TED Talks with Burmese transcript

Tal Danino: ဘက်တီးရီးယားကို ကင်ဆာရောဂါကိုရှာဖွေဖို့ စီမံညွှန်ကြားခြင်း ( ကုသကောင်းကုသနိူင်ပါမယ်။)

TED2015

Tal Danino: ဘက်တီးရီးယားကို ကင်ဆာရောဂါကိုရှာဖွေဖို့ စီမံညွှန်ကြားခြင်း ( ကုသကောင်းကုသနိူင်ပါမယ်။)
1,329,748 views

အသည်းကင်ဆာဟာ ရှာဖွေတွေ့ရှိဖို့ခက်ခဲ့တဲ့ ကင်ဆာတွေအနက်ကတစ်ခုပါ။ဒါပေမဲ့ ဖန်တီးခြင်းဆိုင်ရာ ဇီဝဗေဒပညာရှင် Tal Danino မှာတော့ လက်ဝဲဘက် စမ်းသပ်မှု အတွေးတစ်ခုရှိခဲ့ပါတယ်။ အသည်းအသားပိုတွေကိုရှာဖွေဖို့ စီစဉ်ညွှန်ကြားထားတဲ့ စားသုံးနိုင်တဲ့ ဘက်တီးရီးယား အထောက်အပံ့ကို ဖန်တီးလိုက်မယ်ဆိုရင်ကော။ သူ့ရဲ့ထိုးထွင်းသိမြင်စွမ်းက ဘက်တီးရီးယားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စတင်ပြီးသိခါစတစ်ခုကို အကျိုးရှိရှိအသုံးချလိုက်တာပါ။ quorum sensing ရဲ့ စွမ်းအား၊ ဒါမှမဟုတ် အရေးပါတဲ့ အစုအဝေးအဆင့်ကိုရောက်တာနဲ့ တစ်ခုခုကို စုစည်းလုပ်ဆောင်ခြင်းပါ။ TED ဝိုင်းတော်သား Daninoက သီးသန့်အုပ်စု အာရုံခံခြင်း လုပ်ဆောင်ပုံတွေအကြောင်းကိုရှင်းပြပါတယ်၊ပြီးတော့ ပြောင်မြောက်လှတဲ့ ဘက်တီးရီးယားတွေရဲ့ စုစည်းလုပ်ဆောင်မှုဟာ တစ်နေ့ ကင်ဆာကုသမှုမှာ ဘယ်လိုပြောင်းလဲနိူင်မလဲဆိုတာရောပေါ့။

Greg Gage: အခြားတစ်ယောက်ရဲ့ လက်မောင်းကို သင့်ဦးနှောက်ကနေ ထိန်းချုပ်ပုံ

TED2015

Greg Gage: အခြားတစ်ယောက်ရဲ့ လက်မောင်းကို သင့်ဦးနှောက်ကနေ ထိန်းချုပ်ပုံ
9,669,307 views

Greg Gage ဟာ ဦးနှောက်ဆိုငိရာ သိပ္ပံပညာကို အားလုံးနားလည်စေရေးအတွက် အထူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ဒီပျော်ရွှင်စရာကောင်းပြီး ကြက်သီးထစရာဆန်ဆန် ဟောပြောချက်ထဲက သရုပ်ပြကွက်ထဲမှာ ဦးနှောက်နဲ့ အာရုံကြောပညာရှင် TED ရဲ့ ဝါရင့်ဝိုင်းတော်သားကြီးဟာ အဖွဲ့ဝင်ပရိတ်သတ်တစ်ယောက်ရဲ့ စိတ်သဘောအရှိကို ထုတ်ယူဖို့အတွက်ကို ရိုးစင်းပြီး စျေးမကြီးတဲ့ DIY အစိတ်အပိုင်း တစ်စုံကို သုံးပါတယ်။ ဒါဟာ အပျင်းပြေ ကစားတဲ့ လှည့်ကွက် တစ်ခုမဟုတ်ပါဘူး။ တကယ်ကို အလုပ်ဖြစ်ပါတယ်။ ယုံကြည်ဖို့ဆိုတာကတော့ ကြည့်ကြည့်ဖို့တော့ လိုတာပေါ့။

Nick Bostrom: ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?

TED2015

Nick Bostrom: ကျွန်တော်တို့ ကွန်ပျူတာတွေ ကျွန်တော်တို့ထက်ကို စမတ်ကျလာရင် ဘယ်လို ဖြစ်လာမလဲ?
4,632,705 views

လက်လုပ် အသိဉာဏ်ဟာ ခုန်ပျံတိုးတက်လာနေပါတယ်။ ဒီရာစုနှစ်ထဲမှာကိုပဲ ကွန်ပျူတာ AI (Artificial intelligence) ဟာ ကျွန်တော့်တို့လို စမတ်ဖြစ်လာမယ်လို့ ပါရဂူများက ယူဆကြပါတယ်။ အဲဒီနောက်မှာ ၎င်းက ကျွန်တော်တို့ထက်ကို သာလွန်သွားမယ်လို့ Nick Bostrom ကဆိုပါတယ်။ "စက်ဦးနှောက်ဟာဖြင့် လူသားက ပြုလုပ်လိုက်တဲ့ နောက်ဆုံး တီထွင်မှုပဲ ဖြစ်မယ်" လို့ သူကဆိုပါတယ်။ ဒဿနိက ပညာရှင် နှင့် နည်းပညာရျင် တဦဖြစ်တဲ့ Bostrom က ကျွန်တော်တို့ ဒီနေ့ ဆောက်လုပ်နေကြတဲ့ စက်တွေက မောင်းနှင်နေတဲ့ ကမ္ဘာ့အကြောင်းကို အသေအချာ စဉ်းစားကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ကျတဲ့ စက်တွေက လူသား နှင့် ကျွန်တော်တို့ တန်ဖိုးထားတဲ့ အချက်တွေကို ထိန်းသိမ်းနိုင်အောင် ကူပေးကြမလား၊ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် တန်ဖိုးတွေ ရှိလာကြမှာလား- စဉ်းစားရမယ့် မေးခွန်းပါပဲ။

