TED Talks with Burmese transcript

Adora Svitak: ကလေးတွေဆီက လူကြီးတွေ ဘာသင်ယူနိုင်လဲ

TED2010

Adora Svitak: ကလေးတွေဆီက လူကြီးတွေ ဘာသင်ယူနိုင်လဲ
6,022,458 views

ကလေးပါရမီရှင် အဒိုရာ ဆဗီတတ်ခ်က ကမ္ဘာကြီးသည် “ကလေးဆန်သော” အတွေး၊ ရဲရင့်သော စိတ်ကူးများ၊ ပြင်းထန်သော ဖန်တီးမှုနှင့် အထူးသဖြင့် အကောင်းမြင်ဝါဒတို့ကို လိုအပ်နေကြောင်း ပြောကြားလိုက်ပါသည်။ ကလေးငယ်တို့၏ မဟာအိပ်မက်များသည် မြင့်မာသော မျှော်လင့်ချက်တို့နှင့် ထိုက်တန်သည်၊ အရွယ်ရောက်ပြီးသူများသည် သင်ကြားပေးရန် စိတ်ထက်သန်သလောက် ကလေးများထံမှ သင်ယူရန်လည်း စိတ်ထက်သန်မှုရှိရာမှ စသင့်သည်ဟု သူကဆိုပါသည်။

ဒီရက် ဆီဗား(စ်)  (Derek Sivers): ဦးတည်လှုပ်ရှားမှုတစ်ခုကို အစပျိုးနည်း။

TED2010

ဒီရက် ဆီဗား(စ်) (Derek Sivers): ဦးတည်လှုပ်ရှားမှုတစ်ခုကို အစပျိုးနည်း။
8,596,071 views

အံ့ဩစရာကောင်းလှတဲ့ ဗွီဒီယိုမှတ်တမ်းရဲ့ အကူအညီနဲ့ ဦးတည်လှုပ်ရှားမှုတွေဟာ အမှန်တကယ်အားဖြင့် ဘယ်လို အစပြုဖြစ်ပေါ်စေတယ်ဆိုတာကို ဒီရက် ဆီဗား(စ်)က ရှင်းလင်းတင်ပြထားပါတယ်။ (အမြွက်စကား၊ ဒါကိုဖြစ်ပေါ်စေဖို့ နှစ်ဘက်လိုပါတယ်။)

Kirk Citron: ကဲအခုနေတော့ တကယ့်သတင်းတွေပေါ့။

TED2010

Kirk Citron: ကဲအခုနေတော့ တကယ့်သတင်းတွေပေါ့။
783,495 views

ယနေ့သတင်းစာခေါင်းစီးတွေထဲက ဘယ်နှစ်ခုဟာ နောင်နှစ် ၁၀၀ အတွင်းမှာ အရေးပါပါလိမ့်မလဲ။ သူ့ရဲ့ "Long News" ဆိုတဲ့ပရောဂျက်မှာ Kirk Citron စုဆောင်းထားတာက ယနေ့ကာလမှာ အရေးပါတာတွေတင်မကပဲ နောင်လာမယ့် ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေအထိတောင်မှ ဩဇာညောင်းနေမယ့် အဖြစ်အပျက်တွေအထိပါ။ TED2010 မှာ သူအသားပေးထားတာက ကျွန်တော်တို့ရဲ့ အနာဂတ်ကိုပုံဖော်ဖို့ အလားအလာရှိတဲ့ မကြာသေးခင်က သတင်းစာခေါင်းစီးတွေပါ။

ရှက်ခလာဘို့စ် ၏ တစ်ကြိိမ်တွင် ကလေးတစ်ယောက်ကိုသာ သင်ကြားပေးခြင်း အကြောင်း

TEDIndia 2009

ရှက်ခလာဘို့စ် ၏ တစ်ကြိိမ်တွင် ကလေးတစ်ယောက်ကိုသာ သင်ကြားပေးခြင်း အကြောင်း
1,150,758 views

ဆင်းရဲသားများကို ပညာသင်ကြားပေးခြင်းသည် အရေအတွက်ကို ဦးစားပေး​ရခြင်းထက် ပိုမိုကြောင်း ရှက်ခလာဘို့စ် က ပြောကြားလိုက်ပါသည်။ သူမက သူမ၏ တီထွင်ဆန်းသစ်ထားသော ပါရီကားမား ပရဟိတအသင်းဇာတ်လမ်းအကြောင်း ပြောပြပါသည်။ ဤအဖွဲ့သည် တုန်လှုပ်စရာ စာရင်းအင်းများကို ကြည့်၍ ကလေးတိုင်းကို တစ်ဦးချင်းစီ ဂရုထားပေးနိုင်ရန် အာရုံစိုက်ကာ အိန္ဒိယ၏ ဆင်းရဲသားရပ်ကွက်များသို့ မျှော်လင့်ချက်များကို ဆောင်ကျဉ်းပေးနေပါသည်။

