TED Talks with Burmese transcript

Edsel Salvana: HIV ဗိုင်းရပ်စ်ပိုး၏ အန္တရာယ်များသော ဆင့်ကဲဖြစ်စဉ်။

TEDGlobal 2017

Edsel Salvana: HIV ဗိုင်းရပ်စ်ပိုး၏ အန္တရာယ်များသော ဆင့်ကဲဖြစ်စဉ်။
1,348,118 views

HIV ပိုးကို နှိမ်နင်းတဲ့ တိုက်ပွဲမှာ နိုင်နေပြီလို့ ထင်နေလား? မနိုင်လောက်သေးဘူး။ ဘာလို့လဲဆိုတော့ နောက်ထပ် ဆေးဝါးဒဏ်ခံနိုင်တဲ့၊ HIV ပိုးကိုကုသတဲ့ဆေးကို ယဉ်ပါးလာတဲ့ ဗိုင်းရပ်တွေ ပေါ်လာတာကြောင့်ပါ။ ဒီ အသိဉာဏ်ဖွင့်ပေးတဲ့ ဟောပြောချက်ထဲမှာ TED ဝိုင်းတော်သား Edsel Salvana ကနေပြီး လောလောဆယ် သူ့ရဲ့ နေထိုင်ရာ ဖိလစ်ပိုင်မှာ ဒုက္ခပေးနေတဲ့ ထကြွနေတဲ့ HIV အမျိုးအစားခွဲ-AE အကြောင်း ရှင်းလင်းဖော်ပြပြီး၊ ၄င်း HIV-မျိုးခွဲ-AE ကြောင့် ကမ္ဘာ့တစ်ဝှမ်းမှာ "HIV ကပ်ရောဂါတစ်ခု" အလွယ်တကူ ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ကို သတိပေးလိုက်ပါတယ်။

Marily Oppezzo: ပိုပြီး ဆန်းသစ်ဖန်တီးချင်လား၊ လမ်းလျှောက်ထွက်လိုက်ပါ။

TEDxStanford

Marily Oppezzo: ပိုပြီး ဆန်းသစ်ဖန်တီးချင်လား၊ လမ်းလျှောက်ထွက်လိုက်ပါ။
3,727,050 views

စိတ်ကူးသစ်တစ်ခုပေါ်လာဖို့ ကြိုးပမ်းနေတဲ့အခါ ကျွန်ုပ်တို့အားလုံးမှာ အကျပ်ရိုက်နေတဲ့ အချိန်တွေရှိကြပါတယ်။ ဒါပေမဲ့ အမူအကျင့်ဆိုင်ရာနဲ့ သင်ကြားရေး သိပ္ပံပညာရှင် Marily Oppezzo ရဲ့ သုတေသနအရတော့ ထပြီးတော့ လမ်းလျှောက်ထွက်ခြင်းဟာ သင့်ရဲ့ ဆန်းသစ်ဖန်တီးတဲ့ အရည်တွေ စီးဆင်းဖို့ ခေါ်ဆောင်သွားနိုင်လောက်ပါတယ်။ ဒီပျော်စရာ သွက်လက်တဲ့ ဟောပြောချက်မှာ လမ်းလျှောက်ခြင်းဟာ သင်ရဲ့ နောက်လာမဲ့ ဦးနှောက်မုန်တိုင်းဆင်မှုကနေ အများဆုံးရရှိဖို့ သင့်ကို ကူညီပေးပုံကို သူမက ရှင်းလင်းပြထားပါတယ်။

Vivek Maru: ဥပဒေရဲ့ အာဏာစက်ကို လူတွေရဲ့လက်ထဲကို အပ်နှင်းပုံ။

TEDGlobal 2017

Vivek Maru: ဥပဒေရဲ့ အာဏာစက်ကို လူတွေရဲ့လက်ထဲကို အပ်နှင်းပုံ။
1,265,181 views

တရားဥပဒေရဲ့ ဘီးတွေဟာ လည်ပတ်သင့်သလောက် အမြန် မလည်ပတ်တဲ့အခါ သင်ဘာလုပ်နိုင်လဲ။ ဒါမှမဟုတ် လုံးလုံးကို မလည်ပတ်ဘူးဆိုရင်ရော။ Vivek Maru ဟာ လူတွေနဲ့ ဥပဒေကြားက ဆက်စပ်မှုကို ပြောင်းလဲဖို့၊ ဥပဒေကို စိတ်ကူးစိတ်သန်းသက်သက် (သို့) ခြိမ်းခြောက်မှုကနေပြီး လူတိုင်း နားလည်နိုင်၊ အသုံးပြုနိုင်၊ ပုံဖော်နိုင်တဲ့ တစ်ခုခုအဖြစ် ပြောင်းလဲဖို့လုပ်ဆောင်နေပါတယ်။ ဥပဒေအကျိုးဆောင်တွေကိုချည်း အားကိုးနေမယ့်အစား Maru ကနေပြီး သူတို့ကိုယ်ပိုင် လူမှုအဖွဲ့အစည်းတွေထဲမှာတာဝန်ထမ်းဆောင်နေကြပြီး ပြဿနာတွေကိုဖြေရှင်းဖို့ လူတွေကို အထောက်အကူရစေတဲ့ ရိုးရှင်းတဲ့ စကားရပ်တွေအဖြစ် ဥပဒေကို ပိုင်းခြာစိတ်ဖြာပေးသူ ရပ်ရွာမှာရှိတဲ့ အကူ (သို့) အလွတ် ဥပဒေအကျိုးဆောင်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုကို စတင်ခဲ့ပါတယ်။ ဥပဒေကို အသုံးချခြင်းရဲ့ ဒီဆန်းသစ်တဲ့ နည်းလမ်းဟာ လူမှုရေးအရ ဖယ်ကြဉ်တာခံရတဲ့ လူတွေရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုရာမှာ ဘယ်လို အကူညီပေးနေပုံကို ပိုမိုလေ့လာလိုက်ပါဦး။ "အနည်းငယ်မျှသော ဥပဒေပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ပေးခြင်းဟာ အများကြီး တာသွားနိုင်ပါတယ်"လို့ Maru က ဆိုထားပါတယ်။

Rébecca Kleinberger: ကျွန်ုပ်တို့ ကိုယ့်အသံကို မကြိုက်ကြတာ ဘာ​ကြောင့်လဲ

TEDxBeaconStreet

Rébecca Kleinberger: ကျွန်ုပ်တို့ ကိုယ့်အသံကို မကြိုက်ကြတာ ဘာ​ကြောင့်လဲ
3,169,320 views

