TED Talks with Burmese transcript

Claudia Miner: သူငယ်တန်းအတွက် ကလေးတိုင်း အဆင်သင့်ဖြစ်စေဖို့ နည်းလမ်းသစ်တစ်ခု

TED2019

Claudia Miner: သူငယ်တန်းအတွက် ကလေးတိုင်း အဆင်သင့်ဖြစ်စေဖို့ နည်းလမ်းသစ်တစ်ခု
1,899,060 views

စောစီးစွာပညာသင်ကြားရေးဟာ ကလေး တွေရဲ့အောင်မြင်မှုအတွက်အရေးပါလှပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုက ကလေးသန်းပေါင်းများစွာဟာ မူကြိုထားဖို့ အခွင့်ရေးမရကြသေးပါဘူး။ UPSTART ပရောဂျက်မှာပါဝင်ပြီးတော့ ကလေးတွေအတွက် အိမ်နေရင်း လူမှုအဖွဲ့စည်းအကြောင်း သင်ယူနားလည်နိုင်ပါလိမ့်မယ်။ ပညာရေးဆန်းသစ်တီထွင်သူ Claudia Miner ဟာ ၄ နှစ်အရွယ်ကလေးတွေအတွက် တစ်နေ့ကို ၁၅ မိနစ်ပဲ UPSTART ကိုအသုံးပြုနိုင်ပါတယ်လို့ ဆိုထားပြီး ဘယ်လိုကူညီပါဝင်ပေးနိုင်ကြောင်းကိုပြောပြထားပါတယ်။

Nanfu Wang: တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒအောက်မှာ ကြီးပြင်းခဲ့ရတာ ဘယ်လိုပါလိမ့်

TED2019

Nanfu Wang: တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒအောက်မှာ ကြီးပြင်းခဲ့ရတာ ဘယ်လိုပါလိမ့်
2,722,175 views

တရုတ်ပြည်ရဲ့ ကလေးတစ်ယောက် မူဝါဒကို ၂၀၁၅ မှာ အဆုံးသတ်ခဲ့ပေမဲ့ ဒီအစီအစဉ်အောက်မှာ ရှင်သန်နေထိုင်ခဲ့ရတာ ဘယ်လိုပါလိမ့်ဆိုတာကို ကျွန်မတို့ စတင်နားလည်ခါစသာရှိပါသေးတယ်လို့ TED ဝိုင်းတော်သားနဲ့ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသူ Nanfu Wang ကဆိုပါတယ်။ သူ့ရဲ့ရုပ်ရှင် "One Child Nation" က ရိုက်ကွက်နဲ့အတူ ဒီမူဝါဒရဲ့ ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေကို လှစ်ဟပြတဲ့ မဖွင့်ဟရသေးတဲ့ ဇာတ်လမ်းတွေကို မျှဝေကာ ဝါဒဖြန့်မှုရဲ့ တစ်စတစ်စဆိုးလာတဲ့ အစွမ်းကို ဖော်ထုတ်ထားပါတယ်။

Ivonne Roman: ရဲမေတွေက ရပ်ရွာတွေ ပိုဘေးကင်းစေဖို့ ဖန်တီးပေးပုံ။

TED2019

Ivonne Roman: ရဲမေတွေက ရပ်ရွာတွေ ပိုဘေးကင်းစေဖို့ ဖန်တီးပေးပုံ။
1,621,593 views

အကြမ်းဖက်တဲ့ အခြေအနေတွေ ပြန့်ပွားခြင်းနဲ့ အင်အားသုံးစွဲမှု လျှော့ချခြင်းမှာ သူတို့ရဲ ခိုင်လုံတဲ့ ထိရောက်မှုရှိပေမဲ့ အမေရိကန် ပြည်ထောင်စုက ၁၃ ရာခိုင်နှုန်းထက် နည်းကြတဲ့ ရဲအရာရှိတွေက အမျိုးသမီးတွေပါ။ ရဲအရာရှိတစ်ဦးနဲ့ ဌာနအကြီးအကဲအဖြစ် အတွေ့အကြုံ ဆယ်စုနှစ်နှစ်ကျော် နီးကပ်လာပြီဖြစ်တဲ့ TED ဝိုင်းတော်သား Ivonne Roman ကနေပြီး ရဲအတတ်သင်ကျောင်း ကာယပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စမ်းသပ်မှုတွေကို ရပ်ရွာတွေကို ရဲအရာရှိတွေနည်းတူ အကျိုးရှိစေတဲ့ ဟန်ချက်ညီတဲ့ အင်အားကို ကူညီတည်ဆောက်ပေးတဲ ရိုးစင်းတဲ့ ပြင်ဆင်မှုတစ်ခုကို မျှဝေထားပါတယ်။

Natalie Fratto: သင့်ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှုကို တိုင်းတာဖို့ နည်းလမ်း ၃ သွယ်နှင့် ဒါကို တိုးတက်အောင် လုပ်နည်း။

TED Residency

Natalie Fratto: သင့်ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှုကို တိုင်းတာဖို့ နည်းလမ်း ၃ သွယ်နှင့် ဒါကို တိုးတက်အောင် လုပ်နည်း။
2,858,888 views

စွန့်စားစရာများထဲ ရင်းနှီးမြှုပ်နှံသူ Natalie Fratto ဟာ ဘယ်ကနဦး တည်ထောင်မှုကို ထောက်ပံ့ပေးရမလဲလို့ စိစစ်နေတုန်းမှာ သူရှာတာက ဉာဏ်ရည်တို့၊ ဩဇာတိက္ကမပြည့်စုံမှုတင်မဟုတ်ဘဲ အလိုက်သင့်ပြောင်းလဲနိုင်မှုကို ရှာတာပါ။ ဒီထိုးထွင်းအမြင်ပါတဲ့ ဟောပြောချက်ထဲမှာ Fratto ကနေပြီး "အလိုက်သင့်ပြောင်းလဲနိုင်မှု ပမာဏ" ကို တိုင်းတာဖို့ နည်းလမ်း သုံးခုကို မျှဝေထားပြီး ဘာကြောင့် အပြောင်းအလဲကို တုံ့ပြန်နိုင်စွမ်းက တကယ်ပဲ အရေးပါတယ်ဆိုတာကို ပြသထားပါတယ်။

