TED Talks with Burmese transcript

Emily Esfahani Smith: ဘဝမှာ ပျော်ရွှင်ခြင်းထက် ပိုတာရှိပါတယ်။

TED2017

Emily Esfahani Smith: ဘဝမှာ ပျော်ရွှင်ခြင်းထက် ပိုတာရှိပါတယ်။
8,815,535 views

"ကျွန်ုပ်တို့ ယဉ်ကျေးမှုဟာ ပျော်ရွှင်မှုကို ဥပါဒါန်ဖြစ်နေပါတယ်၊ ဒါပေမဲ့ ပိုပြီး စိတ်ချမ်းသာစေတဲ့ လမ်းကြောင်းတစ်ခု ရှိတယ်ဆိုရင်ရော။ ပျော်ရွှင်မှုဆိုတာက ပေါ်လိုက်၊ ပျောက်လိုက်ပါ။" လို့ စာရေးဆရာမ Emily Esfahani Smith က ဆိုပါတယ်။ ဒါပေမဲ့ ဘဝမှာ အဓိပ္ပါယ်ရှိခြင်း၊ မိမိကိုယ်တိုင်ကို လွန်ပြီးနေတဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနဲ့ မိမိကိုယ်တွင်းကို အကောင်းဆုံး ဖွံ့ဖြိုးစေခြင်းဟာ သင့်ကို ဖက်တွယ်စရာ တစ်ခုခုပေးပါတယ်။ Esfahani Smith ကနေပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝရဲ့ မဏ္ဍိုင်ကြီး လေးတိုင်ကို ပေးဝေခိုက်မှာ ပျော်ရွှင်ခြင်းနဲ့ အဓိပ္ပါယ်ရှိခြင်းကြားက ခြားနားချက်အကြောင်း ပိုမိုလေ့လာသင်ယူလိုက်ပါဦး။

Wanuri Kahiu: ပျော်ရွင်သော၊ ခက်ထန်သော၊ ဆန်းပြားသော အာဖရိကန် အနုပညာ။

TED2017

Wanuri Kahiu: ပျော်ရွင်သော၊ ခက်ထန်သော၊ ဆန်းပြားသော အာဖရိကန် အနုပညာ။
894,360 views

ကျွန်ုပ်တို့ဟာ အာဖရိကဆိုရင် စစ်၊ ဆင်းရဲမှုနဲ့ ကြီးမားတဲ့ ပျက်စီးမှုဖြစ်နေတယ်ဆိုတဲ့ ဇာတ်လမ်းတွေနဲ့ပဲ အရမ်းကို ကျင့်သားရနေတယ်လို့ TED ဝိုင်းတော်သား Wanuri Kahiu ကဆိုပါတယ်။ ပျော်ရွှင်မှုက ဘယ်မှာလဲ။ "AfroBubbleGum" ကို မိတ်ဆက်ပေးရင်း နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုမပါပဲ အာဖရိကန် အနုပညာဟာ မြူးကြွ၊ ရွှင်မြူးဖွယ်ဖြစ်တာပါ။ အာဖရိကရဲ့ ဇာတ်လမ်းတွေကို ပြောပြဖို့ ကဏ္ဍစုံပါဝင်တဲ့ လူသား တွေ့ကြုံခံစားမှုတွေကို ဖမ်းယူတဲ့ အနုပညာ ဘာကြောင့် လိုအပ်တာလဲလို့ Kahiu 
ရှင်းပြသလိုပဲ ဒါဟာ အလေးအနက်မဟုတ်တာရဲ့ တန်ဖိုး အားလုံးကို ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။

Chance Coughenour: ဓာတ်ပုံတွေက ဆုံးရှုံးသွားခဲ့ရတဲ့ သမိုင်းကို ပြန်ဖေါ်ထုတ်ပေးနိုင်ပုံ

TEDxHamburg

Chance Coughenour: ဓာတ်ပုံတွေက ဆုံးရှုံးသွားခဲ့ရတဲ့ သမိုင်းကို ပြန်ဖေါ်ထုတ်ပေးနိုင်ပုံ
967,767 views

ဒီဂျစ်တယ် ရှေးဟောင်းပညာရှင် Chance Coughenour ဟာ ဓာတ်ပုံများကို -- ခင်ဗျားတို့ရဲ့ ဓာတ်ပုံများကို -- သုံးပြီး ပဍိပက္ခနဲ့ ကပ်ဘေးတွေကြောင့် ဆုံးရှုံးသွားခဲ့ရတဲ့ ရှေးဟောင်း လက်ရာများကို ပြန်လည်ဖေါ်ထုတ်ပေးနိုင်ပါတယ်။ ဖျက်ဆီးခံလိုက်ကြရတဲ့ အထိမ်းအမှတ်တွေ၊ ပြတိုက်တွေနဲ့ ရှေးဟောင်း လက်ရာတွေရဲ့ ပုံတွေကို အများပြည်သူတို့ထံမှ စုစည်းရယူလျက်၊ Coughenour ဟာ photogrammetry ခေါ် အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး 3D ရုပ်လုံးကြွ ရုပ်ထုပုံတွေကို ပြန်လည် ဖေါ်ထုတ် တည်ဆောက်ပေးခြင်းဖြင့်၊ ကျွန်ုပ်တို့ လူသားရဲ့ အမွေအနှစ်ဖြစ်တဲ့ ကမ္ဘာ့ အထိမ်းအမှတ်များကို ထိန်းသိမ်းဖို့ အားထုတ်နေသူပါ။ ဆုံးရှုံးခံနေရတဲ့ သမိုင်းကို ထိန်းသိမ်းလျက် လုံခြုံအောင် ကျွန်ုပ်တို့ အားလုံး ဘယ်လို ပါဝင်ကူညြီပေးနိုင်ကြပုံကို လေ့လာကြည့်ပါ။