ကိုယ့်အသံဟာ ကိုယ့်ကို အခြားသူတွေ သိမြင်ကြပုံနဲ့ ခွဲခြား မရနိုင်တဲ့ အရာမှန်ပေမဲ့၊ ကိုယ်ရဲ့ အသံဆိုင်ရာ ကျွန်ုပ်တို့ရဲ့ ထင်မြင်ကြပုံထဲမယ် မသိရသေးတာ မရှင်းလင်းတာတွေ အများကြီး ရှိနေပါတယ်။ Rébecca Kleinberger က ကျွန်ုပ်တို့က ကိုယ့်အသံကို အသုံးချကြပုံနဲ့ နားလည်ကြပုံကို လေ့လာ စူးစမ်းနေသူပါ။ ကျွန်ုပ်တို့ဟာ အသံသွင်းထားတဲ့ ကိုယ့်အသံကို ဘာဖြစ်လို့ မကြိုက်ကြတာလဲ ဆိုတာကို သူက ရှင်းပြထားပြီး ကိုယ်ရဲ့ ထွက်သံ၊ ဝင်သံနဲ့ အတွင်းသံတွေ အကြားက ခြားနားချက်တွေကို ခွဲခြားဖေါ်ပြထားရုံသာမက ကိုယ်က မသိပါလျက်နဲ့ ထူးဆန်းစွာ ဆက်သွယ် စကားပြောဆိုနိုင်ပုံကို ဖွင့်ထုတ် ပြသထားပါတယ်။

Miho Janvier: နေရောင်ခြည် မုန်တိုင်းကို လိုက်သူတစ်ဦးထံမှ သင်ခန်းစာများ။

TEDGlobal 2017

Miho Janvier: နေရောင်ခြည် မုန်တိုင်းကို လိုက်သူတစ်ဦးထံမှ သင်ခန်းစာများ။
1,175,884 views

အာကာသ ရူပဗေဒပညာရှင် Miho Janvier ဟာ နေရောင်ခြည် မုန်တိုင်းတွေကို လေ့လာပါတယ်၊ နေကနေ လွတ်ထွက်ပြီး ကမ္ဘာမြေပေါ်က သက်ရှိတွေကို နှောင့်ယှက်နိုင်တဲ့ ဒြပ်မှုန်များရဲ့ တိမ်တိုက်ကြီးတွေပါ၊ (၎င်းတို့ဟာ အံ့ဖွယ်ကောင်းတဲ့ ရောင်စဉ်တန်းတွေကိုလည်း ထုတ်လုပ်ပေးနေပါသေးတယ်ဆိုပေမဲ့ပေါ့)။ အပူချိန် ကယ်ဗင် ၁၀ သန်းလောက်အထိကို လောင်ကျွမ်းနေတဲ့ နေပေါ်မှာရှိတဲ့ လေထုလွှာကို ဘယ်လို သင်လေ့လာလဲ။ သချာနဲ့လား။ TED ဝိုင်းတော်သားကနေပြီး နေက ကမ္ဘာမြေပေါ်က ကျွန်ုပ်တို့ကို ဘယ်ပုံ သက်ရောက်စေတယ်ဆိုတာကို ပိုမိုနားလည်အောင် ကြိုးစားနေတဲ့ သူမရဲ့ လုပ်ရပ်ကို မျှဝေခိုက်မှာ ပါဝင်လိုက်ပါ။

Luvvie Ajayi: သက်တောင့်သက်သာမဖြစ်မှုကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ယူပါ။

TEDWomen 2017

Luvvie Ajayi: သက်တောင့်သက်သာမဖြစ်မှုကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ယူပါ။
4,834,905 views

Luvvie Ajayi ဟာ ပွင့်ပွင့်လင်းလင်းပြောရမှာ (သို့) လူစုတစ်စုထဲမှာ အများနဲ့ ဆန့်ကျင်ပြောရမှာ မကြောက်ပါဘူး၊ သင်တို့လည်း မကြောက်သင့်ဘူးလေ။ "သင်တိတ်ဆိတ်မှုက ဘယ်သူ့ကိုမှ အကျိုးမပြုဘူး" စာရေးဆရာမ၊ လှုပ်ရှားပြောင်းလဲရေးဝါဒီနဲ့ ကျွမ်းကျင်တဲ့ ပြဿနာရှာတတ်သူလို့ မိမိကိုယ်ကို ကြေညာထုတ်ဖော်တဲ့သူက ဆိုပါတယ်။ ဒီထက်မြက်ပြီး စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဟောပြောချက်ထဲမှာ Ajayi ကနေပြီး သင်ဟာ ဖွင့်ဟပြောဆိုဖို့ (သို့) နှုတ်ဆိတ်ဖို့ အစွန်းမှာ ယိုင်တိယိုင်တိုင်ဖြစ်နေတယ်ဆိုရင် မိမိကိုယ်ကိုမေးဖို့ မေးခွန်းသုံးခုကို မျှဝေထားပါတယ်၊ ပြီးတော့ ကျွန်ုပ်တို့အားလုံးကို သက်တောင့်သက်သာမဖြစ်မှုကို နည်းနည်းလေးပိုပြီး သက်တောင့်သက်သာစွာ နေကြဖို့ အားပေးထားပါတယ်။

Mariano Sigman and Dan Ariely: အစုအဖွဲ့တွေအနေနဲ့ ဆုံးဖြတ်ချက်ကောင်းတွေရအောင် ဘယ်လို လုပ်နိုင်သလဲ။

TED Studio

Mariano Sigman and Dan Ariely: အစုအဖွဲ့တွေအနေနဲ့ ဆုံးဖြတ်ချက်ကောင်းတွေရအောင် ဘယ်လို လုပ်နိုင်သလဲ။
1,507,168 views

အားလုံးသိပြီး  ဖြစ်ကြတဲ့အတိုင်း  အစုအဝေးနဲ့ ဆုံးဖြတ်ကြတဲ့အခါ အမြဲတမ်း မမှန်နိုင်ပါဘူး။ တစ်ခါတစ်လေ မှားတောင် မှားနိုင်ပါသေးတယ်။ အုပ်စုလိုက် ဆုံးဖြတ်ချက် ကောင်းကောင်းရနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ Mariano Sigman နဲ့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဘက် Dan Arielyတို့ဟာ ဆုံးဖြတ်ချက်တွေပြုလုပ်နိုင်ထို့ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ဘယ်လိုဆက်သွယ်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ ကမ္ဘာအနှံ့ စမ်းသပ်မှုလေးတွေ ပြုလုပ်လျှက် ရှိပါတယ်။ အခုဒီမှာဖေါ်ပြထားတဲ့ အချက်အလက်တွေ ပြည့်နေတဲ့ ပျော်စရာကောင်းတဲ့ ရှင်းလင်းပြောဆိုချက်ထဲမှာ သူတွေ့ရှိထားတဲ့ စိတ်ဝင်စားဖွယ် ရလဒ်တွေနဲ့ ကျွန်မတို့ရဲ့ နိုင်ငံရေး စနစ်တွေအပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ ပြောပြသွားခဲ့ပါတယ်။ Sigman က တချိန်မှာ လူတွေဟာ ပိုပြီးတူညီတဲ့ ဦးတည်ချက်ရှိလာတဲ့အခါ အုပ်စုတွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖို့ ဘယ်လို ဆက်သွယ်ညှိနှိုင်းကြတယ် ဆိုတာပိုနားလည်နိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီ ကို တည်ဆောက်နိုင်ဖို့ နည်းလမ်းအသစ်တွေကို မြင်နိုင်လာပါလိမ့်မယ်လို့ ဆိုထားပါတယ်။