Robert Gupta: ဂီတဟာ ဆေးဝါးပါ၊ ဂီတဟာ စိတ်မူမှန်မှုပါ။

TED2010

Robert Gupta: ဂီတဟာ ဆေးဝါးပါ၊ ဂီတဟာ စိတ်မူမှန်မှုပါ။
1,333,855 views

LA Philharmonic အဖွဲ့ထဲက တယောပညာရှင်ဖြစ်တဲ့ Robert Gupta ဟာ သူတစ်ခါက အင်မတန်ထူးချွန်တဲ့ စိတ်ကစဉ့်ကလျားရောဂါသည် ဂီတပညာရှင်တစ်ယောက်ကို ပေးခဲ့ဖူးတဲ့ တယောသင်ခန်းစာတစ်ခုအကြောင်းနဲ့ သူသိမြင်လိုက်ရတာကို ပြောပြထားပါတယ်။ နောက်ပိုင်းမှာ စင်ပေါ်ကို ပြန်တက်လာပြီး Gupta ဟာ Bach ရဲ့ Cello Suite No. 1 က ခြေဆင်းတီးလုံးရဲ့ သူ့ကိုယ်ပိုင် သကေတပြုထားတဲ့ သံစဉ်တေးကို တီးခတ်ပါတယ်။

ဒီရက် ဆီဗား(စ်) (Derek Sivers): ခပ်​ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။

TEDIndia 2009

ဒီရက် ဆီဗား(စ်) (Derek Sivers): ခပ်​ကြောင်ကြောင်လား၊ မတူကွဲပြားတာပဲလား။
3,629,976 views

ဆိုရိုးကလေးက "အရာရာတိုင်းမှာ ပြောင်းပြန်ဘက်အနေအထား ရှိစမြဲပဲ" လို့ဆိုပါတယ်။ (၂)မိနစ်ကာလအတွင်းမှာ ဒီရက် ဆီဗား(စ်)က သင်တို့ မျှော်လင့်မရနိုင်တဲ့ နည်းလမ်းအနည်းငယ်ကို ပြသထားပါတယ်။

Jane Chen: အသက်တွေကို ကယ်တင်ပေးတဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှု

TEDIndia 2009

Jane Chen: အသက်တွေကို ကယ်တင်ပေးတဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှု
874,886 views

ဖွံ့ဖြိုးဆဲကမ္ဘာမှာ ကလေးမွေးပေးတဲ့ အနွေးသေတ္တာကို ရရှိနိုင်ဖို့ဆိုတာ ကုန်ကျစရိတ်အရရော၊အကွာအဝေးအရပါ ကန့်သတ်မှုတွေရှိပြီးတော့ နှစ်စဉ် လမစေ့ပဲမွေးတဲ့ သန်းနဲ့ချီတဲ့ကလေးတွေ သေဆုံးနေရပါတယ်။ TED ဝိုင်းတော်သား Jane Chen က ဒီနို့စို့ကလေးလေးတွေကို ဆက်လက်နွေးထွေးစေနိုင်တဲ့ တီထွင်မှုတစ်ခုကို ပြသထားပါတယ်။ လုံခြုံတယ်၊ သယ်ရလွယ်ကူတယ်၊ ကုန်ကျစရိတ်နည်းပြီး အသက်ကယ်ပေးတဲ့ ဒီဇိုင်းနဲ့ပါ။

Lalitesh Katragadda: သဘာဝဘေးအန္တရာယ်တွေကို တိုက်ဖျက်ဖို့၊ စီးပွားရေးတည်ဆောက်ဖို့ မြေပုံများကို ပြုလုပ်ခြင်း၊

TEDIndia 2009

Lalitesh Katragadda: သဘာဝဘေးအန္တရာယ်တွေကို တိုက်ဖျက်ဖို့၊ စီးပွားရေးတည်ဆောက်ဖို့ မြေပုံများကို ပြုလုပ်ခြင်း၊
405,132 views

