TED Talks with Burmese transcript

အန်ဂျယ်လာ လီ ဒပ်(ခ်)ဝေါ့(သ်) (Angela Lee Duckworth): အောင်မြင်ခြင်းရဲ့ သော့ချက်လား။ စိတ်ဓာတ်ကြံ့ခိုင်မှု

TED Talks Education

အန်ဂျယ်လာ လီ ဒပ်(ခ်)ဝေါ့(သ်) (Angela Lee Duckworth): အောင်မြင်ခြင်းရဲ့ သော့ချက်လား။ စိတ်ဓာတ်ကြံ့ခိုင်မှု
19,500,078 views

ထူးချွန်တဲ့ အတိုင်ပင်ခံ အဆင့်မြင့် အလုပ်ကို စွန့်ထားခဲ့ပြီး၊ အန်ဂျယ်လာ လီ ဒပ်(ခ်)ဝေါ့(သ်)ဟာ နယူးယော့ခ်မှာရှိတဲ့ အစိုးရအထက်တန်းကျောင်း တစ်ကျောင်းမှာ (၇)တန်းကျောင်းစားတွေကို သင်္ချာသင်ပေးရတဲ့အလုပ် တစ်ခုရရှိခဲ့ပါတယ်။ IQ ဆိုတာဟာ အောင်မြင်တဲ့ကျောင်းသားတွေနဲ့ ရုန်းကန်နေရတဲ့ ကျောင်သားတွေကို ခွဲထုတ်ပေးတဲ့ တစ်ခုတည်းသောအရာ မဟုတ်ဘူးဆိုတာကို သူ ချက်ခြင်း သဘောပေါက်လိုက်ပါတယ်။ ဒီမှာကတော့ သူမက "grit" စိတ်ဓာတ်ကြံ့ခိုင်မှု ဆိုတဲ့ သီအိုရီ တစ်ခုကို အေုာင်မြင်ခြင်းရဲ့ ဟောကိန်းအဖြစ် ရှင်းပြထားပါတယ်။

Ramsey Musallam: ပညာသင်ကြားမှုကို မီးပွင့်လာစေမယ့် စည်းကမ်း ၃ ရပ်

TED Talks Education

Ramsey Musallam: ပညာသင်ကြားမှုကို မီးပွင့်လာစေမယ့် စည်းကမ်း ၃ ရပ်
3,067,874 views

ဓါတုဗေဒကို သင်လာခဲ့တဲ့ ကျောင်းဆရာ တဦးဖြစ်သူ Ramsey Musallam ဟာ “အမည်ခံ ဆရာ” အဖြစ်ကနေပြီး ပညာသင်ကြားပေးသူရဲ့ တကယ့် စစ်မှန်တဲ့ အခန်းကဏ္ဍကို နားလည်လာဖို့ အတွက် သူ့အသက်ကို ခြိမ်းချောက်တဲ့ အန္တရာယ်ကို ဖြတ်ကျော်ခဲ့ရပါတယ်။ ပျော်စရာကောင်းတဲ့ သူ့နည်းသူဟန် ဟောပြောပွဲထဲမှာ မူဆာလာမ်က စိတ်ကူးဉာဏ်ကို ကွန့်ပေးလျက် ပညာသင်လိုစိတ်ကို မီးပွင့်လာစေကာ ကျောင်းသားတွေကို ကမ္ဘာကြီး လည်ပတ်လှုပ်ရှားပုံထဲ တက်ကြွစွာ ပါဝင်လာစေရေး စည်းကမ်း ၃ ရပ်ကို ပေးထားပါတယ်။

Juan Enriquez: သင့်အွန်လိုင်းဘဝ၊ သေရာပါ ဆေးမင်ကြောင်တစ်ခုလိုပါ။

TED2013

Juan Enriquez: သင့်အွန်လိုင်းဘဝ၊ သေရာပါ ဆေးမင်ကြောင်တစ်ခုလိုပါ။
1,746,210 views

Andy Warhol နားလည်မှုလွဲခဲ့ပြီး ၊ ၁၅ မိနစ်တာ နာမည်ကျော်ကြားတာအစား ကျွန်တော်တို့ ဒီလောက်အကြာကြီး လူမသိသူမသိဖြစ်နေတာ ဆိုရင်ရ​ော။ ဟောပြောချက်အတိုလေးထဲမှာ Juan Enriquez ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဒစ်ဂျစ်တယ်မျှဝေခြင်းရဲ့ အံ့အားသင့်ဖွယ် အမြဲရှိနေတဲ့ သက်ရောက်မှုတွေကို မျှဝေထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် ဆေးမှင်ကြောင်အသစ်တွေနဲ့ ပတ်သက်ရာမှာ အထောက်အကူဖြစ်ဖို့ ရှေးဟောင်းဂရိတွေဆီက ထိုးထွင်းအမြင်တွေကို မျှဝေထားပါတယ်။