Dan Gartenberg: အိပ်မောကျခြင်းမှ ဦးနှောက်အတွက်ရရှိလာသောအကျိုးကျေးဇူးများနှင့် ၎င်းမှ အကျိုးများများရအောင်လုပ်နည်း။

TED Residency

Dan Gartenberg: အိပ်မောကျခြင်းမှ ဦးနှောက်အတွက်ရရှိလာသောအကျိုးကျေးဇူးများနှင့် ၎င်းမှ အကျိုးများများရအောင်လုပ်နည်း။
3,783,689 views

နှစ်ချိုက်သော အိပ်စက်ခြင်းနဲ့တူတာ မရှိပါ။ ဒီကနေ အကျိုးကျေးဇူးများများရအောင် နည်းပညာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်ဆိုရင်ရော။ Dan Gartenberg ဟာ အိပ်မောကျခြင်းကို လှုံ့ဆော်ပေးတဲ့ နည်းပညာကို လုပ်ဆောင်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ မှတ်ဉာဏ်တွေကို စုစည်းပေးပြီး ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ဖွဲ့စည်းဖို့ ကူညီပေးနိုင်လောက်တဲ့ (အခြားအခြားသော အံ့ဖွယ်အရာတွေကြားက) အားအင်ပြည်လည်ပြည့်ဖြိုးစေမှုအဖြစ်ဆုံး အဆင့်ပါ။ ပိုပြီးအိပ်မောကျတာဖြစ်စေတဲ့ ဒီအဆင့်အတွင်းမှာ ဦးနှောက်လှိုင်းတွေကို ထင်ဟပ်တဲ့ အသံများကို ဖွင့်ခြင်းအကြောင်းနဲ့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေး၊ မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းအပေါ် ၎င်းရဲ့ အလားအလာရှိတဲ့ အကျိုးကျေးဇူးများကို ပိုမို ရှာဖွေလိုက်ပါဦး။

Matilda Ho: တရုတ်ပြည်က အစားအစာကောင်းရဲ့ အနာဂတ်။

TED2017

Matilda Ho: တရုတ်ပြည်က အစားအစာကောင်းရဲ့ အနာဂတ်။
1,440,344 views

တရုတ်ပြည်မှာ ဓာတုဗေဒနဲ့ ပိုးသတ်ဆေးကင်းတဲ့ လတ်ဆတ်တဲ့ အစားအစာတွေဖို့က ခက်ခဲပါတယ်။ ၂၀၁၆ တွင် တရုတ်အစိုးရက ကိုးလအတွင်းမှာ သန်းဝက်ရှိတဲ့ အစားအစာ ဘေးကင်းရေး ချိုးဖောက်မှုတွေကို ဖွင့်ချခဲ့ပါတယ်။ ဘေးကင်းပြီး ရေရှည်ခံတဲ့ အစားအစာ ရင်းမြစ်တွေ ကင်းမဲ့မှုမှာ TED ဝိုင်းတော်သား Matilda Ho ကနေ အစာထဲမှာပါတဲ့ ပိုးသတ်ဆေး၊ ဓာတုဆေး၊ ပဋိဇီဝဆေးနဲ့ ဟိုမုန်းတွေနဲ့ပတ်သက်ပြီး လုံးဝ သည်းခံမှုမရှိတဲ့ စမ်းသပ်မှုကို ပြဌာန်းရင်း တရုတ်ပြည်ရဲ့ ပထမဦးဆုံး အွန်လိုင်း လယ်သမား စျေးကွက်ကို အစပျိုးခဲ့ပါတယ်။ သူမကနေပြီး သူမရဲ့ တိုးပွားကာလာနေတဲ့ လမ်းစဉ် ဘယ်လို စတင်လာပုံနဲ့ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အစားအစာကို ဒါကို လိုအပ်တဲ့ မိသားစုတွေဆီ ဆောင်ကြဉ်းပေးခြင်းကို မျှဝေထားပါတယ်။

Niti Bhan: တရားဝင်မဟုတ်တဲ့ စီးပွားရေးရဲ့ ပုန်းကွယ်နေသော အခွင့်အလမ်းများ။

TEDGlobal 2017

Niti Bhan: တရားဝင်မဟုတ်တဲ့ စီးပွားရေးရဲ့ ပုန်းကွယ်နေသော အခွင့်အလမ်းများ။
1,222,576 views

Niti Bhan ဟာ အာဖရိကရဲ့ တရားဝင်မဟုတ်တဲ့ စျေးတွေအတွက် စီးပွားရေး နည်းဗျူဟာကို လေ့လာပါတယ်၊ စျေးဆိုင်ငယ်လေးတွေ၊ ဆိုင်ခန်းတွေ၊ တိုက်ကြီးရဲ့ စီးပွားရေးကို ဆက်လက် လည်ပတ်စေတဲ့ မမြင်နိုင်တဲ့ အင်ဂျင်တွေဖြစ်တဲ့ ကျွမ်းကျင်တဲ့ လက်မှုပညာသည်တွေနဲ့ အလုပ်ကြမ်းသမားတွေပါ။ ဒီအလုပ်သမားတွေကို အခွန်ရှောင်သူတွေ၊ ရာဇဝတ်သာတွေလို့တောင် တွေးမိချင်စိတ်ပေါက်ပေမဲ့ စီးပွားရေးရဲ့ တိုးပွားနေတဲ့ အစိတ်အပိုင်းဟာ တရားဝင်ဖြစ်ပြီး ရင်နှီးမြုပ်နှံထိုက်တယ်ဆိုတာကို သူမက တင်ပြထားပါတယ်။ ဒါကိုသာလုပ်ရင် ထောင်ချီတဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးနိုင်လောက်တယ်လို့ သူမကဆိုပါတယ်။ Bhan ပြောတာက "ဒီကျွမ်းကျင်မှုတွေနဲ့ အလုပ်အကိုင်တွေကို အသိအမှတ်ပြုခြင်းနဲ့ စတင်နိုင်မလား"တဲ့။

Kayla Briët: အနုပညာကို ဘာကြောင့် ဖန်တီးတာလဲ။ ကျွန်မရဲ့ အမွေအနှစ်အတွက် အနာဂတ်မှာ ဖော်ကြည့်ဖို့ အချိန် ကြုတ်တွေ တည်ဆောက်ဖို့ပါ။

TED2017

Kayla Briët: အနုပညာကို ဘာကြောင့် ဖန်တီးတာလဲ။ ကျွန်မရဲ့ အမွေအနှစ်အတွက် အနာဂတ်မှာ ဖော်ကြည့်ဖို့ အချိန် ကြုတ်တွေ တည်ဆောက်ဖို့ပါ။
975,898 views

