်းတစ်ခုမှာ သင်ကြားခြင်းအကြောင်းကို မျှဝေထားပါတယ်။

Marco Tempest: Nikola Tesla ရဲ့ လျှပ်စစ်အနိမ့်၊ အမြင့်

TED2012

Marco Tempest: Nikola Tesla ရဲ့ လျှပ်စစ်အနိမ့်၊ အမြင့်
1,806,712 views

မြေပုံထိုးပြခြင်းနဲ့ အဖွင့်အပိတ်လုပ်လို့ရတဲ့ အရုပ်ကားချပ် စာအုပ်တို့ကို ပေါင်းစပ်ပြီး Marco Tempest အမြင်မှာ ဖမ်းစားနိုင်တဲ့ "ရှင်သန်ခဲ့ဘူးသူတွေထဲက အကြီးကျယ်ဆုံး ပညာရှင်ကြီးလို့ ခေါ်ကြတဲ့ Nikola Tesla ရဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။ သူ့ရဲ့ထူးထူးကဲကဲ အောင်မြင်တဲ့ ပြန်လှန်လျှပ်စီး တီထွင်မှုကနေ သူရဲ့ တစ်ပြားမှမရှိခဲ့တဲ့ နောက်ဆုံးနေ့တွေအထိပါ။

Sarah Parcak: အာကာသ ဟင်းလင်းပြင်မှ ရှေးဟောင်းသုသေသန။

TED2012

Sarah Parcak: အာကာသ ဟင်းလင်းပြင်မှ ရှေးဟောင်းသုသေသန။
1,129,965 views

တိုတောင်းတဲ့ ဒီဟောပြောချက်မှာ Sarah Pracak ဟာ အတိတ် လူ့ယဉ်ကျေးမှုရဲ့ ပျောက်ဆုံးနေတဲ့ တည်နေရာတွေအတွက် သဲလွန်စတွေကို ရှာဖွေဖို့အတွက် ဂြိုဟ်တုမှရိုက်ယူထားတဲ့ ပုံတွေကို အသုံးပြုကာ "အာကာသဆိုင်ရာ ရှေးဟောင်းသုသေသန" နယ်ပယ်ကို မိတ်ဆက်ပေးထားပါတယ်။

တယ်ရီမောရ် : X ကဘာလို့မသိကိန်းဖြစ်တာလဲ

TED2012

တယ်ရီမောရ် : X ကဘာလို့မသိကိန်းဖြစ်တာလဲ
3,872,013 views

X သည်အဘယ်ကြောင့်မသိသောအရာတစ်ခုခု၏သင်္ကေတဖြစ်ရသနည်း။ ဤတိုတောင်း၍ဟာသမြောက်သောဟောပြောပွဲတွင် တယ်ရီမောရ်က ထင်မှတ်မထားသောအဖြေကိုပြောပြခဲ့ပါသည်။

Quixotic Fusion: အလင်းတန်းနှင့်အတူ ကခုန်ခြင်း။

TED2012

Quixotic Fusion: အလင်းတန်းနှင့်အတူ ကခုန်ခြင်း။
1,599,803 views

Quixotic Fusion ဆိုတာက လေထဲဝဲပျံနေတဲ့ ကျွမ်းဘာအလှ၊ အက၊ ပြဇာတ်၊ ရုပ်ရှင်၊ ဂီတနဲ့ စက္ခုပဿာဒတွေကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အကအဖွဲ့ပါ။ TED2012 မှာ သူတို့တွေ ပျော်ရွှင်မြူးတူးစရာကောင်းတဲ့ ကကွက် ၃ ကွက်ကို ဖျော်ဖြေနေခိုက် ကာလကို ကြည့်ရှုလိုက်ပါ။