Bill T. Jones: ကချေသည်ရယ်၊ အဆိုတော်ရယ်၊ တယောသမားရယ်.....ပြီးတော့ ဆန်းသစ်ကြည်နူးဖွယ် တဒင်္ဂ

TED2015

Bill T. Jones: ကချေသည်ရယ်၊ အဆိုတော်ရယ်၊ တယောသမားရယ်.....ပြီးတော့ ဆန်းသစ်ကြည်နူးဖွယ် တဒင်္ဂ
1,398,659 views

အံ့အားသင့်ဖွယ် အကဗေဒပညာရှင်Bill T. Jones နဲ့ TED ရဲ့ဝိုင်းတော်သားတွေဖြစ်တဲ့ Joshua Roman နဲ့ Somi တို့ဟာ TED2015 မှာ စင်ပေါ်ကိုတက်တော့ ဘာဖြစ်မယ်မှန်းကို အတိအကျမသိခဲ့ပါဘူး။ သူတို့ဟာ ဇာတ်ကြောင်းထဲက ဆန်းသစ်တီထွင်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတစ်ခုကို ပရိတ်သတ်ကို မျက်မြင်တွေ့ကြုံဖို့ အခွင့်အလမ်းတစ်ရပ်ကို ပေးချင်တယ်ဆိုတာပဲ သိခဲ့ကြတာပါ။ ရလဒ်ကတော့ သူတို့အခေါ် "စက်ဝန်းနီနဲ့ ခန်းဆီးပြာ"ဆိုတဲ့ လက်တန်း တင်ဆက်မှုလေးဟာ မျှဝေပေးလို့ရလောက်အောင် အံ့မခန်းဖြစ်ခဲ့ရပါတယ်။

Clint Smith: အမေရိကမှာ လူမည်းသားတစ်ယောက် ဘယ်လို ပြုစုပျိုးထာင်မလဲ။

TED2015

Clint Smith: အမေရိကမှာ လူမည်းသားတစ်ယောက် ဘယ်လို ပြုစုပျိုးထာင်မလဲ။
2,208,793 views

ကလေးဘဝတုန်းက မိဘတွေ၊ ဆရာသမားတွေဆီကနေ ဆန်းတယ်လို့ထင်ရပြီး စိတ်ရှုပ်စရာတောင် ကောင်းလှတဲ့ အကြံပေးချက်တွေကို အားလုံးရကြတယ်လေ။ ဒါက လူမည်းတွေအတွက် ကားရပ်ဖို့နေရာတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ရေသေနတ်တွေနဲ့ ကစားနေသူ လူငယ်လေး Clint Smith အတွက်တော့ တစ်ညမှာ အစိုင်အခဲဖြစ်တည်ခဲ့တော့တာပေါ့။ နှလုံးကိုထိစေတဲ့ ဒီရေးဖွဲ့ချက်ကလေးမှာ ကဗျာဆရာက သူ့အဖေရဲ့ ဒေါသဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တုံ့ပြန်မှုမြင်ကွင်းကို ချယ်မှုန်းထားပါတယ်။

Jedidah Isler: ကျွန်မ quasarများ၊ blazar များ နဲ့ ကျွန်မတို့ရဲ့ အံ့အားသင့်စရာ စကြာဝဠာကို ချစ်မိပုံ

TED2015

Jedidah Isler: ကျွန်မ quasarများ၊ blazar များ နဲ့ ကျွန်မတို့ရဲ့ အံ့အားသင့်စရာ စကြာဝဠာကို ချစ်မိပုံ
1,513,343 views

Jedidah Isler ဟာ သူငယ်စဉ်တုန်းက ပထမဦးဆုံး ချစ်မိတာက ညကောင်းကင်ပါ။ အခုတော့ သူဟာ ရူပနက္ခတ ပညာရှင် ဖြစ်လာကာ ဆူပါထုထည်ကြီးပြီး တက်ကြွလှတဲ့ တွင်းနက်များကို လေ့လာနေသူပါ။ ချစ်စဖွယ် ဒီဟောပြောခန်းထဲမှာ သူဟာ ကျွန်တော်တို့ကို ကမ္ဘာကြီးထံမှနေပြီး ကီလိုမီတာ ထရီလီယံချီ ဝေးလံတဲ့ နေရာများကို ခေါ်သွားကာ နေထက် ၁ မှ ၁၀ ဘီလီယံအထိကို လေးလံကြပြီး ကျွန်တော်တို့ ဘက်ဆီကို အားကောင်းတဲ့ ဂျက်စီးကြောင်းများဖြင့် ပစ်ဖောက်လေ့ ရှိကြတဲ့တဲ့ အရာများနဲ့ မိတ်ဆက်ပေးထားပါတယ်၊

Sophie Scott: ကျွန်မတို့ ရယ်ကြတာ ဘာကြောင့်လဲ

TED2015

Sophie Scott: ကျွန်မတို့ ရယ်ကြတာ ဘာကြောင့်လဲ
3,932,346 views

ကျွန်ုပ်တို့ဟာ တယောက်တည်း ရှိနေမယ့် အစား တယောက်တယောက်နဲ့ ရှိနေမယ်ဆိုရင် အဆ ၃၀ ပိုပြီး ရယ်နိုင်ဖွယ်ရာ ရှိတာကို သိကြလား? သိရှိမှုတရားကို လေ့လာတဲ့ အာရုံကြောပညာရှင် Sophie Scott က ရယ်မောခြင်း ဆိုင်ရာ အချက်အလက် အများအပြားကို စိတ်ရောကိုယ်ပါ တက်ကြွစွာဖြင့် တင်ပြပေးထားကာ အဲဒီအကြောင်းကို သိပ္ပံရှဒေါင့်မှ ရှင်းပြထားပါသေးတယ်။

Kailash Satyarthi: ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ဆိုးလိုက်ပါ။

TED2015

Kailash Satyarthi: ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ဆိုးလိုက်ပါ။
1,378,130 views

