TED Talks with Burmese transcript

Nonny de la Paña: အနာဂတ် သတင်းတွေလား။ အသွင်တူဖန်တီးခြင်း

TEDWomen 2015

Nonny de la Paña: အနာဂတ် သတင်းတွေလား။ အသွင်တူဖန်တီးခြင်း
1,291,722 views

ဇာတ်လမ်းတစ်ခုကို သင့်ရဲ့ စိတ်မှာတင်မဟုတ်ပဲ ကိုယ်ခန္ဓာတစ်ခုလုံးနဲ့ပါ တွေ့ကြုံခံစားရမယ်ဆိုရင် သင်ဘယ်လို ဖြစ်သွားမလဲ။ Nonny de la Paña ဟာ ပရိတ်သတ်ကို ဇာတ်လမ်းထဲကို ထည့်သွင်းဖို့အတွက် အစဉ်အလာ သတင်းပို့ချက်တွေကို ပေါ်ထွန်းခါစ VR (အသွင်တူဖန်တီးခြင်း) နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ သတင်းစာပညာ ပုံစံသစ် တစ်ခုကို လုပ်ကိုင်နေပါတယ်။ ရလဒ်အနေနဲ့ de la Paña မျှော်လင့်ထားတာက လူတွေကို သတင်းကို ပုံစံသစ်တစ်ခုနဲ့ နားလည်စေဖို့ဆိုတဲ့ စိတ်အာရုံကို နှိုးဆွပေးတဲ့ အတွေ့အကြုံပါပဲ။

Harald Haas: ကြိုးမဲ့ အင်တာနက်အတွက် လုံးဝဆန်းသစ်တဲ့ တီထွင်မှု

TEDGlobal>London

Harald Haas: ကြိုးမဲ့ အင်တာနက်အတွက် လုံးဝဆန်းသစ်တဲ့ တီထွင်မှု
2,751,742 views

လိုအပ်တဲ့ ပံ့ပိုးမှု အဆောက်အအုံတွေ မရှိကြလို့ အင်တာနက် မသုံးနိုင်ကြတဲ့ ပြည်သူ သန်း ၄၀၀၀ ကျော်တို့အတွက် ရှိနေဆဲ နည်းပညာတွေကို သုံးပြီး အင်တာနက်ကို စီစဉ်ပေးနိုင်မယ်ဆိုရင်ကော။ ဆိုင်တွေမှာ ဝယ်လို့ရနိုင်တဲ့ LED မီးလုံးများနဲ့ နေရောင်စု ဆဲလ်တွေကို သုံးလျက် Harald Haas ရဲ့ အဖွဲ့က နည်းပညာ အသစ်တစ်ခုကို တီထွင်လိုက်ကြရာ အလင်းရောင်ကို သုံးပြီး ဒေတာကို ထုတ်လွှင့်ပေးနိုင်ပါမယ်။ အဲဒါဟာ ဒီဂျီတယ် ကွာဟချက် ပြဿနာကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။ အင်တာနက် အနာဂတ် မြင်ကွင်းကို ကြည့်ကြည့်ကြပါစို့။

Kaki King: အလင်းနဲ့ အရောင် ကမ္ဘာသို့ ဂီတ လွတ်မြောက်မှု တစ်ခု။

TEDWomen 2015

Kaki King: အလင်းနဲ့ အရောင် ကမ္ဘာသို့ ဂီတ လွတ်မြောက်မှု တစ်ခု။
1,507,725 views

ကိုယ်ပိုင် ပင်ကိုယ်ဟန်နဲ့ Kaki King ဟာ နောက်လာမယ့် ဂစ်တာ နတ်ဘုရားမ တစ်ပါး ဖြစ်လ​ောက်ပါတယ်။ သူမဟာ လူတစ်ယောက်ရဲ့ လက်တွေနဲ့ လုပ်တဲ့ ခေတ်ဟောင်း ရှေးရိုးအစဉ်အလာကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ၊ သူမရဲ့ ဂစ်တာပေါ်ကို ပုံရိပ်ထိုးပြထားတဲ့ ဆန်းပြားတဲ့ စိတ်ကူးကို " The Neck is a Bridge to the Body" (ဇက်တိုင်ဟာ ကိုယ်ခန္ဓာရဲ့ တံတားတစ်စင်းပါ) ဆိုတဲ့ သူမရဲ့ ဆန်းသစ်တဲ့ ပသာဒစုံ တင်ဆက်မှုမှာ တင်ပြထားပါတယ်။ သူမရဲ့ ဂစ်တာ ဇက်တိုင်ကို ကီးဘုတ်တစ်ခုလို အသုံးပြုရင်း သူမရဲ့ ပရိတ်သတ်ကို အလင်းနဲ့ အသံတို့ရဲ့ ဂီတ ခရီးရှည်ကြီးကို ခေါ်ဆောင်သွားရင်း သူမဟာ အနုစိတ်နိုင်လှတဲ့ တေးသွားကို တီးခတ်ထားပါတယ်။ သူမက ဒါကို "စုတ်တံနဲ့တူတဲ့ ဂစ်တာ" ခေါ်ပါတယ်။

Cesar Harada: ကလေးများကို သိပ္ပံဘာသာကို နှစ်သက်အောင် သင်ပေးခဲ့ပုံ။

TED Fellows Retreat 2015

Cesar Harada: ကလေးများကို သိပ္ပံဘာသာကို နှစ်သက်အောင် သင်ပေးခဲ့ပုံ။
1,776,679 views

Hong Kong က Harbour School မှာ Caesar Harada ဟာ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ နောက်မျိုးဆက် ပညာရှင်တွေကို နိုင်ငံသား သိပ္ပံဘာသာနဲ့ တီထွင်ခြင်းကို သင်ကြားပေးပါတယ်။ သူက သူ့စာသင်ခန်းကို စက်မှုပိုင်းဆိုင်ရာ မြေကွက်ကြီး ဆီရွှေ့ပြောင်းလိုက်တယ်။ အဲဒီမှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ ကလေးတွေဟာ သစ်သား၊၊ သတ္ထု၊ ဓါတုဗေဒ၊ ဇီဝဗေဒ အလင်းတန်းပညာတွေနဲ့ အလုပ်လုပ်နိုင်ပြီး တစ်ခါတစ်လေမှာ ကမ္ဘာ့ သမုဒ္ဒရာတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေအတွက် ဖြေရှင်းနည်းတွေကို ဖန်တီးဖို့ အားကောင်းတဲ့ ကိရိယာတွေနဲ့ပါ လုပ်ကြပါတယ်။ အဲဒီမှာ သူငယ်စဉ်က သူ့မိဘတွေက သူ့ကို သင်ပေးခဲ့တဲ့ အများကလက်ခံတဲ့ သင်ခန်းစာဖြစ်တဲ့ "မင်းအမှိုက်ဖွလို့ရတယ်၊ ဒါပေမဲ့ ပြီးရင်တော့ ကိုယ့်ဘာသာ ရှင်းရမယ်နော်" ဆိုတာကို သွတ်သွင်းပေးပါတယ်။