Rita Pierson: ကလေးတိုင်းမှာ ချန်ပီယံ တစ်ယောက် လိုအပ်တယ်။

TED Talks Education

Rita Pierson: ကလေးတိုင်းမှာ ချန်ပီယံ တစ်ယောက် လိုအပ်တယ်။
10,893,254 views

နှစ်ပေါင်း ၄၀ ဆရာဖြစ်ခဲ့သူ Rita Pierson ဟာ လုက်ဖော်ကိုင်ဖက် တစ်ယောက်ပြောတာ ကြားလိုက်မိတယ်၊ "ငါ့ကို လစာပေးတာက ကလေးတွေကို နှစ်သက်ဖို့အတွက် မဟုတ်ဘူး"တဲ့။ သူမက ပြန်ပြောလိုက်တာက "ကလေးတွေဟာ သူတို့မနှစ်သက်တဲ့ သူတွေဆီကနေ သင်ယူမှာ မဟုတ်ဘူး"တဲ့။ ပညာသင်ကြားပေးသူတွေကို သူတို့ရဲ့ ကျောင်းသားတွေကို ယုံကြည်ကြဖို့၊ တကယ့် လူသားဆန်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်တစ်ခုပေါ်မှာ သူတို့နဲ့အတူ ဆက်သွယ်မိကြဖို့ တိုက်တွန်းထားတဲ့ နှိုးဆော်ချက်တစ်ခုပါ။

အစည်းအဝေးတစ်ခုရှိတယ်လား။ လမ်းလျှောက်ထွက်လိုက်ပါဦး

TED2013

အစည်းအဝေးတစ်ခုရှိတယ်လား။ လမ်းလျှောက်ထွက်လိုက်ပါဦး
3,297,237 views

နီလိုဖယ် မားချန့်က သင့်ရဲ့ ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးကို ကြီးမားတဲ့ သက်ရောက်မှုဖြစ်နိူင်ကောင်ဖြစ်နိူင်လောက်တဲ့ စိတ်ကူးလေးတစ်ခုကို အကြံပြုထားပါတယ်။ နောက်တစ်ခါ သင့်မှာ တစ်ယောက်ခြင်း တွေ့ဆုံစရာ တစ်ခုရှိလာတဲ့အခါ လမ်းလျှောက်ရင်း တွေ့ဆုံပွဲတစ်ခု အဖြစ် ဖန်တီးလိုက်ပါ။ နောက်ပြီး သင်လမ်းလျှောက်ပြီး စကားပြောစဉ်မှာပဲ စိတ်ကူးတွေကို စီးဆင်းစေလိုက်ပါတဲ့။

David Pogue: အချိန်ချွေတာရေး နည်းပညာ အကြံပေးချက် (၁၀)ခု

TED2013

David Pogue: အချိန်ချွေတာရေး နည်းပညာ အကြံပေးချက် (၁၀)ခု
5,098,535 views

နည်းပညာ ဆောင်းပါးရှင် David Pogue ကနေပြီး ကွန်ပြူတာ၊ ဝက်ဘ်၊ စမတ်ဖုန်းနဲ့ ကင်မရာသုံးစွဲသူများအတွက် ရိုးရှင်းပြီး ပြောင်မြောက်တဲ့ အကြံပေးချက် (၁၀) ချက်ကို မျှဝေထားပါတယ်။ အင်း၊ ဟုတ်တာပေါ့၊ ဒီအထဲက တစ်ချို့ကို သင်သိနှင့်ပြီးပါပြီ၊ ဒါပေမဲ့ သင်မသိသေးတာ အနည်းဆုံး တစ်ခုလောက်တော့ ရှိမှာပါ။

ဂျွန် မက်ဝေါ်တား: စာသာကို ရိုက်နှိပ်မှုက ဘာသာစကားကို သတ်ပစ်မှုပါပဲ။ JK!!!

TED2013

ဂျွန် မက်ဝေါ်တား: စာသာကို ရိုက်နှိပ်မှုက ဘာသာစကားကို သတ်ပစ်မှုပါပဲ။ JK!!!
2,836,140 views

စာသားကို ရိုက်နှိပ်မှုဟာ တကယ့်ကိုပဲ စာကို ကောင်းမွန်စွာ ရေးတတ်မှုကို သတ်ပစ်နေတာလား။ ဂျွန် မက်ဝေါ်တားရဲ့ ယူဆချက် အတိုင်း ဆိုရင်တော့ အဲဒီလို စာသားကို ရိုက်နှိပ်မှုထဲမှာ၊ ဘာသာစကား ရှုဒေါင့်အရရော၊ ယဉ်ကျေးမှု ရှုဒေါင့်အရပါ၊ စိတ်ဝင်စားစရာတွေ အများကြီး ရှိနေပါတယ်၊ ပြီးတော့ အဲဒါတွေဟာ သတင်းကောင်းတွေလို့ ထင်စရာ ရှိပါတယ်။

Richard Turere: ခြင်္သေ့တွေနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ ကျွန်တော့် တီထွင်ကြံဆမှု

TED2013

Richard Turere: ခြင်္သေ့တွေနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ ကျွန်တော့် တီထွင်ကြံဆမှု
2,467,150 views

မာဆိုင်း အသိုင်းအဝိုင်းမှာနေတဲ့ ၁၃ နှစ်သား Richard Turere အတွက် နွားတွေဟာ အရမ်းအရေးပါလှပါတယ်။ ဒါပေမဲ့ ခြင်္သေ့တွေရဲ့တိုက်ခိုက်ခံရမှု ကြိမ်ရေများလာခဲ့တယ်။ အနှစ်ချုပ် - စိတ်ဝင်စားဖွယ်ဆွေးနွှေးမှု၊ နေရောင်ခြည်စွမ်းအားအသုံးပြုပြီး ခြင်္သေ့တွေကို မောင်းထုတ်နိုင်တဲ့ သက်ငယ် တီထွင်ကြံစသူ ရဲ့ အတွေ့အကြုံကို မျှဝေထားတားပါ။