ဟန်း ရိုးစလင်း: ကိုးကွယ်မှုများနှင့် ကလေးများ

TEDxSummit

ဟန်း ရိုးစလင်း: ကိုးကွယ်မှုများနှင့် ကလေးများ
2,912,376 views

ဟန်း ရိုးစလင်းမှာ မေးခွန်းတစ်ခုရှိတယ်။ တစ်ချို့သော ကိုးကွယ်ယုံကြည်မှုတွေက အခြားသောကိုးကွယ်ယုံကြည်မှုတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ကလေးမွေးနှုန်းမှာကွားခြားမှုရှိနေသလား၊ ဒီသက်ရောက်မှုဟာ ကမ္ဘာ့လူဦးရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ၊ ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာကျင်းပတဲ့ TEDxSummit မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာက ကိန်းဂဏန်းအချက်အလက်တွေကို ဂရပ်ပုံတွေနဲ့ရှင်းပြပါတယ်။ ဟန်းရဲ့ ကိုယ်ပိုင်ဟာသဉာဏ်ရယ် စူးနက်တဲ့အသိတွေကနေ ကမ္ဘာ့ကလေးမွေးနှုန်းတွေအပေါ် သုံးသတ်တင်ပြပြီး အံ့သြဖွယ်ကောက်ချက်ကို ဆွဲပြသွားခဲ့ပါတယ်။

Renny Gleeson: 404၊ ရှာမတွေ့တဲ့ စာမျက်နှာရဲ့ ဇာတ်လမ်း။

TED2012

Renny Gleeson: 404၊ ရှာမတွေ့တဲ့ စာမျက်နှာရဲ့ ဇာတ်လမ်း။
1,796,301 views

အိုး ဘယ်သူမှ 404၊ စာမျက်နှာ မတွေ့နိုင်ခဲ့ပါ ဆိုတာကို မမြင်ချင်ဘူးလေ။ ဒါပေမဲ့ Renny Gleeson က ဆန်းသစ်ပြီး ရယ်စရာကောင်းလှတဲ့ 404 စာမျက်နှာတွေရဲ့ ဓာတ်ပုံ ဆလိုက် ကလေးတွေကို တက်သုတ်ရိုက်သွားရင်း အမှားတိုင်းဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ အခွင့်အလမ်းတစ်ခုပါဆိုတာ ကျွန်တော်တို့ကို ပြသလိုက်တာပါ။

Tavi Gevinson: ရှာကြံတွက်ကြည့်ဖို ကြိုးပမ်းနေတဲ့ ဆယ်ကျော်သက်တစ်ယောက်။

TEDxTeen

Tavi Gevinson: ရှာကြံတွက်ကြည့်ဖို ကြိုးပမ်းနေတဲ့ ဆယ်ကျော်သက်တစ်ယောက်။
1,768,602 views

တစ်ဆယ့်ငါးနှစ်သမီး Tavi Gevinson မှာ ထက်မြက်တဲ့ ဆယ်ကျော်သက် စံနမူနာထားထိုက်သူ အမျိုးသမီးကို ရှာဖွေဖို့ ခက်ခဲ့တဲ့ ကာလတစ်ခုရှိခဲ့ပါတယ်။ ဒီလိုနဲ့ အချင်းချင်း ရှာဖွေတွေ့ရှိနိုင်တဲ့ နေရာတစ်ခု တည်ဆောက်လိုက်ပါတယ်။ TEDxTeen မှာ သူမရဲ့ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအတွက်နဲ့ သူတို့တွေ ဖန်တီးထားတဲ့ ဝက်ဘ် မဂ္ဂဇင်း၊ Rookie လို ဆိုက်တွေပေါ်က စကားပြောဆိုခြင်းတွေဟာ ခေတ်ပေါ် အမျိုးသမီးဝါဒ အပေါ်ကို အားတုံ့အားနာမဖြစ်တဲ့ မရေရာမှုနဲ့ အဆန်းတကြယ် ရှုပ်ထွေးလှတဲ့ မျက်နှာအသစ်ကို တင်ပေးနေခြင်းကို သာဓကပြုထားပါတယ်။