Nancy Lublin: အရေးပေါ် ကူညီရေးလိုင်းကို လှုံ့ဆော်ပေးခဲ့တဲ့ ကြေကွဲဖွယ် စာတို။

TEDWomen 2015

Nancy Lublin: အရေးပေါ် ကူညီရေးလိုင်းကို လှုံ့ဆော်ပေးခဲ့တဲ့ ကြေကွဲဖွယ် စာတို။
956,279 views

အမျိုးသမီးငယ် တစ်ယောက်ကနေ DoSomething.org ထံ အကူအညီရဖို့အတွက် ကြေကွဲဖွယ် ပန်ကြားချက် တစ်စောင်ကို ရိုက်ပို့လိုက်တဲ့အခါ အဖွဲ့စည်းက နာကျင်နေရတဲ့လူတွေအတွက် ထွက်ပေါက်တစ်ခု ဖြည့်းဆည်းပေးဖို့ တစ်နိုင်ငံလုံးအနှံ့ Crisis Text Line ကိုဖွင်းပေးလိုက်ခြင်းဖြင့် တုံ့ပြန်လိုက်ပါတယ်။ နောက်ပိုင်းမှာ ၁၀ သန်းနီးပါးရှိတဲ့ စာတိုပေးပို့ချက်နဲ့ ဆေးစွဲခြင်း၊ မိမိကိုယ်ကို သတ်ဖို့ကြံစည်မှု၊ အစားအသောက် စည်းမဲ့ကမ်းမဲ့ဖြစ်မှု၊ လိင်ပိုင်းဆိုင်ရာ မတရားခံရမှု စတာမျိုးနဲ့ ဒီထက်ပိုတဲ့ ပြဿနာတွေနဲ့ လူတွေကို ကူညီဖို့ အဖွဲ့စည်းဟာ ကိုယ်ရေးလုံခြုံမှု နဲ့ စာတိုရိုက်ပို့ခြင်းရဲ့ စွမ်းအားကို အသုံးပြုနေပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကောက်ယူခဲ့တဲ့ အချက်အလက်တွေဟာ သေရေးရှင်ရေးကာလမှာ ပြဿနာတွေကို ပိုပို ကောင်းမွန်စွာ ကိုင်တွယ်ဖို့ မူဝါဒကို ပြန်လည်ပုံဖော်ပေးနေပြီး၊ ကျောင်းတွေနဲ့ ဥပဒေအာဏာ ကျင့်သုံးမှု ပိုကောင်လာရေးကို ပြင်ဆင်ပေးနေပါတယ်။

Daniel Levitin: စိတ်ဖိစီးမှုခံရတော့မှာကို သိချိန်မှာ စိတ်တည်ငြိမ်အောင် နေနည်း။

TEDGlobal>London

Daniel Levitin: စိတ်ဖိစီးမှုခံရတော့မှာကို သိချိန်မှာ စိတ်တည်ငြိမ်အောင် နေနည်း။
15,873,808 views

စိတ်ဖိစီးမှုခံရတဲ့အခါ သင်ဟာသင့်ရဲ့ အကောင်းဆုံး အနေအထား မဟုတ်တော့ပါ။ တကယ်တမ်းက စိတ်ဖိစီးမှုဖြစ်နေတဲ့ အခြေအနေတွေထဲကို ကော်တီဇော ထုတ်လွှတ်ဖို့ သင့်ရဲ့ ဦးနှောက်ဟာ ထောင်ချီပြီး ပြောင်းလဲဖြစ်ပေါ်သွားပါပြီ။ ကျိုးကြောင်းဆီလျော်တဲ့ ယုတ္တိတန်တဲ့ စဉ်းစားခြင်းတွေကို တားမြစ်နေတာဆိုပေမဲ့ သင့်ကို ဆက်လက်ရှင်သန်စေဖို့ ကူညီနေတာပါ၊ ပြောရရင်တော့ ခြင်္သေ့ တစ်ကောင်ရဲ့ တိုက်ခိုက်တာခံနေရတာပေါ့။ အာရုံကြောဆိုင်ရာသိပံပညာရှင် Daniel Levitin က သင့်ရဲ့စဉ်းစားတွေခေါ်မှုဟာ မကြည်မလင်ဖြစ်နေချိန်မှာ-..... စိတ်ဖိစီးတဲ့ အခြေအနေတွေမှာ အလွန်အရေးပါတဲ့ အမှားအယွင်းတွေ ပြုလုပ်ခြင်းကနေ ရှောင်ရှားဖို့ နည်းလမ်းတစ်ခုရှိတယ်လို့ တွေးထင်မိတယ်။ pre-mortem အလေ့အကျင့်ပါ။ "တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တွေဟာ ကျရှုံးတော့မှာပဲလေ။ သဘောပေါက်နားလည်ရမှာက ဒီဆုံးရှုံးမှုတွေဟာ ဘာတွေ ဖြစ်စေလောက်တယ်ဆိုတာကို ကြိုတင် တွေးဖို့ပါ။"

Tom Uglow: ကွန်ပြူတာဖန်ပြင်တွေမပါတဲ့ အင်တာနက်တစ်ခုဟာ ဒီလိုဖြစ်ကောင်းဖြစ်လိမ့်မယ်။

TEDxSydney

Tom Uglow: ကွန်ပြူတာဖန်ပြင်တွေမပါတဲ့ အင်တာနက်တစ်ခုဟာ ဒီလိုဖြစ်ကောင်းဖြစ်လိမ့်မယ်။
1,718,807 views

ဒီဇိုင်နာ Tom Uglow ဟာ လူသားတို့ နှစ်ခြိုက်ကြ သဘာဝ နည်းလမ်းတွေနဲ့ ရိုးစင်းတဲ့ကိရိယာတွေဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက် သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့ကို အထောက်အပံ့ပြုတဲ့ ကိရိယာတွေနဲ့အတူ ယှဉ်တွဲရပ်နိုင်မယ့် အနာဂတ်ကို ဖန်တီးနေပါတယ်။ သူပြောတာက "အရှိတရားဟာ ဖန်သားပြင်တွေထက် ပိုကြွယ်ဝပါတယ်။" "မီးလုံးဖွင့်လိုက်ခြင်းလို သဘဝကျပြီး ရိုးရှင်းတာမျိုး ခံစားနိုင်တဲ့ ကိုယ်နှစ်သက်တဲ့ အချက်အလက်တွေနဲ့ ပြည့်နေတဲ့ ပျော်စံရာရှိနိုင်ပါတယ် "တဲ့။