Sarah Kay: "ငှက်တွေနဲ့ ပြုလုပ်ထားတဲ့ ငှက်“

TED2019

Sarah Kay: "ငှက်တွေနဲ့ ပြုလုပ်ထားတဲ့ ငှက်“
1,727,091 views

"စကြာဝဠာက သင်ရေးဖို့ ရည်ရွယ်နေတဲ့ ကဗျာကို ရေးနှင့်ပြီးပါပြီ"လို့ သူမရဲ့ မိတ်ဆွေ ကဗျာဆရာ Kaveh Akbar ကို ကိုးကားရင်း Sarah Kay က ဆိုပါတယ်။ "A Bird Made of Birds"ကို တင်ဆက်ရင်း ကဗျာစာပေကို ဘယ်လို၊ ဘယ်နေရာမှာ သူမ ရှာတွေ့တာကို မျှဝေထားပါတယ်။ (Kay ဟာ TED ရဲ့ ပို့ဒ်ကက်စ် "Sincerely, X." ရဲ့ အစီအစဉ်မှူး တစ်ဦးလည်းဖြစ်ပါတယ်။ luminary.link/ted က Luminary ပို့ဒ်ကက်စ်မှာ သင် နားထောင်နိုင်ပါတယ်။)

Michelle Kuo: စာဖတ်ခြင်းရဲ့ ကုစားပေးနိုင်တဲ့ စွမ်းအား။

TEDxTaipei

Michelle Kuo: စာဖတ်ခြင်းရဲ့ ကုစားပေးနိုင်တဲ့ စွမ်းအား။
2,399,463 views

စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်ုပ်တို့ကို အခြားသူတွေနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ဆီကို ပိုပြီးနီစပ်အောင် ဆောင်ကြဉ်းပေးတဲ့ သတ္တိရဲ့လုပ်ဆောင်ချက်တွေပါ။ စာရေးဆရာမ Michelle Kuo နေပြီး Mississippi Delta က သူ့ကျောင်းသားတွေကို စာဖတ် ကျွမ်းကျင်မှုတွေ သင်ပေးခြင်းက အရေး စကားလုံးရဲ့ ဖြည့်ဆည်းပေးတဲ့အစွမ်းသာမက ၎င်းအစွမ်းရဲ့ ကန့်သတ်ချက်တွေကို လှစ်ဟပြပေးခဲ့ပုံကို မျှဝေထားပါတယ်။

Brandon Clifford: ကမ္ဘာ့ ရှေးဟောင်း အံ့ဖွယ်များ၏ ဗိသုကာဆိုင်ရာ လျှို့ဝှက်ချက်များ။

TED2019

Brandon Clifford: ကမ္ဘာ့ ရှေးဟောင်း အံ့ဖွယ်များ၏ ဗိသုကာဆိုင်ရာ လျှို့ဝှက်ချက်များ။
642,791 views

ရှေးဟောင်း လူမှုအဖွဲ့အစည်းတွေဟာ Stonehenge၊ ပိရမစ်တွေနဲ့ Easter Island ရုပ်တုတွေကို တည်ဆောက်ဖို့ ဧရာမ ကျောက်တုံးကြီးတွေကို ဘယ်လို ရွှေ့ခဲ့ကြသလဲ။ ဒီတိုတောင်းပြီး ကြည်နူးဖွယ်ဟောပြောချက်ထဲမှာ TED ဝိုင်းတော်သား Brandon Clifford ကနေပြီး အတိတ်ရဲ့ ဗိသုကာဆိုင်ရာ လျှို့ဝှက်ချက်တွေကို လှစ်ဟာပြကာ ဒီတီထွင်အားကောင်းတဲ့ နည်းစနစ်တွေကို အနာဂတ်အတွက် တည်ဆောက်ရာမှာ ကျွန်ုပ်တို့ အသုံးပြုနိုင်ပုံကို ပြသထားပါတယ်။ "နှစ် ၃၀၊ ဖြစ်လောက်တာက နှစ်၆၀ တည်တံ့ဖို့ အဆောက်အအုံတွေကို ကျွန်တော်တို့ ပုံစံထုတ်တဲ့ခေတ်မှာ တစ်ကမ္ဘာတိုင် ဖြည့်ဆည်းပေးနိင်တဲ့ တစ်ခုခု ဖန်တီးနည်းကို လေ့လာချင်ပါတယ်"လို့ သူကဆိုပါတယ်။

Daniel Lismore: အနုပညာ လက်ရာတစ်ခုလို၊ ကျွန်တော့ဘဝ။

TED2019

Daniel Lismore: အနုပညာ လက်ရာတစ်ခုလို၊ ကျွန်တော့ဘဝ။
376,941 views

Daniel Lismore ရဲ့အဝတ်ဘီရိုဟာ သင့်အဝတ်ဘီရိုနဲ့တော့ နည်းနည်း ကွာခြားနိုင်လောက်ပါတယ်၊ သူ့အဝတ်အစားတွေဟာ ဘီယာဘူးခွံတွေနဲ့ ပလပ်စတစ် ပုံဆောင်ခဲတွေကနေ စိန်တွေ၊ တော်ဝင် ပိုးထည်တွေနဲ့ သက်တမ်းနှစ် ၂၀၀၀ ရှိတဲ ရိုမန် လက်တွေအထိရှိတဲ့ အရာဝတ္ထုတွေကနေ တည်ဆောက်ထားတာပါ။ ဒီရင်သပ်ရှုမောဖွယ် ဟောပြောချက်ထဲမှာ အသေးစိတ်ပြင်ဆင်ထားတဲ့ ဝတ်စုံတွေရဲ့နောက်ကွယ်က သူ့စိတ်ကူးကို မျှဝေထားပြီး အနုပညာလက်ရာတစ်ခုလို ဘဝကိုရှင်သန်တာ ဘယ်လိုမျိုးလဲဆိုတာကို စူးစမ်းထာပါတယ်။ သူပြောတာက လူတိုင်းဟာ သူတို့ရဲ့ အကောင်းဆုံးလက်ရာမွန်ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါကို တစ်ကြိမ်လောက် စမ်းကြည့်သင့်တယ်"တဲ့။

Bruce Friedrich: နောင်လာမည့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး တော်လှန်ရေး။

TED2019

Bruce Friedrich: နောင်လာမည့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး တော်လှန်ရေး။
2,123,810 views

အသားထုတ်လုပ်ခြင်းဟာ ကမ္ဘာမြေကို ဖျက်ဆီးနေပြီး ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်နေစေပေမဲ့ ကုန်ကျစရိတ်တူတဲ့ (သို့မဟုတ် ပိုသက်သာတဲ့) အရသာတူတဲ့(သို့မဟုတ်) ပိုကောင်းတဲ့ အခြားရွေးချယ်စရာတွေ သူတို့ကို မပေးဘူးဆိုရင်တော့ လူတွေဟာ အသားစားတာကို လျှော့ကြမှာမဟုတ်ပါဘူး။အသိအမြင်ဖွင့်ပေးတဲ့ ဒီဟောပြောချက်ထဲမှာ အစားအသောက် ဆန်းသစ်တီထွင်သူနဲ့ TED ဝိုင်းတော်သား Bruce Friedrich ကနေပြီး မကြာခင်မှာ ကမ္ဘာ့ အသား လုပ်ငန်းနဲ့ သင့်ညစာ ထမင်းပွဲကို ပြောင်းလဲပေးနိုင်တဲ့ အပင်နဲ့ ဆဲလ် အခြေခံတဲ့ ထုတ်ကုန်တွေကို ပြသထာ။ပါတယ်။