Hyeonseo Lee: မြောက်ကိုရီယားမှ လွတ်မြောက်ခြင်း

TED2013

Hyeonseo Lee: မြောက်ကိုရီယားမှ လွတ်မြောက်ခြင်း
13,915,716 views

မြောက်ကိုရီယားမှာ မွေးဖွားကြီးပြင်းပြီး Hyeonseo Lee ဟာ သူ့နိုင်ငံကို "ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံ"အဖြစ် ထင်ခဲ့တယ်။ ၉၀ ခုနှစ်တွေမှာ အငတ်ဘေး မကြုံခင်အထိ ဒီလို ထင်နေဆဲပဲ။ အငတ်ဘေးတွေ့တော့မှ သူစပြီး ဟုတ်ရဲ့လားလို့ သံသယဝင်ခဲ့တယ်။ အသက် ၁၄နှစ်မှာ တိုင်းပြည်က ထွက်ပြေးခဲ့တယ်။ တရုတ်ပြည်မှာ ဒုက္ခသည်အဖြစ် ဘဝကို ဖုံးကွယ်ပြီး နေထိုင်ခဲ့တယ်။ သူ့ဘဝဟာ ကြမ်းတမ်းတယ်။ ဒါပေမယ့် အသက်ရှင်သန်ခြင်း၊ မျှော်လင့်ချက်တွေနဲ့ လူပဲ။ အန္တရာယ်ကြုံပေမယ့် ရင်းဆိုင်နိုင်တဲ့ ခွန်အားအပြည့်ရှိတယ်။ နယ်စပ်ဟာ အခုတော့ အဝေးကြီးမှာ ကျန်ခဲ့ပြီ။

Amanda Palmer: တောင်းခံခြင်း အနုပညာ။

TED2013

Amanda Palmer: တောင်းခံခြင်း အနုပညာ။
11,975,201 views

ဂီတအတွက် လူတွေကို မပေးခိုင်းပါနဲ့၊ သူတို့ ပေးလာပါစေလို့ Amanda Palmer ကဆိုပါတယ်။ လမ်းဘေး ဖျော်ဖြေသူတစ်ယောက်( ရှစ်ပေ အမြင့် သတို့သမီးအတွက် ဦးထုပ်ထဲကို တစ်ဒေါ်လာ ထည့်) အဖြစ် သူရဲနေ့တွေကို စတင်တဲ့ ဒီပြင်းပြလှတဲ့ ဟောပြောချက်တစ်ခုမှာ သူဟာ အနုပညာရှင်နဲ့ ပရိတ်သတ်ကြားက ဆက်နွယ်မှုအသစ်တစ်ရပ်ကို ဆန်းစစ်ထားပါတယ်။

Sugata Mitra: တိမ်လှိုင်းပေါ်မှာ ကျောင်းဆောက်ခြင်း

TED2013

Sugata Mitra: တိမ်လှိုင်းပေါ်မှာ ကျောင်းဆောက်ခြင်း
3,417,649 views

TED2013 စင်မြင့်ပေါ်မှာ Sugata Mitra က သူ့ရဲ့ TED ဆုရတဲ့ဆန္ဒလေးတစ်ခု အနေနဲ့ တိမ်လှိုင်း(Clo​ud) ပေါ်မှာ ကျောင်းဆောက်ဖို့ ကူညီပေးကြပါလို့ ရဲဝံ့စွ ာဆန္ဒပြုခဲ့တယ်။ Cloud ဆိုတာ အိန္ဒိယနိုင်ငံက သင်ကြားမှုစမ်းသပ်ခန်းဖြစ်ပြီး၊ Cloud ဆီက ပံ့ပိုးပစ္စည်းများ၊ လမ်းညွှန်မှုများဖြင့် ကလေးများက တစ်ဦးဆီမှတစ်ဦး လေ့လာသင်ယူကြတယ်။ သူ့ရဲ့ စိတ်ဓါတ် တက်ကြွဖွယ်စိတ်ကူးလေးဖြစ်တဲ့ ကိုယ်ထူကိုယ်ထ လေ့လာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင် (SOLE) အကြောင်းကို နားထောင်ကြည့်ပြီး tedprize.org မှာလည်း ဆက်လက်လေ့လာနိုင်ပါတယ်။

Bruno  Maisonnier: ကပါ၊ ကပါ စက်ရုပ်လေးတွေရေ။

TEDxConcorde

Bruno Maisonnier: ကပါ၊ ကပါ စက်ရုပ်လေးတွေရေ။
1,397,385 views

ပြင်သစ်နိုင်ငံမှာ စက်ရုပ်ကလေးတွေ ကတဲ့ နေရာတစ်နေရာရှိတယ်။ အဲဒီနေရာကတော့ TEDxConcorde ဖြစ်ပြီး အဲဒီမှာ Aldebaran Robotics ရဲ့ Bruno Maisonnier ကနေပြီး လူသားတွေအတိုင်း ပြုမူလှုပ်ရှားတတ်တဲ့ Nao စက်ရုပ်အကအဖွဲ့ကို အံ့ဩစရာကောင်းလောက်ကို စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုကနေ ကကွက် ဖန်တီးပြုလုပ်ပေးထားတာပါ။