Meklit Hadero: နေ့စဉ်အသံများရဲ့ မျှော်လင့်မရတဲ့အလှ။

TED Fellows Retreat 2015

Meklit Hadero: နေ့စဉ်အသံများရဲ့ မျှော်လင့်မရတဲ့အလှ။
1,132,751 views

ကျေးငှက်တေးသံတွေကနေ နမူနာအဖြစ် အသုံးပြုရင်း အလေးအနက်ပြုတဲ့ ဘာသာစကားရဲ့ သဘာဝ လေယူလေသိမ်းနဲ့ ချက်ပြုတ်တဲ့ ဒယ်အိုးဖုံးတောင် အပါအဝင် အဆိုရှင်၊ သီချင်းရေးစရာ Meklit Hadero ဟာ နေ့စဉ်အသံပေါင်းစုံ၊ တိတ်ဆိတ်မှုတောင်မှ ဘယ်လို ဂီတကို ဖန်တီးပုံကို ပြသထားပါတယ်။သူမပြောတာက "ကမ္ဘာကြီးဟာ ဂီတရသတွေနဲ့ ရှင်သန်နေတယ်၊ ကျွန်မတို့ဟာ ဒီအထဲမှာ နစ်မြုပ်နေပြီးသားပါတဲ့"။

Teirur: အိမ်ဆိုတာဟာ ကိုယ် အမြဲတမ်း အမှတ်ရနေတဲ့ သီချင်းတစ်ပုဒ်ပါ။

TED2015

Teirur: အိမ်ဆိုတာဟာ ကိုယ် အမြဲတမ်း အမှတ်ရနေတဲ့ သီချင်းတစ်ပုဒ်ပါ။
1,099,161 views

ဂီတပညာရှင် Teirur အတွက်ကတော့ သီချင်းဆိုခြင်းဟာ ကိုယ့်အကြောင်း တစ်ပိုင်းတစ်စကို သူများတွေကို ဖွင့်ချခြင်းပါ။ သူပြောတာက "စေတနာတွေဟာ လူတွေသဘောကျစေဖို့ ၊ အဆုံးမှာ လက်ခုပ်သံ အကျယ်ကြီးကြားရဖို့ဆိုရင် မင်းဟာ ပေးနေတာမဟုတ်ပဲ ယူနေတာပါ"တဲ့။ TED2015 အချစ်၊ ဝေးကွာခြင်း၊ အိမ်အကြောင်း သူပေးစွမ်းထားတဲ့ သီချင်း ၂ ပုဒ်နဲ့ ဖျော်ဖြေတာလေးကို နားဆင်လိုက်ပါ။

Neri Oxman: နည်းပညာနဲ့ ဇီဝဗေဒ ဆုံမှတ်မှ ဒီဇိုင်းလက်ရာ

TED2015

Neri Oxman: နည်းပညာနဲ့ ဇီဝဗေဒ ဆုံမှတ်မှ ဒီဇိုင်းလက်ရာ
2,427,289 views

ဒီဇိုင်နာ ဗိသုကာပညာရှင် Neri Oxman ဟာ ဒီဂျစ်တယ် တီထွင်မှုနည်းပညာနဲ့ ဇီဝ ကမ္ဘာတို့ အပြန်အလှန် အကျိုးပြုနိုင်တဲ့ နည်းလမ်းတွေကို ဦးဆောင်ရှာနေသူပါ။ ကွန်ပျုတာ ဒီဇိုင်း၊ ဖြည့်ဆည်း ထုတ်လုပ်မှု၊ ကုန်ကြမ်း ပြုပြင်မှု နဲ့ လူလုပ် ဇီဝဗေဒ ဆုံမှတ်မှာ အလုပ်လုပ်ရင်း သူမရဲ့ ဓာတ်ခွဲခန်းက အဏုဇီဝပိုး၊ ကျွနု်ပ်တို့ရဲ့ ခန္ဓာ၊ ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်နဲ့ အဆောက်အအုံကြား အကျိုးရှိပူးပေါင်းမှု ခေတ်သစ်ကို တီထွင်နေပါတယ်။

Samuel Cohen: အယ်ဇိုင်းမားဟာ သာမန် အိုမင်းလာခြင်း မဟုတ်ပါ၊ ကုသလို့ရပါတယ်။

TED@BCG London

Samuel Cohen: အယ်ဇိုင်းမားဟာ သာမန် အိုမင်းလာခြင်း မဟုတ်ပါ၊ ကုသလို့ရပါတယ်။
2,376,932 views

ကမ္ဘာပေါ်မှာရှိတဲ့ လူသန်း ၄၀ ကျော်ဟာ အယ်ဇိုင်းမားရောဂါ ခံစားနေကြရပြီး အရေအတွက်ဟာ လာမယ့်နှစ်တွေမှာ ကြောက်ခမန်းလိလိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ရောဂါအုပ်စုခွဲပြီးချိန်ကတည်းက ဒီရောဂါကို တုံ့ပြန်ကာကွယ်တိုက်ဖျက်တာမှာ ထိရောက်တဲ့ တိူးထက်မှုမရှိပါဘူး။ သိပ္ပံပညာရှင် Samuel Cohen ဟာ သူ့ရဲ့ စမ်းသပ်ခန်းကရတဲ့ အယ်ဇိုင်းမား သုသေသန ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုကို မျှဝေထားပါတယ်။ ပြီတော့ မျှော်လင့်ချက် သတင်းလွှာလေး အဖြစ် "အယ်ဇိုင်းမားဟာ သာမန် အိုမင်းလာခြင်း မဟုတ်ပါ၊ ကုသလို့ရပါတယ်။" တဲ့။

Robin Morgan: ပါကင်ဆန်ရောဂါ နှင့် အိုမင်းလာတဲ့အကြောင်း အစွမ်းထက်တဲ့ ကဗျာ ၄ ပုဒ်။

TEDWomen 2015

Robin Morgan: ပါကင်ဆန်ရောဂါ နှင့် အိုမင်းလာတဲ့အကြောင်း အစွမ်းထက်တဲ့ ကဗျာ ၄ ပုဒ်။
1,079,331 views