Erika Hamden: အဝေးကြည့် မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့ ဘာတွေ လိုအပ်သလဲ။

TED2019

Erika Hamden: အဝေးကြည့် မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့ ဘာတွေ လိုအပ်သလဲ။
1,678,684 views

TED ဝိုင်းတော်သားနဲ့ နက္ခတ္တဗေဒပညာရှင် Erika Hamden ဟာ အာကာသရဲ့အစွန်းက ဧရာမပူဖောင်းကြီးမှာ ချိတ်ဆွဲထားတဲ့ FIREBall တည်ဆောက်ရေး အသင်းကို ဦးဆောင်ပြီး ကြယ်တွေ ဖန်တီးဖြစ်ပေါ်ပုံအကြောင်း သဲလွန်စတွေကို ရှာဖွေပါတယ်။ သူဟာ ကျွန်ုပ်တို့ကို ရိုလာကိုစတာ တစ်ခုအတွင်း ခေါ်ဆောင်သွားပါတယ်၊ စိတ်ကူးတစ်ခုကနေ အဝေးကြည့မှန်ပြောင်းကို ဂြိုဟ်ပတ်လမ်းထဲကို ထည့်သွင်းဖို့ ခရီးရှည်တစ်ခုပါ။ နောက်ပြီး အသိပညာရဲ့ကန့်သတ်ချက်တွေကို တွန်းပို့တဲ့အခါ မအောင်မြင်မှုဆိုတာ ရှောင်လွှဲမရနိုင်ပုံကို ပြသထားပါတယ်။

America Ferrera: ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက မဟာ အင်အားတစ်ခုပါ၊ အတားအဆီးမဟုတ်ဘူး။

TED2019

America Ferrera: ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာက မဟာ အင်အားတစ်ခုပါ၊ အတားအဆီးမဟုတ်ဘူး။
2,179,326 views

ဟောလိဝုဒ်ဟာ ကမ္ဘာကြီးက တကယ့် အသွင်သဏ္ဍာန်အား ဆန့်ကျင်နေခြင်းကို ရပ်တန့်ဖို့လိုတယ်လို့ ပြောလာသူကတော့ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာနဲ့ တက်ကြွလှုပ်ရှားသူ America Ferrera. ပါ။ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့ ကောက်ကြောင်းတွေကို ခြေရာခံရင်း မီဒီယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေရဲ့ ပိုစစ်မှန်တဲ့ ကိုယ်စားပြုမှုတွေကို တောင်းဆိုခဲ့ပါတယ်၊ ကျွန်ုပ်တို့ ဇာတ်လမ်းတွေကို ပြောပြပုံ ပြောင်းလဲမှုတစ်ခုပါ။ သူပြောတာက "ရှိနေခြင်းဟာ ဖြစ်နိုင်ခြေကို ဖန်တီးတယ်။ ကျွန်မတို့ ကမ္ဘာထဲမှာ ရှင်သန်နေတာကို မြင်သူက ကျွန်မတို့ကိုယ်တိုင် မြင်ဖို့ ၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးအကြောင်း တွေးတတ်ဖို့၊ ကျွန်မတို့ရဲ့ အနာဂတ်တွေကို အိပ်မက်မက်တတ်ဖို့ ကျွန်မတို့ကို သင်ပေးတယ်"တဲ့။

Matt Walker: အိပ်ရေးဝမှုက သင်ရဲ့ အထူးစွမ်းအား ဖြစ်ခြင်း

TED2019

Matt Walker: အိပ်ရေးဝမှုက သင်ရဲ့ အထူးစွမ်းအား ဖြစ်ခြင်း
9,134,974 views

အိပ်စက်ခြင်းဟာ သင့်အသက်ကို ပံ့ပိုးပေးတဲ့ စနစ်ဖြစ်ပြီး သဘာဝမိခင်ကြီးမှ အသက်ရှင် ရပ်တည်နိုင်ဖို့ အကောင်းဆုံး အားထုတ်မှုပါလို့ အိပ်စက်မှုဆိုင်ရာ သိပ္ပံပညာရှင် Matt Walker က ဆိုပါတယ်။ အိပ်စက်မှုကို နက်နက်ရှိုင်းရှိုင်း လေ့လာထားတဲ့ ဒီဟောပြောချက်ထဲတွင် Walker က ကျုပ်တို့ အိပ်ရေးဝတဲ့ အခါမှာ ဖြစ်ပျက်တတ်တဲ့ ကောင်းတဲ့ အရာတွေကို မျှဝေထားသလို အိပ်ရေး မဝတဲ့အခါမှာ ဦးနှောက်ရော၊ ခန္ဓာကိုပါ ရင်ဆိုင်ရတဲ့ ကြောက်မက်ဖွယ်ရာ အရာများကို ရှင်းပြထားပါတယ်။ ပြီးတော့ အိပ်စက်ခြင်းက သင်ကြားနိုင်မှု၊ မှတ်ဉာဏ်၊ ကိုယ်ခံစနစ်နဲ့ မျိုးရိုးဗီဇ ကုဒ်ကိုတောင် အကျိုးသက်ရောက်ပုံကို လေ့လာရင်း အိပ်မရသူများအတွက် အသုံးဝင်မယ့် အကြံပေးချက် အချို့တို့ကိုပါ လေ့လာကြည့်လိုက်ကြပါ။

Carson Bruns: တက်တူးတစ်ခုဟာ သင့်ကို ကျန်းမာနေစေနိုင်လား။

TEDxMileHigh

Carson Bruns: တက်တူးတစ်ခုဟာ သင့်ကို ကျန်းမာနေစေနိုင်လား။
624,671 views

ကျွန်ုပ်တို့ဟာ တက်တူးတွေကို အလှအပအတွက်ရော၊ လက်တွေ့အသုံးဝင်မှုအတွက်ပါ သုံးနိုင်ပါသလား။ နာနိုနည်းပညာရှင် Carson Bruns ကနေပြီး သင်ဟာ နေလောင်တာခံနေရတဲ့အခါ သင့်ကို ပြောပြနိုင်တဲ့ မင်ရောင်ပြောင်းလဲခြင်းလို ၎င်းတို့ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ဆက်သွယ်တဲ့ အဆင့်မြင့်နည်းပညာ တက်တူးနဲ့ ဖန်တီးထားတဲ့ သူ့လက်ရာကို မျှဝေထားပြီး ၎င်းတို့ဟာ သင့်ကျန်းမာရေးအတွက် အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်ကို ပို့ဆောင်ပေးနိုင်တဲ့ စိတ်လှုပ်ရှားစရာ နည်းလမ်းတွေကို ပြသထားပါတယ်။