Jon Boogz and Lil Buck: မိခင်ကမ္ဘာမြေကို ဂုဏ်ပြုဖို့ အက။

TED2017

Jon Boogz and Lil Buck: မိခင်ကမ္ဘာမြေကို ဂုဏ်ပြုဖို့ အက။
305,940 views

လှုပ်ရှားမှု အနုပညာရှင် Jon Boogz နဲ့ Lil Buck တို့ဟာ "Honor thy mother" "သင့်မိခင်ကို ဂုဏ်ပြုပါ" ဆိုတဲ့ လူ့လောကနဲ့ သဘာဝတို့ကြားက ညှင်းဆဲခံနေရတဲ့ ဆက်ဆံရေးကို အရင်းခံထားတဲ့ သိမ်မွေ့၊ အားကောင်းလှတဲ့ နှုတ်ပြော၊ တယောနဲ့ အက တင်ဆက်မှုတစ်ခုကို ပွဲထုတ်ထားပါတယ်။

Anika Paulson: ဂီတမှတစ်ဆင့် မိမိကိုယ်ကိုတွေ့ရှိပုံ။

TED2017

Anika Paulson: ဂီတမှတစ်ဆင့် မိမိကိုယ်ကိုတွေ့ရှိပုံ။
1,202,283 views

"ဂီတဟာ နေရာတိုင်းမှာရှိပါတယ်၊ ပြီးတော့ ၎င်းဟာ အရာတိုင်းမှာရှိပါတယ်"လို့ ကျောင်းသူနဲ့ TED-Ed Clubs ကြယ်ပွင့် Anika Paulson ကဆိုပါတယ်။ လက်ထဲက ဂစ်တာနဲ့ ဂီတဟာ ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပြီး ကျွန်ုပ်တို့ ဘာဆိုတာကို ဖြစ်အောင် ဖန်တီးပေးပုံကို စူးစမ်းရှာဖွေမှုအတွင်းက သူမရဲ့ဘဝ စည်းချက်တွေကနေကို တီးခတ်ပါတယ်။

Ashton Applewhite: အိုပယ်ဝါဒကို အဆုံးသတ်ကြစို့။

TED2017

Ashton Applewhite: အိုပယ်ဝါဒကို အဆုံးသတ်ကြစို့။
1,528,566 views

အိုအင်းလာမှုကို ခက်ခဲအောင်လုပ်ပေးနိုင်တာက ကုန်လွန်သွားတဲ့ အချိန်ကာလ မဟုတ်ပါ။ ဒါက အိုပယ်ဝါဒပါ၊ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ရဲ့ အနာဂတ်ဘဝတွေနဲ့ တစ်ဦးကိုတစ်ဦး ဖက်ပြိုင်အံတုကြည့်တဲ့ မလိုမုန်းထားမှုတစ်ခုပါ။ Ashton Applewhite ကနေပြီး ထိတ်လန့်မှုကို ဖြိုဖျက်ပြီး နောက်ဆုံးသော လူမှုရေးပိုင်းအရ လက်ခံကြတဲ့ မလိုမုန်းထားမှုကို ဆန့်ကျင်ကာ ဆော်ဩစည်းရုံးကြဖို့ ကျွန်ုပ်တို့ကို တိုက်တွန်းထားပါတယ်။ "အသက်အရွယ်အိုမင်းလာတာက ပြင်ဆင်ဖို့ ပြဿနာတစ်ရပ် သို့မဟုတ် ကုသဖို့ ရောဂါတစ်ခု မဟုတ်ဘူး၊ ဒါ ကျွန်မတို့ အားလုံးကို စုစည်းပေးတဲ့ စွမ်းအားရှိတဲ့ ရာသက်ပန် သဘာဝ ဖြစ်စဉ်တစ်ခုပါ"လို့ သူမကဆိုထားပါတယ်။

Damon Davis: Ferguson ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ကျွန်တော် တွေ့မြင်ခဲ့မိသမျှ။

TED2017

Damon Davis: Ferguson ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ကျွန်တော် တွေ့မြင်ခဲ့မိသမျှ။
1,189,894 views

အနုပညာရှင် Damon Davis ဟာ ၂၀၁၄ ခုမှာ Michael Brown ကို ရဲတွေက သတ်ဖြတ်ခဲ့ပြီးနောက် Missouri မှာရှိတဲ့ Ferguson က ကန့်ကွက်ဆန္ဒပြပွဲတွေမှာ သွားရောက် ပါဝင်ခဲ့တော့ အမျက်ဒေါသတင်မဟုတ်ပဲ ကိုယ်ပိုင်အတ္တနဲ့ ရပ်ရွာအတွက် ချစ်တဲ့သဘောတစ်ရပ်ကိုပါ သူတွေ့ရှိ ခဲ့ပါတယ်။ သူ့ရဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားဖြစ်တဲ့ "Whose Streets?" (ဘယ်သူ့လမ်းတွေလဲ) ဟာ ကြောက်စိတ်နဲ့ အမုန်းကို ပျံ့ပွားဖို့ အာဏာကို အသုံးပြုသူတွေကို စိန်ခေါ်ဖို့ ရောက်လာကြတဲ့ လှုပ်ရှားပြောင်းလဲရေးဝါဒီတွေရဲ့ အမြင်ကနေ ကန့်ကွက်ဆန္ဒပြတွေရဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။

Anne Madden: ရှင်တို့အိမ်ထဲနှင့် မျက်နှာပေါ်က အဏုဇီဝ ဘဝတွေကို မိတ်ဆက်ပေးပါရစေ

TED2017

Anne Madden: ရှင်တို့အိမ်ထဲနှင့် မျက်နှာပေါ်က အဏုဇီဝ ဘဝတွေကို မိတ်ဆက်ပေးပါရစေ
1,428,263 views