Kayla Briët ဟာ ကိုယ်ပိုင်လက္ခဏာနဲ့ မိမိကိုယ်ကို ရှာဖွေမှုကို စူးစမ်းတဲ့ အနုပညာကို ဖန်တီးတာ ဖြစ်သလို...သူမရဲ့ယဉ်ကျေးမှုဟာ တစ်နေ့နေ့မှာ မေ့လျော့ခံဖြစ်သွားနိုင်တယ်ဆိုတဲ့ ကြောက်စိတ်ကြောင့်လည်း ပါပါတယ်။ သူမကနေပြီး သူမရဲ့ ဖန်တီးတတ်တဲ့ သဘောထားကို ရှာတွေ့ပုံကို မျှဝေထားပြီး သူမရဲ့ ဒတ်ချ်‘အင်ဒိုနီးရှန်း၊ တရုတ်နဲ့ ဌာနေရင်း အမေရိကန် အမွေအနှစ်ကို ရုပ်ရှင်နဲ့ ဂီတ အချိန်ကြုတ်တွေထဲမှာ သွတ်သွင်းရင်း ဆယ်တင်ခဲ့ပါတယ်။

Beth Malone: အဖေ့ရဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုရောဂါက ကျွန်မရဲ့ မရဏ (နှင့်ဘဝ)​ အတွေးအခေါ်ကို ပြောင်းလဲပေးခဲ့ပုံ။

TED Residency

Beth Malone: အဖေ့ရဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုရောဂါက ကျွန်မရဲ့ မရဏ (နှင့်ဘဝ)​ အတွေးအခေါ်ကို ပြောင်းလဲပေးခဲ့ပုံ။
1,258,144 views

နွေးထွေးမှု၊ ကျက်သရှိမှုနဲ့အတူ Beth Malone ကနေပြီး သူမအဖေရဲ့ နားထင်ရှေ့ဖက်ပိုင်း ဦးနှောက်ထိခိုက် ဒဏ်ရာနဲ့ ရုန်းကန်ရမှု ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းနဲ့ မရဏ (နဲ့ဘဝ) အကြောင်း သူမတွေးထင်ပုံကို ဘယ်လို ပြောင်းလဲခဲ့ပုံကို လေးနက်စွာ ပြောပြထားပါတယ်။ သမီးတစ်ဦးရဲ့ ချစ်မေတ္တာနဲ့ စိတ်ကို လွှတ်ပေးလိုက်ပြီး ငြိမ်းချမ်းမှုကို ရှာဖွေခြင်းအကြောင်း စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဟောပြောချက်တစ်ခုပါ။

Jon Bowers: ကျရှုံးမှာကို မကြောက်ဘဲ ပြီးပြည့်စုံမှုကို ရည်မှန်းချက်ထား လုပ်ဆောင်သင့်ပါတယ်

TED@UPS

Jon Bowers: ကျရှုံးမှာကို မကြောက်ဘဲ ပြီးပြည့်စုံမှုကို ရည်မှန်းချက်ထား လုပ်ဆောင်သင့်ပါတယ်
1,730,649 views

တစ်ခါတစ်လေမှာ အကောင်းဆုံးကြိုးစားတာဟာ မလုံလောက်ပါဘူး။ အခြေအနေက တောင်းဆိုလာတဲ့အခါ ပြီးပြည့်စုံအောင် လုပ်ရတော့မှာပါ။ ကျွမ်းကျင်အဆင့် ပစ္စည်းပို့ယာဉ်မောင်းသူတွေအတွက် သင်တန်းဖွင့်ထားတဲ့ ဂျွန်ဘိုဝါစ်အတွက်ကတော့ ပေးဆပ်ရမယ့်အရာက ကြီးမားလွန်းပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီး အမေရိကန်နိုင်ငံမှာ တစ်နေ့ကို လူအယောက် ၁၀၀ သေဆုံးကြရပါတယ်။ သူရရှိဖို့ မျှော်လင့်ထားတာက ပြီးပြည့်စုံမှုပဲ ဖြစ်ပါတယ် ဒါမှမဟုတ် "မှန်ကန်တဲ့ အရာကို ရရှိဖို့ ခက်ခဲတဲ့အရာကို လုပ်ဆောင်လိုစိတ်" ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ လုပ်ဆောင်တဲ့အရာတိုင်းမှာ ပြီးပြည့်စုံလာစေဖို့ ကျရှုံးမှုပင်ဖြစ်စေ တူညီတဲ့ လုံ့လဝီရိယာ ထားရှိသင့်ကြောင်းကို သူက ရှင်းလင်းပြောပြထားပါတယ်။

Lauren Sallan: ဆင့်ကဲ့ဖြစ်စဉ်ကို အောင်နိုင်ပြီး အစုလိုက် မျိုးသုဉ်းမှုမှာ ရှင်ကျန်နည်း။

TED2017

Lauren Sallan: ဆင့်ကဲ့ဖြစ်စဉ်ကို အောင်နိုင်ပြီး အစုလိုက် မျိုးသုဉ်းမှုမှာ ရှင်ကျန်နည်း။
1,193,525 views

ဆင့်ကဲ့ဖြစ်စဉ်ကို အောင်နိုင်ပြီး အစုလိုက် မျိုးသုဉ်းမှုမှာ ရှင်ကျန်နည်း။ Lauren Sallan ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ ဒီနေရာမှာ အသက်ရှင်လျက်ရှိနေခြင်းအားဖြင့် သင်တို့ဟာ သမိုင်းရဲ့ အောင်နိုင်သူတွေထဲက တစ်ယောက်ပါ၊ နှစ်ပေါင်း ဘီလံယံ လေးသန်း ဖန်တီးနေတဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အထွတ်အထိပ်တစ်ခုပါ။ နေထိုင်ခဲ့ပြီး အခြားသော မျိုးစိတ် ၉၉ ရာခိုင်နှုန်းဟာ သေသွားပါတယ်.... မီး၊ ရေကြီးတာ ဂြိုဟ်သိမ်ဂြိုဟ်မွားတွေ၊ ရေခဲ၊ သဘာဝ ရွေးချယ်မှုရဲ့ အပူနဲ့ အအေး သင်္ချာကြောင့်ပါ။ ဘယ်လိုဖြစ်ပြီး ကျွန်ုပ်တို့ ဒီလောက် ကံကောင်းခဲ့တာလဲ၊ ကျွန်ုပ်တို့ ဆက်ပြီး နိုင်ဦးမှာလား။ ဒီတိုတောင်းပြီး ရယ်စရာကောင်းတဲ့ ဟောပြောချက်ထဲမှာ ကျောက်ခေတ်ဦးဇီဝဗေဒ ပညာရှင် နဲ့ TED ဝိုင်းတော်သား Lauren Sallan ကနေပြီး ယနေ့ခေတ် သင်တို့ကို ဖန်တီးပေးခဲ့တဲ့ အစုလိုက် မျိုးသုဉ်းမှုကနေ သင်တို့ရဲ့ ဘိုးဘေးတွေရဲ့ ဆက်လက်ရှင်ကျန်ပုံအကြောင်း ထိုးထွင်းအမြင်တွေကို မျှဝေထားပါတယ်။