Arnav Kapur: AI ဟာ သင့်စိတ်ရဲ့ ကိုယ်ခွဲတစ်ခုဖြစ်လာနိုင်ပုံ။

TED2019

Arnav Kapur: AI ဟာ သင့်စိတ်ရဲ့ ကိုယ်ခွဲတစ်ခုဖြစ်လာနိုင်ပုံ။
601,116 views

စကားလုံးတွေကို စိတ်ထဲမှာပဲ ဆိုရုံသက်သက်နဲ့ ပါးစပ်မဟပဲ သင့်ကိုယ်သင် စကားပြောကြည့်ပါ။ ဒီလိုမျိုး အင်တာနက်ကို သင်ရှာဖွေနိုင်ပြီး အဖြေတစ်ခု ပြန်ရနိုင်မယ်ဆိုရင်ရော။ TED ဝိုင်းတော်သား Arnav Kapur ကနေပြီး သူ့နည်းပညာသစ်ရဲ့ ပထမဆုံး အများပြည်သူကို တိုက်ရိုက်ထုတ်လွင့်ပြသမှုထဲမှာ AlterEgo ကို မိတ်ဆက်ပေးထားပါတယ်။ သင့်ကို တိတ်ဆိတ်စွာ စကားပြောပြီး ကွန်ပြူတာစနစ်တစ်ခုကနေ သတင်းအချက်အလက်ရစေဖို့ အလားအလာရှိတဲ့ ဝတ်ဆင်လို့ရတဲ့ AI ကိရိယာတစ်ခုပါ။ သင့်ခေါင်းထဲမှာရှိတဲ့ အသံတစ်ခုလိုမျိုးပါ။ ဒီကိရိယာ အလုပ်လုပ်ပုံနဲ့ ဒီလူသားနဲ့ ကွန်ပြူတာ တုံ့ပြန်ဆက်သွယ်မှု အမျိုးအစားသစ်ရဲ့ အနှံ့အစပ်ရောက်ရှိတဲ့ ဂယက်ရိုက်မှုတွေကို ပိုမိုလေ့လာလိုက်ပါဦး။

Elizabeth Dunn: အများကို ကူညီခြင်းက မိမိကို ပိုပျော်ရွှင်စေပါတယ်၊ ဒါပေမဲ့ ဒါကို  ကျွန်ုပ်တို့ လုပ်ဆောင်ပုံက အရေးပါပါတယ်။

TED2019

Elizabeth Dunn: အများကို ကူညီခြင်းက မိမိကို ပိုပျော်ရွှင်စေပါတယ်၊ ဒါပေမဲ့ ဒါကို ကျွန်ုပ်တို့ လုပ်ဆောင်ပုံက အရေးပါပါတယ်။
3,134,334 views

အများကို ကူညီခြင်းက ကျွန်ုပ်တို့ကို ပိုပျော်ရွှင်စေပါတယ်လို့ သုတေသနကဆိုပါတယ်။ ဒါပေမဲ့ စေတနာကောင်းမှုနဲ့ ပီတိအကြောင်း လူမှုရေး စိတ်ပညာရှင်
Elizabeth Dunn သူ့ရဲ့ဆန်းသစ်တဲ့ လက်ရာထဲမှာတော့ တွေ့ရှိထားတာက ဒါဟာ မြှုပ်ကွက်တစ်ခု၊ ကျွန်ုပ်တို့ ကူညီပုံက အရေးပါတယ်ဆိုတာပါ။ အများကို ကူညီပုံထဲမှာ အဓိကကျတဲ့ ပြောင်းလဲမှုတစ်ခုလုပ်နိုင်ရင် ပိုကြီးမားတဲ့ သက်ရောက်မှု ဘယ်လိုလုပ်နိုင်ပြီး၊ ဒီခရီးတစ်လျှောက်မှာ ကိုယ့်ကိုယ်ပိုင် ပျော်ရွှင်မှုကို တိုးမြှင့်နိုင်ပုံကို လေ့လာလိုက်ပါဦး။ ပေးလှူခြင်းကို သမစိတ္တ ဝတ္တရားအနေနဲ့ပဲ တွေးတာကိုရပ်ပြီး၊ ဒါကို ကြည်နူးမှုရဲ့ အရင်းအမြစ်တစ်ခုအဖြစ် စတွေးကြရအောင်"လို့ Dunn က ဆိုပါတယ်။

Suchitra Krishnan-Sarin: သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း

TEDMED 2018

Suchitra Krishnan-Sarin: သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း
2,353,117 views

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက e-cigarette တွေ နဲ့ vape တွေဟာ အလွန်ခေတ်စားလာကြပါတယ်၊ အထူးသဖြင့် လူငယ်နဲ့လူလတ်ပိုင်း အကြားမှာခေတ်စားပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား US နိုင်ငံရဲ့ အထက်တန်း ကျောင်းသားတွေကြား သုံးစွဲမှု ၉၀၀% လောက်ထိ တိုးလာခဲ့ပါတယ်။ ဇီဝအမူအကျင့် ဆိုင်ရာ သိပ္ပံပညာရှင် Suchitra Krishnan-Sarin က ကျွန်တော်တို့ vape ရှူတဲ့အခါ အမှန်တကယ် ဘာတွေရှူသွင်းနေတယ် ဆိုတာကို ရှင်းပြထားပြီး (ရေငွေ့လုံးဝမဟုတ်ပါ) ကလေးတွေကို ပစ်မှတ် ထားတဲ့ ဒီကိရိယာရဲ့ ရည်ရွယ်ရင်း ဖြစ်ကြတဲ့ ကလေးများအား ရောင်းချပေးရန် သုံးနေကြတဲ့ နည်းဗျူဟာတွေကိုပါ စူးစမ်းတင်ပြထားပါတယ်။ ‘‘ကျွန်မတို့ရဲ့ ကျန်းမာရေး၊ ကျွန်မတို့ ကလေးတွေ၊ အနာဂတ်မျိုးဆက်ရဲ့ ကျန်းမာရေးဟာ သိပ်ကို တန်ဖိုးကြီးမားလွန်းလို့ အဲဒါကို မီးခိုးထဲ ဒါမမှဟုတ် ရေငွေ့များထဲ လွင့်ပါသွားမှာကို ခွင့်ပြုလို့ မရနိုင်ပါဘူး’’လို့ သူမက ဆိုပါတယ်။