ကဗျာဆရာမ Robin Morgan ဟာ သူမကိုယ်တိုင် ပါကင်ဆန်ရောဂါရရှိပြီလို့ သိလိုက်ရချိန်မှာ သူမရဲ့ အတွေ့အကြုံတွေကို တိတ်ဆိတ်ပြီး စွမ်းအားထက်လှတဲ့ ဒီကဗျာ လေးပုဒ်အဖြစ် အနှစ်ချုပ်လိုက်ပါတယ်။ အသက်ကြီးရင့်ခြင်း၊ ဆုံးရှုံးမှုကို အလေးအနက် ဆင်ခြင်ရင်း၊ နောက်ပြီးတော့ သိမှတ်ခြင်းရဲ့ ရိုးရှင်းတဲ့စွမ်းအားပါ။

Mandy Len Catron: ချစ်ကြိုက်တာဟာ အလွယ်လေးပဲလား။

TEDxChapmanU

Mandy Len Catron: ချစ်ကြိုက်တာဟာ အလွယ်လေးပဲလား။
3,963,490 views

မေးခွန်း ၃၆ ခွန်းမေးတာနဲ့ သင်ဟာ တစ်ယောက်ယောက်ကို ချစ်သွားနိုင်တယ်ဆိုတာ သိပါရဲ့လား။ Mandy Len Catron ကတော့ ဒီစမ်းသပ်မှုကို စမ်းကြည့်ခဲ့ပါတယ်။ ဒါက အလုပ်ဖြစ်သွားတယ်။ ပြီးတော့ သူမက ဒီအကြောင်း တမဟုတ်ချင်း ပျံ့နှံ့ လူသိများသွားစေတဲ့ ဆောင်းပါးတစ်ပုဒ် ရေးလိုက်တယ် (သင့် အမေက သင့်ကို ပိုကောင်းပို့ပေးခဲ့မယ်)။ ဒါပေမဲ့...ဒါက တကယ့်အချစ်လား။ ရည်ရှည်ရောခံမလား။ ပြီးတော့ ချစ်ကြိုက်ခြင်းနဲ့ အချစ်မှာ မြဲခြင်းရဲ့ ခြားနားချက်က ဘာများပါလိမ့်။

Barry Schwartz: အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေးခေါ်ပုံက မဟုတ်ဘူး။

TED2014

Barry Schwartz: အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေးခေါ်ပုံက မဟုတ်ဘူး။
3,253,011 views

ဘယ်အရာက အလုပ်ကို စိတ်ကျေနပ်စေမှုဖြစ်စေတာလဲ။ Barry Schwartz အကြံပြုထားတာက လစာငွေအပြင် ဖော်မပြနိုင်တဲ့ တန်ဖိုးတွေရှိတာကို လက်ရှိ အလုပ်နဲ့ပတ်သက်ပြီး တွေးခေါ်ပုံက ရှင်းရှင်းကို မသိကျိုးကျွန်ပြုထားတာပါ။ အလုပ်သမားတွေကို ဘီးတစ်ဘီးရဲ့ ခွေးသွားစိပ်တွေ အဖြစ်တွေးမြင်နေတာကို ရပ်ဖို့ အချိန်တန်ပါပြီ။

Dustin Yellin: အနုပညာရှင်တစ်ဦးရဲ့ စိတ်ကိုဖြတ်သန်းသွားတဲ့ ခရီး

TED@NYC

Dustin Yellin: အနုပညာရှင်တစ်ဦးရဲ့ စိတ်ကိုဖြတ်သန်းသွားတဲ့ ခရီး
2,167,163 views

Dustin Yellin ကနေပြီး ရှုပ်ထွေးပြီး စိတ်ကူးယဉ်ဆန်မှုကိုနှိုးဆွပေးတဲ့ ဇာတ်လမ်းတွေကို ပြောပြတဲ့ စိတ်ကိုညှို့ငင်ဖမ်းစားတဲ့ အနုပညာလက်ရာတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒီ သူ့ရဲ့အနုပညာဟန်ကို သူဘယ်လိုတိုးတက်အောင်လုပ်ခဲ့ပါသလဲ။ အသက် ၈နှစ်ကနေ စတင်တဲ့ သူ့ရဲ့ ကိုယ်ပိုင်တစ်ဘာသာထူးခြားတဲ့ တွေးခေါ်ခြင်း၊ ထင်မြင်ခြင်း တွေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ခရီးကို မျှဝေထားပါတယ်။ သူ့ရဲ့နောက်ဆုံးအဓိကလက်ရာ တစ်ခုနှစ်ခုလောက်ထိ သူ့ကိုဦးတည်စေတဲ့ လမ်းကြောင်းကိုလိုက်ကြည့်လိုက်ပါဦး။

Chistopher Soghoian: တယ်လီဖုန်းလိုင်းကြားဖြတ် နားထောင်ခြင်း သမိုင်းအကျဉ်း၊
 ရှောင်ရှားပုံ၊ရှောင်ရှားနည်း။

TED2015

Chistopher Soghoian: တယ်လီဖုန်းလိုင်းကြားဖြတ် နားထောင်ခြင်း သမိုင်းအကျဉ်း၊ ရှောင်ရှားပုံ၊ရှောင်ရှားနည်း။
2,236,919 views

"ဘယ်သူက ခင်ဗျားဖုန်းကို ကြားဖြတ်ပြီး နားထောင်နေလဲ။ ကြိုးဖုန်းမှာဆိုရင်တော့ ဘယ်သူ မဆိုဖြစ်နိုင်ပါတယ်" လို့ ကိုယ်ရေး လျှို့ဝှက်ချက်များဆိုင်ရာ လှုပ်ရှားပြောင်းလဲရေးသမား Chistopher Soghoian ကပြောပါတယ်။ အကြောင်းကတော့ လျှို့ဝှက်စောင့်ကြည့်ရေး ကိရိယာတွေဟာ တစ်စုံတစ်ယောက်ကို ကြားဖြတ်နားထောင်လို့ရအောင် တယ်လီဖုန်းစနစ်ထဲမှာ အလိုအလျောက် တပ်ဆင်ထားလို့ပါ။ ဒါပေမဲ့ နောက်ထပ်ပြီးတော့ တစ်ခါ နိူင်ငံခြားထောက်လှမ်းရေး သတင်းဋ္ဌာနတစ်ခု ဒါမှမဟုတ် ရာဇဝတ် သားတစ်ယောက်ယောက်ပေါ့။ Soghoian ပြောတာက ဒါကြောင့်မို့လို့ တစ်ချို့နည်းပညာ ကုမ္ပဏီတွေက မိုဘိုင်းဖုန်းနဲ့ သတင်းပို့ခြင်ဒစနစ် အသစ်တွေမှာ အလားတူ လျှို့ဝှက်ကိရိယာ တပ်ဆင်ဖို့ အစိုးရတွေရဲ့ တောင်းဆိုမှုကို ခုခံဆန့်ကျင်နေတာပါ။ နည်းပညာကုမ္ပဏီတွေကနေ သင်တို့ရဲ့ ခေါ်ဆိုမှုတွေနဲ့ သတင်းတိုပေးပို့မှုတွေကို ကိုယ်ရေးကိုယ်တာ အဖြစ်ထားရှိဖို့ ဘယ်လိုများ လုပ်ဆောင်နေကြသလဲ ဆိုတာကို လေ့လာလိုက်ပါ။