Giulia Enders: ကျွန်ုပ်တို့ရဲ့ အူမဆိုင်ရာ အံ့အားသင့်ဖွယ်ရာ  သိကောင်းစရာများ

TEDxDanubia

Giulia Enders: ကျွန်ုပ်တို့ရဲ့ အူမဆိုင်ရာ အံ့အားသင့်ဖွယ်ရာ သိကောင်းစရာများ
4,411,130 views

ကျွန်ုပ်တို့ အီးပါးတဲ့ အကြောင်းကို စဉ်းစားခဲ့ဘူးပါသလား။ အူမအကြောင်းကို လေ့လာကြည့်ပါ။ ဆရာဝန်ဖြစ်ပြီး စာရေးဆရာပါ ဖြစ်တဲ့ Giulia Enders ဟာ ကျွန်ုပ်တို့ အားလုံးအား အစာခြေမှု စနစ်ကို၊ ရှုပ်ထွေးလှတဲ့ အဲဒီစနစ်ကြီးထဲကို ခေါ်ဆောင်သွားလျက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ဆက်နွှယ်မှု အပါအဝင်၊ နောက်ခံ အကြောင်းအရာတွေကို ရှင်းလင်း တင်ပြထားပါတာယ်။ ကျွန်ုပ်တို့က ရှက်ရွံ့ကြတဲ့ အရာတချို့ကို နီးပ်ကစွာ လေ့လာမှုက ကျွန်ုပ်တို့အား ကြောက်စိတ်တွေ ကင်းမဲ့လာစေပြီး ကိုယ့်ကိုကိုယ် ပိုပြီးတန်ဖိုးထား တတ်ကြရန် လှုံ့ဆော်ပေးနိုင်ကြောင်း ဟောပြောချက်ပါ။

Cynthia Erivo: "သဘာဝ မိန်းမသား" နှင့် "Johnny and Donna"

TED2017

Cynthia Erivo: "သဘာဝ မိန်းမသား" နှင့် "Johnny and Donna"
170,354 views
No Video

"ကျွန်မ သီချင်းဆိုရတာ နှစ်သက်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒါဟာ နှလုံးသားဆီသွာတဲ့ အမြန်လမ်းကြောင်းဖြစ်လို့ပါ" လို့ Cynthia Erivo ကဆိုပါတယ်။ Mali Music ရဲ့ "Johnny & Donna" Aretha Franklin ရဲ့ "Natural Woman," ကို Jason Webb ကနေ စန္ဒရား နောက်ခံ တီးခတ်ပေးထားတဲ့ ခမ်းနားထည်ဝါပြီး ခံစားချက်ပြင်းလှတဲ့ ဖျော်ဖြေတင်ဆက်မှုအကြားက ကျွန်ုပ်တို့ အချင်းချင်းကို ဆက်သွယ်ပေးတဲ့ ဂီတရဲ မဟာစွမ်းအားကို Erivo ကနေပြီး အလေးအနက်ဆင်ခြင်နေခိုက်မှာ နားဆင်လိုက်ပါဦး။

Chris Sheldrick: ကမ္ဘာမြေပေါ်က နေရာတိုင်းအတွက် စကားလုံး သုံးလုံးပါတဲ့  တိကျတဲ့ လိပ်စာတစ်ခု။

TEDGlobal 2017

Chris Sheldrick: ကမ္ဘာမြေပေါ်က နေရာတိုင်းအတွက် စကားလုံး သုံးလုံးပါတဲ့ တိကျတဲ့ လိပ်စာတစ်ခု။
1,503,691 views

what3words နဲ့အတူ Chris Sheldrick နဲ့ သူ့အဖွဲ့ဟာ ဂြိုဟ်တစ်ခုလုံးကို သုံးမီတာ စတုရန်းတွေအဖြစ် ပိုင်းခြားထားလိုက်ပြီး တစ်ခုစီကို စကားလုံး သုံးလုံးပါတဲ့ မတူထူးခြားတဲ့ သက်သေခံ အမှတ်တွေ အဖြစ် သတ်မှတ်ပေးထားပါတယ်။ ဥပမာ famous.splice.writers သို့မဟုတ် blocks.evenly.breed ဆိုပြီး ဘီလီယံချီတဲ့ ကမ္ဘာတစ်ဝှမ်းက လိပ်စာ မရှိသူတွေကို တိကျတဲ့ လိပ်စာတစ်ခု ပေးခြင်းပါ။ ကြီးမားတဲ့ စိတ်ကူးတစ်ခုအကြောင်း ဒီတိုတောင်းတဲ့ ဟောပြောချက်ထဲမှာ Sheldrick ကနေပြီး လူတိုင်းကို တိကျတဲ့ လိပ်စာတစ်ခုပေးခြင်းရဲ့ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေကို ရှင်းလင်းပြထားပါတယ်။ ဆောက်လုပ်ခြင်း အခြေခံအဆောက်အအုံကနေ ဘေးအန္တရာယ်သင့်နေတဲ့နေရာတွေ၊ ပီဇာ ပူပူလေးပို့ပေးခြင်းအထိပါ။ :

Uldus Bakhtiozina: လူအများကို သူတို့ဖြစ်ချင်ရာကို ပြောင်းလဲပေးသော ပုံတူများ။

TED2017

Uldus Bakhtiozina: လူအများကို သူတို့ဖြစ်ချင်ရာကို ပြောင်းလဲပေးသော ပုံတူများ။
981,741 views

ခမ်းနားတဲ့ တသသစွဲလမ်းစေတဲ့ ဓာတ်ပုံများနှင့်အတူ အနုပညာရှင် Uldus Bakhtiozina ဟာ အိပ်မက်များ၊ သူမစိတ်ကူးလို့ရနိုင်တဲ့ နေ့စဉ်ဘဝနဲ့ လုပ်ကိုင်ရင်း မှတ်တမ်းပြုထားပါတယ်။ သူမရဲ့ လက်ရာထဲမှာ ပါသမျှကို အခမ်းအနားဝတ်စုံတွေကနေ စင်မြင့်တွေအထိ ဒစ်ဂျစ်တယ်ဆိုင်ရာ ခြယ်လှယ်မှု၊ တင်ပြမှုမပါပဲ လက်နဲ့ ဖန်တီးပါတယ်၊

Paul Tasner: အသက် ၆၆ နှစ်မှာ စီးပွားရေးစွမ်းဆောင်ရှင် ဖြစ်လာခဲ့ပုံ။

TED Residency

Paul Tasner: အသက် ၆၆ နှစ်မှာ စီးပွားရေးစွမ်းဆောင်ရှင် ဖြစ်လာခဲ့ပုံ။
2,185,984 views