Cesar Kuriyama: နေ့စဉ် တစ်စက္ကန့်။

TED2012

Cesar Kuriyama: နေ့စဉ် တစ်စက္ကန့်။
1,940,520 views

သင့်ဘဝမှာ သေးငယ်၊ လှပ ၊ပျော်ရွှင်ပြီး ဝမ်းနည်းစရာကောင်းတဲ့ တဒင်္ဂပေါင်းများစွာရှိတတ်ပါတယ်။ ဒါတွေအားလုံးကို သင်ဘယ်လိုများ မှတ်ထားနိုင်မလဲ။ ဒါရိုက်တာ Cesar Kuriyama ကတော့ သူ့ဘဝရဲ့ အထူး အပိုင်းအစလေးတွေ အားလုံးကို စုဆောင်းဖို့ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တဲ့ ပရောဂျက်ရဲ့ အစိတ်အပိုင်းအဖြစ် နေ့စဉ် တစ်စက္ကန့်စာ ဗီဒီယိုကို ရိုက်ယူပါတယ်။

Lee Cronin: ကိုယ်ပိုင်ဆေးဝါးကို ရိုက်ထုတ်ယူပါ

TEDGlobal 2012

Lee Cronin: ကိုယ်ပိုင်ဆေးဝါးကို ရိုက်ထုတ်ယူပါ
1,045,687 views

ဓာတုဗေဒပညာရှင် Lee Cronin ဟာ ဒြပ်ရှိအရာဝတ္ထုတွေအစား မော်လီကျူးတွေကို ပုံနှိပ်နိုင်စွမ်းရှိတဲ့ သုံးဖက်မြင်ပုံနှိပ်စက်တစ်ခုနဲ့ အလုပ်လုပ်နေပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းပြီး ရေရှည်အလားအလာရှိတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ဓာတုမှင်တွေသုံးပြီး သင့်အတွက် သုံးရန် ဆေးဝါးကို ရိုက်ထုတ်ယူရုံပဲပေါ့။

Cameron Russell: ရုပ်ရည်ရူပကာက အဓိကတော့မဟုတ်ပါ။ ကျွန်မကိုယုံပါ၊ ကျွန်မက မော်ဒယ်တစ်ယောက်လေ။

TEDxMidAtlantic

Cameron Russell: ရုပ်ရည်ရူပကာက အဓိကတော့မဟုတ်ပါ။ ကျွန်မကိုယုံပါ၊ ကျွန်မက မော်ဒယ်တစ်ယောက်လေ။
33,012,304 views

Cameron Russell က သူမဟာ မျိုးရိုးဗီဇဆိုင်ရာ ထီပေါက်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သူမဟာ အရပ်မြင့်တယ်၊ ချောတယ်၊ ပြီးတော့ အတွင်းခံ မော်ဒယ်တစ်ယောက်ပါ။ ဒါပေမယ့် ရုပ်ရည်ရူပကာအားဖြင့်တော့ သူမကို အကဲမဖြတ်လိုက်ပါနဲ့ဦး။ ဒီအကြောက်အလန့်မရှိတဲ့ ဟောပြောချက်မှာ သူမ ၁၆ နှစ်ရှိရုံကလေးမှာ သူမရဲ့ စွဲဆောင်မှုအရှိဆုံး ရုပ်ရည်ဖြစ်စေခဲ့တဲ့ လုပ်ငန်းကို ခနဲ့တဲ့တဲ့ အမြင်နဲ့ရှုမြင်ထားပါတယ်။ (TEDxMidAtlantic တွင်ရိုက်ကူးသည်။)

အားလုံးလိုတာဆိုလို့ (၁၀) မိနစ်ကြာ သိမှတ်နှိုးကြားမှုပါပဲ။

TEDSalon London Fall 2012

အားလုံးလိုတာဆိုလို့ (၁၀) မိနစ်ကြာ သိမှတ်နှိုးကြားမှုပါပဲ။
11,093,399 views

သင်ဟာ ၁၀မိနစ်လုံးလုံးကြီး ဘာမှမလုပ်ဘဲ နေခဲ့တာ နောက်ဆုံးအကြိမ် ဘယ်တုန်းကလဲ။စကားပြောတာတို့ စဉ်းစားတွေးတောတာတောင်မလုပ်ပဲနဲ့လေ။ မှတ်မှုပညာရှင် Andy Puddicombe က ဒါကိုလုပ်ဆောင်ခြင်းရဲ့ ပြောင်းလဲတတ်တဲ့ စွမ်းအားကို ရှင်းလင်းတင်ပြထားပါတယ်။ တစ်နေ့ကို ၁၀မိနစ်လောက် သင့်ရဲ့စိတ်ကို အားသစ်လောင်းလိုက်ခြင်း၊ ရိုးရိုးလေးပဲ ပစ္စုပ္ပန်ကို ရှုမှတ်၊ တွေ့ကြုံခံစားလိုက်ခြင်းပါ။(အမွှေးနံ့သာ ဒါမှမဟုတ် ပုံစံဆန်းဖြင့် ထိုင်ရန်မလိုပါဘူး)