ရှင်တို့ အထဲမှာနှင့် ဝန်းကျင်ရှိ အဏုဇီဝ ဘဝတွေကို၊ ရှင်တို့ရဲ့ ဆိုဖာအောက်မှာနှင့် ရှင်တို့ နောက်ဖေးခြံထဲရှိ အကောင်တွေကို ရှုမြင်တော် မူကြပါ။ ကျွန်ုပ်တို့ဟာ အဲဒီလို အဏုဇီဝ အကောင်တွေကို ဆက်ဆံပုံဟာ ကြမ်းတမ်းလှပါတယ်၊ ကျွန်ုပ်တို့ဟာ ၎င်းတို့ကို သန့်ရှင်းကြတယ်၊ ရှင်းလင်းကြတယ်၊ ပိုးသတ်ကြတယ်-- ဒါပေမဲ့ အဏုဇီဝပညာရှင် ဖြစ်သူ Anne Madden ရဲ့ အဆိုအရဆိုရင် ၎င်းတို့ဟာ နည်းပညာ အသစ်တွေနှင့် ဆေးဝါးအသစ်တွေအတွက် ရင်းမြစ်တွေ ဖြစ်ကြပြီး အဲဒါတွေကို တီထွင် ထုတ်လုပ်နိုင်မှာကို စောင့်မျှော်နေကြတာပါ။ အဲဒီ အဏုဇီဝ အဂ္ဂိရတ်ဆရာတွေဟာ အညစ်အကြေးများ မဟုတ်ကြဘဲ အနာဂတ်ပါလို့ Madden က ဆိုထားပါတယ်။

Kristen Marhaver: ကျွန်မ ဘာကြောင့် သန္တာကျောက်တန်းတွေအတွက် မျှော်လင့်ချက်ဆက်ထားနေသေးတာလဲ။

TED2017

Kristen Marhaver: ကျွန်မ ဘာကြောင့် သန္တာကျောက်တန်းတွေအတွက် မျှော်လင့်ချက်ဆက်ထားနေသေးတာလဲ။
1,348,832 views

ပစိဖိတ်မှာရှိတဲ့ သန္တာကျောက်တန်းတွေဟာ ကြောက်ခမ်းလိလိနှုန်းနဲ့ သေဆုံးနေပါတယ်၊ အထူးသဖြင့် တိုးတိုးလာနေတဲ့ ရေထုအပူချိန်တွေကနေ ဆောင်ကြဉ်းလာတဲ့ အရောင်ချွတ်ခြင်းကြောင့်ပါ။ ဒါပေမဲ့ သိပ်တော့ မနှောင်းသေးပါဘူးလို့ ပြောလာသူကတော့ သူမက အချိန်၊ တည်ငြိမ်တဲ့အပူချိန်တွေနဲ့ ကာကွယ်မှုပေးထားလိုက်ရင် သန္တာကောင်တွေမှာ အဖြစ်ဆိုးကနေ နလံထူဖို့ အစွမ်းရှိတာကို ပြသလျှက်ရှိတယ်တယ်လို့ TED ဝိုင်းတော်သား Kristen Maharver က Caribbean ကိုထောက်ပြထားပါတယ်။ ကျွန်ုပ်တို့မှာ ကျန်ရှိနေသေးတဲ့ အဖိုးတန် သန္တာကောင်တွေကို ကာကွယ်ဖို့ ဆက်လုပ်လုပ်ဆောင်ဖို့ကို Marhaver က ကျွန်ုပ်တို့ကို သတိပေးထားပါတယ်။ "သန္တာကောင်တွေဟာ ကျွန်မတို့လိုပဲ ကစားပွဲ အရှည်ကြီးကို အမြဲတမ်းကစားနေခဲ့တာပါ" လို့ သူမကဆိုပါတယ်။

Jennifer Pluznick: ကျွန်ုပ်တို့ အနံ့ခံကြတာက ကိုယ့်နှာခေါင်းနဲ့သာမက ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးနဲ့ပါ။

TEDMED 2016

Jennifer Pluznick: ကျွန်ုပ်တို့ အနံ့ခံကြတာက ကိုယ့်နှာခေါင်းနဲ့သာမက ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးနဲ့ပါ။
1,702,806 views

သင့်ကျောက်ကပ်တွေဟာ အနံ့ကို ခံနိုင်တဲ့ အာရုံရှိပါသလား။ ကျွန်ုပ်တို့ရဲ့ နှာခေါင်းထဲမှာ တွေရတတ်တဲ့ အနံ့အာရုံခံရေး အရာသေးသေးလေးတွေကို နှာခေါင်းထဲမှာသာမက ကျွန်ုပ်တို့ရဲ့ ကြွက်သား၊ ကျောက်ကပ်နဲ့ အဆုပ်လို လုံးဝမျှော်လင့် မရနိုင်တဲ့ နေရာတွေမှာ တွေ့ရှိနိုင်တာကို အခုတော့ သိလာရပါပြီ။ ဒီတိုတောင်းတဲ့ ဟောပြောချက်( ထူးဆန်းတဲ့ အချက်အလက်တွေနဲ့ ပြည့်နေတဲ့)ထဲမှာ ဇီဝကမ္မဗေဒပညာရှင် Jennifer Pluznick ကနေပြီး ၎င်းတို့ဟာ ဘာကြောင့် အဲဒီမှာရှိနေပြီး ၎င်းတို့ ဘာတွေလုပ်ပေးကြတယ် ဆိုတာကို ရှင်းလင်းပြထားပါတယ်။

Susan Robinson: ဒုက္ခိတဖြစ်ခြင်းမှာ ကျွန်မ ပျက်ကွက်ပုံ။

TED Residency

Susan Robinson: ဒုက္ခိတဖြစ်ခြင်းမှာ ကျွန်မ ပျက်ကွက်ပုံ။
1,458,794 views

ပြင်ဆင်ဖို့၊ ကုသဖို့မရှိတဲ့ ဗီဇပိုင်းရာ အမြင်အာရုံ ချို့ယွင်းမှုနဲ့ မွေးဖွားခဲ့သူ Susan Robinson ဟာ တရားဝင်အရတော့ မျက်မမြင်( သူမနှစ်သက်သလိုဆိုရင်တော့ တစ်စိတ်တစ်ပိုင်း မြင်ရသူ) ဖြစ်ပြီး သူမ မုန်းတီးတဲ့ "ဒုက္ခိတ" ဆိုတဲ့ တံဆိပ်တပ်တစ်ခုကပ်ဖို့ အမည်တပ်ခံရသူပါ။ ဒီပျော်စရာကောင်းတဲ့ ပုဂ္ဂိုလ်ရေးဟောပြောချက်မှာ မျှော်မှန်းချက်တွေကို ပြောင်းပြန်လှန်တဲ့ နည်းငါးမျိုးနဲ့ ရှင်ပြရင်း ဒုက္ခိတဖြစ်မှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ ပုန်းကွယ်နေတဲ့ ဘက်လိုက်မှုတွေကို ထေ့ငေါ့ထားပါတယ်။