Nancy Lublin: အသက်တွေကို ကယ်တင်ပေးတဲ့ စာတိုသတင်းမှုများ။

TED2012

Nancy Lublin: အသက်တွေကို ကယ်တင်ပေးတဲ့ စာတိုသတင်းမှုများ။
1,085,627 views

Nancy Lublin ဟာ သူမရဲ့ လူမှုရေး အကျိုးဆောင်အဖွဲ့နဲ့အတူ ဆယ်ကျော်သက်တွေကို ကူညီပေးဖို့ စာတိုများပို့ခြင်းကို စတင်ခဲ့တော့ သူမတွေ့လိုက်ရတာက အလန့်တကြားဖြစ်စရာပါ။ အနိုင်ကျင့်ခံရခြင်းကနေ စိတ်ဓာတ်ကျခြင်း ပြီးတော့ အလွဲသုံးစားပြုခံရခြင်းထိ သူတို့ရဲ့ပြဿနာတွေကို ပြန်ပြီး စာတိုတွေ ရိုက်ပို့ကြတယ်။ ဒီတော့ သူမဟာ စာတိုသက်သက် အရေးပေါ်လိုင်းတစ်ခုကို တည်ထောင်လိုက်တော့ ရလဒ်တွေဟာ သူမ မျှော်လင့်ထားတာထက်ကို ပိုပြီးတောင်မှ အရေးပါကောင်းပါနိုင်မှာပါ။

ဂျွန် ဘာ့ဂ်မန်: အက်တမ်တစ်လုံး ဘယ်လောက်ထိအောင်သေးလဲ

TED-Ed

ဂျွန် ဘာ့ဂ်မန်: အက်တမ်တစ်လုံး ဘယ်လောက်ထိအောင်သေးလဲ
5,793,993 views

အက်တမ်တစ်လုံး ဘယ်လောက်ထိအောင်သေးလဲ။ အက်တမ်ထဲမှာ ဘာရှိလဲ။ သိပြီးသားပါဆိုသူတွေတောင် အံအားသင့်လောက်အောင် အဖြေတွေက ပြောင်းလဲစေမယ်။ ဒီ ရုပ်သံလှုပ်ရှားမှုလေးက ကျွန်ုပ်တို. လောကကိုတည်ဆောက်ထားသော အခြေခံ အစိတ်အပိုင်းတွေရဲ့အတွင်းသဘောကို အံ့အားသင့်ဖွယ် တင်စားဖော်ဆောင်ပြမှာပါ (ဘော်လုံးကွင်း အရွယ် ဘလူးဘယ်ရီ တစ်လုံး ကို စိတ်ကူးမယ်) ပို့ချသူ ဂျွန်နသန် ဘာ့ဂ်မန် လှုပ်ရှားမှုပုံရိပ် Cognitive မီဒီယာ

Michael Norton: ပျော်ရွှင်မှုကို ဝယ်ယူနည်း။

TEDxCambridge

Michael Norton: ပျော်ရွှင်မှုကို ဝယ်ယူနည်း။
4,136,439 views

TEDxCambridge မှာ Michael Norton ကနေပြီး ပိုက်ဆံက တကယ်တော့ ပျော်ရွှင်မှုကို ဘယ်ပုံဘယ်နည်း ဝယ်နိုင်တဲ့အကြောင်း ....(ကိုယ့်ကိုယ်အတွက် သုံးတာ မဟုတ်ရင်ပေါ့ ) စိတ်ဝင်စားစရာ သုသေသနပြုချက်ကို မျှဝေထားပါတယ်။ သင်နဲ့ သင့်အလုပ်၊ နောက်ပြီး( တကယ်တော့) အခြားသူတွေကိုပါ အကျိုးရှိစေနိုင်တဲ့ လူမှုရေး အတွက်အသုံးပြုခြင်းကို ထောက်ခံအားပေးတဲ့ နည်းလမ်းများစွာအပေါ် အခြေခံထားတဲ့ အံ့ဩစရာကောင်းတဲ​့ အချက်အလက်တွေကို နားစွင့်လိုက်ပါဦး။

လူစီ မက္ကရေး (Lucy McRae): နည်းပညာက လူသားရဲ့ ကိုယ်ခန္ဓာကို ဘယ်လိုများ ပြောင်းလဲပေးနိင်သလဲ။

TED2012

လူစီ မက္ကရေး (Lucy McRae): နည်းပညာက လူသားရဲ့ ကိုယ်ခန္ဓာကို ဘယ်လိုများ ပြောင်းလဲပေးနိင်သလဲ။
1,650,288 views