Romain Lacombe: ကိုယ်အသက်ရှူသွင်းနေတာက ဘာလဲဆိုတာကို ပြသပေးမယ့် ကိုယ်ပိုင် လေထု-အရည်သွေးကို စစ်ဆေးပြပေးမယ့် ကိရိယာ

TED2018

Romain Lacombe: ကိုယ်အသက်ရှူသွင်းနေတာက ဘာလဲဆိုတာကို ပြသပေးမယ့် ကိုယ်ပိုင် လေထု-အရည်သွေးကို စစ်ဆေးပြပေးမယ့် ကိရိယာ
1,705,055 views

ကျုပ်တို့ဟာ ကျုပ်တို့ ရှူသွင်းနေရတဲ့ လေအကြောင်းကို ဘယ်လောက် မကြာခဏ စဉ်းစားခဲ့ဘူးကြသလဲ။ အဲဒီအကြောင်းကို စဉ်းစားကြတာ မလုံလောက်ဘူးလို့ စန့်ဦးတီထွင်ရှင် နဲ့ TED ဝိုင်းတော်သား Romain Lacombe က ဆိုပါတယ်။ သူဟာ Flow ဆိုတဲ့ ကိရိယာကို မိတ်ဆက်ပေးထားပါတယ်။ ကိုယ်ပိုင် လေးထု အရည်အသွေး စစ်ဆေးရေး ကိရိယာအဖြစ် သုံးလျက် ကိုယ့်ရှူသွင်းနေတဲ့ လေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးနိုင်တဲ့ ကိရိယာပါ။ အဲဒီကိရိယာကို အသုံးပြုပြီး လမ်းတစ်လမ်းစီရဲ့ ညစ်ညမ်းမှုကို နာရီပိုင်း အလိုက် စစ်ကြည့်နိုင်တာမို့လို့ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးဖို့ အခွင့်အလမ်း ရရှိလာကြမှာပါ။

Michele Wucker: သိသာတဲ့ ပြဿနာတွေကို ဘာကြောင့် လျစ်လျူရှုကြတာလဲ။ ဒါတွေကို ဘယ်လို အရေးယူဆောင်ရွက်ကြမလဲ။

TED Salon U.S. Air Force

Michele Wucker: သိသာတဲ့ ပြဿနာတွေကို ဘာကြောင့် လျစ်လျူရှုကြတာလဲ။ ဒါတွေကို ဘယ်လို အရေးယူဆောင်ရွက်ကြမလဲ။
2,179,064 views

ငွေကြေး အကျပ်အတည်းနဲ့ ရာသီဥတုပြောင်းလဲမှုလို ပြဿနာကြီးတွေကို သိပ်မနှောင်းခင်အထိ ဘာကြောင့် မကြာဏဆိုသလို လျစ်လျူရှုတတ်ကြတာလဲ။ မူဝါဒ နည်းဗျူဟာပညာရှင် Michele Wucker ကနေပြီး ရှားပါးပြီး ရှောင်လွှဲမရနိုင်တဲ့ "ငန်းနက်" ယုံမှတ်မှားမှုကို လျစ်လျှူရှုဖို့ ကျွန်ုပ်တို့ ရွေးချယ်တဲ့ တားဆီးနိုင်တဲ့ "မီးခိုးရောင်ကြံ့" ရဲ့ လက်တွေ့ကျမှုနဲ့ အစာထိုးဖို့ ကျွန်ုပ်တို့ကိုတိုက်တွန်းထားပါတယ်။ ဘာကြောင့် ကြိုသိနိုင်တဲ့ အကျပ်အတည်းတွေဟာ ကျွန်ုပ်တို့ကို အငိုက်ဖမ်းလဲဆိုတာပြသပြီး လက်ရှိသင့်ဘဝထဲမှာ ကြံ့ကို အားသွင်းပေးနိုင်လောက်တဲ့ လက္ခဏာတွေကို ခင်းကျင်းပြသထားပါတယ်။

Sabine Doebel: သင့်ဦးနှောက်ရဲ့ စီမံခန့်ခွဲရေး အလုပ် အလုပ်လုပ်ပုံနှင့်  ၎င်းကို တိုးတက်အောင် ပြုလုပ်နည်း။

TEDxMileHigh

Sabine Doebel: သင့်ဦးနှောက်ရဲ့ စီမံခန့်ခွဲရေး အလုပ် အလုပ်လုပ်ပုံနှင့် ၎င်းကို တိုးတက်အောင် ပြုလုပ်နည်း။
2,412,954 views

သင်ဟာ သင့်ဦးနှောက်ရဲ့စီမံခန့်ခွဲရေး အလုပ်ကို နေ့စဉ်အသုံးပြုရပါတယ်။ ဒါက အာရုံစိုက်ခြင်၊ ကြိုတင် စီစဉ်မှုနဲ့ စိတ်ကူးပေါက်တာတွေကို ထိန်းချုပ်တာတိုလို အရာတွေကို သင်လုပ်ဆောင်ပုံပါ။ ပိုကောင်းအောင် လုပ်ကိုင်နိုင်ဖို့ ၎င်းကို တိုးတက်အောင် လုပ်ရနိုင်ပါသလား။ သိပ္ပံပညာရှင် Sabine Doebel ကနေပြီး သူ့ရဲ့ ကလေးဖွံ့ဖြိုးမှု သုတေသနမှ စိတ်ဝင်စားဖွယ်အကောင်းဆုံးတွေနဲ့အတူ သိမှတ်မှုဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းကို သက်ရောက်မှုရှိစေတဲ့ အကြောင်းရင်းတွေကို စူးစမ်းရှာဖွထားပတယ်၊ ပြီးတော့ အကျင့်ဆိုးတွေကို ဖြတ်ပစ်ဖို့နဲ့ သင့်ရည်မှန်းချက်တွေအောင်မြင်ဖို့ ၎င်းကို အသုံးပြုနိုင်ပုံပါ။

Eve Pearlman: သဘောထားမတူသူတွေအကြား စကားဝိုင်းတစ်ခုကို ဦးဆောင်နည်း။

TED Salon Doha Debates

Eve Pearlman: သဘောထားမတူသူတွေအကြား စကားဝိုင်းတစ်ခုကို ဦးဆောင်နည်း။
2,509,688 views