Adam Alter: ဘာကြောင့် ဖန်သားပြင်တွေက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပိုနည်းစေတာလဲ​။

TED2017

Adam Alter: ဘာကြောင့် ဖန်သားပြင်တွေက ကျွန်ုပ်တို့ကို ပျော်ရွှင်မှု ပိုနည်းစေတာလဲ​။
3,737,315 views

ဖန်သားပြင်တွေနဲ့ ကိရိယာတွေက ကျွန်ုပ်တို့ကို ဘာတွေလုပ်နေလဲ။ စိတ်ပညာရှင် Adam Alter ဟာ ဖန်သားပြင်တွေက ကျွန်ုပ်တို့ဆီကနေ အချိန်တွေ ဘယ်လောက်တောင် ခိုးယူပြီး ဒါတွေက ဘယ်လိုလွတ်မြောက်နေတယ်ဆိုတာကို လေ့လာပါတယ်။ သူကနေပြီး သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက် (သို့) ကွန်ပြူတာကို စိုက်ကြည့်ရင်း ကုန်ဆုံးသွားတဲ့ နာရီအားလုံးဟာ ဘာကြောင့် သင့်ကို စိတ်မချမ်းမြေ့အောင် လုပ်နေလောက်တာနဲ့ ဒါနဲ့ ပတ်သက်ပြီး သင်လုပ်နိုင်တာကို မျှဝေထားပါတယ်။

Manu Prakash: စက္ကူဖြင့် ထုတ်လုပ်ထားတဲ့ အသက်ကယ်ရေး သိပ္ပံပညာဆိုင်ရာ ကိရိယာများ။

TED2017

Manu Prakash: စက္ကူဖြင့် ထုတ်လုပ်ထားတဲ့ အသက်ကယ်ရေး သိပ္ပံပညာဆိုင်ရာ ကိရိယာများ။
1,431,573 views

တီထွင်ပညာရှင် Manu Prakash ဟာ နေ့စဉ်နေ့တိုင်း၊ ပစ္စည်းတွေမျိုးစုံကို စက္ကူ အဏုကြည့် ကိရိယာမှအစ ခြင်ကောင်ကို ခြေရာခံရေး လိမ္မာတဲ့ ကိရိယာအဆုံး သိပ္ပံပညာဆိုင်ရာ ကိရိယာများ အဖြစ် ​ပြောင်းလဲ ထုတ်လုပ်ပေးနေသူပါ။ TED Fellows အဆင့်မှစတင်ခဲ့တဲ့ သူဟာ Paperfuge လို့ခေါ်တဲ့ လက်ရဲ့အားဖြင့် အလုပ်လုပ်တဲ့ ကိရိယာတစ်ခုကို ဆင့် ၂၀ မျှသာ ဈေးရှိတဲ့ ကစားစရာထဲက အတွေးအခေါ်ကို ယူပြီး ဖန်တီးခဲ့ရာ $1,000 တန်တဲ့ စက်ရဲ့ အလုပ်မျိုးကို လုပ်ပေးနိုင်ပြီး လျှပ်စစ်တောင် မလိုပါ။

Sinead Burke: ဒီဇိုင်းကို ရေးဆွဲရာတွင် လူတိုင်းကို ထည့်စဉ်းစားရန် လိုအပ်တာ ဘာကြောင့်လဲ။

TEDNYC

Sinead Burke: ဒီဇိုင်းကို ရေးဆွဲရာတွင် လူတိုင်းကို ထည့်စဉ်းစားရန် လိုအပ်တာ ဘာကြောင့်လဲ။
1,435,325 views

Sinéad Burke က ကျွန်ုပ်တို့ အားလုံးအနေနဲ့ မြင်တွေ့ဖို့ မလွယ်ကူလှတဲ့ (တံခါးထဲက သော့ခလောက်ရဲ့ အမြင့်မှအစ ဖိနပ်ဆိုက်တွေအဆုံး) အရာတွေကို၊ သူ့ဘဝကို ခက်ခဲအောင် လုပ်ပစ်ကြတဲ့ အရာတွကို၊ သူမရဲ့ ၁၀၅ စင်တီမီတာ (သို့မဟုတ် 3' 5") သာရှိတဲ့ အရပ်ဖြင့် ခံစားသိရှိထားသူပါ။ အရပ်နိမ့်တဲ့ လူတစ်ယောက်အနေနဲ့ လှုပ်ရှားသွားရပုံ ဘယ်လို ရှိမှန်းကို သူမက ​ပြောပြထားပြီး "ကျွန်မတို့ရဲ့ ဒီဇိုင်းတွေထဲမှာ ထည့်မတွက်ထားတာက ဘယ်သူတွေလဲ" ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