TED ဝိုင်းတော်သား လူစီ မက္ကရေးဟာ ကိုယ်ခန္ဓာဆိုင်ရာ ဗိသုကာတစ်ယောက်ပဲ ဆိုပါတော့။ သူမဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းမှာ ဇီဝဗေဒနဲ့ နည်းပညာကိုပေါင်းစပ်ဖို့ နည်းလမ်းတွေကို ကြံဆပါတယ်။ သူမရဲ့ အမြင်ပိုင်းဆိုင်ရာ အသက်ရှုမှားလောက်တဲ့ ဟောပြောချက်ထဲမှာ သူမရဲ့လက်ရာဖြစ်တဲ့ ရော့ဘင်လို့ခေါ်တဲ့ ပေါ့(ပ်)ဂီတကြယ်ပွင့်ပါဝင်တဲ့ ဂီတရုပ်ရှင်အတွက် ခန္ဓာကိုယ်ရဲ့အတွင်းလက်တွေကနေ သူမပြန်လည်ဖန်တီးထားတဲ့ အဝတ်အစားတွေကအစ၊ မျိုချလိုက်တဲ့အခါ သင့်ကို ရေမွေးနဲ့သင်းတဲ့ ချွေးထွက်ခြင်းကိုဖြစ်စေတဲ့ ဆေးလုံးတစ်လုံးအထိ....ပါဝင်ပြသထားပါတယ်။

Daniel Schnitzer: တီထွင်ခြင်းက လွယ်ကူတဲ့ အစိတ်အပိုင်းပါ၊ စျေးကွက်ဖောက်တာက အလုပ်ဖြစ်ဖို့လိုတာပါ။

TEDxPittsburgh

Daniel Schnitzer: တီထွင်ခြင်းက လွယ်ကူတဲ့ အစိတ်အပိုင်းပါ၊ စျေးကွက်ဖောက်တာက အလုပ်ဖြစ်ဖို့လိုတာပါ။
346,705 views

နေရောင်ခြည် စွမ်းအင်သုံး LED မီးလုံးတွေဟာ ကျေးလက်က ဟေတီနိုင်ငံသားတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုပေမဲ့ Daniel Schnitzer မြင်တာက သူတို့ချည်းသက်သက်တော့ မရောင်းရပါဘူးတဲ့။ TEDxPittsburgh မှာ ဖွံ့ဖြိုးဆဲ ကမ္ဘာအတွက် ကျန်းမာရေးနဲ့ စွမ်းအင် ထုတ်ကုန်တွေဟာ ဘယ်လိုပင် ခေတ်မီနေနေ စျေးကွက် အလုပ်မဖြစ်ရင်လည်း မသုံးမဝင်ဘူးဆိုတာကို ပြသထားပါတယ်။

Ayah Bdeir: မှိတ်ချည်၊ လင်းချည်၊ တတီတီနဲ့ သင်ကြားပေးတဲ့ ဆောက်လုပ်ရေး အုတ်ချပ်များ။

TED2012

Ayah Bdeir: မှိတ်ချည်၊ လင်းချည်၊ တတီတီနဲ့ သင်ကြားပေးတဲ့ ဆောက်လုပ်ရေး အုတ်ချပ်များ။
1,272,560 views

အီလက်ထရွန်းနစ် တစ်စုံဟာ Legos တုံးတွေလို ကစားဖို့လွယ်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ TED ဝိုင်းတော်သား Ayah Bdeir က အတုံးတွေကို ဆတ်ကနဲ့ အတူတူဆွဲယူလိုက်စဉ် ဖန်တီးနိုင်မှုရဲ့ ရိုးစင်းပြီး အရေးပါတဲ့အပိုင်းတစ်ခုကို ပရိုဂရမ်လုပ်ပေးတဲ့ littleBits ဆိုတဲ့ ရိုးစင်းပြီး နေရာချင်းလဲလှယ်နိုင်တဲ့ အတုံးတွေကို မိတ်ဆက်ပေးထားပါတယ်။