အိန္ဒိယနိုင်ငံက ဇာတ်မြင့်အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကလေးငယ်ပေါင်း ၈၃၀၀၀ ကို ကျွန်ပြုမှုကနေ ဘယ်လိုများလွတ်မြောက်စေခဲ့ပါလိမ့်။ နိုဘယ်ဆုရှင် Kailash Satyarthi ကနေ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်ဖို့ ပြောင်းလဲချင်သူတွေအတွက် အံ့ဩဖွယ်ရာ အကြံပေးချက်တစ်ခုကို ကမ်းလှမ်းထားပါတယ်။ တရားမျှတမှုမရှိတာကို ဒေါသထွက်လိုက်ပါတဲ့လေ။ ဒီဩဇာလွှမ်းတဲ့ ဟောပြောချက်ထဲမှာ တစ်သက်တာလုံး ငြိမ်းချမ်းမှုဟာ တစ်သက်တာလုံး ဒေါသထွက်မှုကနေ ဘယ်လိုရုန်းကန်အားသတ္တိရှိတယ်ဆိုတာကို ပြဆိုထားပါတယ်။

Lucianne Walkowicz: အင်္ဂါဂြိုဟ်ကို အရန်ဂြိုဟ်အဖြစ် မသုံးပဲထားရအောင်။

TED2015

Lucianne Walkowicz: အင်္ဂါဂြိုဟ်ကို အရန်ဂြိုဟ်အဖြစ် မသုံးပဲထားရအောင်။
2,273,259 views

Stellar နတ္ခတ္တဗေဒပညာရှင်နဲ့ TED ဝါရင့် ဝိုင်းတော်သား Lucianne Walkowicz ဟာ NASA ရဲ့ Keplar အထူးတာဝန်အဖွဲ့မှာ လုပ်ကိုင်နေပြီး စင်္ကြဝဠာထဲမှာရှိတဲ့ သက်ရှိကို အထောက်အပံ့ပြုတဲ့နေရာတွေကို ရှာဖွေနေသူပါ။ဒါကြောင့် သူမကနေပြီး အင်္ဂါဂြိုဟ်နဲ့ပတ်သက်ပြီး သေသေချာချာ တွေးခေါ်ကြဖို့ ကျွန်ုပ်တို့ကို ပြောလိုက်တော့ နားထောင်သင့်လှပါတယ်။ ဒီဟောပြောချက် အတိုလေးထဲမှာ သူမအကြံပြုထားတာက ကျွန်တော်တို့ ကမ္ဘာကြီးကို ရှုပ်ပွအောင်လုပ်ပြီးရင် အင်္ဂါဂြိုဟ်ကို နောက်ဆုံး သွားနေကြမယ့် နေရာတစ်ခုအဖြစ် အိပ်မက်မက်တာကို ရပ်တန့်လိုက်ကြဖို့နဲ့ နက္ခတ်တာရာဆိုင်ရာ စူးစမ်းရှာဖွေခြင်း ကမ္ဘာကြီးကို ထိန်သိမ်းစောင့်ရှောက်ခြင်းအကြောင်းကို တစ်ခုတည်းသော ပန်းတိုင်ရဲ့ ဘက်နှစ်ဘက်လို စတင်တွေးကြဖို့ပါ။ သူမပြောတာက "ကမ္ဘာမြေနဲ့တူတဲ့ ဂြိုဟ်တစ်လုံးကို ကြိုးပမ်းရှာလေလေ၊ ကျွန်မတို့ရဲ့ ကမ္ဘာမြေကို ပိုတန်ဖိုးထားလာလေလေပါ"တဲ့။

Bill Gates: နောက် ရောဂါကပ်ဘေးကြီး အတွက် လား? ကျွန်တော်တို့ အသင့်မရှိကြသေးဘူး

TED2015

Bill Gates: နောက် ရောဂါကပ်ဘေးကြီး အတွက် လား? ကျွန်တော်တို့ အသင့်မရှိကြသေးဘူး
3,303,597 views

၂၀၁၄ ခုနှစ်မှာ ကမ္ဘာကြီးဟာ၊ ကိုယ်ကျိုးမဲ့ ကြိုးပမ်းခဲ့ကြတဲ့ ကျန်းမာရေး လုပ်သား သောင်းချီရဲ့ ကျေးဇူးကြောင့် နဲ့၊ ပွင့်ပွင့်လင်းလင်း ပြောရပါက၊ ကံကောင်းထောက်မမှုကြောင့် အီဘိုလာ ရောဂါ ကြောက်မက်ဖွယ် ပေါက်ထွက်လာခဲ့မှာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အဲဒါတွေ ပြီးဆုံးသွားပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ဟာ ဒီထက်ပိုကောင်းမွန်စွာ လုပ်ကိုင်သင့်ခဲ့တာကို နားလည်ကြပါတယ်။ဒါကြောင့်မို့လို့ Bill Gates ရဲ့ အကြံပေးချက် အတိုင်းဆိုရင်၊ ကျွန်တော်တို့ဟာ ကာကွယ်ဆေးတွေကို သုနေသနပြု ထုတ်လုပ်ရေး ဇာန်ညွှန်းမှအစ ကျန်းမာရေး လုပ်သားများအား သင်တန်းပေးရေးအဆုံး စဉ်းစားစီမံလျက် လက်တွေ့လုပ်ကိုင်ဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံး အချိန်ပါ။ "ကျွန်တော်တို့ဟာ စိတ်ချောက်ချားရန် မလိုပေမဲ့၊ တချိန်လုံး ရှေ့ကိုသွားနေရန် လိုပါတယ်" လို့ သူက အကြံပေးပါတယ်။