Steven Addis: အဖေနဲ့ သမီး သံယောဇဉ်ကြိုးတစ်ချောင်း၊ တစ်ကြိမ်မှာ ဓါတ်ပုံတစ်ပုံ။

TED2012

Steven Addis: အဖေနဲ့ သမီး သံယောဇဉ်ကြိုးတစ်ချောင်း၊ တစ်ကြိမ်မှာ ဓါတ်ပုံတစ်ပုံ။
1,553,695 views

အချိန်အတော်ကြာ ကာလတုန်းက New York City က လမ်းထောင့်တစ်ခုမှာ Steven Addis ဟာ သူ့ရဲ့ ၁ နှစ်သမီးလေးကို လက်မောင်းမှာပွေချီပြီး ရပ်နေတာကို သူ့ဇနီးက လျှပ်တစ်ပျက် ဓါတ်ပုံတစ်ပုံရိုက်ယူလိုက်တယ်။ ဒီဓါတ်ပုံလေးက ဖခင်နဲ့သမီး နှစ်စဉ် ထုံးတမ်းတစ်ခုကို စေ့ဆော်ပေးလိုက်တယ်။ အဲဒီမှာ Addis နဲ့ သူ့သမီးဟာ နှစ်စဉ် ဒီပုံမျိုး ၊ ဒီလမ်းထောင့်မှာပဲ ကိုယ်ဟန်ပြပြီး ဓါတ်ပုံရိုက်ကြတယ်။ Addis ဟာ အမြတ်တနိုးတန်ဖိုးထားတဲ့ အစဉ်လိုက် ဓါတ်ပုံ ၁၅ ပုံကို မျှဝေထားပြီး ဒီသေးငယ်တဲ့ ထပ်တလဲလဲဖြစ်နေတဲ့ ထုံးတမ်းကလေးဟာ ဘာကြောင့်များ အဓိပ္ပါယ် အများကြီး ရှိနေတယ်ဆိုတာကို လေ့လာဖော်ထုတ်ထားပါတယ်။

Paolo Cardini: မျိုးစုံလုပ်ဆောင်တာကို မေ့လိုက်ပါ၊ တစ်ခုတည်း လုပ်ဆောင်ဖို့ ကြိုးစားပါ။

TEDGlobal 2012

Paolo Cardini: မျိုးစုံလုပ်ဆောင်တာကို မေ့လိုက်ပါ၊ တစ်ခုတည်း လုပ်ဆောင်ဖို့ ကြိုးစားပါ။
2,609,537 views

လူတွေဟာ ထမင်းဟင်းချက်ရုံတင် မဟုတ်တော့ဘူး။ သူတို့ဟာ ထမင်းဟင်းချက်ရင်း၊စာရိုက်ပို့ရင်း၊ တယ်လီဖုန်းပြောရင်း၊YouTube ကြည့်ရင်း၊ နောက်ပြီးတော့ သူတို့အခုလေးပဲ ချက်လိုက်တဲ့ ထူးကဲတဲ့ဟင်းလျာရဲ့ ဓာတ်ပုံတွေကိုတင်ရင်းနဲ့ပေါ့။ ဒီဇိုင်နာ Paolo Cardini က တစ်ပြိုင်နက်လုပ်ဆောင်နေကြတဲ့ လောကရဲ့ ခရီးရောက်မှုကို မေးခွန်းထုတ်ထားပြီး ဒီဟောဟဲလိုက်ခြင်းအတွက် "တစ်မျိုးတည်းလုပ်ဆောင်ခြင်း"ကို တင်ပြထားပါတယ်။ သုံးဖက်မြင်ရိုက်နှိပ်ထားတဲ့ သူ့ရဲ့ချစ်စရာ စမတ်ဖုန်း အဖုံးလေးတွေက အထောက်အကူ ပြုကောင်းပြုပေလိမ့်မပေါ့။

Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး

TEDxKC

Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး
1,609,445 views

သူကားအတိုက်မခံရခင်တော့ Janine Shepherd က စကိက်စီး အိုလံပစ် ရွေတံဆိပ်ရဖို့ရည်ရွယ်ထားတဲ့သူ။ သူမရဲ့ ဘယ်လိုပြန်ကောင်းလာအောင် ကျိုးစားခဲ့တယ်ဆိုတဲ့ဖြစ်ရပ် လေးကိုပြောထားပါတယ်။ သူမပေးချင်တဲ့ အတွေးလေးကတော့ ခန္ဒာကိုယ်က အရေးမကြီးဘူး၊ အိပ်မက်အဟောင်းကိုပဲ ဖတ်တွယ်မနေရင် ကောင်းတဲ့အိပ်မက်သစ်တွေပေါ်လာပါလိမ့်မယ်။

Sleepy Man Bqnjo Boys: အံ့ဩစရာ ဆယ်ကျော်သက်များရဲ့ ရိုးရာကျေးလက်ဂီတဖျော်ဖြေမှု

TED@New York

Sleepy Man Bqnjo Boys: အံ့ဩစရာ ဆယ်ကျော်သက်များရဲ့ ရိုးရာကျေးလက်ဂီတဖျော်ဖြေမှု
2,427,615 views