Richard Browning: ဂျက်ဝတ်စုံကို ကျွန်တော် တည်ဆောက်ခဲ့ပုံ။

TED2017

Richard Browning: ဂျက်ဝတ်စုံကို ကျွန်တော် တည်ဆောက်ခဲ့ပုံ။
2,171,923 views

ပျံသန်းဖို့ကို ကျွန်ုပ်တို့အားလုံး အိပ်မက်မက်ခဲ့ကြပါတယ်၊ ဒါပေမဲ့ Richard Browningကျတော့ ပျံသန်းမှုဟာ အစွဲအလမ်းတစ်ခုပါ။ သူဟာ စိတ်၊ ကိုယ်နဲ့ နည်းပညာတို့ရဲ့ ခမ်းနားတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို ထောက်မှီထားတဲ့ Iron Man လို ဝတ်စုံတစ်စုံကို တည်ဆောက်ထားပါတယ်။ သိပ္ပံ စိတ်ကူးယဉ် အိပ်မက်တွေကို တကယ့် လက်တွေဘဝဆီ နီးကပ်စွာ ဆောင်ကြဉ်းပေးခြင်းပါ။ သူ့ရဲ့ တီထွင်မှုနောက်ကွယ်က စမ်းသပ်ပြုပြင်ခြင်း ဖြစ်စဉ်လေးအကြောင်းကို ပိုမိုလေ့လာပြီး မမေ့နိုင်ဖွယ် သရုပ်ပြကွက်ထဲမှာ Browning နဲ့လိုက်ပြီး ပျံသန်းလိုက်ပါဦး။

Anne Lamott: ဘဝနှင့် စာရေးသားခြင်းမှ သင်ယူခဲ့ရသော အမှန်တရား ၁၂ ခု။

TED2017

Anne Lamott: ဘဝနှင့် စာရေးသားခြင်းမှ သင်ယူခဲ့ရသော အမှန်တရား ၁၂ ခု။
5,458,934 views

အသက် ၆၁ နှစ် မပြည့်ခင် ရက်အနည်းငယ်အလိုမှာ စာရေးဆရာမ Anne Lamott ဟာ သူမ အသေအချာသိတဲ့ အရာတိုင်းကို ရေးချဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ် လက္ခဏာ ဘဝ ခံယူချက် ဉာဏ်ပညာနဲ့ မိသားစုအကြောင်း ဟာသဉာဏ်၊ စာရေးသားခြင်း ဘုရားသခင်ရဲ့ အနက်အဓိပ္ပါယ်၊ မရဏနဲ့ နောက်ထပ်အရာတွေကို ပေးကမ်းရင်း 
စိတ်ရှုပ်ဖွယ်ကောင်းသော၊ လှပသော၊ စိတ်လှုပ်ရှားစေသော ကမ္ဘာတစ်ခုမှာ လူသားတစ်ဦးဖြစ်ရခြင်းရဲ့ သိမ်မွေ့တဲ့ ကွဲပြားချက်တွေထဲကို ငုပ်ဝင်လိုက်ပါတယ်။

Tim Ferriss: ဘာကြောင့် ပန်းတိုင်တွေအစား ပူပင်မှုတွေကို သတ်မှတ်သင့်သလဲ

TED2017

Tim Ferriss: ဘာကြောင့် ပန်းတိုင်တွေအစား ပူပင်မှုတွေကို သတ်မှတ်သင့်သလဲ
7,442,608 views

ခက်ခဲတဲ့ ရွေးချယ်မှုတွေ ... ကျွန်ုပ်တို့ ပြုလုပ်ဖို့၊ မေးမြန်းဖို့၊ ပြောဆိုဖို့ အကြောက်ဆုံး အရာတွေက ... မကြာခဏဆိုသလို ကျွန်ုပ်တို့ တကယ်စစ်စစ် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေပါပဲ။ ကျွန်ုပ်တို့ ကိုယ့်ကိုကိုယ် တုံဆိုင်းစေတာကို ဘယ်လို ကျော်လွှားပြီးတော့ လုပ်ဆောင်နိုင်မလဲ။ Tim Ferriss က ကျွန်ုပ်တို့ကို ကိုယ့်ပူပန်မှုတွေကို မှန်းဆကြည့်ပြီး အသေးစိတ်ချရေးဖို့အတွက် ရိုးရှင်းပေမယ့် အစွမ်းထက်တဲ့ "ပူပန်မှု ချမှတ်ခြင်း" လို့သူခေါ်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီအလေ့အထက သင့်ကို စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်တွေမှာ ရှင်သန်နိုင်ဖို့နဲ့ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာနဲ့ မထိန်းချုပ်နိုင်တဲ့အရာကို ခွဲခြားနိုင်အောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို ပိုမိုလေ့လာကြည့်နိုင်ပါတယ်။

Mehdi Ordikhani-Seyedlar: အာရုံစိုက်တဲ့အခါ သင့်ဦးနှောက်အတွင်းမှာ ဘာတွေဖြစ်တတ်လဲ။

TED2017

Mehdi Ordikhani-Seyedlar: အာရုံစိုက်တဲ့အခါ သင့်ဦးနှောက်အတွင်းမှာ ဘာတွေဖြစ်တတ်လဲ။
3,083,456 views

အာရုံစိုက်တာဟာ ကျွန်ုပ်တို့ စူးစိုက်တဲ့ အကြောင်းတင်မဟုတ်ပဲ ဒါဟာ ကျွန်ုပ်တို့ရဲ့ ဦးနှောက်တွေက စစ်ထုတ်နေတာလည်းဖြစ်ပါတယ်။ လူတွေ စူးစိုက်ဖို့ ကြိုးစားစဉ် ဦးနှောက်အတွင်းက အဆင်တွေကို သုသေသနလုပ်ရင်းကနေ ကွန်ပြူတာဆိုင်ရာ ဦးနှောက်နှင့် အာရုံကြောပညာရှင် Mehdi Ordikhani-Seyedlar ကနေပြီး ဦးနှောက်နဲ့ ကွန်ပြူတာကို ပိုနီးကပ်စွာ အတူတူထားကာ ADHD (အာရုံစိုက်မှု လျော့နည်းတဲ့ရောဂါ) ကို ကုသဖို့ အသုံးပြုနိုင်တဲ့ ပုံစံများကို တည်ဆောက်ရင်း ဆက်သွယ် စကာ​ပြောဆိုနိုင်စွမ်းကို ပျောက်ဆုံးသွားတဲ့ ဒီလူတွေကို ကူညီဖို့ မျှော်လင့်ပါတယ်၊ ဒီတိုတောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဟောပြောချက်ထဲက စိတ်လှုပ်ရှားစရာ သိပ္ပံအကြောင်းကို ပိုမိုနားဆင်လိုက်ပါဦး။