Patience Muthunzi: HIV  ရောဂါကို လေဆာရောင်ခြည်ဖြင့် ကုသနိုင်ပါသလား။

TED2015

Patience Muthunzi: HIV ရောဂါကို လေဆာရောင်ခြည်ဖြင့် ကုသနိုင်ပါသလား။
1,278,466 views

ဆေးကုသဖို့အတွက် ဆေးလုံးတွေကိုမျိုချခြင်းဟာ လျှင်မြန်ပြီး၊နာကျင်မှုမရှိပေမည့် တစ်ခါတစ်လေမှာတော့ ရောဂါတွေကို ကုသဖို့အတွက် အပြည့်အဝထိရောက်ခြင်းမရှိလှပါဘူး။ အလားအလာရှိလောက်တဲ့ ပိုကောင်းမွန်တဲ့ နည်းလမ်းမရှိဘူးလား။ လေဆာရောင်ခြည်လေ။ ဒီစိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ဟောပြောချက်ထဲမှာ TED ဝိုင်းတော်သား Patience Muthunzi ကနေ HIV ရောဂါကူးစက်နေတဲ့ ဆဲလ်တွေကို ဆေးဝါးတွေတိုက်ရိုက်ရောက်ရှိဖို့ လောဆာရောင်ခြည်ကိုအသုံးပြုဖို့ သူမရဲ့ စိတ်ကူးကိုရှင်းလင်းတင်ပြထားပါတယ်။ ဒါက စောတော့စောပါသေးတယ်။ ဒါပေမဲ့ ကုသမှုဟာ အလားအလာရှိနိုင်ပါသလား။

Alix Generous: ကိုယ့် အစ္ဇျတ္တဘဝကို ဆက်သွယ်ဖို့  Aspenger's နဲ့ အတူ သင်ယူပုံ။

TEDWomen 2015

Alix Generous: ကိုယ့် အစ္ဇျတ္တဘဝကို ဆက်သွယ်ဖို့ Aspenger's နဲ့ အတူ သင်ယူပုံ။
1,883,472 views

Alix Generous ဟာ စိတ်ကူးပေါင်း သန်းချီရှိတဲ့ အမျိုးသမီးငယ်လေးပါ။ သူမဟာ သိပ္ပံပညာဆိုင်ရာ ချီးမြင့်ဆုရထားသူဖြစ်ပြီး နည်းပညာသစ်ကို ကူညီဖွံ့ဖြိုးစေပြီး ပေါက်ကရလည်းပြောပါတယ်။ (မြင်ကြရမှာပါ) သူမမှာ Aspenger's ရှိပါတယ်။ ဒါကတော့ အခြေခံကျတဲ့ ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ လူမှုရေးရာ တတ်ပွန်မှုတွေကို ကမောက်ကမ ဖြစ်စေတဲ့ အထီးကျန် စိတ်ဝေဒနာဆိုင်ရာ နယ်ပယ် ကစဉ့်ကလျားဖြစ်ခြင်း ပုံစံတစ်ခုပါ။ သူမရဲ့ စိတ်ကူးတွေကို ကမ္ဘာကြီးနဲ့ ဘယ်လိုမျှဝေလို့ရအောင် သင်ယူဖို့ နှစ်နဲ့ချီပြီး ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ဒီပျော်ရွှင်စရာ ကိုယ်ရေးကိုယ်တာ ဟောပြောချက်မှာ သူမရဲ့ ဇာတ်လမ်းကို မျှဝေထားပါတယ်။ ပိုပြီးများပြားတဲ့ လူတွေကို သူတို့ရဲ့ကြီးမားတဲ့ စိတ်ကူးတွေကို အဆက်အသွယ်ပြုရာမှာ အကူအညီပေးတဲ့ ကိရိယာတွေနဲ့ဆိုင်တဲ့ သူမရဲ့အမြင်ပါ။

Yuval Noah Harari: လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။

TEDGlobalLondon

Yuval Noah Harari: လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။
6,090,144 views

လွန်ခဲ့တဲ့ နှစ်ခုနှစ်သောင်းတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ အခြားသတ္တဝါများ အားလုံးနဲ့အတူ အာဖရိက ထောင့်တစ်နေရာမှာ ကိုယ့်လုပ်ငန်းကိုသာ အရေးစိုက်နေကြတဲ့ မထင်မရှား သတ္တဝါတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာဂြိုဟ်ကို လူသားတွေစိုးမိုးတာကို သဘောမတူတဲ့သူဆိုလို့ မရှိသလောက်ပါ။ ကျွန်ုပ်တို့ဟာ တိုက်ကြီးတိုင်းကို ပျံ့နှံ့သွားတယ်၊ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက အခြားသော သတ္တဝါတွေရဲ့ ကံကြမ္မာကို (ဖြစ်နိုင်တာကတော့ ကမ္ဘာကြီးကိုယ်တိုင်ကိုရောပါ) ဆုံးဖြတ်ပေးနေတယ် ။အဲဒီကနေ ဒီကို ဘယ်လို ကျွန်တော်တို့ ရောက်ရှိခဲ့လဲ။ သမိုင်းပညာရှင် Yuval Noah Harari ကနေပြီး လူသားရယ်လို့ ပေါ်ထွန်းလာမှုအတွက် အံ့သြဖွယ် အကြောင်းရင်းကို ရှင်းလင်းတင်ပြထားပါတယ်။

eL Seed: မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး သတင်းစကားပါတဲ့ လမ်းပေါ်က အနုပညာ။

TED2015

eL Seed: မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး သတင်းစကားပါတဲ့ လမ်းပေါ်က အနုပညာ။
1,581,298 views