ညီအစ်ကိုတွေဖြစ်ကြတဲ့ Jonny Robbie နဲ့ Tommy Mizzone တို့ဟာ Sleepy Man Banjo Boys ဆိုတဲ့ ပြိုင်စံရှား ကျေးလက်ဂီတပညာရှင် ၃ယောက်ဖြစ်ပါတယ်။ သူတို့ဟာ ထူးခြားပြောင်မြောက် မြူးကြွမှုနဲ့တီးခတ်ထားပါတယ်။ သူတို့တွေဟာ ၁၆နှစ်အောက်တွေလို့များ ကျွန်တော်တို့ပြောမိခဲ့ကြပါသလားဗျာ။

Matt Killingsworth: ပိုပြီး ပျော်ပျော်နေချင်လား။ တဒင်္ဂမှာ နေလိုက်ပါ

TEDxCambridge

Matt Killingsworth: ပိုပြီး ပျော်ပျော်နေချင်လား။ တဒင်္ဂမှာ နေလိုက်ပါ
3,206,661 views

လူတွေဘယ်အချိန်မှာ အပျော်ဆုံးလဲ။ ဒီမေးခွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းဖို့ Matt Killingsworth ဟာ "သင့်ပျော်ရွှင်မှုကို ခြေရာခံကြည့်ပါ" ဆိုတဲ့ အက်ပ်ကို တီထွင်ထားရာ လူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံ တင်ပြလာနိုင်ပါတယ်။ ဒီအံ့ဩစရာကောင်းတဲ့ ရလာဒ်တွေထဲက တစ်ခုမှာ ကျွန်တော်တို့တွေဟာ တဒင်္ဂလောက် မျက်ခြေပြတ်သွားခိုက်မှာ အပျော်ဆုံးဖြစ်ဖြစ်နေခြင်းပါပဲ။ အခြားတစ်ဖက်မှာကျတော့ ကျွန်တော်တို့စိတ်က ဟိုဟိုဒီဒီ စိတ်လွင့်စင်နေလေလေ၊ ပျော်ရွှင်မှုက နည်းပါးလေးလေ ဖြစ်နိူင်တော့တာပေါ့။ (TEDxCambridge တွင်ရိုက်ကူးသည်။)

ဟန်နာ ဘရန်ချာ (Hannah Brencher): သူစိမ်းသို့ပေးသော မေတ္တာသဝဏ်လွာလေးများ

TED@New York

ဟန်နာ ဘရန်ချာ (Hannah Brencher): သူစိမ်းသို့ပေးသော မေတ္တာသဝဏ်လွာလေးများ
2,170,009 views

ဟန်နာ ဘရန်ချာရဲ့ မိခင်ဖြစ်သူဟာ သူမဆီကို စာတွေအမြဲတမ်း ရေးပို့လေ့ရှိခဲ့တယ်။ ဒါကြောင့် သူမကိုယ်တိုင် ကောလိပ်ပြီးလို့ စိတ်ဓာတ်အကျဆုံးဖြစ်နေချိန်မှာ သူမနဂို စိတ်ရင်းနဲ့ခံစားပြီး မေတ္တာသဝဏ်လွာတွေရေးသားခဲ့ပြီး သူစိမ်းတွေ တွေ့ရှိနိူင်ဖို့ ထားပစ်ခဲ့တယ်။ ဒီလုပိဆောင်မှုဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်း ဖြစ်လာပါပြီ။ ကမ္ဘာကြီးဟာ မေတ္တာစာတွေ ပိုပြီးလိုအပ်နေပါတယ်။ စိတ်ဓာတ်မြင့်တင်ဖို့လိုအပ်တဲ့ သူတွေအတွက် ဒီကမန်းကတန်း လက်ရေးနဲ့ရေးထားတဲ့ စာတွေပေါ့။

Melissa Marshall: ကျွန်မကို ရိုးရိုးရှင်းရှင်းလေး ပြောပြကြပါဦးလားရှင်။

TEDGlobal 2012

Melissa Marshall: ကျွန်မကို ရိုးရိုးရှင်းရှင်းလေး ပြောပြကြပါဦးလားရှင်။
2,462,860 views

Melissa Marshall ကနေပြီး သိပ္ပံပညာရှင်အားလုံးအတွက် (သိပ္ပံပညာရှင်မဟုတ်တဲ့သူတွေဆီက) သသဝဏ်လွှာ တစ်ခုဆောင်ကြဉ်းလာခဲ့ပါတယ်။ ကျွန်မတို့ လုပ်ဆောင်နေတာတွေနဲ့ ကျွန်မတို့ စွဲလမ်းမက်မော နေကြတဲ့ အရာတွေကို ပြောပြပါ။ ကျွန်မတို့နားလည်နိုင်တဲ့ နည်းလမ်းတစ်ခုနဲ့လေ။ ၄မိနစ် ကာလလေးအတွင်းမှာ ရှုပ်ထွေးလှတဲ့ သိပ္ပံပညာဆိုင်ရာအတွေးအခေါ်တွေကို သာမန်ပရိတ်သတ်အား ဘယ်လို တင်ပြသင့်ကြောင်း ထိရောက်တဲ့ အကြံပြုချက်တွေကို သူမက မျှဝေထားပါတယ်။