တေလာ ဝင်လ်ဆန်: ကျွန်တော် အဏုမြူ ပေါင်းစပ်ဓာတ်ပြုစက် ဆောက်ခဲ့ပါတယ် ဆိုတာအမှန်ပါပဲ

TED2012

တေလာ ဝင်လ်ဆန်: ကျွန်တော် အဏုမြူ ပေါင်းစပ်ဓာတ်ပြုစက် ဆောက်ခဲ့ပါတယ် ဆိုတာအမှန်ပါပဲ
3,637,296 views

တေလာ ဝင်လ်ဆန် က အနာဂတ် စွမ်းအင်လိုအပ်ချက်အတွက် အဏုမြူပေါင်းစပ်ခြင်းမှာအဖြေဟု ယုံကြည်ပြီး ကလေးများက ကမ္ဘာကြီးကို ပြောင်းလဲနိုင်မည်ဟုလည်း ယုံကြည်ပေသည်။ ဤနှစ်ချက်နှင့် ပတ်သက်ပြီး သိရှိထားသည့် အရာရှိလေသည်။ ၎င်း အသက် ၁၄ အရွယ်တွင် မိဘများ၏ ကားဂိုဒေါင်တွင် အဏုမြူပေါင်းစပ်ဓာတ်ပြုစက် တစ်ခုကို တည်ဆောက်ခဲ့သည်။ ယခုအသက် ၁၇ အရွယ်တွင် TED စင်မြင့်ထက်မှနေ၍ ၎င်း၏ ဘဝဇာတ်လမ်းကို အတိုချုံး ပြောပြသွားသည်။

Improv Everywhere: TED ဟောပြောသူရဲ့ အဆိုးဆုံး အိပ်မက်ဆိုး။

TED2012

Improv Everywhere: TED ဟောပြောသူရဲ့ အဆိုးဆုံး အိပ်မက်ဆိုး။
3,347,194 views

Colin Robertson မှာ သူရဲ့ နေရောင်ခြည်စွမ်းအားသုံး လူတွေအများက ပံ့ပိုးပေးခဲ့ကြတဲ့ ကျန်းမာရေးစောင့်ရှောက်ရေး နည်းလမ်းအကြောင်းကို ကမ္ဘာအား ပြောပြဖို့ မြင့်ပေါ်မှာ ၃ မိနစ်စင် အချိန်ရှိပါတယ်။ ဒီနောက်မှာတော့.......။

Susan Cain: တသီးတသန့်နေတတ်သူများ၏ အစွမ်း။

TED2012

Susan Cain: တသီးတသန့်နေတတ်သူများ၏ အစွမ်း။
25,516,646 views

လူမှုရေးနဲ့ ဖော်ရွေတတ်ခြင်းတို့ကိုပဲ အထူးအရေးထားတဲ့ခေတ်မှာ တသီးတသန့်နေတတ်သူ တစ်ယောက်အနေနဲ့ ခက်ခဲပြီး ရှက်စရာတောင် ဖြစ်နေမှာပဲ။ ဒါပေမဲ့ တသီးတသန့်နေတတ်သူ တွေလည်း အံ့မခန်းတဲ့ ပင်ကိုစွမ်းရည် နဲ့ အရည်အချင်းတွေ ရှိကြတဲ့အတွက် သူတို့ကို အားပေးချီးမြှောက်သင့်ကြောင်း Susan Cain က သူမရဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကိုဖော်ပြတဲ့ ဒီဟောပြောချက်မှာ ဆွေးနွေးခဲ့ပါတယ်။

Jenna McCarthy:: အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သင် မသိတာလေးတွေ။

TEDxAmericanRiviera

Jenna McCarthy:: အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သင် မသိတာလေးတွေ။
6,109,514 views

ရယ်မောစရာကောင်းပြီး၊ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဒီ TEDx ဟောပြောချက်မှာ စာရေးဆရာမ Jenna McCarthy ကနေပြီး အိမ်ထောင်တွေ (အထူးသဖြင့် ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တွေ)ဟာ ဘယ်လို လုပ်ဆောင်ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ သုသေသနပြူမှုကို မျှဝေထားပါတယ်။ အကြံပေးချက် - အကောင်းဆုံး မင်းသမီး သရုပ်ဆောင်အတွက် Oscar ဆုရဖို့တော့ မကြိုးစားလိုက်နဲ့နော်)။