Rhiannon Giddens: သမိုင်းကို အသက်ဝင်စေတဲ့ သီချင်းသုံးပုဒ်။

TED2016

Rhiannon Giddens: သမိုင်းကို အသက်ဝင်စေတဲ့ သီချင်းသုံးပုဒ်။
1,439,796 views

Rhiannon Giddens ဟာ သူမရဲ့ ဂီတထဲကို အမေရိကန်သမိုင်းရဲ့ စိတ်လှုပ်ရှားစေတဲ့ ဩဇာသက်ရောက်မှုကို သွန်းလောင်းပေးနိုင်သူပါ။ ရိုးရာ ကျေးလက် ဇာတ်လမ်းကဗျာ နှစ်ပုဒ်ဖြစ်တဲ့ Waterboy" နဲ့ "Up Above My Head" နှင့်အတူ ပြည်တွင်းစစ်ကာလ ကျွန်ဇာတ်လမ်းတွေကနေ စေ့ဆော်မှုရခဲ့တဲ့ သူမရဲ့ ကိုယ်ပိုင်သီချင်း "Come Love Come" ကို သူမဖျော်ဖြေစဉ်အခိုက်မှာ နားဆင်လိုက်ပါဦး။

Sofi Tukker: အာဝူး "Awoo"

TEDNYC

Sofi Tukker: အာဝူး "Awoo"
1,670,035 views

အီလက်ထရို ပေါ့ပ် နှစ်ဦးတွဲဖျော်ဖြေမှုမှာ Sofi Tukker ကနေပြီး TED ပရိတ်သတ်နဲ့အတူ Betta Lemme ပါဝင်တဲ့ သူတို့ရဲ့ အမြန်တေးသွား စည်းချက်ကျတဲ့ သီချင်း"Awoo" ကို ကပြတင်ဆက်ထားပါတယ်။

Garry Kasparov: အသိဉာဏ်ပါတဲ့ စက်တွေကို မကြောက်ကြပါနဲ့၊ သူတို့နဲ့အတူ အလုပ်လုပ်ကိုင်ကြပါ

TED2017

Garry Kasparov: အသိဉာဏ်ပါတဲ့ စက်တွေကို မကြောက်ကြပါနဲ့၊ သူတို့နဲ့အတူ အလုပ်လုပ်ကိုင်ကြပါ
1,595,117 views

ကျွန်တော်တို့ဟာ နည်းပညာထံမှ အများဆုံးကို ရယူချင်ရင် --ကိုယ့် ကြောက်စိတ်တွေကို ရင်ဆိုင်ဖို့ လိုတယ်လို့ Garry Kasparov က ဆိုပါတယ်။ သမိုင်းထဲမှာ အကြီးမားဆုံး စစ်တုရင် ကစားသူ Kasparov ဟာ ဟိုလေးတကျော် ဖြစ်သွားခဲ့တဲ့ IBM စူပါကွန်ပျူတာ Deep Blue နဲ့ ၁၉၉၇ ခုနှစ်မှာ ကစားစဉ် ရှုံးသွားခဲ့တယ်။ အခုတော့ သူဟာ အသိဉာဏ်ပါတဲ့ စက်တွေက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး စိတ်ကူးတွေကို လက်တွေ့ ရုပ်လုံးဖေါ်နိိုင်အောင် ကျွန်တော်တို့အား ကူညီပေးနိုင်ပုံကို မျှဝေထားပါတယ်။

Sitawa Wafula: ဝက်ရူးပြန်ရောဂါနဲ့ ရှင်သန်ခြင်းအကြောင်းကို ဘာလို့ ဖွင့်ဟပြောတာလဲ။

TEDNairobi Ideas Search

Sitawa Wafula: ဝက်ရူးပြန်ရောဂါနဲ့ ရှင်သန်ခြင်းအကြောင်းကို ဘာလို့ ဖွင့်ဟပြောတာလဲ။
891,685 views

တစ်ခါက ဝက်ရူးပြန်ရောဂါကြောင့် အိမ်တွင်းအောင်းနေရတဲ့ စိတ်ဆိုင်ရာ ကျန်းမာရေး ရှေ့နေ Sitawa Wafula ဟာ ဒီအကြောင်းကို ရေးသားဖို့ အားအင်ကိုတွေ့ရှိခဲ့ပါတယ်။ အခု သူမဟာ အရှက်ရခြင်းနဲ့ ချန်လှပ်ခံရခြင်းကို ကျော်ဖြတ်ပြီး ဒီအခြေအနေနဲ့ ရှင်သန်နေထိုင်ရတာ ဘယ်လိုမျိုးလဲ ဆိုတာကို ပြောပြဖို့ အသံတွေကို ရှာနေကြတဲ့ အခြားသူတွေအတွက် ထောက်ခံ ပြောပြထားပါတယ်။

Wendy Troxel: ဆယ်ကျော်သက်တွေအတွက်ကျောင်းစချိန်ဘာကြောင့်နောက်ဆုတ်သင့်သလဲ

TEDxManhattanBeach

Wendy Troxel: ဆယ်ကျော်သက်တွေအတွက်ကျောင်းစချိန်ဘာကြောင့်နောက်ဆုတ်သင့်သလဲ
1,860,295 views