နက်ရှိုင်းစွာ ကွဲပြားနေတဲ့ ကမ္ဘာတစ်ခုမှာ သိမ်မွေ့တဲ့ ကွဲပြားမှု၊ သိလိုမှု၊ လေးစားမှုတွေနဲ့ ခက်ခဲတဲ့ စကားပြောဆိုမှုတွေကို ဘယ်ပြောကြလဲ။ ဝါရင့်သတင်းထောက် Eve Pearlman ကနေပြီး "ပြောဆိုဆွေးနွေးခြင်း သတင်းအတတ်ပညာ"ကို မိတ်ဆက်ထားပါတယ်၊ သဘောထားမတူသူတွေအကြားက ဆွေးနွေးပွဲတွေကို ပံ့ပိုးဖို့ လူမှုရေးနဲ့ နိုင်ငံရေး ခွဲခြားမှုတွေရဲ့ ဗဟိုချက်ဆီကို သတင်းစာသမားတွေသွားတဲ့ ပရောဂျက်တစ်ခုပါ။ အဖွဲ့တစ်ခုက အခြားသော အဖွဲ့တွေကို တစ်ခါမှမတွေ့ခဲ့ဖူးတဲ့အခါ ဘာဖြစ်လာသလဲဆိုတာ ကြည့်လိုက်ပါ။ California က သဘောထားကြီးသူ ၂၅ ဦးနဲ့ Alabama က ရှေးရိုးစွဲ ၂၅ ဦး အငြင်းပွားဖွယ် ကိစ္စရပ်တွေအကြောင်း ဆွေးနွေးဖို့ စုစည်းမိခဲ့တာပါ။ "ခြားနားမှု တစ်ဖက်စီက စစ်မှန်တဲ့ ဆက်သွယ်မှု၊ ဒါဟာ ကျွန်မတို့ဒီမိုကရေစီက အသည်းအသန် လိုအပ်နေတဲ့ လိမ်းဆေးတစ်ခုပါ"လို့ Pearlman က ဆိုပါတယ်။

Nora Brown: "အရှေ့ ဗာဂျီးနီးယား။" / "ဂျွန် ဘရောင်းရဲ့အိပ်မက်"

TED Salon: Education Everywhere

Nora Brown: "အရှေ့ ဗာဂျီးနီးယား။" / "ဂျွန် ဘရောင်းရဲ့အိပ်မက်"
255,994 views

ညှို့ယူဖမ်းစားနိုင်တဲ့ သီဖွဲ့မှုတစ်ခုထဲမှာ ဂီတပညာရှင် Nora Brown ဟာ ခေတ်ဟောင်း ဘင်ဂျိုတေးသွား နှစ်ပုဒ်ထဲမှာ အသက်သွင်းပေးလိုက်တယ်။ East Virginia" and "John Brown's Dream"ပါ။ ဘင်ဂျိုရဲ့ ဆင့်ကဲပြောင်းလဲမှု သမိုင်းတိုတစ်ခုနဲ့ တွဲဖက်ထားတဲ့ ပြန်လည်အမှတ်ရဖွယ် ဖျော်ဖြေတင်ဆက်မှုတစ်ခုပါ။

Sarah T. Stewart: လ ပေါ်ပေါက်လာခဲ့ခြင်းဆိုင်ရာ သီအိုရီ အသစ်

TED Salon U.S. Air Force

Sarah T. Stewart: လ ပေါ်ပေါက်လာခဲ့ခြင်းဆိုင်ရာ သီအိုရီ အသစ်
2,805,305 views

ကမ္ဘာဂြိုဟ်နဲ့ လတို့ဟာ အမွှာပူးများလိုပဲ လုံးဝကို တူကြပြီး ဆင်တူတဲ့ ပစ္စည်းများဖြင့် ပြုလုပ်ထားကြခြင်းဟာ လက်တွေ့မှာ ထူးဆန်းတယ်လို့ ဆိုရပါမယ်။ စကြာဝဠာထဲက ဘယ်အရာတွေကိုမှ ဓာတုဗေဒအရ တူညီတဲ့ ပစ္စည်းများတွေနဲ့ ပြုလုပ်ထားတာကို မတွေ့ရလို့ပါ။ အခုလို အထူးဆက်နွှယ်မှုမျိုး ရှိနေခြင်းအတွက် အကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။ အဲဒါ့အတွက် အဖြေကို ရှာကြံရင်း၊ ဂြိုဟ်များဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်သူ MacArthur "Genius" ဂုဏ်ထူးပိုင်ရှင် Sarah T. Stewart ဟာ ပုံစံတစ်မျိုးဖြစ်တဲ့ နက္ခတ အရာ-- synestia --ဆိုတာကို ရှာတွေ့ခဲ့ပြီး လရဲ့ ဇာစ်မြစ်ဆိုင်ရာ ပဟေဌိကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်း အသစ်ကို ရှာတွေ့ခဲ့ပါတယ်။

Olympia Della Flora: ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းများ

TED Salon: Education Everywhere

Olympia Della Flora: ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းများ
2,129,368 views

ကလေးငယ်တွေ ကျောင်းမှာ အောင်မြင်ကြဖို့အတွက် ကျွန်မတို့ဟာ သူတို့ကို စာရေးတတ်ဖို့ စာဖတ်တတ်ဖို့ သင်ပေးမှုထက် ပိုပြီး လုပ်ပေးရန် လိုအပ်ပါတယ် -- ကျွန်မတို့ဟာ သူတို့ကို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို စီမံခန့်ခွဲလာနိုင်ဖို့ကိုပါ သင်ပေးရန် လိုအပ်ပါတယ်လို့ ဝါရင့် ပညာရေး ဝန်ထမ်း Olympia Della Flora က ဆိုပါတယ်။ လက်တွေ့ကျတဲ့ လက်ရှိ ဟောပြောခန်းထဲမှာ သူမဟာ နှောင့်ယှက်တတ်ကြတဲ့ ကျောင်းသားများအား သူတို့ရဲ့ ပြဿနာတွေကို ကျော်လွှားနိုင်အောင် အသုံးပြုခဲ့တဲ့ ဆန်းသစ်တဲ့ နည်းဗျူဟာတွေကို မျှဝေထားပါတယ်။ ဦးနှောက်အတွက် အားလပ်ချိန် စည်းရုံးပေးခြင်း၊ သီချင်းဆိုခြင်း၊ ယောဂကို လေ့ကျင့်ခြင်း စတာကို ခွင့်ပြုခဲ့သူပါ။ ပြီးတော့ အဲဒါတွေအတွက် နောက်ထပ် ဘတ်ဂျက်ငွေတွေကိုလည်း မသုံးခဲ့ရပါ။ "အပြောင်းအလဲ အသေးလေးက ကြီးမားတဲ့ ခြားနားချက်ကို ဖန်တီးပေးခဲ့တယ်၊ အဲဒါကို အခုချက်ချင်း စတင်လို့ ရနိုင်ပါတယ်... ကိုယ့်လက်ထဲ ရှိနေတာတွေကို ပြီးတော့ အဲဒါတွေ ဘယ်နေရာမှာ ရှိနေတာကို သိဖို့သာ လိုပါတယ်’’ သူမက ဆိုပါတယ်။