မိမိကိုယ်ကို ဆန်းသစ်တီထွင်ဖို့ နောက်ကျတယ်ရယ်လို့ မရှိနိုင်ပါ။ Paul Tasner မှ ယူထားခြင်းဖြစ်ပါတယ်။ အခြားလူများအတွက် နှစ်ပေါင်း ၄၀ ကြာ မရပ်မနား အလုပ်လုပ်ပြီးနောက် သူ့ရဲ့ စိတ်ကူးကို သူ့အတွေ့အကြုံ၊ သူ့စိတ်ထက်သန်မှုပါတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအတွက် တွဲဖက်ရင်း သူ့အသက် ၆၆ နှစ်မှာ သူ့ကိုယ်ပိုင် ကနဦး စီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ အဲဒါ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ သူ့ရဲ့ တိုတောင်းပြီး ရယ်စရာကောင်းကာ စေ့ဆော်မှုပေးတဲ့ ဟောပြောချက်ကို မျှဝေခိုက်မှာ သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့ စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာ ဗီဇတွေကို တိုးကာတိုးကာ အရသာတွေ့လာနေကြပြီး ကြီးမားတဲ့ အောင်မြင်မှုကို မြင်တွေ့နေကြပါတယ်။

Greg Gage: ရေတွက်တတ်ပြီး ဆက်သွယ်နိုင်ကြတဲ့ အပင်များနဲ့  လျှပ်စစ် စမ်းသပ်မှုများ

TED2017

Greg Gage: ရေတွက်တတ်ပြီး ဆက်သွယ်နိုင်ကြတဲ့ အပင်များနဲ့ လျှပ်စစ် စမ်းသပ်မှုများ
3,342,326 views

အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Greg Gage ဟာ နူးညံ့တဲ့ ကိရိယာတွေကို အသုံးပြုပြီး ဘွဲ့ယူ ကျောင်းသားများနဲ့ ဦးနှောက်ကို လေ့လာရန်နဲ့ အဲဒါတွေကို အလယ်တန်းနဲ့ အထက်တန်း ကျောင်းများမှာ (တစ်ခါတလေကျတော့ အခုလို TED စင်ြမင့်မှာ) ပြသတတ်ပါတယ်။ သူဟာ ထိလိုက်တာနဲ့ အရွက်တွေကို ခေါက်သိမ်းတတ်တဲ့ ထိကရုံပင်၊ ပြီးတော့ Venus ယင်ထောင်ချောက် အပင်တွေကို EKG စက်နဲ့ ချိတ်ဆက်လျက် အဲဒီအပင်တွေက လျှပ်စစ် အချက်ြပမှုကို သုံးကြပုံနဲ့ ရေတွက်နိုင်ကြပုံကို အံ့အားသင့်ဖွယ် ပြသပေးမှာကို မြင်တွေ့ကြရမှာပါ။

Eric Dyer: မေ့သွားကြပြီဖြစ်တဲ့ ရုပ်စုံဘူး (zoetrope) ရဲ့  အနုပညာ။

TEDxCharlottesville

Eric Dyer: မေ့သွားကြပြီဖြစ်တဲ့ ရုပ်စုံဘူး (zoetrope) ရဲ့ အနုပညာ။
1,087,963 views

အနုပညာရှင် Eric Dyer ဟာ စခရင်အတွက် ရုပ်ပုံတွေဖန်တီးဖို့ ကွန်ပြူတာတစ်လုံးမှာ နှစ်ချီ ကုန်ဆုံးခဲ့ပါတယ်။ သူ့ရဲ့လက်တွေကို သူ့အလုပ်ပေါ်မှာ ပြန်ရောက်ဖို့ တောင့်တရင်း ရုပ်စုံ ဘူး (zoetrope) ကို စတင်စူးစမ်းမိပါတယ်။ ရုပ်ရှင်ခေတ်မတိုင်မီ အချိန်များစွာက လှုပ်ရှားမှု အရိပ်အယောင်ဖန်တီးဖို့ အသုံးပြုခဲ့တဲ့ ၁၉ ရာစုက က လူကြိုက်များခဲ့တဲ့ ကိရိယာတစ်ခုပါ။ ဒီမြူးကြွတဲ့ ဟောပြောချက်ထဲမှာ စမ်းသပ်တွေ့ရှိထားတဲ့ အနုပညာ တီထွင်မှုတွေကို တင်ပြထားပါတယ်။ ချာချာလည်နေတဲ့ ရုပ်ထုတွေနဲ့ ဒါက လှပပြီး အိပ်မက်ဆန်သော ရှုခင်းတွေကို ဖြစ်ပေါ်စေတာတွေပါ။ (သတိပေးချက်။ ဒီဟောပြောချက်မှာ လျှပ်ပြက်လင်းလက်တဲ့ ရုပ်ပုံတွေနဲ့ အလင်းတွေပါဝင်ပါတယ်။ ဓာတ်ပုံနဲ့ ဓာတ်မတည့်သူတွေ (သို့မဟုတ်) တဖျတ်ဖျတ်အလင်းတွေကြောင့် လေသင်တုန်းဖြတ်တတ်သူတွေကို ရှောင်ကြဖို့ အကြံပြုပါတယ်။)

David Lee: အနာဂတ်မှာရှိမယ့် အလုပ်တွေဟာ ဘာလို့ အလုပ်နဲ့မတူဘဲ ဖြစ်နေမှာလဲ။

TED@UPS

David Lee: အနာဂတ်မှာရှိမယ့် အလုပ်တွေဟာ ဘာလို့ အလုပ်နဲ့မတူဘဲ ဖြစ်နေမှာလဲ။
1,916,479 views

ကျွန်တော်တို့အားလုံးကြားဖူးကြတဲ့အတိုင်း စက်ရုပ်တွေဟာ ကျွန်တော်တို့ အလုပ်တွေကို ယူသွားကြတော့မယ်။ အဲဒီအတွက် ဘာလုပ်ကြမလဲ။ဆန်းသစ်တီထွင်တဲ့ ပညာရှင် David Lee ပြောတာက ကိုယ့်ဆီမှာ ရှိနေတဲ့ မွေးရာပါ အရည်အချင်းတွေ ပြင်းပြင်းပြပြစိတ်ဝင်စားမှုတွေ (ရုံးပိတ်ရက်တွေမှာ ကိုယ် လုပ်တတ်တာမျိုးတွေ) ကို ဖော်ထုတ်သုံးစွဲကြရမယ်။ အဲဒါမှ စက်ရုပ်ခေတ်မှာ လိုက်လျောညီထွေရှိနိုင်မယ်။ Leeပြောတာက လူတွေကို "သူတို့ဘယ်လိုမျိုးကိစ္စတွေဖြေရှင်းဖို့ စိတ်ဝင်စားသလဲဆိုတာ၊ သူတို့ရဲ့ ဘယ်လိုကိုယ်ပိုင်အရည်အသွေးတွေကို လုပ်ငန်းခွင်ထဲ ယူလာချင်သလဲဆိုတာ စမေးကြရမယ်။" "လူတွေကို ပိုပြီးပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့အခါ သူတို့ ဘယ်အထိ လုပ်နိုင်တယ် ဖြစ်နိုင်တယ်ဆိုတာ အံ့ဩဖွယ် တွေ့ရမှာပဲဖြစ်တယ်။"