၂၀၀၅ခုနှစ်အထိ ၊ ကမ္ဘာကြီးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ မြေပုံ ပြုလုပ်နိုင်ခဲ့တယ်။ ဒါက သဘာဝဘေးအန္တရာယ် တစ်ခုခရဲ့ နောက်မှာ အကူအညီ ပေးမှုကို နှေးကွေးစေပြီး အသုံးမပြုရသေးတဲ့ မြေတွေနဲ့ မသုံးရသေးတဲ့ လမ်းတွေရဲ့ စီးပွားရေး စွမ်းပကားတွေကို မြင်မရအောင် ဖုံးကွယ်ထားပါတယ်။ ဒီ ဟောပြောချက်အတိုလေးမှာ၊ Google မှ Lalitesh Katragadda က Map maker ကို သရုပ်ပြခဲ့ပါတယ်။ Map maker ဟာ ကမ္ဘာတစ်ဝှမ်းမှလူတွေက သူတို့ရဲ့ ကမ္ဘာကြီးကို မြေပုံဆွဲဖို့ပြုလုပ်ထားတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

ခီရန်ဘာဆက်သီ က ကလေးများကို ဦးဆောင်တတ်အောင် သင်ကြားပေးခြင်း။

TEDIndia 2009

ခီရန်ဘာဆက်သီ က ကလေးများကို ဦးဆောင်တတ်အောင် သင်ကြားပေးခြင်း။
1,641,273 views

ခီရန်ဘာဆက်သီ က အိန္ဒိယရှိ သူမ၏ ဆန်းသစ်တီထွင်ထားသော Riverside ကျောင်းက ကလေးများအား "ငါလုပ်နိုင်သည်" ဆိုသော ဘဝ၏ တန်ဖိုးအရှိဆုံး သင်ခန်းစာကို မည်သို့ သင်ကြားပေးသည်ကို ပြသထားပါသည်။ သူမ၏ကျောင်းသားများ ဒေသတွင်း ကိစ္စရပ်များကို ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပုံများ၊ အခြားသော လူငယ်များကို ဦးဆောင်သွားပုံများနှင့် သူတို့၏မိဘများကိုပင် စာတတ်အောင်ပညာသင်ပေးပုံများကို ကြည့်ရှုနိုင်ပါသည်။

Alexis Ohanian: လူမှု ဆက်သွယ်ရေးမှာ ဂယက်ထအောင်လုပ်နည်း။

TEDIndia 2009

Alexis Ohanian: လူမှု ဆက်သွယ်ရေးမှာ ဂယက်ထအောင်လုပ်နည်း။
2,305,112 views

ပျော်စရာကောင်းပြီး တရစပ်ပြောနေတဲ့ လေးမိနစ်အတွင်းမှာ Reddit က Alexis Ohanian ကနေပြီး ဝက်ဘ်မှာ လူထုအသည်းစွဲဖြစ်လာခဲ့တဲ့ ဘို့ပါတဲ့ ဝေလငါးတစ်ကောင်ရဲ့ လက်တွေ့ဘဝ ပုံပြင်ကို ပြောပြထားပါတယ်။ Mister Splashy Pants ရဲ့ဂသင်ခန်းစာဟာ Facebook ခေတ်ထဲက ရုပ်ပြောင် ဖန်တီးသူတွေနဲ့ ကြော်ငြာသမားတွေအတွက်တော့ ကျိန်းသေပေါက် အကြိုက်တွေ့မယ့် စံနမူနာတစ်ခုပါ။

ပါရနာ့(ဗ်) မစ်(စ်)ထရီ၊ ဆဌမအာရုံနည်းပညာ၏ စိတ်လှုပ်ရှားဖွယ်ရာ အလားအလာ

TEDIndia 2009

ပါရနာ့(ဗ်) မစ်(စ်)ထရီ၊ ဆဌမအာရုံနည်းပညာ၏ စိတ်လှုပ်ရှားဖွယ်ရာ အလားအလာ
18,689,186 views

TEDIndia မှာ ပါရနာ့(ဗ်) မစ်(စ်)ထရီဟာ ရုပ်ဝတ္ထုကမ္ဘာနဲ့ အချက်အလက်ကမ္ဘာကို ကြားခံဆက်သွယ်ပေးနိုင်မယ့် ကိရိယာအမျိုးမျိုးကို စမ်းသပ်ပြခဲ့ပြီး သူ့ရဲ့ဆဌမအာရုံကိရိယာကိုသာမက ပါရာဒိုင်းအသစ်ကို ယူလာတဲ့ စက္ကူခရီးဆောင် ကွန်ပျူတာအသစ်ကိုပါ သေသေချာချာ လေ့လာရှင်းပြထားပါတယ်။ စင်ပေါ်မှာ အမေးအဖြေလုပ်တဲ့အခါ မစ်(စ်)ထရီက ဆဌမအာရုံရဲ့ နောက်ကွယ်က ဆော့(ဖ်)၀ဲကို မူရင်းအချက်အလက်တွေ အကုန်လုံးသုံးနိုင်အောင် ဖွင့်ချပေးသွားမယ်လို့ ဆိုပါတယ်။