Kakenya Nataiya: မိန်းကလေးတစ်ယောက်ကို မြှင့်တင်ပေးပါ၊ လူမှုအသိုက်အဝန်းကို ပြောင်းလဲလိုက်ပါ။

TEDWomen 2018

Kakenya Nataiya: မိန်းကလေးတစ်ယောက်ကို မြှင့်တင်ပေးပါ၊ လူမှုအသိုက်အဝန်းကို ပြောင်းလဲလိုက်ပါ။
1,693,935 views

Kakenya Ntaiya ဟာ ပညာရေးတစ်ခုရရှိရေးဆိုတဲ့ သူ့အိပ်မက်ကို အားနွဲ့တဲ့မိန်းကလေးတွေကို အစွမ်းမြှင့်ပေးဖို့ လှုပ်ရှားမှုအဖြစ် ပြောင်းလဲပြီး Kenya က ဘေးများတဲ့ အစဉ်အလာ အလေ့အထတွေကို အဆုံးသတ်ပေးလိုက်ပါတယ်။ မိန်းကလေးတွေ ဘေးကင်းစွာ နေပြီး ပညာသင်ကြားနိုင်ပြီး သူတို့ရဲ့ လူမှုအသိုက်အဝန်းကို တစ်လျှောက်လုံး စိတ်ဓာတ်မြှင့်ပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့ Kakenya Center for Excellence က ကျောင်းသူနှစ်ဦးကို တွေ့ဆုံလိုက်ပါ။ "မိန်းကလေးတစ်ယောက်ကို စွမ်းအားမြှင့်ပေးလိုက်တဲ့အခါ သင်ဟာ လူမှု အသိုက်အဝန်းတစ်ခုကို ပြောင်းလဲလိုက်တာပါ"လို့ Ntaiya ကဆိုပါတယ်။

Farida Nabourema: သင့်နိုင်ငံ အာဏာရှင်စနစ် ဖြစ်လာမယ့် အန္တရာယ်များ ရှိနေသလား။ အဲဒါကို သိနိုင်တဲ့ နည်းလမ်း

TEDWomen 2018

Farida Nabourema: သင့်နိုင်ငံ အာဏာရှင်စနစ် ဖြစ်လာမယ့် အန္တရာယ်များ ရှိနေသလား။ အဲဒါကို သိနိုင်တဲ့ နည်းလမ်း
1,694,962 views

Farida Nabourema ဟာ အာဖရိကမှာ သက်ဆိုးအရှည်ဆုံး အာဏာရှင်စနစ်ကျင့်သုံးရာ တိုဂိုနိုင်ငံမှာ စစ်အစိုးရကို ဘ၀တစ်လျှောက်လုံး ရင်ဆိုင်နေသူဖြစ်ပါတယ်။ ဒီတစ်လျှောက်လုံးမှာ သူသိလာ တဲ့ အမှန်တရား နှစ်ခုက ဘယ်နိုင်ငံမှ အဖိနှိပ်ခံရမယ့် ကံဇာတာ ပါမလာသလို၊ ဘယ်နိုင်ငံမှာမှ အာဏာရှင်စနစ်မှ လွတ်ကင်းမယ်လို့ ပြောမရနိုင်ပါ။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်ကို အဲဒီလိုဖြစ်မလာခင်မှာ ဘယ်လိုသိနိုင်မလဲ။ ဒီဟောပြောချက်မှာ Nabourema က ဖိနှိပ်ခံစနစ်အတွင်းမှာ နေထိုင်သူတွေ အန်တုလို့ရနိုင်တဲ့ လျှို့ဝှက်ချက်နဲ့အတူ အာဏာရှင်စနစ်ရဲ့ သော့ချက် နမိတ်လက္ခဏာ လေးရပ်ကို မျှဝေထားပါတယ်။

Yvonne van Amerongen: သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ပြန်လည် အနက်ဖွင့်နေတဲ့ "စိတ်ယိုယွင်းမှုရောဂါ ကျေးရွာ"။

TEDWomen 2018

Yvonne van Amerongen: သက်ကြီးရွယ်အို စောင့်ရှောက်မှုကို ပြန်လည် အနက်ဖွင့်နေတဲ့ "စိတ်ယိုယွင်းမှုရောဂါ ကျေးရွာ"။
1,767,650 views

သင့်ဘဝရဲ့ နောက်ဆုံးသောနှစ်တွေကို ဘယ်လိုများကုန်ဆုံးဖို့ လိုလားပါသလဲ၊ ရောဂါပိုးမွှားကင်းတဲ့ ဆေးရုံလို စောင့်ရှောက်ရေး အဖွဲအစည်းတစ်ခုမှာလား၊ ဒါမှမဟုတ် အလွယ်တကူ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ ကုန်ပဒေသာတိုက် အရက်ဆိုင်၊ ပြဇာတ်ရုံနဲ့ ပန်းခြံတွေနဲ့ ရွာတစ်ခုထဲမှာလား။ အဖြေကတော့ အခုတော့ မြင်သာပုံရပေမဲ့ Yvonne van Amerongen ကနေပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က Amsterdam မှာ မြေစမ်းခရမ်းပျိုးထားတဲ့ Hogeweyk စိတ်ယိုယွင်းမှု စောင်ရှောက်ရေး ဗဟိုဌာနတစ်ခု ပေါ်ပေါက်ဖို့ ကူညီလိုက်တဲ့အခါ အစဉ်အလာကနေ ခွဲထွက်တဲ့ အရဲစွန့်မှုတစ်ခုအဖြစ် မြင်ခဲ့ကြပါတယ်။ van Amerongen နဲ့အတူ Hogeweyk ကို ခရီးရှည်ထွက်ပြီး လွတ်လပ်မှု၊ အနက်အဓိပ္ပါယ်နဲ့ လူမှုဘဝကို အခြေခံထားတဲ့ ပြန်လည် အနက်အဓိပ္ပါယ် ကောက်ယူထားတဲ့ ပြုစုရေး ဂေဟာတစ်ခုဟာ ဘယ်လိုပုံပေါက်လဲဆိုတာကို ဖျတ်ကနဲ မြင်ကြည့်လိုက်ပါဦး။ :

Jeanne Pinder: အမေရိကန်က ဆေးဖိုးဝါးခတွေ ပွင့်လင်းမြင်သာလာရင် ဘာဖြစ်မလဲ။

TED Residency

Jeanne Pinder: အမေရိကန်က ဆေးဖိုးဝါးခတွေ ပွင့်လင်းမြင်သာလာရင် ဘာဖြစ်မလဲ။
1,875,298 views