Prumsodun Ok: ခမာ ဂန္ဓဝင်အကရဲ့ မှော်ဆန်မှု။

TED2017

Prumsodun Ok: ခမာ ဂန္ဓဝင်အကရဲ့ မှော်ဆန်မှု။
1,616,145 views

နှစ်ပေါင်း ၁၀၀၀ ကျော်တိုင်တိုင် ကမ္ဘောဒီးယား ကချေသည်တွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးအကြားက ပေါင်းကူး တံတားတွေအဖြစ် ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ ဒီကျက်သရေရှိလှတဲ့ အမျိုးမျိုးစပ်ဟပ်ထားတဲ့ အက‘ဟောပြောချက်ထဲမှာ ကမ္ဘောဒီးယားရဲ့ ပထမဆုံး ယောက်ျားချည်းနဲ့ လိင်တူဆက်ဆံသူလို့ သတ်မှတ်တဲ့ အက ကုမ္ပဏီရဲ့ တည်ထောင်သူ အနုပညာရှင် Prumsodun Ok ကနေပြီး ခမာ ဂန္ဓဝင်အကရဲ့ ကြွယ်ဝလှတဲ့ သမိုင်းနဲ့ ၎င်းရဲ့ လက်ရှိ ပြန်လည်ခေတ်စားလာမှုကို အနုပညာရှင်ရဲ့ ရှေးဟောင်း ထာဝရ ကဏ္ဍကို တမန်တစ်ဦးအဖြစ် သရုပ်ဆောင်ရင်း အနုစိတ်တင်ပြထားပါတယ်။

Nikki Webber Allen: သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။

TED Residency

Nikki Webber Allen: သင့်စိတ်ဓာတ်ကျခြင်းကို ကြိတ်ပြီး မခံစားပါနဲ့။
2,292,266 views

ခံစားမှုတွေရှိခြင်းဟာ အားနည်းမှုရဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါ၊ ၎င်းတို့ဟာ ကျွန်ုပ်တို့ လူသားတွေလို့ ဆိုလိုတာပါလို့ ထုတ်လုပ်သူနဲ့ လှုပ်ရှားရေးသမား Nikki Webber Allen ကဆိုပါတယ်။ စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု ရောဂါစစ်တမ်း တွေ့ရှိပြီးတာတောင်မှ Webber Allen ဟာ သူမနဲ့ရင်းနှီးတဲ့ အခြား သူတွေ ဟာလည်း ခံစားနေရပုံကို လှစ်ဟပြတဲ့ မိသားစု အဖြစ်ဆိုးတစ်ခုကို သိရတဲ့အထိတိုင် သူမရဲ့ အခြေအနေကို လျှို့ဝှက်ထားရင်း တစ်စုံတစ်ယောက်ကို ပြောပြဖို့ ရှက်တတ်လွန်းသူပါ။ စိတ်ကျန်းမာရေး အကြောင်း ဒီအရေးပါတဲ့ ဟောပြောချက်ထဲမှာ သူမဟာ သူမရဲ့ ရုန်းကန်မှုအကြောင်း ပွင့်လင်းစွာ ပြောပြထားပါတယ်။ ဘာကြောင့် အသားအရောင်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေဟာ စိတ်ဓာတ်ကျခြင်းကို အားနည်းချက်တစ်ခုအဖြစ် လှည့်စားပြီး ဝေဒနာခံစားနေရသူတွေကို အကူအညီရခြင်းကနေ တားဆီးနေတဲ့ အမည်းစက်ကို ပျက်ပြယ်အောင်လုပ်ရမယ်ဆိုတာပါ။

Christian Rodríguez: လက်တင်အမေရိကက ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု အသွင်အပြင်။

TEDGlobal 2017

Christian Rodríguez: လက်တင်အမေရိကက ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု အသွင်အပြင်။
1,222,731 views
No Video

Christian Rodríguez ဟာ ဓာတ်ပုံပညာရှင်နဲ့ ရုပ်ရှင်ရိုက်ကူးသူ တစ်ဦးဖြစ်ပြီး ဆယ်ကျော်သက် မိခင်တစ်ဦးရဲ့ သားတစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး အသက် ၁၂ နှစ်လောက်ထိကို ငယ်ရွယ်တဲ့ ကျွမ်းဝင်ပြီး ဂုဏ်သိက္ခာရှိတဲ့ မိခင်တွေရဲ့ ဓာတ်ပုံတွေကို ဖန်တီးရင်း လက်တင်အမေရိကမှာရှိတဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ ဒီစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စက္ခုအာရုံပိုင်း ဟောပြောချက်မှာ သူ့ရဲ့ လက်ရာကို မျှဝေထားပြီး ငယ်ရွယ်တဲ့ မိခင်ဘဝက မိန်းကလေးတွေကို ဆင်းရဲမှုနဲ့ ခေါင်းပုံဖြတ်မှု စက်ဝန်းထဲမှာ ဘယ်လို ရုန်းထွက်မရဖြစ်စေတာကို စူးစမ်းလေ့လာထားပါတယ်။

Levon Biss: အံ့ဖွယ်ကောင်းလှတဲ့ အင်းဆက်များရဲ့ ပုံကြီးချဲ့ထားတဲ့ ဓာတ်ပုံများ။

TED2017

Levon Biss: အံ့ဖွယ်ကောင်းလှတဲ့ အင်းဆက်များရဲ့ ပုံကြီးချဲ့ထားတဲ့ ဓာတ်ပုံများ။
1,226,599 views

ဓာတ်ပုံပညာရှင် Levon Biss ဟာ ထူးခြားတဲ ကြောင်းအရာသစ်တစ်ခုကို ရှာဖွေနေခိုက် နေ့လည်ခင်းတစ်ခုမှာ မှာ သူနဲ့ သူ့ရဲ့သားငယ်တို့ဟာ အံ့ဖွယ်ရာ အင်းဆက်တွေရဲ့ ကမ္ဘာကိုဖွင့်ပေးရင်း ပိုးတောင်မာ တစ်ကာင် အဏုကြည့်မှန်ပြောင်းအောက်မှာ ဖြုတ်ကနဲပေါ်လာတာတွေ့မိတယ်။ ငါး မီလီမီတာလောက်သာ ရှည်တဲ့ အရာဝတ္ထုတွေမှာ သူ့ရဲ့ ဓာတ်ပုံပညာ အသိသုတွေကို အသုံးပြုရင်း Biss ဟာ မယုံနိုင်လောက်အောက်ကို မှုန်မွှားလှတဲ့ အသေးစိတ်မှုမှာ အင်းဆက်တွေကို ရိုက်ဖို့အတွက် လုပ်ငန်းစဉ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ သူကနေပြီး အကျိုးဆက်ပေါ်ပေါက်လာတဲ့ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။ တစ်ခုချင်းစီဟာ ၈ ထောင်ကနေ အခုပေါင်း ၁၀၀၀၀ အထိ သီးခြားရိုက်ချက်တွေနဲ့ ဖွဲ့စည်းထားကာ ဖြစ်နိုင်ခြေမရှိနိုင်ဆုံး နေရာတွေကနေ စေ့ဆော်မှု လာနိုင်ပုံအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။