တူနီးရှား မိဘတွေကနေ ပြင်သစ်မှာမွေးဖွားတဲ့ eL Seed ဟာ ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာစကားတွေနဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ တွေကြားမှာ လက်လှည့်ကစားတာကို နှစ်ခြိုက်ပါတယ်။ လမ်းပေါ်က အနုပညာနဲ့ နံရံမှာ ရေးဆွဲတဲ့ပုံဆွဲပညာနဲ့ ဉာဏ်ကွန့်မြူးထားတဲ့ ဟန်တစ်ခုမှာ အာရပ် ကဗျာလင်္ကာကို တင်ဆက်ထားတဲ့ သူ့ အနုပညာထဲမှာ မဟုတ်တာပါ။ ဒီတိတ်ဆိတ်စွာ စိတ်ပြင်းပြတဲ့ ဟောပြောချက်ထဲမှာ အနုပညာရှင်နဲ့ TED ဝိုင်းတော်သားကနေပြီး ဗဟို ရည်ရွယ်ချက် အရမ်းလှလွန်းလို့ ဘာသာပြန်ဖို့ မလိုတဲ့ အနုပညာဖန်တီးဖို့ ကို သရုပ်ဖော်ထားပါတယ်။

Jimmy Carter: အမျိုးသမီးများကို နှိပ်စက်ခြင်းသည် နံပါတ်တစ် လူ့အခွင့်အရေး အလွဲသုံးစားပြုမှုဟု ယုံကြည်ရခြင်း အကြောင်း။

TEDWomen 2015

Jimmy Carter: အမျိုးသမီးများကို နှိပ်စက်ခြင်းသည် နံပါတ်တစ် လူ့အခွင့်အရေး အလွဲသုံးစားပြုမှုဟု ယုံကြည်ရခြင်း အကြောင်း။
1,642,741 views

သူ၏ ပင်ကိုယ်စရိုက် ဆုံးဖြတ်ချက်နှင့်တကွ အမေရိကန် သမ္မတာဟောင်း Jimmy Carter ကနေပြီး မမျှော်လင့်တဲ့ အကြောင်းပြချက် ၃ မျိုးနဲ့ ဘာကြောင့် အမျီးသမီး ကြီးငယ်တွေ နှိပ်စက်ခံရမှုတွေ ဆက်ဖြစ်နေတာကို ကမ္ဘာ့နေရာ တော်တော်များများ၊ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ ၂ ခုစလုံးထဲက သရုပ်သကန်များကနေပြီး နှိုက်ထုတ်ဖော်ပြထားပါတယ်။ နောက်ဆုံး သူပေးတဲ့ အကြောင်းပြချက်က " ယေဘုယျအားဖြင့်တော့၊ ယောကျ်ားတွေက ဂရုမစိုက်ကြလို့"တဲ့။

Maryn McKenna: ပဋိဇီဝ ပိုးသတ်ဆေးတွေ အလုပ်မဖြစ်တော့ရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။

TED2015

Maryn McKenna: ပဋိဇီဝ ပိုးသတ်ဆေးတွေ အလုပ်မဖြစ်တော့ရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။
1,800,584 views

ပင်နီဆီလင်က အရာရာကို ပြောင်းလဲခဲ့ပါတယ်။ သေစေနိုင်ခဲ့တဲ့ ကူးစက်ရောဂါတွေဟာ ရုတ်တရတ်ဆိုသလို ချက်ချင်းကုလို့ ပျောက်လာပါတယ်။ Maryn McKenna ဒီ လေးနက်တဲ့ ဟောပြောချက်မှာ ပြောဆိုထားတဲ့အတိုင်း ကျွနု်ပ်တို့ အဲဒီအကျိုးကျေးဇူးနှင့် ပိုးသတ်ဆေးကို အလွဲသုံးစားခဲ့ပါတယ်။ ပိုးသတ်ဆေးယဉ် ဘက်တီးရီးယားဟာ ကျွနု်ပ်တို့ ပိုးသတ်ဆေးခေတ်အလွန်ကမ္ဘာကို ရောက်နေကြောင်းညွှန်ပြနေပါတယ်— ပြီးရင် ဒါက ကြည့်လို့ကောင်းမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွနု်ပ်တို့ လုပ်နိုင်တာလေးတွေရှိပါတယ်... ကျွနု်ပ်တို့ အခုဘဲ စ ရင်ပေါ့။

Rana el Kaliouby: ဒီအက်ပ်က ကျွန်ုပ်တို့ မျက်နှာကို ကြည့်ရုံနဲ့ ကျွန်ုပ်တို့ရဲ့ ခံစားမှုကို သိနိုင်တယ်

TEDWomen 2015

Rana el Kaliouby: ဒီအက်ပ်က ကျွန်ုပ်တို့ မျက်နှာကို ကြည့်ရုံနဲ့ ကျွန်ုပ်တို့ရဲ့ ခံစားမှုကို သိနိုင်တယ်
1,613,290 views

ကျွန်ုပ်တို့ရဲ့ ခံစားမှုတွေဟာ ကျွန်ုပ်တို့ဘဝရဲ့ မျက်နှာအစာ အသီးသီးကို၊ ကျွန်ုပ်တို့ရဲ့ သင်ယူမှုကို၊ ကျွန်ုပ်တို့ ဆက်သွယ်ပြောဆိုပုံကို၊ ကျွန်ုပ်တို့ ဆုံးဖြတ်ကြပုံကို၊ လွှမ်းမိုးတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ဒီဂျီတယ် ဘဝထဲမှာကျတော့ ခံစးမှုဆိုတာ မရှိဖြစ်နေပါတယ်၊ ကျွန်ုပ်တို့ ထိတွေ့သံးစွဲကြတဲ့ ကိရိယာတွေဟာ ကျွန်ုပ်တို့ ဘယ်လို ခံစးနေကြတာကို မသိကြပါ။ သိပ္ပံပညာရှင် Rana el Kaliouby ဟာ အဲဒါကို ပြေင်းလဲပစ်လိုပါတယ်။ သူဟာ ကျွန်ုပ်တို့ရဲ့ မျက်နှာပေါ်က ခံစားမှုတွေကို ဖတ်နိုင်ကာ သက်ဆိုင်ရာ ခံစားမှုတွေနဲ့ တိုက်ကြည့်နိုင်တဲ့ အားကောင်းလှတဲ့ နည်းပညာအသစ်ကို စမ်းသပ်ပြထားပါတယ်။ အဲဒီ “စိတ်ခံစားမှု အင်ဂျင်”ကို အသုံးပြုနိုင်တဲ့ လက်တွေ့နည်းတွေ အများအပြား ရှိတာကို သူမက ထောက်ပြထးကာ အဲဒါဟာ ကျွန်ုပ်တို့ စက်ပစ္စည်းတွေနဲ့ တုံ့ပြန်ဆက်ဆံကြပုံကိုသာမက လူတွေ အပြန်အလှန် ဆက်ဆံကြပုံကိုပါ ပြောင်းလဲပစ်နိုင်တာကို တင်ပြထားပါတယ်။