ဆယ်ကျော်သက်များသည် အိပ်စက်ချိန် လုံလုံလောက်လောက် မရကြပါ။ ဤသို့ဖြစ်ရခြင်းမှာ Snapchat ကြောင့်သော်လည်းကောင်း၊ အပေါင်းအသင်း အပျော်အပါး ကြောင့်သော်လည်းကောင်း၊ ဟော်မုန်းများ ကြောင့်သော်လည်းကောင်း မဟုတ်ပဲ အများပြည်သူဆိုင်ရာမူဝါဒ ကြောင့်ဟု Wendy Troxel ကဆိုပါသည်။ အိပ်စက်ခြင်းဆိုင်ရာ သုသေတီ တစ်ဦး အနေဖြင့်လည်းကောင်း၊ လူနာများနှင့်တွေ့ဆုံလေ့ရှိသူ တစ်ဦး အနေဖြင့်လည်းကောင်း၊ ဆယ်ကျော်သက်တစ်ဦး၏ မိခင်တစ်ဦး အနေဖြင့်လည်းကောင်း သူမ၏အတွေ့အကြုံများမှ Troxel က ဆယ်ကျော်သက်များ၏ မနက်စောစော ကျောင်းစချိန်သည် ကလေးများကို သူတို့ဘဝ၏ အလိုအပ်ဆုံးအချိန်တွင် လုံလောက်သော အိပ်စက်ခြင်း မရရှိစေနိုင်ကြောင်း ဆွေးနွေးတင်ပြထားပါသည်။

Karim Abouelnaga: ကလေးငယ်တွေ တက်ရောက်ချင်တဲ့ နွေရာသီကျောင်း။

TED2017

Karim Abouelnaga: ကလေးငယ်တွေ တက်ရောက်ချင်တဲ့ နွေရာသီကျောင်း။
1,211,003 views

နွေရာသီအတွင်းမှာ US မှာရှိတဲ့ ဝင်ငွေနိမ့်တဲ့ ရပ်ကွက်တွေက ကလေးငယ်တွေဟာ ကျောင်းစာသင်နှစ်အတွင်း သူတို့ သင်ယူတာရဲ့ သုံးလစာနီးပါးကို မေ့နေကြတယ်။ ပညာရေး စွန့်ဦးထွင်နဲ့ TED ဝိုင်းတော်သား Karim Abouelnaga ဟာ။ "နွေရာသီ ထိုးကျချိန်"ကို ပိုကောင်းတဲ့ အနာဂတ်တစ်ခုဆီ ရှေ့ဆက် တိုးပွားသွားတဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲရင်း ဒီသင်ယူခြင်း ဆုံးရှုံးမှုကို ပြောင်းပြန် လှန်ပစ်ချင်ပါတယ်။

Serena Willans and Gayle King: တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း

TED2017

Serena Willans and Gayle King: တင်းနစ်၊ ချစ်ခြင်းမေတ္တာနဲ့ မိခင်ဘဝ အကြောင်း
2,441,718 views

နှစ်ဆယ့်သုံးခုသော Grand Slam တံခွန်စိုက်တွေပြီးတဲ့ အခါမှာတော့ တင်းနစ် ဆူပါစတား Serena Williams ဟာ သူမရဲ့ ဘဝ၊ ချစ်ခြင်းမေတ္တာ ၊ အနိုင်တွေနဲ့ အရှုံးတွေအကြောင်း နွေးထွေးပြီး ကျီစယ်တဲ့သဘောပါတဲ့ ဆွေးနွေးချက်ကို မျှဝေဖို့ သတင်းစာသမား Gayle King နဲ့ ထိုင်လိုက်ပါတယ်။ သူမရဲ့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို ကမ္ဘာကြီးနဲ့ အမှတ်မထင်ပဲ မျှဝေမိတယ်ဆိုတဲ့ အဖြစ်နဲ့ စလိုက်ခြင်းပါ။

ဘာ​ကြောင့် လူတိုင်းပါဝင်တဲ့   အနာဂတ်ကိုသာ တည်ဆောက်ထိုက်ပုံ။

TED2017

ဘာ​ကြောင့် လူတိုင်းပါဝင်တဲ့ အနာဂတ်ကိုသာ တည်ဆောက်ထိုက်ပုံ။
3,419,176 views

"တည်ရှိဖို့ မျှော်လင့်ချက်အတွက် လူပုဂ္ဂိုလ် တစ်ဦးတည်းဟာ လုံလောက်ပြီး ထိုပိုဂ္ဂိုလ်ဟာ သင်ဖြစ်နိုင်ပါတယ်" လို့ ပုပ်ရဟန်းမင်းကြီး Francis က 
Vatican City ကနေ ပို့သတဲ့ ဒီလောင်မြိုက်နေတဲ့ TED Talk မှာ ဆိုထားပါတယ်။ ဘာသာအယူဝါဒ အားလုံးထဲက လူတွေထံ၊ အာဏာရှိသူတွေရော၊ အာဏာမဲ့တွေရောဆီအတွက် ဒီမျှော်လင့်ချက်ရှိတဲ့ သတင်းစကားမှာ ဘာသာရေး ခေါင်းဆောင်ကနေပြီး ညီမျှမှု၊ စည်းလုံးညီညွတ်မှုနဲ့ သိမ်မွေ့မှု ပျံ့နှံ့ဖြစ်တည်ဖို့ဖို့ လောလောဆယ် ကျွန်ုပ်တို့ ရှာဖွေ၊ တောင်းဆိုကြသလို ကမ္ဘာပေါ်မှာ ထွန်းလင်းပြသပေးတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ထောက်ပံ့ပေးထားပါတယ်။ "အချင်းချင်း ကူညီကြပါစို့၊ အားလုံး အတူစုပြီး 'အခြား'ဆိုတာဟာ စာရင်း(သို့) ကိန်းတစ်ခုမဟုတ်တာကို သတိရကြဖို့နဲ့ ကျွနိုပ်တို့ အားလုံးဟာ တစ်ဦးကိုတစ်ဦး လိုအပ်ကြပါတယ်"လို့ ဆိုထားပါတယ်။

မိုက်ကယ်(လ်) ဘိုင်းရု: ကလေးေတွစာဖတ်ေစချင်လာေအာင် စာြကည့်တိုက်ကို ဘယ်လို ဒီဇိုင်းဆဲွမလဲ

TEDNYC

မိုက်ကယ်(လ်) ဘိုင်းရု: ကလေးေတွစာဖတ်ေစချင်လာေအာင် စာြကည့်တိုက်ကို ဘယ်လို ဒီဇိုင်းဆဲွမလဲ
1,850,983 views