Drew Dudley: နေ့စဉ် ခေါင်းဆောင်မှု

TEDxToronto 2010

Drew Dudley: နေ့စဉ် ခေါင်းဆောင်မှု
4,575,243 views

ကျွန်ုပ်တို့အားလုံးဟာ တစ်ယောက်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့ကြပါတယ်... များသောအားဖြင့်တော့ ဒါကို သိတောင်မှ မသိလိုက်ကြပါဘူး။ ဒီရွှင်မြူးစရာကောင်းတဲ့ ဟောပြောချက်မှာ Drew Dudley ကနေပြီး ခေါင်းဆောင်မှုဆိုတာကို တစ်ယောက်ရဲ့ ဘဝကို တစ်ယောက်က တိုးတက်မြင့်မားစေခြင်းရဲ့ နေ့စဉ်လုပ်ဆောင်ချက်အဖြစ် အောင်ပွဲခံကြဖို့ တိုက်တွန်းထားပါတယ်။

Shawn Achor: ပိုကောင်းတဲ့အလုပ်အတွက် ပျော်ရွှင်ဖွယ် လျှို့ဝှက်ချက်။

TEDxBloomington

Shawn Achor: ပိုကောင်းတဲ့အလုပ်အတွက် ပျော်ရွှင်ဖွယ် လျှို့ဝှက်ချက်။
21,573,773 views

ပျော်ရွှင်ဖို့အတွက် အလုပ်လုပ်သင့်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်၊ ဒါပေမဲ့ အဲဒါက ပြောင်းပြန်ရော ဖြစ်နိုင်လား။ ဒီသွက်လက်ပြီး ဖျော်ဖြေမှုပေးတဲ့ ဟောပြာချက်မှာ TEDxBloomington မှ စိတ်ပညာရှင် Shawn Achor ကနေပြီး တကယ်တမ်းကျတော့ ပျော်ရွှင်မှုဟာ ထုတ်လုပ်နိုင်မှုကို စေ့ဆော်ပေးတယ်လို့ ဆွေးနွေးငြင်းခုံထားပါတယ်။

Julian Baggini: ကျွန်တော်ဆိုတာ တကယ်ရှိရဲ့လား?

TEDxYouth@Manchester

Julian Baggini: ကျွန်တော်ဆိုတာ တကယ်ရှိရဲ့လား?
1,394,856 views

ကျွန်တော်တို့ကို ကျွန်တော်တို့ အဖြစ် လုပ်ပေးတာက ဘာများပါလိမ့်? အဲဒါက ကျွန်တော်တို့က ကိုယ့်အကြောင်းကို စဉ်းစားပုံလား၊ တခြားသူတွေ ဒါမှမဟုတ် လုံးဝကို မဆိုင်တဲ့ လူတွေက စဉ်းစားကြပုံများလား? ဒီဟောပြောချက်ထဲမှာ၊ Julian Baggini ဟာ အံ့အားသင့်စရာ အဖြေကို ပေးဖို့ ဒဿနိကပညာ နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရဲ့ အကူအညီကို ရယူ တင်ပြထားပါတယ်။ (TEDxYouth@Manchester မှာ ရိုက်ကူးခဲ့ပါတယ်။)

Morley: "မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ"

TEDxWomen 2011

Morley: "မျှော်လင့်ချက်ရဲ့ မိန်းမသားတွေ"
363,375 views

(ဒေါ်)အောင်ဆန်းစုကြည်ရဲ့ တက်ကြွတဲ့ လုပ်ဆောင်မှုအတွက် နှိုးဆော်ချက် "သင်ဟာ အကူအညီမဲ့နေတယ်လို့ ခံစားရရင် တစ်စုံတစ်ယောက်ကို ကူညီလိုက်ပါ။" ကြောင့် အားတက်လာခဲ့တဲ့ Morley ဟာ ဒီသီချင်းကို ရေးစပ်ခဲ့ပါတယ်။ သူမဟာ ဒီသီချင်းကို သူမရဲ့ ခန့်ညား ထည်ဝါပြီး နွေးထွေးမှုရှိတဲ့ အသံနဲ့ TEDxWomen မှာ သီဆိုဖျော်ဖြေထားပါတယ်။