ကင်မရွန်း ဆင်ကလဲယား : ဖြစ်မြန်ပျက်မြန် စီးပွားရေးရဲ့ ဒုက္ခသည်များ

TED2009

ကင်မရွန်း ဆင်ကလဲယား : ဖြစ်မြန်ပျက်မြန် စီးပွားရေးရဲ့ ဒုက္ခသည်များ
443,150 views

TED Global U တွင် ကင်မရွန်း ဆင်ကလဲယား က မဟာအိမ်ရာစီမံကိန်းများပျက်စီးမှုနောက်ကွယ်မှ လျစ်လျူရှုခံထားရသည့် အမှန်တကယ်ပေးဆပ်လိုက်ရသောတန်ဖိုးကို ဖော်ထုတ်ပြခဲ့သည်။ ထောင်ပေါင်းများစွာသော ရွေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမားများမှာ အခြေအနေမဲ့ သုံးစရာငွေမဲ့ဖြစ်ကာ ကျန်ခဲ့လေသည်။ ဤအရေးကို လူကျင့်ဝတ်ရှုထောင့်ကနေသာ တုံ့ပြန်ဖြေရှင်းနိုင်ကြောင်း လုပ်ဖော်ကိုင်ဖက် ဗိသုကာပညာရှင်များကို ၎င်းကပြောကြားလိုက်သည်။

Stefana Broadbent: အင်တာနက်က  ရင်းနှီးကျွမ်းဝင်မှုကို အထောက်အကူပြုပုံ။

TEDGlobal 2009

Stefana Broadbent: အင်တာနက်က ရင်းနှီးကျွမ်းဝင်မှုကို အထောက်အကူပြုပုံ။
1,394,067 views

IM သတင်းတိုပို့ခြင်း၊ Facebook တို့ဟာ လူသားတွေရဲ့ ရင်းနှီးကျွမ်းဝင်မှုကို ဖျက်စီးနေတယ်လို့ ကျွန်တော်တို့ ပူပန်မိတြတယ်။ ဒါပေမဲ့ Stefana Broadbent ရဲ့ သုသေသနမှာကတော့ ဆက်သွယ်ရေးနည်းပညာဟာ ပိုနက်ရှိုင်းတဲ့ လူမှုဆက်ဆံရေးကို ဘယ်လိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ၊အကွာအဝေးနဲ့ အလုပ်ခွင်က စည်မျဉ်းတွေ အတားအဆီးတွေကို ကျော်ဖြတ်​ြပီး ချစ်ခြင်းမေတ္တာ ဆောင်ကြဉ်းပေးပုံကို ပြဆိုပါတယ်။

Jackie Tabick: ချစ်ခြင်းမေတ္တာ ချိန်ခွင်မျှခြင်း

TEDSalon 2009 Compassion

Jackie Tabick: ချစ်ခြင်းမေတ္တာ ချိန်ခွင်မျှခြင်း
212,916 views

ကျွန်တော်တို့အားလုံ ချစ်ခြင်းမေတ္တာကို အကြံကောင်းအဖြစ် ယူဆနေချိန်တွင် Jackie Tabick က ကျွန်တော်တို့ကို မည်သို့အကောင်ထည်ဖော်ရမည်ကို ညွှန်ပြထားသည်။ သူမက ချစ်ခြင်းမေတ္တာနှင့် တရားမျှတခြင်း၏ ကောင်းစွာချိန်ခွင်ညီမျှမှုက ကျွနု်ပ်တို့ကို ကောင်းသော အာမခံချက်နှင့် ဆင်ခြင်တုံတရား ပေးပုံကို ရှင်းပြထားသည်။

Becky Blanton: ကျွန်မ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ နှစ်

TEDGlobal 2009

Becky Blanton: ကျွန်မ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ နှစ်
1,278,615 views