အမေရိကန်ပြည်ထောင်စုမှာ၊ ဆေးခန်းတစ်ခုမှာ ၁၉ ဒေါ်လာသာကျတဲ့ သာမန်သွေးစစ်တာလေးကို မလှမ်းမကမ်းက ဆေးခန်းတစ်ခုမှ ၅၂၂ ဒေါ်လာပေးနေရတယ်။ စျေးကွာနေတာကို နောက်တစ်ပါတ် ဘေလ်မရောက်မချင်း ဘယ်သူမှ မသိဘူး။ Jeanne Pinder ဆိုတဲ့ သတင်းသမားကတော့ ဒီနည်းလမ်းဟာ မဟုတ်သေးဘူး လို့ပြောတယ်။ သူမဟာ ဆေးဖိုးဝါးခတွေကို စစ်တမ်းလိုက်ကောက်၊ လူထုကို ချပြပြီး ဆေးဖိုးဝါးခတွေရဲ့ လှို့ဝှက်ချက်ကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဆေးဖိုးဝါးခတွေကို ကြိုသိထားခြင်းဖြင့် ပိုပြီးငွေစုနိုင်သလို ပိုပြီးကျန်းမာစေပြီး ကျန်းမာရေးစနစ်ကြီးကိုပါ ဘယ်လိုပြုပြင်နိုင်မယ် ဆိုတာ လေ့လာကြည့်ပါ။

Ashweetha Shetty: ပညာရေးက ကျွန်မဘဝကို ပြန်ပြီးရေးပေးရန် ကူညီခဲ့ပုံ

TEDWomen 2018

Ashweetha Shetty: ပညာရေးက ကျွန်မဘဝကို ပြန်ပြီးရေးပေးရန် ကူညီခဲ့ပုံ
1,979,291 views

ပညာရေးရဲ့ အကျိုးကို ဆောင်ပေးလိုသူ ဖြစ်တဲ့ Ashweetha Shetty က ကိုယ့်ပန်းတိုင်ကို ရှာတွေ့နိုင်ခြင်းထက် ပိုကြီးမားတဲ့ လွတ်လပ်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံထဲက ကျေးလက် ဒေသနေ မိသားစုထဲ မွေးခဲ့တဲ့ Shetty သူမနေထိုင်ခဲ့ရတဲ့ လူ့အသိုင်းအဝိုင်းရဲ့ လူမှုရေး စံနှုန်းများအား သူမရဲ့ အသံကို တိတ်သွားစေရန်နဲ့ သူမရဲ့ အိပ်မက်တွေကို လက်လွတ်ပစ်ရန် လုပ်နိုင်စွမ်း မရှိခဲ့ပါ။ သူမကိုယ်တိုင်ရဲ့ ခံစားချက်ဖြစ်တဲ့ လက်ရှိ ဟောပြောခန်းမှာ သူမက မိမိကိုမိမိ တန်ဖိုးထားလာတတ်အောင် ပညာရေးမှ တစ်ဆင့် ရှာကြံနိုင်ခဲ့ခြင်းအကြောင်းကို လည်းကောင်း၊ ကျေးလက်ဒသေထဲက တခြား လူငယ်များကိုပါ သူတို့ရဲ့ အစွမ်းအစများကို ထုတ်ဖေါ် အသုံးချနိုင်အောင် မြေတောင်မြှောက် အားပေးနေပုံ အကြောင်းကို ပြောပြထားပါတယ်။ "ကျွန်မတို့အားလုံးဟာ အရှိတရားထဲမှာ မျက်စိမှိတ် မွေးလာကြရတယ်၊ တစ်ခုခုက ကျွန်မတို့ကို နှိုးပေးလျက်ရှေ့မှာ ကမ္ဘာကြီးအသစ်ကို ဖွင့်မပေးတဲ့ အချိန်ထိပါ" လို့ Shetty က ဆိုပါတယ်။

Mathias Basner: ဆူညံသံတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူး-- အဲဒါကို ဘယ်လိုကာကွယ်မလဲ

TEDMED 2018

Mathias Basner: ဆူညံသံတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူး-- အဲဒါကို ဘယ်လိုကာကွယ်မလဲ
1,958,125 views

ယခုခေတ်မှာ တိတ်ဆိတ်ခြင်းဆိုတာ သိပ်ကိုရှားလှတဲ့ အရာပါ။ ကားသံတွေ လူသံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ အဲကွန်းတွေ အိမ်နီးနားချင်း စတဲ့ ဆူညံသံပေါင်းစုံဟာ သင့်ကျန်းမာရေးကို ထိခိုက်နေပါတယ်။ သုတေသီ Mathias Basner က ဒီအကြောင်းကို ရှင်းပြထားပြီး တိတ်ဆိတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဘယ်လို ပိုခံစားရယူနိုင်ကြောင်းကို ရှင်းပြထားပါတယ်။

Patty McCord: လူတွေ အလုပ်လုပ်ရတာကို ပျော်ကြမယ့် ကုမ္ပဏီ ထူထောင်ရေး သင်ခန်းစာ ၈ ခု

The Way We Work

Patty McCord: လူတွေ အလုပ်လုပ်ရတာကို ပျော်ကြမယ့် ကုမ္ပဏီ ထူထောင်ရေး သင်ခန်းစာ ၈ ခု
2,214,283 views

ကုမ္ပဏီ အများစုတို့ဟာ မယူမနေရ အနားယူရမယ့် ခွင့်ရက်များ၊ ခရီးသွားရေး လမ်းညွှန်များ၊ ပုံမှန် အလုပ်ချိန်နာရီများ၊ နှစ်စဉ် ပန်းတိုင်များ စသဖြင့် မူဝါဒတွေကို ချမှတ်ပြီး လုပ်ကိုင်ကြပါတယ်။ ကုမ္ပဏီ တစ်ခုက လူတွေကို ထိန်းချုပ်မှု လျှော့ချလျက် ပိုပြီး ယုံကြည်မယ်ဆိုရင် ဘယ်လိုများ ဖြစ်လာမလဲ။ ဒီနေ့တွင် အုပ်ချုပ်ရေး အရာရှိများအတွက် အထင်ရှားဆုံး အမှတ်သင်္ကတ တစ်ခုဖြစ်လာတဲ့ Netflix အုပ်ချုပ်ရေးမှူးချုပ်ဟောင်း ဖြစ်သူ Patty McCord ကနေပြီး ကုမ္ပဏီ တစ်ခု အောင်မြင်ရေးဆိုင်ရာ သူမသိတဲ့ အတွင်းကျကျ လျှို့ဝှက်ချက် ၈ ချက်ကို မျှဝေ တင်ပြထားပါတယ်။