Boniface Mwangi: ကျွန်တော် တယောက်တည်း ရပ်နေခဲ့စဉ်တုန်းက

TEDGlobal 2014

Boniface Mwangi: ကျွန်တော် တယောက်တည်း ရပ်နေခဲ့စဉ်တုန်းက
1,464,126 views

ဓာတ်ပုံဆရာ Boniface Mwangi ဟာ သူ့အမိနိုင်ငံ ကင်ညာမှာ ချစားမှုကို တိုက်ဖျက် ဆန့်ကျင်လိုခဲ့ပါတယ်။ သူဟာ စီမံကိန်း တခုကို စိတ်ကူးခဲ့တယ် - လူထု အစည်းအဝေးကြီး တခုမှာ သူနဲ့သူ့မိတ်ဆွေ တချို့တို့ မတ်တပ်ရပ်လိုက်ကာ မေးခွန်းတွေကို ဟစ်ကြွေးမေးကြရန်ပါ။ ဒါပေမဲ့ အဲဒီအချိန် ရောက်လာတဲ့ အခါမှာ...သူဟာ တယောက်တည်း ရပ်နေခဲ့ရတယ်။ အဲဒီနောက်မှာ ဖြစ်ပျက်လာခဲ့ကြတဲ့ အရာတွေက သူတကယ်တမ်းမှာ ဘယ်သူလဲ ဆိုတာကို ပြသခဲ့ကြတယ်လို့ သူကဆိုပါတယ်။ သူက၊ "ကျွန်တော်တို့ရဲ့ ဘဝထဲမှာ အရေးကြီးဆုံး နေ့ နှစ်ရက် ရှိပါတယ်။ ကျွန်တော်တို့ မွေးတဲ့နေ့ နဲ့ ဘာကြောင့် မွေးခဲ့တာလဲ ဆိုတာကို သိနားလည်တဲ့ နေ့တွေပဲ။" ဆိုပါတယ်။ ဂရပ်ပုံတွေ ပါပါတယ်။

Monica Lewinsky: အရှက်ရဲ့ တန်ဖိုး

TED2015

Monica Lewinsky: အရှက်ရဲ့ တန်ဖိုး
16,921,466 views

"လူသိရှင်ကြားဖြစ်အောင် အရှက်ခွဲခြင်းဟာ တိရိစ္ဆာန်တွေကို အပျော်သတ်ဖြတ်နေတာလိုပဲ ရပ်တန့်ပစ်ဖို့လိုပါတယ်"လို့ ဆိုလာသူကတော့ Monica Lewinsky ပါ။ ၁၉၉၈ တုန်းက သူမပြောခဲ့တာက "ကျွန်မရဲ့ ဂုဏ်သတင်းဟာ ဗြုန်းစားကြီးဆိုသလိုပဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ချီပြီး ညှိုးနွမ်းတာနဲ့ပတ်သက်ပြီး ကျွန်မဟာ သည်းခံလိုစိတ် ခေါင်းပါးနေခဲ့ပါတယ်။" ဒီကနေ့မှာ သူမကြုံတွေ့ဖြတ်သန်းခဲ့တဲ့ အွန်လိုင်းကနေတစ်ဆင့် လူသိရှင်ကြား ဖြစ်အောင်လုပ်ခြင်းဟာ အတောမသတ်ဖြစ်နေပါတယ်။ သေစေနိူင်လောက်တယ်ပေါ့။ ဒီတိုတောင်းတဲ့ ဟောပြောချက်တစ်ခုထဲမှာ သူမဟာ အရှက်တကွဲ အကျိုးနည်းဖွယ်ရာ အွန်လိုင်းယဉ်ကျေးမှုကို ခပ်တင်းတင်းရှုမြင်လိုက်ပြီး တမျိုးရှုမြင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

Joe DeSimone: 3D ပုံနှိပ်မှုကို အဆ ၁၀၀ မြန်အောင် လုပ်နိုင်မယ်ဆိုရင်?

TED2015

Joe DeSimone: 3D ပုံနှိပ်မှုကို အဆ ၁၀၀ မြန်အောင် လုပ်နိုင်မယ်ဆိုရင်?
3,783,429 views

3D ပုံနှိပ်မှုဆိုတာက လက်တွေ့မှာ 2D ပုံနှိပ်ခြင်းကို တလွှာပြီးတလွှာ၊ နှေးကွေးစွာ လုပ်ကိုင်မှုပဲလို့ ထင်စရာရှိကြောင်း Joseph DeSimone က ဆိုပါတယ်။ သူဟာ TED2015 ထဲမှာ စင်ပေါ်မှာကို ရဲ့ဝံ့လှတဲ့ နည်းပညာကို ထုတ်ဖေါ်ပြသခဲ့ရာ၊ Terminator 2 ရုပ်ရှင်ကားရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်လာခဲ့တဲ့ အဲဒီနည်းပညာဟာ ၂၅ ဆ - အဆ ၁၀၀ အထိကို ပိုမြန်ဆန်ကာ ချောမွေ့လျက် ခိုင်ခန့်ကြတဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒါဟာ 3D ပုံနှိပ်မှုဆီမှ မျှော်လင့်နေကြတဲ့ ကြီးမားလှတဲ့ မျှော်မှန်းချက် ကတိတွေကို နောက်ဆုံးမှာ ဖြည့်တင်းပေးနိုင်ပါ့မလား?

Sangu Delle: မာခရိုကို ချီးကျူးပါရစေ၊ ဟုတ်ကဲ့ အာဖရိကမှာ ထောက်ပံ့ချင်ရင် မာခရိုသာ ဖြစ်သင့်တယ်

TEDGlobal 2014

Sangu Delle: မာခရိုကို ချီးကျူးပါရစေ၊ ဟုတ်ကဲ့ အာဖရိကမှာ ထောက်ပံ့ချင်ရင် မာခရိုသာ ဖြစ်သင့်တယ်
1,183,051 views