Becky Blanton ဟာ သူမရဲ့ ဗန်ကားပေါ်မှာ တနှစ်နေပြီး တိုင်းပြည်ကို ကြည့်မယ်လို့ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ စိတ်ကျရောဂါဝင်တာရယ်၊ Freelance အလုပ် မရှိတော့တာရယ်ကြောင့် သူ့ရဲ့ လေ့လာရေး ခရီးစဉ်ကနေ အိုးမဲ့အိမ်မဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီအစီအစဉ်မှာတော့ အမေရိကားမှာ အိုးအိမ်မဲ့ အလုပ်လုပ်သူ တယောက်အနေနဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံကို ပြန်လည် ဖေါ်ပြပေးထားတာပါ။

Sam Martin: သင့်ရဲ့ လူပျိုဆောင်ကို တောင်းဆိုယူပါ။

TEDGlobal 2009

Sam Martin: သင့်ရဲ့ လူပျိုဆောင်ကို တောင်းဆိုယူပါ။
922,991 views

စာရေးဆရာ Sam Martin က တမူထူးခြားတဲ့ ကမ္ဘာ့ ဝါသနာတစ်ခုရဲ့ ဓာတ်ပုံတွေကို ခေတ်ရှေ့ပြေးတဲ့ XY နည်းကိုသုံးပြီး မျှဝေထားပါတယ်။ "လူပျိုဆောင်"( ဒါတွေဟာ ကိုယ့်စိတ်ကြိုက်ဆောက်ထားတဲ့ ၊ယောက်ျားတစ်ယောက်ဟာ သူ့ရဲ့ အလုပ်အတွက် အပန်းဖြေဖို့အတွက်နဲ့ သူတစ်ယောက်တည်းရှိဖို့အတွက် ကိုယ့်ပိုင်နက် အနည်းငယ်ကို တောင်းဆိုနိုင်တဲ့ ကျက်စားရာတွေပါ။) အေးစက်စက် တစ်ခုကို ကောက်ယူပြီး နှစ်သက်ခံစားလိုက်ပါ။

Chimamanda Ngozi Adichie: တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်

TEDGlobal 2009

Chimamanda Ngozi Adichie: တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်
21,248,547 views

ကျွန်ုပ်တို့ရဲ့ ဘဝ၊ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ ထပ်တူညီနေတဲ့ ပုံပြင်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဝတ္ထုရေးဆရာ Chimamanda Adichie က သူမရဲ့ စစ်မှန်တဲ့ ဓလေ့ထုံးတမ်း အမြင်ကို ဘယ်လိုရှာတွေ့ခဲ့လဲကို ပြောပါတယ်။ ပြီးရင် ကျွန်ုပ်တို့သာ လူတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံနဲ့ ပတ်သတ်ပြီး ပုံပြင်တစ်ပုဒ်ကိုသာ ကြားဖူးမယ်ဆိုရင် ကျွန်ုပ်တို့တွေဟာ ကြီးမားတဲ့ နားလည်လွဲမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

Karen Armstrong: ရွှေစည်းမျဉ်းကို ပြန်လည်အသက်သွင်းကြစို့။

TEDGlobal 2009

Karen Armstrong: ရွှေစည်းမျဉ်းကို ပြန်လည်အသက်သွင်းကြစို့။
917,927 views

ကရုဏာ ပဋိညာဉ်စာတမ်း (Charter for Compassion) စတင်လိုက်လို့ သီတင်းပတ်များအကြာမှာ Karen Armstrong ဟာ ၂၁ ရာစုမှာ ဘာသာရေး အခန်းကဏ္ဍကို ကြည့်လိုက်ပါတယ်၊ ဘာသာရေးရဲ့ တရားသေဝါဒတွေက ကျွန်ုပ်တို့ကို ခွဲခြာတာလား၊ ဒါမှမဟုတ် ဘုံကောင်းကျိုးအတွက် စုစည်းပေးမလား။ သူမကနေပြီး ရွှေစည်းမျဉ်းကို ပြန်လည်ထုတ်ဖော်ဖို့ ကမ္ဘာ့ ဘာသာတရားတွေကို လှုံ့ဆော်နိုင်တဲ့ ဓာတ်ကူပစ္စည်းများကို ပြန်လည်ဆန်းဆစ်ထားပါတယ်။

Imogen Heap: "အဆုံးထိစောင့်လိုက်ပါတော့။"

TEDGlobal 2009

Imogen Heap: "အဆုံးထိစောင့်လိုက်ပါတော့။"
1,084,087 views

Imogen Heap ဟာသူမရဲ့ အယ်ဘမ်အသစ်ဖြစ်တဲ့ Eclipse ကနေ အရမ်းကို နက်ရှိုင်းပြီး ရိုးရှင်းအောင်ပြုထားတဲ့ Wait it Out (အဆုံးထိစောင့်လိုက်ပါတော့) ကိုတီးခတ်ဖျော်ဖြေထားပါတယ်။