Amy Cuddy: သင့်ကိုယ်ခန္ဓာ ဘာသာစကားက သင့်ပုံကို သွင်းပေးနေတယ်။

TEDGlobal 2012

Amy Cuddy: သင့်ကိုယ်ခန္ဓာ ဘာသာစကားက သင့်ပုံကို သွင်းပေးနေတယ်။
56,233,256 views

ကိုယ်ခန္ဓာ ဘာသာစကားက အခြားသူတွေ ကိုယ့်ကို မြင်ကြပုံကို အကျိုးသက်ရောက်မှု ရှိုရုံသာမက ကိုယ့်ကိုယ်ကို မြင်မိပုံကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ လူမှုရေး စိတ်ပညာရှင် Amy Cuddy က "အားမာန် အပြည့်ပါတဲ့ ရပ်ဟန်" ကိုယ်က ယုံကြည်မှုမဲ့နေတဲ့ အချိန်မှာတောင်ောမှ ယုံကြည်မှုရှိတဲ့ ရပ်နေတဲ့ အနေအထားဟာ ဥှီးနှောက်အတွင်းမှာရှိတဲ့ testosterone cortisol အဆင့်တွေကို သက်ရောက်မှု ရှိစေနိုင်ပြီး အောင်မြင်ရေး အခွင့်အလမ်းတွေကို အကျိုးသက်ရောက်နိုင်တာကို ပြသထားပါတယ်။.

Candy Chang: မသေခင် ကျွန်မလုပ်ချင်တာက...

TEDGlobal 2012

Candy Chang: မသေခင် ကျွန်မလုပ်ချင်တာက...
5,640,247 views

ပန်းချီပညာရှင်၊ TED ဝိုင်းတော်သား Candy Chang ဟာ သူမနေထိုင်တဲ့ New Orleans အရပ်မှာ စွန့်ပစ်ခံထားရတဲ့ အိမ်တစ်လုံးကို အင်မတန်ကြီးမားတဲ့ သင်ပုန်းကြီး တစ်ခုအဖြစ် ပြောင်းလိုက်ပြီး " ငါမသေခင်လုပ်ချင်တာက..."လို့ ဆိုပြီးကွက်လပ် ဖြည့်စရာမေးခွန်း မေးထားပါတယ်။ သူမရဲ့အိမ်နီးနားချင်းတွေရဲ့အဖြေတွေဟာ ....အံ့ဩဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ရယ်မောဖွယ်ရာတွေ ဖြစ်ပြီး ဒါဟာ မျှော်လင့်မထားတဲ့ ရပ်ရွာရဲ့ ကြေးမုံပြင် တစ်ချပ်ဖြစ်လာ ပါတယ်။ (သင့်အဖြေကရော ဘာပါလဲ။ )

Hannah Fry: ဘဝဟာ အဲဒီလောက် ရှုပ်ထွေးလို့လား။

TEDxUCL

Hannah Fry: ဘဝဟာ အဲဒီလောက် ရှုပ်ထွေးလို့လား။
819,007 views

အယ်လ်ဂိုရစ်သမ်တစ်ခုဟာ နောက်ထပ် အဓိကရုဏ်းရဲ့ နေရာကို ကြိုတင်ခန့်မှန်းနိုင်ပါသလား။ နားလည်ရန် လွယ်ကူတဲ့ ဒီဟောပြောချက်မှာ သင်္ချာပညာရှင် Hannah Fry ကနေပြီး ရှုပ်ထွေးလှတဲ့ လူမှုရေး အပြုအမူကို စိစစ်နိုင်ပြီး ဖြစ်နိုင်တာက ကျားသစ်ရဲ့ အပြောက်တွေ သို့မဟုတ် တောရိုင်းထဲက သားရဲတိရစ္ဆာန်နဲ့ သားကောင်တိုရဲ့ ပျံ့နှံ့မှုလိုမျိုး နှိုင်းယှဉ်မှုတွေကနေ သဘာဝ ဖြစ်စဉ်တွေကို ဟောကိန်းထုတ်နိုင်ပုံကို ပြသထားပါတယ်။

Scilla Elworthy: အကြမ်းမဖက်တဲ့နည်းဖြင့် တိုက်ခိုက်ခြင်း

TEDxExeter

Scilla Elworthy: အကြမ်းမဖက်တဲ့နည်းဖြင့် တိုက်ခိုက်ခြင်း
1,241,517 views

အနိုင်ကျင့်သူတစ်ယောက်ကို လူရမ်းကား ဖြစ်မလာစေပဲ ဘယ်လို ရင်ဆိုင်မလဲ။ ပညာသားပါပြီး ခံစားချက်ပါတဲ့ ဒီဟောပြောချက်ထဲမှာ ငြိမ်းချမ်းရေး လှုပ်ရှားသူ Scilla Elworthy ကနေပြီး ကျွန်တော်တို့တွေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပုံစံထုတ်ပြထားပါတယ်။ နိုင်ငံများ အနေနဲ့ရော တစ်ဦးချင်း အနေနဲ့ပါ အင်မတန် ပြင်းထန်တဲ့ အင်အားကို တန်ပြန်အင်အားမသုံးပဲနဲ့ တိုက်ခိုက်ဖို့ပါ။ အကြမ်း မဖက်တဲ့နည်းဟာ ဘာကြောင့်၊ ဘယ်လိုပုံ အလုပ်လုပ်တယ်ဆိုတာကို ဖြေဆိုဖို့ သူမဟာ သမိုင်းဝင် သူရဲကောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမ ဂန္ဒီ၊ နယ်လ်ဆင် မန်ဒဲလား တို့ကို သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ဆန့်ကျင်မှုတွေကို မောင်းနှင်ပေးတဲ့ ကိုယ်ရေးဆိုင်ရာ ဒဿနတွေကို သတိရစေလိုက်ပါတယ်။