Joey Alexander: ၁၁နှစ်သား ပါရမီရှင်လေး ခေတ်ဟောင်းဂျပ်ဇ်ဂီတ ဖျော်ဖြေတင်ဆက်ခြင်း။

TED2015

Joey Alexander: ၁၁နှစ်သား ပါရမီရှင်လေး ခေတ်ဟောင်းဂျပ်ဇ်ဂီတ ဖျော်ဖြေတင်ဆက်ခြင်း။
2,484,706 views

သူ့အဖေရဲ့ ခေတ်ဟောင်းဓာတ်ပြားတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့တဲ့ Joey Alexander ဟာ ဆယ်ကျော်သက်အရွယ် မတိုင်မီ ကလေးတစ်ယောက်ဆီကနေ ကြားရဖို့ဆိုတာ သင်ဘယ်လိုမှ မျှော်မှန်းမရနိုင်စကောင်းတဲ့ စူးရှတဲ့ ခေတ်ပေါ် ဂျပ်ဇ်ဂီတ စန္ဒရားလက်သံ အမျိုးအစားတစ်ခုကို တီးခတ်ပါတယ်။ ၁၁နှစ်သားလေးဟာ သူ့ရဲ့ Thelonious Monk ဂန္ဓဝင်ရဲ့ အရမ်း ထူးခြားတဲ့ဖျော်ဖြေမှုနဲ့ TED ပရိတ်သတ်ကို နှစ်သိမ့်ကျေနပ်စေတာကို ကိုနားဆင်ကြည့်လိုက်ပါ။

Bill Gross: လုပ်ငန်းသစ်တေွ အောင်မြင်ခဲ့ခြင်း၏ တစ်ခုတည်းသ​ော အကြောင်းရင်းကြီး။

TED2015

Bill Gross: လုပ်ငန်းသစ်တေွ အောင်မြင်ခဲ့ခြင်း၏ တစ်ခုတည်းသ​ော အကြောင်းရင်းကြီး။
7,578,583 views

Bill Gross ဟာ လုပ်ငန်းသစ်လေးတွေများစွာ ထူထောင်ထားပြီး များစွာသော အြခားလုပ်ငန်းများကိုလည်း မွေးထုတ်ပေးခဲ့ကာ ဘာကြောင့် တစ်ချို့တွေက အောင်မြင်ကြပြီး တစ်ချို့က ကျရှုံးတယ်ဆိုတဲ့ အကြောင်းကို သိလိုခဲ့ပါတယ်။ ဒါကြောင့် ရာနဲ့ချီတဲ့၊ သူ့ကိုယ်ပိုင်တွေနဲ့ အြခားသူတွေရဲ့ ကုမ္ပဏီတွေဆီက ဒေတာတွေကို စုစည်းပြီး ကုမ္ပဏီတိုင်းကို အဓိက အကြောင်းရင်း ငါးခုပေါ်မှာ မူတည်ပြီး အဆင့်အတန်း သတ်မှတ်လိုက်ပါတယ်။ ကျန်ရှိတဲ့အရာတွေကနေ ပေါ်လွင်ထင်ရှားနေတဲ့ အကြောင်းရင်းတစ်ခုကို တွေ့ရှိခဲ့ပြီး သူ့ကိုယ်တောင် အံ့အားသင့်စေခဲ့ပါတယ်။

Suki Kim: မြောက်ကိုးရီးယားမှာ ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရပုံက ဒီလိုပါ။

TED2015

Suki Kim: မြောက်ကိုးရီးယားမှာ ပုန်းလျှိုးကွယ်လျှိုး နေခဲ့ရပုံက ဒီလိုပါ။
4,696,959 views

ကမ္ဘာ့ အဖိနှိပ်ဆုံး အစိုးရအကြောင်း ရေးသားရင်း မြောက်ကိုးရီးယား အနာဂတ် ခေါင်းဆောင်တွေအတွက် ဖွင့်လှစ်ထားတဲ့ အထက်တန်းစား ကျောင်းမှာ Suki Kim ဟာ အင်္ဂလိပ်စာ ဆရာမ တစ်ယောက်အနေနဲ့ ၆ လလောက် လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ ကျောင်းသားတွေကို "အမှန်တရား" နဲ့ "စနစ်ကျကျတွေးခေါ်မှု" စတဲ့ အယူအဆတွေအတွက် လုံးပန်းဖို့ကိုကူညီရင်း ဒီကျောင်းသားတွေကို အမှန်တရားရှာဖွေဖို့ သင်ကြားနေတာဟာ သူတို့ကို အန္တရာယ်ကျရောက်အောင် လုပ်သလိုများ ဖြစ်နေမလားဆိုပြီး သူမက တွေးဝေမိပါတယ်။ (ဒီဟောပြောပွဲက Pop-Up Magazine - popupmagazine.com (သို့) Twitter မှ @popupmag - ရွေးချယ်ပေးခဲ့တဲ့ TED2015 တင်ဆက်ပွဲထဲက ကဏ္ဍတစ်ခု ဖြစ်ပါတယ်။)

Elora Hardy: ဝါးနဲ့ဆောက်ထားတဲ့ အံ့ဖွယ် အိမ်များ

TED2015

Elora Hardy: ဝါးနဲ့ဆောက်ထားတဲ့ အံ့ဖွယ် အိမ်များ
4,844,839 views

သင်တို့ဟာ ဒီလို အဆောက်အဦမျိုးကို ဘယ်တုန်းးကမှ မြင်ခဲ့ဘူးကြမှာ မဟုတ်ပါ။ ရင်သပ်ရှူမောစရာ ဝါးအိမ်တွေကို Elora Hardy နဲ့ အဖွဲ့က ဘာလီမှာ ဆောက်နေကြရာ တွန့်လိမ် ကွေးကောက်လျက် အံ့အားသင့်စရာတွေပါ။ နားလည်ရန် ခက်သေးတဲ့ ဝါးကြောင့် ၎င်းတို့ဟာ အစဉ်အလာကို ဖီဆန်နေကြတယ်။ တူတဲ့ ဝါးပင်နှစ်ပင် မရှိုနိုင်လို့ အိမ်တိုင်း၊ တံတားတိုင်း၊ ရေချိုးခန်းတိုင်းဟာ တမူထူးခြားကြပါတယ်။လှပကာ စိတ်ဝင်စားဖွယ် ဒီဟောပြောချက်ထဲမှာ သူဟာ ထပ်တလည်လည် ဖြစ်ထွန်းလာနိုင်ခြင်း နှင့် စိတ်ကူးယဉ်လို့ သိပ်ကောင်းတဲ့ ဆောက်လုပ်ရေး ပစ္စည်း ဝါးရဲ့ အလားအလာများကို မျှဝေထားပါတယ်။ "ကျွန်မတို့ဟာ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် စည်းကမ်းချက်တွေကို ကြံဆချမှတ်နေကြရတယ်"လို့ သူက ဆိုပါတယ်။