တိုလှပေမဲ့၊ ကျွန်တော်တို့ကို ဆွပေးထားတဲ့ ဒီဟောပြောချက်ထဲမယ် ဘဏ္ဍာရေး ပညာရှင် Sangu Delle က အသေးစား လုပ်ငန်းရှင်တွေကို အသေးစား ချေးငွေ ထုတ်ပေးမှုဟာ ဖွံ့ဖြို့းဆဲနိုင်ငံတွေမှာ စီးပွားရေး ကြီးထွားလာစေဖို့အတွက် အကောင်းဆုံး နည်းလမ်းလား ဆိုတာကို မေးခွန်း ထုတ်ထားပါတယ်။ "အာဖရိက တိုက်ထဲက ဆင်းရဲသားတိုင်းဟာ လုပ်ငန်းရှင်တွေပဲ ဆိုပြီး ကျွန်တော် ပုံသ​ေထင်နေကြတာ လွဲမှားနေတယ်လို့ သူက ဆိုပါတယ်။ "ကျွန်တော်ရဲ့ လုပ်ငန်းအတွေ့အကြုံ အရဆိုရင် လူတွေ အများဆုံး လုနေကြတာက အလုပ်တွေပါ။” TED ထဲတက်ကြွစွာ ပါဝင်နေသူ Delle က အကြီးစား ကုမ္ပဏီတွေ နဲ့ စက်ရုံတွေကို အားပေးလျက် အာဖရိက တတိုက်လုံးမှာ ကုန်သွယ်ရေး အတွက် ရှိနေကြတဲ့ အဟန့်အတားတွေကို ဖယ်ရှားပစ်ရန် တိုက်တွန်းထားပါတယ်။

Alison Killing: သေဆုံးဖို့ ပိုကောင်းတဲ့ နည်းရှိတယ်၊ ဗိသုကာက အဲဒါကို ကူပေးနိုင်တယ်

TEDGlobal 2014

Alison Killing: သေဆုံးဖို့ ပိုကောင်းတဲ့ နည်းရှိတယ်၊ ဗိသုကာက အဲဒါကို ကူပေးနိုင်တယ်
1,316,847 views

တိုတောင်းကာ ကျွန်တော်တို့ကို ဆွပေးထားတဲ့ ဒီဟောပြောချက်ထဲတွင်၊ ဗိသုကာ ပညာရှင် Alison Killing ဟာ လူတွေ သေဆုံးကြရတာကို၊ သေဆုံးမှုကို ရင်ဆိုင်ကြရတဲ့ အဆောက်အဦတွေ၊ မီးသင်္ဂြိုဟ်ရုံများ၊ ဆေးရုံများ၊ နေအိမ်များ၊ ကို လေ့လာဆန်းစစ်ထားပါတယ်။ကျွန်တော်တို့ သေဆုံးနေကြပုံ ပြောင်းလဲလာနေရာ၊ ကျွန်တော်တို့က သေဆုံးရမယ့်အတွက် ပြင်ဆင်ထားကြပုံပါ ပြောင်းလဲ ကြရမှာလား။ကျွန်တော်တို့ရဲ့ မြို့တွေ နဲ့ ကျွန်တော်တို့ ဘဝရဲ့ ကွယ်ဝှက်ထားတဲ့ အပိုင်းကို သူမဟာ အံ့အားသင့်ဖွယ် ဖွင့်လှစ်ပြသဖို့ ကြိုးစားထားတာပါ။

Bel Pesce: ကိုယ့်စိတ်ကူးတွေကို သတ်ပစ်ရေး နည်းလမ်း ၅ ခု

TEDGlobal 2014

Bel Pesce: ကိုယ့်စိတ်ကူးတွေကို သတ်ပစ်ရေး နည်းလမ်း ၅ ခု
5,370,012 views

ကျွန်တော်တို့ အားလုံးဟာ အားလုံးကို ပြောင်းလဲ့ပစ်မယ့် ထုတ်ကုန်မျိုးကို ထုတ်လုပ်ချင်ကြတယ်၊ အောင်မြင်တဲ့ ကုမ္ပဏီကို ထူထောင်ချင်ကြတယ်၊ အရောင်းသွက်မယ့် စာအုပ်ကို ရေးချင်ကြတယ်။ လက်တွေ့မှာကျတော့ အဲဒီလို လုပ်နိုင်သူ နည်းလှပါတယ်။ ဘရာဇီးလ် နိုင်ငံမှ စွန့်ဦးလုပ်ငန်းရှင် Bel Pesce ဟာ ကျွန်တော်တို့ရဲ့ စိတ်ကူး လက်တွေ့ဖြစ်မလာအောင် အာမခံပေးကြမယ့် ယုံကြည်ရန် သိပ်ကိုလွယ်တဲ့ နည်းလမ်း ၅ ခုကို ပြောပြထားပါတယ်။

Laura Boushnak: ဒီအမျိုးသမီးတွေအတွက်တော့ စာဖတ်ခြင်းဟာ စွန့်စားရတဲ့ လုပ်ရပ်တစ်ခုပါ။

TEDGlobal 2014

Laura Boushnak: ဒီအမျိုးသမီးတွေအတွက်တော့ စာဖတ်ခြင်းဟာ စွန့်စားရတဲ့ လုပ်ရပ်တစ်ခုပါ။
919,431 views

ကမ္ဘာ့တစ်ချို့သောနေရာတွေမှာ အမျိုးသမီးတစ်ဝက် လောက်ဟာ အခြေခံစာရေးခြင်း၊စာဖတ်ခြင်းတွေနဲ့ ကင်းမဲ့နေကြပါတယ်။ အကြောင်းရင်းတွေက အမျိုးမျိုးကွဲပြားနေပေမယ့် တော်တော်များများကိစ္စတွေမှာ ဖခင်တွေ၊ ခင်ပန်းတွေ၊ အမေတွေကတောင်မှ စာတတ်မြောက်ခြင်းကို တန်ဖိုးမထားကြတာပါ။ ဓာတ်ပုံပညာရှင်နဲ့ TED ဝိုင်းတော်သား Laura Boushnak ဟာ ရဲရင့်တဲ့အမျိုးသမီးတွေ .....ကျောင်းသူတွေ၊ နိူင်ငံရေးလှုပ်ရှားသူတွေ၊ အသက် ၆၀ အရွယ် မိခင်တွေကို မီးမောင်းထိုးပြဖို့အတွက် Yemen၊ Egypt နဲ့ Tunisia နိူင်ငံတွေကို ခရီးထွက်ခဲ့ပါတယ်။ ဒီအမျိုးသမီးတွေဟာ စာရင်းအင်းတွေကို တော်လှန်လုပ်ပြနေသူတွေပေါ့။

Guy Winch: ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ

TEDxLinnaeusUniversity

Guy Winch: ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ
10,148,018 views