Tracy Chevalier: ပန်းချီကားရဲ့  အတွင်းဘက်က ဇာတ်လမ်းကို ရှာဖွေခြင်း။

TEDSalon London Spring 2012

Tracy Chevalier: ပန်းချီကားရဲ့ အတွင်းဘက်က ဇာတ်လမ်းကို ရှာဖွေခြင်း။
1,389,986 views

Tracy Chevalier ဟာ ပန်းချီကားတွေကို ကြည့်တဲ့အခါမှာ ပန်းချီကားတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို စိတ်ကူးမြင်ယောင်ကြည့်ပါတယ်။ ပန်းချီဆရာဟာ သူ့ရဲ့ ကိုယ်ဟန်ပြမယ်ကို ဘယ်လိုတွေ့ဆုံခဲ့တာလဲ။ ဘယ်အရာကများ သူမရဲ့ မျက်လုံးထဲက အဲဒီအကြည့်ကို ရှင်းပြလိမ့်မလဲ။ ဘာဖြစ်လို့ ဒီလူက.....ရှက်အမ်းအမ်းဖြစ်နေရတာလဲ။ သူမရဲ့ ရောင်းအကောင်းဆုံး ဝတ္ထု " Girl With a Pearl Earing" (ပုလဲနားကပ်နဲ့ ကောင်မလေး) ကို ခေါ်ဆောင်သွားခဲ့တဲ့ ပန်းချီကားအပါအဝင် သူမကို ဉာဏ်ကွန့်မြူးမှုပေးခဲ့တဲ့ ပုံတူပန်းချီကား သုံးကားရဲ့ ဇာတ်လမ်းတွေကို မျှဝေထားပါတယ်။

Gabriel Barcia-Colombo: အမှတ်တရများကို ဗီဒီယိုအနုပညာထဲတွင်  ရိုက်ယူသိမ်းဆည်းခြင်း။

TED2012

Gabriel Barcia-Colombo: အမှတ်တရများကို ဗီဒီယိုအနုပညာထဲတွင် ရိုက်ယူသိမ်းဆည်းခြင်း။
800,296 views

ဗီဒီယို ချိတ်ဆက်ခြင်းနဲ့ ထိုးပြခြင်း နည်းပညာကိုသုံးပြီး ပန်းချီ ပန်းပုပညာရှင် Gabriel Barcia-Colombo က သူ့ရဲ့ အမှတ်ရစရာတွေနဲ့ ခင်မင်ရင်းနှီးမှုတွေကို ရိုက်ကူး၊ မျှဝေထားပါတယ်။ သူဟာ သူ့ရဲ့စွဲမက်ဖွယ်ကောင်းပြီး လေးနက်တဲ့အတွေးပါတဲ့လက်ရာကို TED Fellow Art မှာ ပြသလိုက်ပါတယ်၊ သူ့ဘဝမှာရှိတဲ့ လူတွေကို ဖန်ပုလင်းတွေထဲမှာ၊ ခရီးဆောင် သေတ္တာတွေထဲမှာ၊ အဖျော်စက်တွေထဲမှာ သိမ်းဆည်း ကာကွယ်ထားတဲ့ပုံပေါ်နေပါတယ်။

Usman Riaz + Preston Reed: လူငယ်ဂစ်တာသမားတစ်ဦးက သူ့ရဲ့ လေးစားအားကျသူနဲ့ တွေဆုံခြင်း

TEDGlobal 2012

Usman Riaz + Preston Reed: လူငယ်ဂစ်တာသမားတစ်ဦးက သူ့ရဲ့ လေးစားအားကျသူနဲ့ တွေဆုံခြင်း
5,260,414 views

အသက် ၂၁ ရှိတဲ့ ဂစ်တာဝိဇ္ဇာ Usman Riaz ဟာ လက်နဲ့တီးခေါက်တီးတဲ့ ဂစ်တာဟန်တစ်ခုကို တီးခတ်ဖို့ YouTube မှာ သူလေးစားအားကျတဲ့ သူတွေကို ကြည့်ရင်း သင်ယူခဲ့ပါတယ်။ TED ဝိုင်းတော်သား ဟာ လက်နဲ့တီးခေါက်တီးတဲ့ ဂစ်တာဆရာကြီး Preston Reed ထံမှ လက်ဖျားခါလောက်တဲ့ တစ်ကိုယ်တော်လက်သံနဲ့လိုက်ကာ TEDGlobal 2012 က စင်မြင့်မှာ တီးခတ်ပါတယ်။ ဒီဂစ်တာပညာရှင် နှစ်ဦးရဲ့ စိတ်ကူးရတဲ့အတိုင်း ကောက်ကာငင်ကာ တီးခတ်ဖျော်ဖြေမှုကို ကြည့်လိုက်ပါဦး။