အစိုးရကေျာင်းေတွအတွက် တံဆိပ်ဆွဲဖို့ေခါ်ရာကနေ, သူက တစ်နှစ်ကြာတယ့် စီမံကိန်းတစ်ခုကိုစတင်ခဲ့တယ်ဆိုတာ မယုံနို်င်စရာြဖစ်ေနတယ်. မကြာခဏ ဟာသနှောတဲ့ ေဟာေြပာမှုမှာ, သူ့ရဲ့ဆန္ဒပြင်းြပင်းြပပြ နဲ့ အင်းအားေတွ, သင်ယူမှုေတွ, အနုပညာနဲ့ ဒီဇိုင်းေတွ ကို, စာြကည့်တိုက်မှူးေတွက မျုိးဆက်သစ်ေတွ စာဖတ်သူြဖစ်လာြပီးေတာ့ ေတွးေတာတတ်သူြဖစ်လာေအာင် နှုိးေဆာ်ေပးမယ့်, အံ့သြစရာေကာင်းတဲ့ေနရာတစ်ခုကို ယူေဆာင်လာပုံကို ြပန်လည်ေြပာြပခဲ့တယ်.

Curtis 'Wall Street' Carroll: ရှယ်ယာတွေကို ဈေးကစားမှုကို ကျွန်တော် ထောင်ထဲတွင် သင်ယူခဲ့ပုံ

TEDxSanQuentin

Curtis 'Wall Street' Carroll: ရှယ်ယာတွေကို ဈေးကစားမှုကို ကျွန်တော် ထောင်ထဲတွင် သင်ယူခဲ့ပုံ
5,811,223 views

ဘဏ္ဍာရေးကိစ္စထဲမှာ အသုံးလုံး ကျေသူဖြစ်ရေးဟာ ကျွမ်းကျင်မှု မဟုတ်ဘဲ နေထိုင်မှု ဘဝပုံစံ တစ်မျိုးပါ။ အဲဒါကို Curtis "Wall Street" Carroll ထံမှ သင်ယူပါ။ ထောင်ထဲ နေထိုင်ခဲ့ရသူ Caroll ဟာ ဒေါ်လာရဲ့ တန်ဖိုးကို ကောင်းကောင်းကြီး သိနားလည်သူပါ။ ထောင်ကျနေခဲ့စဉ် သူဟာ သူ့ဘာသာသူ ရေးဖတ်တတ်လာအောင် နှင့် ရှယ်ယာတွေ ရောင်းဝယ်ရေး အတတ်ပညာကို သင်ယူနိုင်ခဲ့ပြီး အခုတော့ သူဟာ ရိုးရှင်းပေမယ့် ထက်မြက်တဲ့ သဝဏ်လွှာကို၊ ကျွန်ုပ်တို့ အားလုံးဟာ ကျွန်ုပ်တို့ရဲ့ ငွေတွေနဲ့ ပတ်သက်လာရင် ပိုပြီး ဦးနှောက်သုံးရန် လိုအပ်တာကို တင်ပြထားပါတယ်။

Carina Morillo: အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။

TEDxRiodelaPlata

Carina Morillo: အထီးကျန် စိတ်ဝေဒနာကို နားလည်ဖို့ မျက်နှာမလွှဲပါနဲ့။
673,429 views

Carina Morillo ဟာ သူမရဲ့သား Ivan ရောဂါစပေါ်တော့ အထီးကျန် စိတ်ဝေဒနာအကြောင်းကို ဘာမှ မသိသလောက်ပါ။ သူ စကားမပြောဘူး ဒါမှမဟုတ် စကားလုံးတွေကို မတုံ့ပြန်ဘူးဆိုတာ လောက်ဖြစ်ပြီး သူနဲ့ ဆက်သွယ်ဖို့အတွက် အခြားနည်းလမ်းတွေ ရှာခဲ့ရပါတယ်။ သူနဲ့အတူလိုက်ပြီး သိချင်စိတ်ဖြစ်ခြင်းကနေ သူမရဲ့သားကို ဖွံ့ဖြိုးရှင်သန်စေဖို့ အထောက်အကူပေးဖို့ ဘယ်လို သူမလေ့လာ သင်ယူခဲ့တယ်ဆိုတာကို မျှဝေထားပါတယ်။

Siddhartha Roy: အများပြည်သူ ကောင်းကျိုးကို ဝန်ဆောင်ပေးမယ့် သိပ္ပံပညာ

TEDxVirginiaTech

Siddhartha Roy: အများပြည်သူ ကောင်းကျိုးကို ဝန်ဆောင်ပေးမယ့် သိပ္ပံပညာ
1,061,085 views

ကျွန်ုပ်တို့ဟာ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို နည်းပညာတွေကို သင်ရာမှာ တော်ကြပေမဲ့၊ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ဒါမှမဟုတ် အကျင့်စာရိတ္တကို ပျိုးထောင်ပေးရန် သိပ် အားမထုတ်ကြပါ။ ဥပမာအဖြစ်၊Michigan ဒေသ Flint မှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကို ယူကြည့်နိုင်ကြပါတယ်။ အဲဒီမှာ ရှိနေခဲ့ကြတဲ့ ပညာရှင်တွေဟာအဲဒါကို ဖြေရှင်းပေးဖို့ ဘာမှ လုပ်မပေးခဲ့ကြပါ။ Flint ရဲ့ သောက်ရေ ညစ်ညမ်းနေကြောင်းကို Siddhartha Roy ကမှ သကသေထူပြနိုင်အောင် ကူညီပေးခဲ့တာပါ။ ဒီဟော​ပြောချက်ထဲတွင် သူဟာ အများပြည်သူ အကျိုးကို သည်းပိုးပေးရမယ့် သိပ္ပံပညာရဲ့ အဖြစ်အပျက်ကို ​ပြောပြရင်း အနာဂတ်သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို ပြည်သူများနဲ့ ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့ ကြိုးပမ်းအားထုတ်ကြရန် လှုံ့ဆော်ထားပါတယ်။