Natasha Tsakos: ပသာဒစုံ ဇာတ်သဘင် စွန့်စားခန်း။

TED2009

Natasha Tsakos: ပသာဒစုံ ဇာတ်သဘင် စွန့်စားခန်း။
440,387 views

Natasha Tsakos ဟာ သူမရဲ့တစ်ကိုယ်တော် ပသာဒစုံပြပွဲဖြစ်တဲ့ "Upwake" ကိုတင်ဆက်ထားပါတယ်။ Zero ကိုဇာတ်ကောင် အဖြစ်ထားပြီး သူမဟာ စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝကို ဖန်ဆင်းထားတဲ့ အသွင်တူကမ္ဘာတစ်ခုနဲ့အတူ 3D လှုပ်ရှားတက်ကြွမှုနဲ့ လျှပ်စစ်အသံတွေထဲက သူမတစ်ဝိုက်မှာ ဆလိုက်ထိုးပြကာ ပေါင်းစပ်ထားပါတယ်။

Hans Rosling: ကျွန်ုပ်မှာရှိတဲ့အချက်အလက်တွေနဲ့ သင့်အတွေးအခေါ်တွေကို ပြောင်းလဲပေးပါရစေ။

TED@State

Hans Rosling: ကျွန်ုပ်မှာရှိတဲ့အချက်အလက်တွေနဲ့ သင့်အတွေးအခေါ်တွေကို ပြောင်းလဲပေးပါရစေ။
1,816,065 views

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှာ ဒီနှစ် နွေရာသီတုန်းက ပြောခဲ့တာ။ ဟန်းစ် ရိုးစလင်းက သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက် ဆောဖ်ဝဲလ်အသုံးပြုပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မြင်လေ့ရှိကြတဲ့ အစဉ်အလာတွေးခေါ်ရှုမြင်ပုံတွေကို ပြောင်းလဲပစ်မှာပါ။ တရုတ်နိုင်ငံအပေါ် ခွဲခြမ်းစိတ်ဖြာထားတာ၊ စီးပွားရေးမပြိုလဲအောင် ငွေကြေးကူညီထောက်ပံ့ထားရတဲ့ကမ္ဘာကြီး၊ ပုံမှန်ပြနေကြအတိုင်း အချက်အလက်မျိုးစုံ စတာတွေကို ကြည့်လိုက်ကြစို့။

Alain de Botton: အောင်မြင်မှုအတွက် ပိုသာယာက သိမ်မွေ့တဲ့ ဒ













အောင်မြင်မှုအတွက် ပိုသာယာကာ သိမ်မွေ့တဲ့ ဒဿနိကအမြင်

TEDGlobal 2009

Alain de Botton: အောင်မြင်မှုအတွက် ပိုသာယာက သိမ်မွေ့တဲ့ ဒ အောင်မြင်မှုအတွက် ပိုသာယာကာ သိမ်မွေ့တဲ့ ဒဿနိကအမြင်
7,971,965 views

Alain de Botton ဟာ အောင်မြင်မှု နဲ့ ကျဆုံးမှုဆိုင်ရာ အတွေးအခေါ်များကို ဆန်းစစ်ထားကာ အဲဒီလို ဆုံးဖြတ်ချက် နှစ်ခုရဲ့ နောက်ခံက ခံယူချက်ကို မေးခွန်းထုတ်ထားပါတယ်။ အောင်မြင်မှုကို အမြဲတမ်း ထိုက်တန်စွာ ရကြတာလား? ကျဆုံးမှုကျတော့ကော။ ကျွန်တော်တို့ရဲ့ လုပ်ငန်းများထဲမှာ ပျော်ရွှင်ကျေနပ်မှုကို ရှာတွေ့နိုင်ဖို့အတွက် သူဟာ တကယ့်ကို အားမာန်ဖြင့် ဟောပြောထားပါတယ်။

Gever Tulley: ဘဝအတွက်အသုံးတဲ့မည့် သင်ခန်းစာများကို လိုက်လံရှာဖွေခြင်း

TED2009

Gever Tulley: ဘဝအတွက်အသုံးတဲ့မည့် သင်ခန်းစာများကို လိုက်လံရှာဖွေခြင်း
1,292,811 views