ဒီဆွေးနွေးချက်ဟာဒေသဆိုင်ရာTEDxပွဲတစ်ခုမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဖျားနာရင် နေမကောင်းဖြစ်ရင် ဆရာဝန်ဆီသွားပြကြပါတယ်။ ဒါပေမယ့် အပြစ်တွေ ဆုံးရှုံးမှုတွေ အထီးကျန်ဆန်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျ ကျန်းမာရေးပညာရှင်တွေနဲ့မပြသတာလဲ။ ကျွန်တော်တို့အများစုဟာ တစ်ဦးတစ်ယောက်ချင်းရဲ့စိတ်ကျန်းမာရေးတွေနဲ့ဆက်စပ်နေတယ်လို့ Guy Winch ကဆိုပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့တော့မတွေးမိဘူး။ ဒါကြောင့် သူက ကျွန်တော်တို့ကိုယ်ခန္ဓာကြီးကိုဂရုစိုက်သလို စိတ် ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ဖို့ စိတ်ကျန်းမာသန်စွမ်းအောင်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာသက်သေသာဓကတွေနဲ့ပြောပြသွားပါတယ်။

Kenneth Shinozuka: ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး

TEDYouth 2014

Kenneth Shinozuka: ကျွန်တော့အဖိုးကို လုံခြုံနေအောင် ပြုစုထုတ်လုပ်လိုက်တဲ့ ကျွန်တော်ရဲ့ တီထွင်မှုရိုးရိုးလေး
1,759,326 views

စိတ်ဖောက်ပြန်မှု ရောဂါရှိသူတို့ရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းတို့ဟာ ထထွက်ပြီး လမ်းလျှောက်တတ်ကြရာ၊ လူနာအတွက်ရော စောင့်ရှောက်ပေးကြသူတို့ အတွက်ပါ တော်တော့ကို စိတ်ညစ်စရာကြီးပါ။ လက်ရှိ စိတ်ဝင်စားစရာ ဆွေးနွေးပွဲထဲမှာ လူငယ် တီထွင်ရှင် Kenneth Shinozuka က ညညမှာ လမ်းထွက် လျှောက်တတ်တဲ့ သူ့အဖိုး နဲ့ ၎င်းအား စောင့်ရှောက်ပေးနေခဲ့တဲ့ သူ့အဒေါ်ကို ကူညီပေးရန် ဖြေရှင်းနည်း အသစ်ကို ရှာကြံခဲ့ပုံ နဲ့ Alzheimer ရောဂါ ရှိကြသူတို့အား ကူညီပေးနိုင်မယ့် သူ့မျှော်လင့်ချက်များ အကြောင်း တင်ပြထားပါတယ်။

Jaap de Roode: လိပ်ပြာတွေ မိမိကိုမိမိ ဆေးကုသပေးကြပုံ

TEDYouth 2014

Jaap de Roode: လိပ်ပြာတွေ မိမိကိုမိမိ ဆေးကုသပေးကြပုံ
1,143,584 views

ကျွန်တော်တို့လိုပဲ ဧကရာဇ်လိပ်ပြာဟာလည်း တခါတလေ ကပ်ပါးကောင်တွေကြောင့် ဖျားနာတတ်ပါတယ်။ ဒါပေမဲ့ ဇီဝဗေဒပညာရှင် Jaap de Roode ဟာ လိပ်ပြာတွေကို လေ့လာနေစဉ် စိတ်ဝင်စားစရာ အချက်ကို သတိထားမိပါတယ် — ရောဂါကူးစက်ထားတဲ့ မိခင်လိပ်ပြာတွေဟာ သူတို့ရဲ့ ဥတွေကို သူတို့ရဲ့ အနာဂတ်မျိုးဆက် အနေနဲ့ ဖျားနာခြင်း မရှိအောင် ဆေးဖက်ဝင် အပင်တွေ အပေါ်မှာ ချပေးကြပါတယ်။ သူတို့ဟာ အဲဒီအပင်ကိုမှ ရွေးရမှာကို ဘယ်လိုလုပ် သိကြတာလဲ? အဲဒါဟာ “လိပ်ပြာတို့ထံမှ ရရှိလိုက်တဲ့ နောက်အကျိုးကျေးဇူး” တခု ဖြစ်လာနိုင်ကာ — လူသားတို့ရဲ့ ရောဂါများအတွက် ဆေးဝါးအသစ်တွေကို ရှာဖွေပေးလာနိုင်ပါတယ်။

Brian Dettmer: အနုပညာအဖြစ် ပြန်လည်မွေးဖွားလာတဲ့ စာအုပ်ဟောင်းများ။

TEDYouth 2014

Brian Dettmer: အနုပညာအဖြစ် ပြန်လည်မွေးဖွားလာတဲ့ စာအုပ်ဟောင်းများ။
1,270,401 views

သတင်းအချက်အလက် ခေတ်ကြီးမှာ ခေတ်ကုန်သွားပြီဖြစ်တဲ့ စွယ်စုံကျမ်းဟောင်းကြီးကို ဘာလုပ်လို့ရနိုင်ပါသလဲ။ X-Acto ဓားတွေရယ်၊ ကောင်းမွန်တဲ့ ရောသမမွှေခြင်း အမြင်နဲ့ Brian Dettmer က စာအုပ်ဟောင်းတွေထဲကို ရှင်သန်မှုအသစ် တစ်ခုသွင်းပေးတဲ့ လှပပြီး မျှော်လင့်မရနိုင်တဲ့ ပန်းပုရုပ်အဖြစ် ဖန်တီးပေးလိုက်ပါတယ်။