Duarte Geraldino: လူဝင်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ကျွန်တော်တို့ လွဲချော်နေတာတွေ။

TED Residency

Duarte Geraldino: လူဝင်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ကျွန်တော်တို့ လွဲချော်နေတာတွေ။
1,170,030 views

၂၀၀၈ မှ ၂၀၁၆ အကြားမှာ အမေရိကန်ပြည်ထောင်စုကနေပြီး လူသုံးသန်းကျော်ကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့လူတွေကျတော့ ဘာဖြစ်နေလဲ။ သတင်းစာဆရာ Duarte Geraldino ကနေပြီး နိုင်ငံမှနှင်ထုတ်ခြင်း အဖြစ်တွေကို အစိုးရက ရပ်တန့်ပစ်ခဲ့တဲ့ နေရာမှ အစကောက်ထားပါတယ်။ မိခင်တစ်ဦး (သို့) အရပ်ထဲက လုပ်ငန်းပိုင်ရှင်တစ်ဦး (သို့) အထက်တန်းကျောင်းသား ရုတ်တရက် မရှိခြင်းက အပြင်ဘက်ကို ဂယက်ရိုက်သွားပြီး ရပ်ရွာတွေကို အတူစုစည်းထားတဲ့ ဆက်ဆံရေးတွေ ဗြောင်းဆန်သွားအောင် ထိခိုက်ပျက်စီးသွားပုံကို Geraldino ကနေ ရှင်းပြတဲ့အခိုက်မှာ အတင်းအဓမ္မ ဖယ်ရှားမှုရဲ့ ကျယ်ပြန့်တဲ့ သက်ရောက်မှုအကြောင်းကို လေ့လာလိုက်ပါ။

Anindya Kundu: အတားဆီးများကို ကျော်လွှားဖို့ ကျောင်းသားများလိုအပ်သည် အားပေးမြှင့်တင်မှု။

TED Residency

Anindya Kundu: အတားဆီးများကို ကျော်လွှားဖို့ ကျောင်းသားများလိုအပ်သည် အားပေးမြှင့်တင်မှု။
1,902,460 views

ချို့ငဲ့သော ကျောင်းသားတွေ ကျောင်းမှာ ဘယ်လိုအောင်မြင်မှုရနိုင်လဲ။ လူမှုရေးပညာရှင် Anindya Kundu အတွက်ကတော့ မဆုတ်မနစ်၊ လုံ့လစိုက်တာက မလုံလောက်ပါဘူး။ ကျောင်းသားတွေဟာ အတားဆီးများကို ကျော်လွှားဖို့ သူတို့ရဲ့ လုပ်ဆောင်မှု (သို့) စွမ်းဆောင်မှုကိုလည်း ဖွံ့ဖြိုးစေရန်နဲ့ စနစ်ကို နိုင်နင်းဖို့လည်း လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ လူမှုရေးနဲ့ ပညာသင်ကြားရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ရင်ဆိုင်ကြရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနုနေရသူ ကျောင်းသားတွေရဲ့ မျှော်လင့်ဖွယ် ဇာတ်လမ်တွေကို သူက မျှဝေထားပါတယ်။

Mei Lin Neo: ဧရာမ ခုံးကောင်ကြီးများရဲ့ စိတ်ဝင်စားစရာ လျှို့ဝှက်ဘဝများ။

TED2017

Mei Lin Neo: ဧရာမ ခုံးကောင်ကြီးများရဲ့ စိတ်ဝင်စားစရာ လျှို့ဝှက်ဘဝများ။
1,252,129 views

နက်ရှိုင်းတဲ့ ပင်လယ်ပြာကို သင်တွေးမိတဲ့အခါ သင်ဟာ ချက်ချင်းပဲ ဝေလငါးတွေနဲ့ သန္တာကျောက်တန်းတွေကို တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးမားဆုံး အခွံမာရှိတဲ့ ရေသတ္တဝါတွေဖြစ်တဲ့ ဧရာမ ခုံးကောင်ကြီးတွေကိုပါ တွေးကြည့်ပါဦး၊ ဒီမယုံနိုင်စရာ ထူးခြားလှတဲ့ သတ္တဝါတွေဟာ အသက် ၁၀၀ အထိ ရှင်သန်နိုင်ပြီး လေးပေခွဲအထိ ရှည်နိုင်ကာ ဆင်ပေါက်ကလေး သုံးကောင်လောက်ကို အလေးချိန်ရှိနိုင်ပါတယ်။ ဒီစွဲမက်ဖွယ်ရာ ဟေပြောချက်ထဲမှာ အဏ္ဏဝါ ဇီဝဗေဒပညာရှင် Mei Lin Neo ကနေပြီး ဘာကြောင့် သူမဟာ ဒီအထင်ကရ ပင်လယ် သတ္တဝါတွေကို သမုဒ္ဒရာတွေရဲ့ ဇာတ်လိုက်ကျော်တွေအဖြစ် ပြောင်းဖို့ စွဲစွဲလမ်းလမ်း ကြိုးစားနေတာကို မျှဝေထားပါတယ်။

Armando Azua-Bustos: ကမ္ဘာဂြိုဟ်ပေါ်က အင်္ဂါဂြိုဟ်အဆန်ဆုံး နေရာ။

TED2017

Armando Azua-Bustos: ကမ္ဘာဂြိုဟ်ပေါ်က အင်္ဂါဂြိုဟ်အဆန်ဆုံး နေရာ။
1,192,605 views

အာကာသယာဉ်မပါပဲ အင်္ဂါဂြိုဟ်ကို ဘယ်လိုများ လေ့လာနိုင်ပါသလဲ။ ကမ္ဘာဂြိုဟ်ပေါ်က အင်္ဂါဂြိုဟ်အဆန်ဆုံး နေရာ ချီလီနိုင်ငံ က Atacama Desert ကို ဦးတည်လိုက်ပါ၊ နက္ခတ်ဇီဝဗေဒပညာရှင် Armando Azua-Bustos ဟာ ဒီကျယ်ပြောပြီး မိုးခေါင်ခြောက်သွေ့တဲ့ မြေပြင်မှာ ကြီးပြင်းခဲ့ပြီး အခု အဲဒီမှာ ရှင်ကျန်နေထိုင်ဖို့ ကျင့်သားရပြီဖြစ်တဲ့ သက်ရှိပုံစံတွေကို လေ့လာနေပါတယ်။ တစ်ချို့နေရာတွေဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လုံးလုံး မိုးရွာတာ မကြားမိပါဘူး။ ဒီသွက်လက်ပြီး ရယ်မောစရာ ဟောပြောချက်နဲ့အတူ ကမ္ဘာဂြိုဟ်ကနေမခွာပဲ စကြာဝဠာအတွင်းက အခြားသောနေရာမှာ သက်ရှိရှာဖွေခြင်းရဲ့ ဖြစ်နိုင်ခြေကို စူးစမ်းလေ့လာလိုက်ပါ။