Gever Tulley က သူ၏ လက်တွေ့သင်တန်းကျောင်းတွင် အဖိုးတန် သင်ခန်းစာများကို ကလေးများအား သင်ကြားပေးရာတွင် စိတ်ဝင်စားဖွယ်ရာ ဓါတ်ပုံများ ဗီဒီယိုများအသုံးပြု၍ ပြသပေးပါသည်။ ကိရိယာ တန်ဆာပလာများ၊ ပစ္စည်းပစ္စယများ နှင့် လမ်းညွှန်မှုများကို ပေးလိုက်သောအခါ ဤ နုနယ်သော စိတ်ကူးစိတ်သန်းများ ခပ်ကြမ်းကြမ်းပေါ်ထွက်လာကြပြီး ဆန်းသစ်တီထွင်သော ပြဿနာဖြေရှင်းနည်းက တမူထူးခြားသော လှေများ၊ တံတားများ နဲ့ ရိုလာကိုစတာများကိုပင် ဖြစ်မြောက်အောင်မြင်စွာ ဆောက်လုပ် သွားစေနိုင်ပါသည်။

ကဲကုလသင်္ချာမသင်ပေးခင် စာရင်းအင်းသင်္ချာသင်ပါ

TED2009

ကဲကုလသင်္ချာမသင်ပေးခင် စာရင်းအင်းသင်္ချာသင်ပါ
2,625,810 views

သင်္ချာဆရာကို တစ်ယောက်ယောက်က “ကျွန်တော် လက်တွေ့ဘဝမှာ ကဲကုလသင်္ချာကို အသုံးပြုနိုင်မှာလား” ဟုအမြဲမေးလေ့ရှိကြလေသည်။ ကျွန်တော်တို့ အများစုအတွက်တော့ အသုံးမပြုနိုင်ဟု အာသာဘန်ဂျမင်က ပြောလာသည်။ သူက ဤဒီဂျစ်တယ်ခေတ်တွင် သင်္ချာသင်ကြားရေးကို လိုက်လျောညီထွေဖြစ်အောင် မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ ရဲဝံ့ပြတ်သားသော အဆိုပြုချက်ကို တင်ပြထားသည်။

Ray Zahab: ကျွန်တော့ရဲ့ တောင်ဝင်ရိုးစွန်းသို ခြေကျင်ခရီးကြမ်း။

TED2009

Ray Zahab: ကျွန်တော့ရဲ့ တောင်ဝင်ရိုးစွန်းသို ခြေကျင်ခရီးကြမ်း။
357,385 views

ထူးကဲတဲ့ အပြေးသမား Ray Zahab ကနေပြီး သူ့ရဲ စံချိန်ချိုးလိုက်တဲ့ တောင်ဝင်ရိုးစွန်းဆီသွားတဲ့ နှင်းတောကိုဖြတ်တဲ့ ၃၅ ရက်ကြာ ခြေကုန်သုတ်ရတဲ့ ခြေကျင် ရီးကြမ်း ဖြစ်စဉ်ကို မျှဝေးထားပါတယ်။

Philip Zimbardo: အချိန်ရဲ့ စိတ်ပညာ။

TED2009

Philip Zimbardo: အချိန်ရဲ့ စိတ်ပညာ။
1,798,097 views

စိတ်ပညာရှင် Philip Zimbardo ပြောတာက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ အများစု ဥပက္ခာပြုထားတဲ့ လက္ခဏာတစ်ခုရဲ့အထဲမှာ အမြစ်တွယ်နေပါတယ်တဲ့။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တွေဆီကို ကျွန်တော်တို့ စိတ်ရည်သန်တဲ့ နည်းလမ်းမှာပေါ့။ ကျွန်တော်တို့ ဘဝတွေကို တိုးတက်စေဖို့ ပထမ ခြေလှမ်းတစ်လှမ်း အနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အမြင်ကို စံကိုက်ချိန်ညှိဖို့ လိုတာကို သူအကြံပြုပါတယ်။

ရစ်ချတ် စိန့် ဂျွန် (Richard St. John): အောင်မြင်မှုဆိုတာ  မရပ်မနားသွားရတဲ့ ခရီးရှည်တစ်ခုပါ။

TED2009

ရစ်ချတ် စိန့် ဂျွန် (Richard St. John): အောင်မြင်မှုဆိုတာ မရပ်မနားသွားရတဲ့ ခရီးရှည်တစ်ခုပါ။
4,347,745 views