Morgana Bailey: ကိုယ့်ကိုကိုယ် ပုန်းလျှိးမှုရဲ့ အန္တရာယ်

TED@State Street London

Morgana Bailey: ကိုယ့်ကိုကိုယ် ပုန်းလျှိးမှုရဲ့ အန္တရာယ်
3,050,914 views

Morgana Bailey ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမှန်တရားကို ၁၆ နှစ်ကြာကို ဖုံးကွယ်နေခဲ့ပါတယ်။ ရဲဝံ့တဲ့ ဟောပြောခန်းထဲမှာ သူဟာ သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ကြတဲ့ အချက်တွေကို ဖွင့်ဟ ပြောပြ ထားပါတယ်။ ဘာဖြစ်လို့ ထုတ်ပြောဖို့ လိုတာလဲ? သူ နှုတ်ငုံနေခဲ့ခြင်းကြောင့် ပုဂ္ဂိုလ်ရေးသာမက၊ လုပ်ငန်းခွင်ဆိုင်ရာ နဲ့ လူမှုရေး အကျိုးဆက်တွေ ဖြစ်ပွားလာနေတာကို သူ သိရှိနားလည်လိုက်လို့ပါ။ သူလုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ရှေ့မှောက်မှာ သူဟာ အခြားသူတွေရဲ့ အမြင်ထဲ ရှုတ်ချခံနိုင်ရတယ်ဆိုတဲ့ ကြောက်စိတ်ဟာ ဘယ်လို အရေးကြီးပုံ နဲ့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်သုံးသပ်ကြပုံကို ဆွေးနွေးတင်ပြထားပါတယ်။

Sarah Bergbreiter: ဆန်စေ့အရွယ် ရိုဘော့တွေကို ကျွန်မ ဖန်တီးတာ ဘာ့ကြောင့်လဲ

TEDYouth 2014

Sarah Bergbreiter: ဆန်စေ့အရွယ် ရိုဘော့တွေကို ကျွန်မ ဖန်တီးတာ ဘာ့ကြောင့်လဲ
1,663,866 views

ပုရွက်ဆိတ်တွေလို အင်းဆက်တွေရဲ့ လှုပ်ရှားမှုများ နဲ့ ခန္ဓာကိုယ်ကို လေ့လာလျက် Sarah Bergbreiter နဲ့ သူမရဲ့ အဖွဲ့ဟာ အံ့အားဖွယ်ရာ သန်မြန်ကြကာ သိပ်ကို သေးနုပ်တဲ့ စက်ယန္တရားလေးတွေကို ဖန်တီးရင်းကနေ သူတို့ဟာ ၎င်းတို့ထဲကို ဒုံးပျံများကို တပ်ဆင်ပေးလိုက်ကြပါတယ်။ မိုက်ခရို-ရိုဘော့ စက်ရုပ်များဆိုင်ရာ အံ့အားသင့်ဖွယ် ဖွံ့ဖြိုးမှုများ အကြောင်းကို ပြောရင်း သူမဟာ အဲဒီလို စက်ရုပ်ကလေးတွေကို အနာဂတ်မှာ ဘယ်လို သုံးနိုင်မယ်ဆိုတာကို ပြောပြထားပါတယ်။

Matthieu Ricard: ပရဟိတစိတ်ဟာ သင့်ကို လမ်းညွှန်ပေးပါစေ

TEDGlobal 2014

Matthieu Ricard: ပရဟိတစိတ်ဟာ သင့်ကို လမ်းညွှန်ပေးပါစေ
2,200,601 views

ပရဟိတ ဆိုတာက ဘာပါလိမ့်? ရိုးရိုးလေး ပြောရရင်၊ အဲဒါက အခြားသူတွေကို စိတ်ချမ်းသာစေမယ့် စေတနာပါပဲ။ စိတ်ချမ်းမြေ့မှုကို သုတေသနပြုသူ နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖြစ်သူ Matthieu Ricard က ဆက်ပြီး မိန့်ကြားထားသေးတာက၊ ရေရှည် ဒါမှမဟုတ် ရေတို ကိစ္စတွေကို၊ အလုပ်ထဲမှာရော ဘဝထဲမှာပါ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာတွင်၊ ပရဟိတစိတ်ဟာ ကူပေးတဲ့ မဟာ မှန်ဘီလူးကြီးနဲ့ တူပါတယ်။

Daniele Quercia: ပျော်ရွှင်စရာ မြေပုံများ

TED@BCG Berlin

Daniele Quercia: ပျော်ရွှင်စရာ မြေပုံများ
2,410,100 views

​မြေပုံ အက်ပ်တွေဟာ ကျွန်တော်တို့ သွားချင်တဲ့ ခရီး အတိုဆုံးကို ရှာဖွေနိုင်အောင် ကူပေးကြပါတယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ နည်းနည်းလေး လျှောက်ကြည့်ကြမယ်ဆိုရင်ကော? သုတေသီ Daniele Quercia က ပြပေးထားတဲ့ ပျော်ရွှင်စရာ မြေပုံတွေဆိုရင် သွားချင်တဲ့ လမ်းခရီးကိုသာမက၊ အဲဒီလို သွားနေတုန်း ခံစားရမယ့် ခံစားချက်တွေကိုပါ ထည့်တွက်ထားပါတယ်။

Michael Rubinstein: မြင်မရနိုင်တဲ့ လှုပ်ရှားမှုကို ကြည့်နိုင်မယ့်၊ တိတ်နေတဲ့ အသံတွေကို ကြားရမယ့် တီထွင်မှု အကြောင်း

TEDxBeaconStreet

Michael Rubinstein: မြင်မရနိုင်တဲ့ လှုပ်ရှားမှုကို ကြည့်နိုင်မယ့်၊ တိတ်နေတဲ့ အသံတွေကို ကြားရမယ့် တီထွင်မှု အကြောင်း
2,075,056 views

“လှုပ်ရှားမှု မိုက်ခရိုစကုပ်” ခေါ် သာမန်မျက်စိဖြင့် မြင်မရနိုင်တဲ့ မသိမသာ လှုပ်ရှားမှု နဲ့ အရောင် ပြောင်းလဲမှုများကို မြင်လာစေနိုင်တဲ့ ဗီဒီယို စီမံပြုလုပ်ရေး ကိရိယာ ပေါ်လာနေပါပြီ။ ဗီဒီယို သုတေသီ Michael Rubinstein က အဲဒီ အံ့အားသင့်စရာ နည်းပညာက လူတယောက်ရဲ့ သွေးခုန်နှုန်း နဲ့ နှလုံးခုန်နှုန်းကို လွယ်ကူစွာ တိုင်းပေးနိုင်တာကို ပြောပြထားပါတယ်။ အာလူးကြော် အိတ်ခွံထံမှ တုံ့ပြန်လာကြတဲ့ အသံ လှိုင်းတွေကို ချဲ့ယူနားထောင်နိုင်ပုံကို သူက ရှင်းပြထားပးါတယ်။ ကိုယ်တိုင် မြင်ရမှသာ အဲဒီလို အသုံးပြုနည်းပညာတွေကို ယုံကြည့်လက်ခံနိုင်လာမှာပါ။

Erin McKean: စာလုံးအသစ်တွေကို ရဲရဲကြီး တီထွင်ကြပါ!