ဘ၀ရဲ့ တတိယ ဇာတ်ဝင်ခန်း

TEDxWomen 2011

ဘ၀ရဲ့ တတိယ ဇာတ်ဝင်ခန်း
2,712,903 views

ယခု မျိုးဆက်အတွင်းမှာ ကျွန်ုပ်တို့ရဲ့ ပျမ်းမျှသက်တမ်းထဲကို နောက်ထပ် အနှစ်(၃၀) ပေါင်းပေးနိူင်ခဲ့ပါပြီ။ ဒီနှစ်တွေဆိုတာဟာ မှတ်တမ်းတင်စရာ အချက်တစ်ချက်ပဲ ဒါမှမဟုတ် ဖောက်ပြန်နေတဲ့ မူမမှန်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒီပြောဆို ဆွေးနွေးမှုမှာ ဂျိန်း(န်) ဖွန်ဒါက ကျွန်တော်တို့ ဘဝတွေရဲ့ ဒီပြောင်းလဲတိုးတက်မှု အသစ်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့တွေ ဘယ်လို စဉ်းစားမိကြသလဲဆိုတာကို မေးမြန်းထားပါတယ်။ (TEDxWomen တွင်ရိုက်ကူးထားပါသည်။)

Sarah Kay: ဘယ်နှစ်ဘဝ သင်နေနိုင်သလဲ။

TEDxEast

Sarah Kay: ဘယ်နှစ်ဘဝ သင်နေနိုင်သလဲ။
1,362,376 views

နှုတ်ပြော ကဗျာဆရာမ Sarah Kay ဟာ သူဟာ တစ်သက်တာမှာ မင်းသမီးတစ်ပါး၊ ဘဲလေးကချေသည်နဲ့ အာကာသယဉ်မှူးတစ်ဦး မဖြစ်နိုင်ဘူးဆိုတာ သိရတော့ ရင်သပ် ရှုမောဖြစ်ခဲ့ရပါတယ်။ ဒီဟောပြောချက်မှာ အခြားသူတွေရဲ့ဘဝတွေမှာ ကျွန်ုပ်တို့ ရှင်သန်နေထိုင်နည်းကို ပြသတဲ့ စွမ်းအားပြည့်လှတဲ့ ကဗျာနှစ်ပုဒ်ကို ဟောပြောခဲ့ပါတယ်။

Damon Horowitz: အကျဉ်းထောင်ထဲက ဒဿန

TED2011

Damon Horowitz: အကျဉ်းထောင်ထဲက ဒဿန
1,417,089 views

Damon Horowitz ဟာ Prison University Project ကနေတစ်ဆင့် ဒဿနဘာသာရပ်ကိုသင်ကြားပေးနေသူဖြစ်ပြီး San Quentin State Prison က အကျဉ်းသားတွေကို ကောလိပ်အဆင့်ပညာရေးကိုဆောင်ကြဉ်းပေးလျှက်ရှိပါတယ်။ ဒီအားကောင်းလှတဲ့ ဟောပြောချက်အတိုလေးမှာ အလျှင်အမြန် ကိုယ်တွေ့သိလာရတဲ့ အမှားနဲ့အမှန်နဲ့စက်လျဉ်းတဲ့ ပက်ပင်းကြုံတွေ့ရမှု ဇာတ်လမ်းကို ပြောပြထားပါတယ်။

အေမီပါဒီ: အကန့်အသတ်များကို လွန်မြောက်နေထိုင်ခြင်း

TEDxOrangeCoast

အေမီပါဒီ: အကန့်အသတ်များကို လွန်မြောက်နေထိုင်ခြင်း
2,027,535 views

အေမီပါဒီ သည်အသက် ၁၉ အရွယ်တွင် ဒူးအောက်ပိုင်းမှခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည်။ ယခုအချိန်တွင်တော့ ပရော်ဖက်ရှင်နယ် နှင်းလေျှာစီးသူတစ်ဦးဖြစ်ပါသည်။ ဤခွန်အားရှိလှသော တင်ပြချက်တွင် ဘဝ၏ အတားအဆီးများမှ စိတ်ဓာတ်ခွန်အားကို မည်သို့ရယူမည်ကို ပြောပြထားသည်။