တစ်ကျွန်းစံ မိန်းမသားတွေဆီက စိတ်လှုပ်ရှားစရာ သီချင်းတစ်ပုဒ်။: A moving song from women in prison for life

TEDxMuncyStatePrison

တစ်ကျွန်းစံ မိန်းမသားတွေဆီက စိတ်လှုပ်ရှားစရာ သီချင်းတစ်ပုဒ်။: A moving song from women in prison for life
1,406,661 views

ဒီသံစုံကျူးအဖွဲ့ထဲက အမျိုးသမီး ၉ယောက်ဟာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံထားရသူတွေပါ။ သူတို့ရဲ့ အတွေ့အကြုံတွေအကြောင်း စိတ်လှုပ်ရှားဖွယ်ရာ သီချင်းတစ်ပုဒ်ကို မျှဝေထားပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ နောင်တတွေနဲ့ ကြောက်ရွံ့မှုတွေကို ဖော်ပြထားတဲ့ သီချင်းတစ်ပုဒ်ပါ။ တစ်ယောက် "ကျွန်မဟာ တမန်တော်တစ်ပါး မဟုတ်ဘူး၊ မကောင်းဆိုးဝါး တစ်ကောင်လည်းမဟုတ်ဘူး" လိုသီဆိုထားပါတယ်။ Muncy State အကျဉ်းထောင်အတွင်းက TEDx သီးသန့်ပွဲတစ်ခုမှာ ရိုက်ကူးထားပါတယ်။ ဒါဟာဆိုရင် လွတ်မြောက်ဖို့ ခံဝန်မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အကျဉ်းစံတွေရဲ့လောကအတွင်းဘက်က ရှားပါးပြီး၊ ကရုဏာသက်လောက်တဲ့ အသွင်အပြင်တစ်ခုပါ။

Anand Varma: ပျားကောင်ရဲ့ ဘဝထဲက ပထမ ၂၁ ရက် အကြောင်း ကျောချမ်းစရာ ဗီဒီယို

TED2015

Anand Varma: ပျားကောင်ရဲ့ ဘဝထဲက ပထမ ၂၁ ရက် အကြောင်း ကျောချမ်းစရာ ဗီဒီယို
2,617,737 views

ပျားကောင်တွေ ပျောက်ကွယ်လာနေကြောင်း ပြောဆိုသံတွေ ကျွန်တော် ကြားရပါတယ်။ ပျားတွေရဲ့ ဘဝကို အန္တရာယ်ပြုနေကြတဲ့ အရာတွေက ဘာတွေလဲ? ဓာတ်ပုံဆရာ Anand Varma ဟာ အနီးကပ် ဓာတ်ပုံတွေကို ရိုက်ယူနိုင်ဖို့ သူ့အိမ် နောက်ဖေးမှာ၊ ကင်မရာ ရှေ့မှာ၊ ပျားတွေကို မွေးမြူကြည့်ခဲ့ပါတယ်။ National Geographic အတွက် ဖြစ်ခဲ့တဲ့ အဲဒီပရိုဂျက်ဟာ ပျားအုံထဲကို တစေ့တစောင်း ကြည့်ရှုခွင့်ကို ပေးခဲ့လို့၊ ပျားတွေရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံးက ပျားတွေရဲ့ ဘဝထဲက ပထမ ၂၁ ရက်အတွင်း နှိပ်စက်တတ်တဲ့ ကမျဉ်းကောင်ပဲ ဖြစ်ပါတယ်။ Varma ဟာ အံ့အားသင့်စရာ သူ့ဓာတ်ပုံများဖြင့်၊ ပြီးတော့ Magik*Magik Orchestra ဂီတတေးသွားရဲ့ ပံ့ပိုးမှုဖြင်၊ ပြဿနာကို ဖေါ်ထုတ်ပြပေးလျက်... အဲဒါကို ဖြေရှင်းနိုင်ဖို့အတွက် ဘာတွေ လုပ်ကိုင်နေကြောင်းကို တင်ပြထားပါတယ်။ (ဒီဟောပြောချက်ကို Pop-Up Magazine (popupmagazine.com or @popupmag on Twitter) ရဲ့ လုပ်ဆောင်ချက်ဖြစ်ခဲ့တဲ့ ဟောပြောခန်းအဖြစ် TED2015 မှာ တင်ဆက်ပေးခဲ့တာပါ။

Dawn Landes: ဟာရီကိန်မုန်တိုင်းတွင်းသို့  လှေလှော်ခတ်ခဲ့သူ ကျွန်မရဲ့  သူရဲကောင်း အမျိုးသမီးအတွက် သီချင်း။

TED2015

Dawn Landes: ဟာရီကိန်မုန်တိုင်းတွင်းသို့ လှေလှော်ခတ်ခဲ့သူ ကျွန်မရဲ့ သူရဲကောင်း အမျိုးသမီးအတွက် သီချင်း။
1,334,477 views

အဆိုတော်နဲ့ သီချင်းရေးသားသူ Dawn Landes ဟာ အတ္တလန်တိတ် သမုဒ္ဒရာကို လှေငယ်လေးတစ်စင်းနဲ့ ဖြတ်သန်းဖို့ အိမ်မက်ခဲ့ပေမဲ့ ခုနှစ်ထပ်တိုက်လောက် ကြီးမားခဲ့တဲ့လှိုင်းလုံးကြီးတွေကြောင့် တိမ်းမှောက်လုနီးပါးဖြစ်ခဲ့ရသူ Tori Murden McClure ရဲ့ ဇာတ်လမ်းကို ဖေါ်ကျူးထားပါတယ်။ ဗီဒီယို၊ ဇာတ်လမ်း၊ သီချင်း ကနေပြီး Landes ဟာ ကျယ်ပြောတဲ့သမုဒ္ဒရာ အလယ်က တစ်ကိုယ်တည်း မိန်းမသားတစ်ယောက်ရဲ့ စိတ်သဘောထားကို စိတ်ကူးမြင်ယောင်လိုက်တာပါ။ (ဤဟောပြောချက်မှာ Pop-Up Magazine popupmagazine.com or @popupmag on Twitter မှ ဧည့်သည်အဖြစ် တာဝန်ယူကျင်းပခဲ့တဲ့ TED2015 ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။)