TEDYouth 2014

Erin McKean: စာလုံးအသစ်တွေကို ရဲရဲကြီး တီထွင်ကြပါ!
1,936,780 views

တိုတောင်းပြီး ပျော်ရွှင်ဖွယ်ရာ TEDYouth ထဲက ဒီဟောပြောမှုထဲမှာ အဘိဓာန် ပညာရှင် Erin McKean က ရှိနေဆဲ စကားလုံးတွေအပြင် နောက်ထပ် အသစ်တွေကို တီထွင်ကြရန် ဆော်ဪထားပါတယ်။ ထုတ်ဖေါ် ပြောဆိုရာတွင် ဘာသာစကား ပိုပြီး ထိရောက်လာရေး အတွက်၊ တစ်ဦးကိုတစ်ဦး ပိုပြီးကောင်းမွန်စွာ နားလည်ကြရေးအတွက် သူမဟာ စကားလုံး သစ်များ တီထွင်ရေးဆိုင်ရာ ပေါင်းစပ်မှုမှအစ နာမ်ကို ကြိယာ လုပ်ပစ်မှုအဆုံး နည်းလမ်း ၆ မျိုးကို ပြောပြထားပါတယ်။

Carol Dweck: ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။

TEDxNorrkoping

Carol Dweck: ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။
10,274,895 views

Carol Dweck ဟာ "ကြီးထွားရေး စိတ်ထား" ကိုသုသေသနပြုပါတယ်။ သင်ယူဖို့နဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ကြီးထွားလာအောင် လုပ်နိုင်ပါတယ် ဆို့တဲ့ အတွေးအခေါ်ပါ။ ဒီဟောပြောချက်ထဲမှာ သင်တို့အတွက် နည်းနည်းလေး ခက်လွန်းနေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် စဉ်းစားဖို့ နည်းလမ်း နှစ်သွယ်ကို တင်ပြထားပါတယ်။ "ဒါကိုဖြေရှင်းဖို့ ဉာဏ်မမှီတာလား ဒါမှမဟုတ် မဖြေရှင်းနိုင်သေးတာလား" ဆိုတာပေါ့။ ဩဇာညောင်းလွန်းလှတဲ့ ဒီနယ်ပယ်အတွက် ထူးကဲတဲ့ နိဒါန်းတစ်ခုပါ။

Aakash Odedra :: စက္ကူ၊ လေနဲ့ အလင်းရောင်တို့ရဲ့ မုန်တိုင်းထဲက အကတစ်ပုဒ်။

TEDGlobal 2014

Aakash Odedra :: စက္ကူ၊ လေနဲ့ အလင်းရောင်တို့ရဲ့ မုန်တိုင်းထဲက အကတစ်ပုဒ်။
910,308 views

အကဗေဒ ပညာရှင် Aakash Odedra ဟာ စာဖတ်ရခက်တဲ့ ရောဂါရှင်တစ်ဦးဖြစ်ပြီး လှုပ်ရှားမှုကနေလာတဲ့ သူ့မျက်နှာအမူအရာကို အမြဲအကောင်းဆုံးခံစားမိသူပါ။ “Murmur” ဟာ ဒီတွေ့ကြုံခံစားမှုအတွက် သူ့ရဲ့ ရတုကဗျာတစ်ပုဒ်ပါ။ စာအုပ်တွေရဲ့ စာရွက်တွေက သူ့အနားတစ်ဝိုက်မှာ ပျံသန်းနေစဉ် မုန်တိုင်းတစ်ခုရဲ့ ဗဟိုချက်ကိုဖြတ်ပြီး သူ့ရဲ့ ပတ်ချာလည်လှည့်ပုံကို ရှုစားလိုက်ပါဦး။

Rosie King: အထီးကျန် စိတ်ဝေဒနာက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ လွတ်ပေးလိုက်ပုံ။

TEDMED 2014

Rosie King: အထီးကျန် စိတ်ဝေဒနာက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ လွတ်ပေးလိုက်ပုံ။
2,683,245 views

"လူတွေဟာ တစ်မျိုးဖြစ်သွားမှာကို ကြောက်လွန်းလို့ သတ်မှတ်ထားတဲ့ တံဆိပ်တစ်ခုပါ သေတ္တာလေးထဲကို အရာတိုင်းကို ထည့်သွင်းဖို့ ကြိုးစားကြတယ်။"လို့ ဆိုသူကတော့ ရဲရင့်ပြီး မထီတရီနိုင်တဲ့ အထီးကျန် စိတ်ဝေဒနာရှင် ၁၆ နှစ်သမီး Rosie King ပါ။ သူမသိချင်တာက ဘာကြောင့် လူတိုင်းဟာ ပုံမှန်ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး အရမ်းစိတ်ပူကြတာလဲ။ သူမဟာ ကလေးတိုင်း၊ မိဘတိုင်း၊ ဆရာတိုင်းနဲ့ ထူးခြားမှုကို အောင်ပွဲခံလိုသူတိုင်းအတွက် ကျယ်လောင်ပြတ်သားတဲ့ နှိုးဆော်ချက်တရပ်ကို အသံပေးထားပါတယ်။ ဒါဟာဆိုရင် လူသား မတူကွဲပြားမျိုးစုံလင်မှုရဲ့ အလားအလာဆီ ဝဲပျံနေတဲ့ သက်သေအထောက်အထားတစ်ခုပါ။