သူရဲ့ ပွင့်လင်းတဲ့ ဟန်ပန်နဲ့ ဉာဉ်အတိုင်း ရစ်ချတ် စိန့် ဂျွန်က အောင်မြင်မှုဆိုတာ အသွားခရီးအတွက် သက်သက်သာမဟုတ်ပဲ၊ အမြဲတမ်းနှင်နေရတဲ့ ခရီးရှည်တစ်ခုလည်းဖြစ်တဲ့အကြောင်းကို သတိပေးထားပါတယ်။ တန်ဖိုးကြီးမားတဲ့ သင်ခန်းစာတစ်ခုကို သရုက်ပြဖို့အတွက် သူ့ရဲ့ စီးပွားရေး အတက်၊အကျ ဖြစ်စဉ်ကို အသုံးပြုထားပါတယ်.....ကျွန်တော်တို့ ကြိုးစားမှု ရပ်ဆိုင်းလိုက်တဲ့အခါ၊ ကျွန်တော်တို့ ကျရှုံးပါတယ်။

Kevin Surace: ဂေဟနဲ့ သဟဇာတဖြစ်တဲ့ နံရံခြောက်။

TED2009

Kevin Surace: ဂေဟနဲ့ သဟဇာတဖြစ်တဲ့ နံရံခြောက်။
389,615 views

Kevin Surace အကြံပြုတာက ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေရဲ့ ထုတ်လုပ်ခြင်းနဲ့ တည်ဆောက်ခြင်းက ထုတ်လုပ်တဲ့ ကြီးမားလှတဲ့ ကာဗွန်ခြေရာတွေ လျှောချနိုင်ဖို့အခြေခံ ဆောက်လုပ်ရေး ပစည်းတွေကို ကျွန်တော်တို့တွေ ပြန်လည် စဉ်းစာသင့်တယ်တဲ့၊ ဥပမာအားဖြင့် မြင်နေကျ နံရံပျဉ်ချပ်ပေါ့။ သူကနေပြီး သူရဲ့ အသင်းကနေပြီး Serious Materials မှာ တီထွင်ထားတဲ့ EcoRock လို့ခေါ်တဲ့ သန့်ရှင်းပြီး ပြန်သုံးလို့ရတဲ့ စွမ်းအင်ကုန်ရကျိုးနပ်တဲ့ နံရံအခြောက်ကို မိတ်ဆက်ထားပါတယ်။

Kaki King: "Pink Noise" ကို ဂစ်တာနဲ့တီးခတ်ခြင်း။

TED2008

Kaki King: "Pink Noise" ကို ဂစ်တာနဲ့တီးခတ်ခြင်း။
1,191,453 views

Rolling Stones ရဲ့ ဂစ်တာ အကျော်အမော် စာရင်းဝင် ပထမဦးဆုံးသော အမျိုးသမီဖြစ်တဲ့ Kaki King ဟာ TED 2008 က ပြီးပြည့်စုံတဲ တိုက်ရိုက် တင်ဆက်မှုမှာ ပွဲဆူစေသူပါ။ သူမရဲ့ အင်မတန်ကိုမှအောင်မြင်တဲ့ အခွေဖြစ်တဲ့ "Playing with Pink Noise" အပါအဝင် ပေါ့့။ အင်မတန်အံ့ဩလောက်စရာ အစွမ်းပြသမှုဟာ တကယ်ကို ထူးခြားတဲ့ ဂစ်တာနည်းးစနစ်နဲ့ ပေါင်းဆုံသွားပါတယ်။

Michelle Obama: Michelle Obama ရဲ့ ပညာရေးစီမံကိန်း

Elizabeth G. Anderson School

Michelle Obama: Michelle Obama ရဲ့ ပညာရေးစီမံကိန်း
1,252,421 views

လန်ဒန်မြို့ရှိ မိန်းကလေးများအတွက် ကျောင်းမှာMichelle Obama ဟာ ကျောင်းသူတိုင်း အနေနဲ့ ပညာရေးကို လေးလေးနက်နက် ချဉ်းကပ်သင်ယူကြရန် စိတ်လိုက်မာန်ပါ တစ်ဦးချင်းစီကို တိုက်တွန်းလိုက်ပါတယ်။ ဒီမျိုးဆက်အသစ်ဟာဖြင့် ကျွန်ုပ်တို့ ကမ္ဘာကြီးကို လက်ရှိ ရှိနေတဲ့ ပုံစံ နဲ့ ဖြစ်သင့်တဲ့ ပုံစံမျိုး အကြားရှိ ကွာဟချက်ကို ကျော်လွှားလျှော့ချကြရမယ့် တောက်ပတဲ့ မျိုးဆက်ပဲ ဖြစ်တယ်လို့ သူမက ထောက်ပြလိုက်ပါတယ်။