Britta Riley: ကျွန်မတိုက်ခန်းထဲက ဥယျာဉ်။

TEDxManhattan

Britta Riley: ကျွန်မတိုက်ခန်းထဲက ဥယျာဉ်။
2,448,701 views

Britta Riley ဟာ သူမရဲ့ကိုယ်ပိုင် အခန်းငယ်လေးထဲမှာ သူမကိုယ်ပိုင် အစားအစာကို စိုက်ပျိုးချင်ခဲ့သူပါ။ ဒါနဲ့ပဲ သူမသူငယ်ချင်းတွေနဲ့အတူ စွန့်ပစ်ထားတဲ့ ပလပ်စတစ်ပုလင်းတွေထဲမှာ အပင်ငယ်တွေ စိုက်ပျိုးဖို့အတွက် စနစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ သုတေသနပြုရင်း၊ စနစ်ကို လူမှုရေးမီဒီယာတွေသုံးပြီး စမ်းသပ်ရင်း လှည့်ကာ၊ ညှိကာနဲ့ အမျိုးကွဲများစွာကို စမ်းကြည့်ရင်းနဲ့ တမဟုတ်ချင်းမှာပဲ အဆင်ပြေဆုံး စနစ်တစ်ခုရောက်ရှိလာခဲ့တယ်။ ဒါကို ဝေငှထားတဲ့ DIY (ကိုယ်တိုင်လုပ်) လို့ခေါ်ပါတယ်။ အကျိုးရလဒ်လား၊ အရသာရှိတာပေါ့။

Louie Schwartzberg: သဘာဝတရား၊ အလှအပ၊ ကျေးဇူးတရား။

TEDxSF

Louie Schwartzberg: သဘာဝတရား၊ အလှအပ၊ ကျေးဇူးတရား။
4,198,109 views

သဘာဝတရားရဲ့ အလှပအပဆိုတာဟာ တဒဂင်္ပဲဖြစ်နိုင်တယ်ဆိုပေမဲ့ Louie Schwartzber မှန်ဘီလူးတွေ ကနေတစ်ဆင့်ဆိုရင်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် အချိန်ကာလ ဆိုင်းငံ့ထားတဲ့ ဓာတ်ပုံပညာကို Benedictine ဘုန်းတော်ကြီး Brother David Steindl-Rast ဆီက ခွန်အားရှိလှတဲ့ စကားလုံးတွေနဲ့ တွဲဖက်ရွတ်ဆိုထားပြီး နေ့စဉ်တိုင်းအတွက် ကျေးဇူးတင်ရှိခြင်းအပေါ် ကမ္မဋ္ဌာန်းပွားများမှု တစ်ခုအနေနဲ့ အသုံးတော်ခံထားပါတယ်။ (TEDxSF တွင် ရိုက်ကူးသည်။

Joe Sabia: ပုံပြောခြင်း နည်းပညာ။

Full Spectrum Auditions

Joe Sabia: ပုံပြောခြင်း နည်းပညာ။
1,352,099 views

iPad ပုံပြောသူ Joe Sabia က ကျွန်တော်တို့ကို Lothar Meggendorfer နဲ့ မိတ်ဆက်ပေးထားပါတယ်။ သူကတော့ ပုံပြောခြင်းအတွက် ရဲဝံ့တဲ့ နည်းပညာတစ်ရပ်ကို ဖန်တီးခဲ့သူပါ။ Sabia က နည်းပညာသစ်တွေက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ပုံပြင်တွေကို ပြောဖို့ရာမှာ အမြဲတမ်းကူညီခဲ့ပုံကို တင်ပြထားပါတယ်။ ဂူနံရံတွေကနေ စင်မြင့်ပါ်က သူ့ကိုယ်ပိုင် iPad အထိပါ။